ကိုယ့်ကို မလိုအပ်လို့ စွန့်ပစ်သွားတဲ့သူကို မေ့ပစ်နိုင်အောင် ကြိုးစားပါ

ဘဝဆိုတဲ့ အချိန်ခဏလေးမှာ အားငယ်စိတ်ကို ဖျောက်ပစ်ပါ။ ဘဝဆိုတာ ခဏလေးပါ.. ကိုယ့်ကို မုန်းတီးတဲ့သူတွေ ရှိရင်လည်း ချစ်တဲ့စိတ်နဲ့ ဖြေသိမ့်ပါ။ ကိုယ့်ကို မလိုအပ်တော့လို့ စွန့်ပစ်သွားသူတွေကိုလည်း မေ့ပစ်နိုင်အောင် ကြိုးစားလိုက်ပါ။

လူဆိုတာ ပေးကမ်းနိုင်တဲ့ သူကိုမှ ပေါင်းသင်းဆက်ဆံ တတ်ကျသလို နိမ့်ကျတဲ့သူကိုမှ ဖိနှိပ် ဆက်ဆံချင်ကြတာပါ။ အသက်ရှင်နေသမျှ ကာလပတ်လုံး ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးကြမ်းတွေ အများကြီး ကျန်ပါသေးတယ်။ ဘဝကို အားတင်းပြီး နေလိုက်ပါ။

ခဏတာ ဖြစ်ပေါ်လာတဲ့ ဒုက္ခကို ဒုက္ခခံပြီး တွေးနေမယ့်အစား ကျန်တဲ့ ဘဝလေးကို ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ ခေါင်းထဲမှာ ထည့်ထားပါ။

လူဆိုတာ အတ္တစိတ်တွေ လွန်ကဲလာပြီ ဆိုရင် ငါကောင်းစားဖို့ အတွက်ပဲကြည့်ကာ တစ်ဖက်သား ဘာပဲဖြစ်နေနေ လှည့်မကြည့်တတ်ကြတော့တာ သဘာဝမို့ စိတ်မပျက် လိုက်ပါနဲ့။ ဒီလိုလူမျိုးတွေဟာ ခဏတာ သာယာပေမယ့် ရေရှည်မှာ ပျာရာခတ်ပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရမယ့်သူတွေပါ။

ကိုယ့်ဘဝကို ဘယ်တော့မှ အားမငယ်ပါနဲ့။ အားငယ်တဲ့စိတ် ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ကိုယ်လုပ်ချင်တဲ့အလုပ်ရဲ့ ဆူးငြှောင့်ခလုပ် တစ်ခု ဖြစ်နေတတ်တာမို့ အားငယ်တဲ့စိတ်ကို ဖျောက်ပစ်ရင်း ဘဝကို အားတင်းပြီး ရှေ့ဆက် လျှောက်လှမ်းပါ။

Anonymous

For Zawgyi

ကိုယ့္ကို မလိုအပ္လို႔ စြန႔္ပစ္သြားတဲ့သူကို ေမ့ပစ္ႏိုင္ေအာင္ ႀကိဳးစားပါ

ဘဝဆိုတဲ့ အခ်ိန္ခဏေလးမွာ အားငယ္စိတ္ကို ေဖ်ာက္ပစ္ပါ။ ဘဝဆိုတာ ခဏေလးပါ.. ကိုယ့္ကို မုန္းတီးတဲ့သူေတြ ရွိရင္လည္း ခ်စ္တဲ့စိတ္နဲ႔ ေျဖသိမ့္ပါ။ ကိုယ့္ကို မလိုအပ္ေတာ့လို႔ စြန႔္ပစ္သြားသူေတြကိုလည္း ေမ့ပစ္ႏိုင္ေအာင္ ႀကိဳးစားလိုက္ပါ။

လူဆိုတာ ေပးကမ္းႏိုင္တဲ့ သူကိုမွ ေပါင္းသင္းဆက္ဆံ တတ္က်သလို နိမ့္က်တဲ့သူကိုမွ ဖိႏွိပ္ ဆက္ဆံခ်င္ၾကတာပါ။ အသက္ရွင္ေနသမွ် ကာလပတ္လုံး ေရွ႕ဆက္ေလွ်ာက္လွမ္းရမယ့္ ခရီးၾကမ္းေတြ အမ်ားႀကီး က်န္ပါေသးတယ္။ ဘဝကို အားတင္းၿပီး ေနလိုက္ပါ။

ခဏတာ ျဖစ္ေပၚလာတဲ့ ဒုကၡကို ဒုကၡခံၿပီး ေတြးေနမယ့္အစား က်န္တဲ့ ဘဝေလးကို ဘယ္လိုျဖတ္သန္းရမလဲ ဆိုတာ ေခါင္းထဲမွာ ထည့္ထားပါ။

လူဆိုတာ အတၱစိတ္ေတြ လြန္ကဲလာၿပီ ဆိုရင္ ငါေကာင္းစားဖို႔ အတြက္ပဲၾကည့္ကာ တစ္ဖက္သား ဘာပဲျဖစ္ေနေန လွည့္မၾကည့္တတ္ၾကေတာ့တာ သဘာဝမို႔ စိတ္မပ်က္လိုက္ပါနဲ႔။ ဒီလိုလူမ်ိဳးေတြဟာ ခဏတာ သာယာေပမယ့္ ေရရွည္မွာ ပ်ာရာခတ္ၿပီး ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ရမယ့္သူေတြပါ။

ကိုယ့္ဘဝကို ဘယ္ေတာ့မွ အားမငယ္ပါနဲ႔။ အားငယ္တဲ့စိတ္ ဆိုတာ ကိုယ္ျဖစ္ခ်င္တဲ့ ဆႏၵ ကိုယ္လုပ္ခ်င္တဲ့အလုပ္ရဲ႕ ဆူးေျငႇာင့္ခလုပ္ တစ္ခု ျဖစ္ေနတတ္တာမို႔ အားငယ္တဲ့စိတ္ကို ေဖ်ာက္ပစ္ရင္း ဘဝကို အားတင္းၿပီး ေရွ႕ဆက္ ေလွ်ာက္လွမ္းပါ။

Anonymous

Post a Comment

0 Comments