ကိုယ်သင်းရနံ့လေး မွှေးနေစေမယ့် အစားအစာများ

ခန္ဓာကိုယ်ကထွက်တဲ့ အနံ့တွေကြောင့် စိတ်မသက်မသာ ဖြစ်ဖူးပါသလား?? ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ရင် အခက်ကြုံရတတ်ပါတယ်။ ကိုယ်သင်းနံ့ ဆိုတာ စားသောက်နေတဲ့ အစားအစာတွေနဲ့ ဆိုင်ပါတယ်။

၁။ ရေနှင့်ဘီယာ

ရေသောက်ခြင်းက ခန္ဓာကိုယ်မှာ အနံ့အသက် ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဘီယာသောက်တာကတော့ အပန်းဖြေစရာ ဖြစ်ပေမယ့် ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုးတွေ ဖြစ်စေပါတယ်။

၂။ ဒိန်ချဉ်နှင့်နွားနို့

ဒိန်ချဉ်က ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုးထွက်ခြင်းကို လျော့နည်းစေပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင် D က ပါးစပ်ထဲက ဘတ်တီးရီးယားတွေကို တိုက်ခိုက်ပေးပြီး ခံတွင်းနံ့ ကောင်းစေပါတယ်။ နွားနို့မှာပါဝင်တဲ့ အာဟာရဓာတ်က မနှစ်မြို့ဖွယ်အနံ့အသက်ကို ဖြစ်စေပါတယ်။

၃။ သံပရိုသီးနှင့် ဝိုင်

ဝိုင်ကို ညနေခင်းအချိန်မှာ သောက်တာကကောင်းပေမယ့် အလွန်အကျွံသောက်ရင် ခန္ဓာကိုယ်မှာ ချဉ်စူးစူးအနံ့ကို ရမှာပါ။ အဲဒါကြောင့် သံပရိုသီးကို ရေနဲ့ဖျော်သောက်ခြင်းက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၄။ လက်ဖက်စိမ်းရည်နှင့်ကော်ဖီ

လက်ဖက်ရည်စိမ်းမှာ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်နည်းလေ အနံ့အသက်ဆိုးကင်းလေဖြစ်ပါတယ်။ ကော်ဖီ သို့မဟုတ် ကဖိန်းဓာတ် ပါဝင်တဲ့ အဖျော်ယမကာတွေက ကိုယ်နံ့ပြင်းစေပါတယ်။

၅။ ပန်းသီးနှင့် ပန်းမုံလာ

ပန်းသီးက ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းမုံလာမှာ ပါဝင်တဲ့ ဗီတာမင် B အာဟာရဓာတ်က အနံ့အသက်ဆိုးကို ဖြစ်စေပါတယ်။

၆။ လိမ္မော်သီးနှင့် ဖရုံသီး

ဆီထရစ်အက်ဆစ် ပါဝင်တဲ့အသီးတွေက ရနံ့မွှေးပြီး ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေကို ဆုပ်ယူပေးပါတယ်။ ဖရုံသီးက ခန္ဓာကိုယ်မှာ အာဟာရတော့ဖြစ်ပေမယ့် မနှစ်မြို့ဖွယ် အနံ့ကို ထုတ်ပေးပါတယ်။

၇။ ဖာလာစေ့၊ သစ်ကြံပိုးခေါက်နှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ဖာလာစေ့၊ သစ်ကြံပိုးခေါက်က အစားအစာတွေကို အရသာရှိစေရုံ မက သင့်ခန္ဓာကိုယ်ကိုလည်း လန်းဆန်းလတ်ဆတ်တဲ့ ရနံ့လေးတွေကိုလည်း ပေးပါတယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီမှာ အော်ဂင်းနစ်ဆာလဖာဒြပ်စင် ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ မွှေးညှင်းပေါက်လေးတွေကနေ အနံ့ဆိုး ဖြစ်စေပါတယ်။

၈။ ကညွတ်နှင့် တရုတ်နံနံ

ကညွတ်က တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ အနံ့မျိူး ထုတ်လွှတ်ပေးပါတယ်။ တရုတ်နံနံမှာ ပါဝင်တဲ့ အက်ဆစ်က ဆာလဖာအဖြစ် ပြိုကွဲသွားပြီး ခန္ဓာကိုယ်မှာ မနှစ်သက်ဖွယ် အနံ့အသက်ဆိုးကိုပေးပါတယ်။

၉။ ငါးနှင့်အသား

အသားမစားတဲ့သူရဲ့ ကိုယ်ရနံ့က အသားစားသူရဲ့ ကိုယ်ရနံ့ထက်ပိုပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ ငါးစားတဲ့အခါလည်း အနံ့ဆိုးတွေ မဖြစ်စေပါဘူး။ အဲဒါကြောင့် တစ်ယောက်ယောက်နဲ့တွေ့ဖို့ ရှိတယ်ဆိုရင် ငါးစားခြင်းက ပိုကောင်းပါတယ်။

၁၀။ ပဲနံ့သာစေ့နှင့် ဖရုံစေ့

ပဲနံ့သာစေ့က အစာချေစနစ်ကို ကူညီပေးပြီး ခန္ဓာကိုယ်က အဆိပ်အတောက်ကြောင့် ဖြစ်လာတဲ့အနံ့အသက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဖရုံစေ့မှာ အာဟာရဓာတ် မြင့်မားစွာ ပါဝင်ပြီး အနံ့ဆိုးတွေဖြစ်စေပါတယ်။

ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုးစေလို့ ရှောင်နိုင်တဲ့အစားအစာတွေက အာဟာရဓာတ်တွေ မြင့်မားနေပြန်ပါတယ်။ အဲဒါကြောင့် လုံးဝမစားလို့လဲ မရပါဘူးနော်။ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေ၊ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေကို စားသင့်ပါတယ်။ မျှမျှတတ စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Zombie (Lovemedia)

For Zawgyi

ကိုယ္သင္းရနံ႔ေလး ေမႊးေနေစမယ့္ အစားအစာမ်ား

ခႏၶာကိုယ္ကထြက္တဲ့ အနံ႔ေတြေၾကာင့္ စိတ္မသက္မသာျဖစ္ဖူးပါသလား?? ။ ခႏၶာကိုယ္က အနံ႔ဆိုးထြက္ရင္ အခက္ႀကဳံရတတ္ပါတယ္။ ကိုယ္သင္းနံ႔ ဆိုတာ စားေသာက္ေနတဲ့ အစားအစာေတြနဲ႔ ဆိုင္ပါတယ္။

၁။ ေရႏွင့္ဘီယာ

ေရေသာက္ျခင္းက ခႏၶာကိုယ္မွာ အနံ႔အသက္ ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ဘီယာေသာက္တာကေတာ့ အပန္းေျဖစရာ ျဖစ္ေပမယ့္ ခႏၶာကိုယ္မွာ အနံ႔အသက္ဆိုးေတြ ျဖစ္ေစပါတယ္။

၂။ ဒိန္ခ်ဥ္ႏွင့္ႏြားႏို႔

ဒိန္ခ်ဥ္က ခႏၶာကိုယ္မွာ အနံ႔အသက္ဆိုးထြက္ျခင္းကို ေလ်ာ့နည္းေစပါတယ္။ ဒိန္ခ်ဥ္မွာပါဝင္တဲ့ ဗီတာမင္ D က ပါးစပ္ထဲက ဘတ္တီးရီးယားေတြကို တိုက္ခိုက္ေပးၿပီး ခံတြင္းနံ႔ ေကာင္းေစပါတယ္။ ႏြားႏို႔မွာပါဝင္တဲ့ အာဟာရဓာတ္က မႏွစ္ၿမိဳ႕ဖြယ္အနံ႔အသက္ကို ျဖစ္ေစပါတယ္။

၃။ သံပ႐ိုသီးႏွင့္ ဝိုင္

ဝိုင္ကို ညေနခင္းအခ်ိန္မွာ ေသာက္တာကေကာင္းေပမယ့္ အလြန္အကြၽံေသာက္ရင္ ခႏၶာကိုယ္မွာ ခ်ဥ္စူးစူးအနံ႔ကို ရမွာပါ။ အဲဒါေၾကာင့္ သံပ႐ိုသီးကို ေရနဲ႔ေဖ်ာ္ေသာက္ျခင္းက ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။

၄။ လက္ဖက္စိမ္းရည္ႏွင့္ေကာ္ဖီ

လက္ဖက္ရည္စိမ္းမွာ အင္တီေအာက္ဆီးဒင့္ေတြ မ်ားစြာ ပါဝင္ပါတယ္။ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္နည္းေလ အနံ႔အသက္ဆိုးကင္းေလျဖစ္ပါတယ္။ ေကာ္ဖီ သို႔မဟုတ္ ကဖိန္းဓာတ္ ပါဝင္တဲ့ အေဖ်ာ္ယမကာေတြက ကိုယ္နံ႔ျပင္းေစပါတယ္။

၅။ ပန္းသီးႏွင့္ ပန္းမုံလာ

ပန္းသီးက ခႏၶာကိုယ္မွာ အနံ႔အသက္ဆိုး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ပန္းမုံလာမွာ ပါဝင္တဲ့ ဗီတာမင္ B အာဟာရဓာတ္က အနံ႔အသက္ဆိုးကို ျဖစ္ေစပါတယ္။

၆။ လိေမၼာ္သီးႏွင့္ ဖ႐ုံသီး

ဆီထရစ္အက္ဆစ္ ပါဝင္တဲ့အသီးေတြက ရနံ႔ေမႊးၿပီး ခႏၶာကိုယ္က အနံ႔အသက္ဆိုးေတြကို ဆုပ္ယူေပးပါတယ္။ ဖ႐ုံသီးက ခႏၶာကိုယ္မွာ အာဟာရေတာ့ျဖစ္ေပမယ့္ မႏွစ္ၿမိဳ႕ဖြယ္ အနံ႔ကို ထုတ္ေပးပါတယ္။

၇။ ဖာလာေစ့၊ သစ္ႀကံပိုးေခါက္ႏွင့္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ

ဖာလာေစ့၊ သစ္ႀကံပိုးေခါက္က အစားအစာေတြကို အရသာရွိေစ႐ုံ မက သင့္ခႏၶာကိုယ္ကိုလည္း လန္းဆန္းလတ္ဆတ္တဲ့ ရနံ႔ေလးေတြကိုလည္း ေပးပါတယ္။ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီမွာ ေအာ္ဂင္းနစ္ဆာလဖာျဒပ္စင္ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ေမႊးညႇင္းေပါက္ေလးေတြကေန အနံ႔ဆိုး ျဖစ္ေစပါတယ္။

၈။ ကၫြတ္ႏွင့္ တ႐ုတ္နံနံ

ကၫြတ္က တစ္ဖက္သားကို ဆြဲေဆာင္ႏိုင္တဲ့ အနံ႔မ်ိဴး ထုတ္လႊတ္ေပးပါတယ္။ တ႐ုတ္နံနံမွာ ပါဝင္တဲ့ အက္ဆစ္က ဆာလဖာအျဖစ္ ၿပိဳကြဲသြားၿပီး ခႏၶာကိုယ္မွာ မႏွစ္သက္ဖြယ္ အနံ႔အသက္ဆိုးကိုေပးပါတယ္။

၉။ ငါးႏွင့္အသား

အသားမစားတဲ့သူရဲ႕ ကိုယ္ရနံ႔က အသားစားသူရဲ႕ ကိုယ္ရနံ႔ထက္ပိုၿပီး ႏွစ္လိုဖြယ္ေကာင္းပါတယ္။ ငါးစားတဲ့အခါလည္း အနံ႔ဆိုးေတြ မျဖစ္ေစပါဘူး။ အဲဒါေၾကာင့္ တစ္ေယာက္ေယာက္နဲ႔ေတြ႕ဖို႔ ရွိတယ္ဆိုရင္ ငါးစားျခင္းက ပိုေကာင္းပါတယ္။

၁၀။ ပဲနံ႔သာေစ့ႏွင့္ ဖ႐ုံေစ့

ပဲနံ႔သာေစ့က အစာေခ်စနစ္ကို ကူညီေပးၿပီး ခႏၶာကိုယ္က အဆိပ္အေတာက္ေၾကာင့္ ျဖစ္လာတဲ့အနံ႔အသက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ဖ႐ုံေစ့မွာ အာဟာရဓာတ္ ျမင့္မားစြာ ပါဝင္ၿပီး အနံ႔ဆိုးေတြျဖစ္ေစပါတယ္။

ခႏၶာကိုယ္မွာ အနံ႔အသက္ဆိုးေစလို႔ ေရွာင္ႏိုင္တဲ့အစားအစာေတြက အာဟာရဓာတ္ေတြ ျမင့္မားေနျပန္ပါတယ္။ အဲဒါေၾကာင့္ လုံးဝမစားလို႔လဲ မရပါဘူးေနာ္။ အစိမ္းေရာင္ရွိတဲ့ အသီးအႏွံေတြ၊ အဆီထုတ္ထားတဲ့ ႏို႔ထြက္ပစၥည္းေတြကို စားသင့္ပါတယ္။ မွ်မွ်တတ စားေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments