အကူအညီလိုအပ်ပါက အလံဖြူ၊ အလံဝါ ထောင်ပါ၊ ကူနိုင်သူတွေ ဝိုင်းဝန်းကူညီကြပါ

ဘယ်မြို့နယ်မှာမဆို တစ်ကိုယ်ထဲသမားများ၊ အကူအညီလိုတဲ့ မိသားစုများ ဒီလိုလေး အလံဖြူလေးပဲဖြစ်ဖြစ်၊ အဝါလေးဖြစ်ဖြစ် ထောင်ထားကြပါလား။ အားလုံး ကူနိုင်သူတွေ ဝိုင်းကူကြရအောင်ပါနော်။

အကယ်၍ အစားအစာ နှင့် အကူအညီ လိုအပ်ချက်များ ရှိနေပါက... ! သင်... ! နေထိုင်သည့် နေရာတွင် အလံဖြူကို လွှင့်တင်ထားပါ။

မိမိကိုယ်ကို နှင့် သင်ချစ်မြတ်နိုးသူများအား ထိခိုက်စေမည့်လုပ်ရပ်များ မပြုလုပ်ပါနှင့်။ စိတ်ဖိစီးမှုကို ရှောင်ကျဉ်ပါ။ အသနားခံရန် ရှက်စရာ မလိုပါ။ အလံအဖြူရောင်ကို လွှင့်ထူထားပါ။ တစ်စုံတစ်ဦးမှ သင့်အား ကူညီပါလိမ့်မည်။

အဝါရောင် သင်္ကေတကို သုံးပေးပါ။

ဒီ campaign ဟာ တောင်ဥက္ကလာအတွက် ရည်ရွယ်အကျုံးဝင်ပါတယ် ။ အိမ်ရှိလူအကုန် နေမကောင်းဖြစ်ပြီး အကူအညီအထောက်အပံ့ လိုအပ်ခဲ့ပါက အဝါရောင်နဲ့ ပတ်သတ်တဲ့ သင်္ကေတလေး မိမိအိမ်ရဲ့ပတ်ဝန်းကျင်ရှိ လူမြင်သာတဲ့နေရာမှာ ထုတ်ပေးထားပါ။

ဈေးဝယ်ဖို့ / ဆေးဝယ်ဖို့ သွားရလာရခက်ခဲတာကအစ စားရေးသောက်ရေး ခက်ခဲသွားတာအထိ အကူအညီပေးနိုင်ရန် ရည်ရွယ်ပါတယ် ။

အဝါရောင်ဟာ ပျော်ရွှင်ခြင်းအရောင်မို့ ဒီအရောင်လေးပဲ သုံးပါရစေ ။ လက်ထဲမှာ အလှူငွေရှိသေးတာမို့ ဒါကို မတည်၍ တောင်ဥက္ကလာရှိ yellow symbol ရှိတဲ့ အိမ်လေးတွေကို အချင်းချင်း ကူညီပါမယ်။

အရင် quarantine center တွေကိုတောင် ပြည်သူအချင်းချင်း စားရေးသောက်ရေး support ခဲ့တာမို့ ခုကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်ကို တခါပြန်ကူညီပေးကြဖို့ တောင်းဆိုပါရစေရှင်။

- ဒီစကားလေး လက်ဆင့်ကမ်းပေးပါ ။

- ဒီ post ကလေး ပျံ့နှံ့စေဖို့ ပထမဆုံးအကြိမ် share ပေးဖို့လဲ ထပ်တောင်းဆိုပါရစေ

ဘယ်လမ်းက ၊ ဘယ်ရပ်ကွက်မှာ yellow symbol အိမ်ကလေးရှိခဲ့ရင် ကူညီနိုင်ပါတယ်ဆိုတဲ့ အလှူရှင်လဲ လိုအပ်ပါတယ်။ အချင်းချင်းပါဝင်ကူညီပေးကြပါအုန်းနော်။

အားတင်းထားပါဦး ကျွန်မတို့ ကျော်ဖြတ်နိုင်မှာပါ။

crd

For Zawgyi















crd

Post a Comment

0 Comments