သင်ပထမဆုံး သတိထားမိတဲ့ တိရစ္ဆာန်က ပြောပြပေးမယ့် သင့်အကြောင်း

လူတွေရဲ့မသိစိတ်က အံ့ဩစရာကောင်းပါတယ်။ မသိစိတ်က လူတွေရဲ့ ပင်ကိုစရိုက်ကို ထင်ထားတာထက်ပိုပြီး ပြောပြနိုင်ပါတယ်။ လူတွေရဲ့မသိစိတ်က ကွန်ပြူတာ အချက်အလက်တွေကို သိုလှောင်ထားတာနဲ့တူပါတယ်။ မှတ်ဉာဏ်ထဲမှာ ယုံကြည်မှု၊ ကြောက်ရွံ့မှု၊ အမှတ်တရ၊ စွမ်းရည်၊ အကြိုက်၊ မကြိုက်တာတွေကို သိမ်းထားပါတယ် ။

ဒီပုံလေးကို သေချာကြည့်လိုက်ပါ

ဒီအရာတွေက အမြဲတမ်း မြင်တွေ့ဖူးတဲ့ အရာတွေကနေ ဖြစ်ပေါ်လာပြီး မှတ်ဉာဏ်ထဲမှာ အမြဲရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက မသိစိတ်က ပင်ကိုယ်စရိုက်နဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ ဒီပန်းချီကားကိုကြည့်တဲ့အခါ သင့်ဦးနှောက်က ပထမဆုံး သတိထားမိတဲ့အရာက သင့်ရဲ့ပင်ကိုစရိုက်ကို ဖော်ပြပေးပါလိမ့်မယ်။

1. မြင်းကျား

မြင်းကျားကို ပထမဆုံး တွေ့လိုက်မယ်ဆိုရင် သင်ဟာ ပျော်ပျော်နေတတ်သူ၊ ဩဇာကြီးသူ၊ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပါတယ်။ အလွန် ဖျတ်လတ်တက်ကြွသူဖြစ်ပြီး အရာရာကို လွယ်လွယ်နဲ့ တတ်မြောက်လွယ်သူပါ။ လူတွေက သင့်သဘောကို အမြဲလိုက်လျောပါတယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပြေပြစ်ပါတယ်။ အဲဒါကြောင့် စီးပွားရေးလုပ်ရင် ကောင်းပါတယ်။ဒါပေမယ့် သင်ဟာ တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်ရပြီဆိုရင် ပျင်းလာတတ်ပါတယ်။သင်ဟာ နေ့တိုင်းကို အသစ်အသစ်သော စိတ်လှုပ်ရှားမှုတွေနဲ့ ဖြတ်သန်းချင်ပါ။

2. ကြောင်

ကြောင်ကို အရင်ဆုံးသတိထားမိရင် သင်က စကားများများ မပြောတတ်သူပါ။ တချို့တွေက သင့်ကို ရှက်ကြောက်တတ်သူလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ သင်က ကိစ္စတစ်ခုခုကို အဝေးကနေ ခွဲခြမ်းစိတ်ဖြာလေ့လာတတ်သူပါ။ ပတ်ဝန်းကျင်က လူတွေက သင့်အကြောင်း ဘာပြောပြော သင်က ဂရုမစိုက်ပါဘူး။ သင်ဟာ ကိုယ်ပိုင်စည်းကမ်းတွေကို ချမှတ်ထားပြီး လိုက်နာတတ်သူ၊ အနှောင်အဖွဲ့ကင်းသူ၊ မိမိကိုယ်ကိုယ် ရပ်တည်နိုင်သူ ဖြစ်ပါတယ်။

3. ဘဲ

ဘဲကို အရင်မြင်ရင် သင်ဟာ 100 ရာခိုင်နှုန်း အကောင်းမြင်တတ်သူဖြစ်ပြီး ဘယ်အရာကမှ သင့်ကို စိတ်ဓာတ်ကျအောင် မလုပ်နိုင်ပါဘူး။ သင့်အတွက် ရေက တစ်ဝက်မရှိဘူးဆိုရင်၊ အပြည့်မရှိဘူးဆိုရင် ရောင့်ရဲလွယ်သူပါ။ ဒါပေမယ့် သင့်ဘဝမှာ အချစ်နဲ့ပတ်သက်ပြီး အမြဲခံစားရပါတယ်။ ခရီးထွက်တာ၊ အတတ်ပညာအသစ်တွေကို သင်တာတွေကို စိတ်ဝင်စားပြီး သင့်ရဲ့စူးစမ်းမှုက အဆုံးမရှိပါဘူး။

4. ကိုအာလာဝက်ဝံ

ကိုအာလာဝက်ဝံကို ပထမဆုံးတွေ့လိုက်ရင် သင်ဟာ အလွန်တည်တည်ငြိမ်ငြိမ်နေတတ်ပြီး နေ့တိုင်းကို တစ်ယောက်တည်းဖြတ်သန်းရတာကို ကြိုက်ပါတယ်။ သင်ဟာ ကြင်နာတတ်သူ၊ ထိရှလွယ်သူ၊ ဂရုစိုက်တတ်သူပါ။ လူတွေကိုလည်း အကဲခတ်တတ်ပါတယ်။ သင်ဟာ သူငယ်ချင်းတွေကို ဖုန်းတစ်ခါထက် ပိုပြီး မခေါ်တတ်ပါဘူး။ ပါတီပွဲတေ်ကိုလည်း မတက်ပါဘူး။ အေးအေးဆေးဆေး ရုပ်ရုပ်ကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းက သင့်ရဲ့အနားယူမှူပုံစံပါ၊ သင်က ကိုယ်ကျိုးမငဲ့ဘဲ အများကို ကူညီတတ်ပြီး သူတို့ဆီက ပြန်ရဖို့ မမျှော်လင့်တတ်သူပါ။

5. ဆင်

ဆင်ကို အရင်သတိထားမိရင် သင်က အလွန်ရိုးသားပြီး သင့်ပတ်ဝန်းကျင်ကလူတွေကို လေးလေးနက်နက်ဆက်ဆံတတ်သူပါ။ သင်ဟာ သစ္စာရှိပြီး တာဝန်ယူတတ်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေက သင့်ကို အားကိုးပါတယ်။သူတို့အကူအညီလိုရင် သင့်ကို အရင်ဆုံးသတိရကြပါတယ်။ သင့်မှာ ပြဿနာတွေကို ဖြေရှင်းရမယ့်နည်းလမ်းတွေ အမြဲရှိပါတယ်။ သင်ဟာ သူတစ်ပါးပြောတာကို သေချာနားထောင်ပေးတတ်ရုံတင်မကပါဘူး။ ပြဿနာတွေကို ဖြေရှင်းပေးတတ် သူလည်းဖြစ်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းက သင့်ကိုဦးစားပေးတတ်ကြပြီး သင့်ဘေးကလူတွေ အဆင်ပြေရင် ကျေနပ်နေသူပါ။

6. ဝက်ဝံ

ဝက်ဝံကို ပထမဆုံးသတိထားမိရင် သင်က ကျိုးကြောင်းဆီလျော်စွာ တွေးတတ်သူ၊ ရှေးရိုးဆန်သူ၊ အစဉ်အလာတွေကို လိုက်နာတတ်သူ ဖြစ်ပါတယ်။ သင်ရဲ့တန်ဖိုးတွေကမြင့်နေပြီး သင့်ဘဝကိုမြင့်အောင် တည်ဆောက်တတ်သူပါ။ သင်ဟာ အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး မျက်စိလည်း လျင်ပါတယ်။ ဆူညံတဲ့နေရာတွေကိုလည်း မကြိုက်ပါဘူး။ လိုက်လျောညီထွေဖြစ်အောင်တော့ နေတတ်ပါတယ်။ သင်ဟာ စိတ်ထိခိုက်လွယ်သူ၊ အတွေးကြွယ်သူ၊ လိမ္မာပါးနပ်သူလည်း ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ယုံကြည်လိုက်နာပြီး ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ မချတတ်ပါဘူး။ သင်က အလုပ်ကြိုးစားသူ၊ ယုံကြည်ရသူ၊ အလွန်ဇွဲရှိသူပါ။ အလုပ်ကို တန်ဖိုးထားပြီး တိတိကျကျလုပ်တတ်သူပါ။ တခြားသူတွေကိုလည်း သင့်လိုပဲ အလုပ်ကို တိကျစေချင်ပါတယ်။

7. သစ်ကုလားအုတ်

ပထမဆုံးတွေ့လိုက်ရတာက သစ်ကုလားအုတ်ဖြစ်တယ်ဆိုရင် သင်ဟာ လူမှုဆက်ဆံရေးမှာ ဝင်ဆံ့ပြီး လူအများကို အားပေးလှုံ့ဆော်နိုင်သူပါ။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေဖြစ်အောင် နေတတ်ပြီး လူအများရဲ့အာရုံစိုက်တာကိုလည်း ခံရပါတယ်။ သင်က စကားပြောကောင်းသူလည်း ဖြစ်ပါတယ်။ အပူအပင်ကင်းကင်းနဲ့ လက်တွေ့ဘဝနဲ့ နီးစပ်အောင် ကျိုးကြောင်းဆင်ခြင်တတ်ပါတယ်။ ဘယ်အရာကမှ သင့်ကို ဝမ်းနည်းအောင် မလုပ်နိုင်ပေမယ့် သင်က ထိရှလွယ်ပါတယ်။ သူငယ်ချင်းတွေအပေါ် သစ္စာရှိပြီး သူငယ်ချင်းတွေရဲ့ သစ္စာရှိမှုကိုလည်း မျှော်လင့်ပါတယ်။ သင်ဟာ သမားရိုးကျလုပ်ရတာမကြိူက်ဘဲ အလုပ်တွေ၊ ဝါသနာတွေကို ခဏခဏပြောင်းတတ်သူပါ။

8. ဝက်

ဝက် ပထမဆုံးမြင်မိရင် သင်ဟာ အမှီအခိုကင်းပြီး တစ်ယောက်တည်းနဲ့ အလုပ်ကို အကောင်းဆုံးလုပ်သူပါ။ သင့်ရဲ့စိတ်က အလွန်မြန်ဆန်ထက်မြက်ပြီး တစ်မိနစ်ကို မိုင်တစ်ရာလောက် ရောက်ပါတယ်။ဒါကြောင့် လူတိူင်းကို ရှင်းပြဖို့ သူ့မှာ အချိန်မရှိပါဘူး။ အရာရာကို အသေးစိတ်ဂရုစိုက်တတ်တာ၊ ဉာဏ်ကောင်းတာ၊ ခွဲခြမ်းစိတ်ဖြာပြီး တွေးတတ်တာက သင့်အလုပ်အတွက် အလွန်အကျိုးရှိပါတယ်။ သင့်ကို တဲ့တိုးပြောတတ်သူလို့ မခေါ်နိုင်ပေမယ့် လူတွေနဲ့ သင်အဆင်ပြေပါတယ်။

9. ယုန်

ယုန်ကို အရင်ဆုံးမြင်လိုက်ရက် သင်ဟာ ဖန်တီးမှုအားကောင်းသူ၊ စိတ်စွမ်းအင်ပြည့်ဝသူ၊ သူတစ်ပါးကို အပျော်တွေ ကူးစက်စေသူဖြစ်ပါတယ်။ ဘယ်နေရာသွားသွား သင်ဟာ အပျော်တွေကို သယ်ဆောင်သွားတတ်ပြီး လူတွေက သင်နဲ့ သူငယ်ချင်းဖြစ်လိုကြပါတယ်။ ပျော်ပျော်နေတတ်တဲ့သင့်ကို လူတွေက သတိထားမိကြပါတယ်။ တချို့ကတော့ သင့်ကို ပေါ့ပေါ့တန်တန်နေသူလို့ ထင်ပါလိမ့်မယ်။ မဟုတ်ပါဘူး။ သင်ဟာ အတွေးကောင်းသူ၊ စာနာတတ်သူ၊ လူတွေကို ပျော်စေလိုသူဖြစ်ပါတယ်။

10. ခြင်္သေ့

ခြင်္သေ့ကို ပထမဆုံးတွေ့ရင် သင်ဟာ မွေးရာပါဦးဆောင်တတ်သူပါ။ သင့်ကို လူတွေယုံကြည်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အလိုအလျောက်ကို သိနေတာပါ။ သင့်မှာ လွှမ်းမိုးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ သင့်ရဲ့ အစွမ်းအစတွေပြနိုင်ဖို့အတွက် ဘယ်စိန်ခေါ်မှုမဆို မကြောက်တတ်ပါဘူး။ သင်ဟာ အလွန်ယှဉ်ပြိုင်တတ်သူဖြစ်ပြီး အများထက် သာလွန်တဲ့အရည်အချင်းတွေကို ပြိုင်ဆိုင်ထားပါတယ်။

11. ဇီးကွက်

ဇီးကွက်ကို အရင်ဆုံး သတိထားမိရင် သင်က အလွန်စေ့စပ်သေချာသူ၊ နက်နက်နဲနဲတွေးတောတတ်သူ၊ ကိုယ်ပိုင်အလုပ်လုပ်ရတာ ပိုကြိုက်သူဖြစ်ပါတယ်။ သင်ဟာ အေးအေးဆေးဆေး နေတတ်လို့ လူတွေနဲ့အရောတဝင်နေရတာ သင့်အတွက် အဆင်မပြေပါဘူး။ စေ့စပ်သေချာလွန်းလို့ အလုပ်ကို ဖြစ်သလိုလုပ်ထားရင် အလွန်ကို ဒေါသထွက်ပါတယ်။

လူတွေက မပြည့်စုံမှုတွေကြားထဲကနေ ပြည့်စုံအောင် ကြိုးစားနေကြတာဖြစ်လို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ လူတွေနဲ့ အဆင်မပြေဘူးဆိုရင်၊ အများက သင့်ကို သဘောမကျဘူးဆိုရင် သင့်ရဲ့ ထက်မြက်မှု၊ အားသာမှုတွေကြောင့်ပါပဲ။

Zombie (Lovemedia)

For Zawgyi

သင္ပထမဆုံး သတိထားမိတဲ့ တိရစာၦန္က ေျပာျပေပးမယ့္ သင့္အေၾကာင္း

လူေတြရဲ႕မသိစိတ္က အံ့ဩစရာေကာင္းပါတယ္။ မသိစိတ္က လူေတြရဲ႕ ပင္ကိုစ႐ိုက္ကို ထင္ထားတာထက္ပိုၿပီး ေျပာျပႏိုင္ပါတယ္။ လူေတြရဲ႕မသိစိတ္က ကြန္ျပဴတာ အခ်က္အလက္ေတြကို သိုေလွာင္ထားတာနဲ႔တူပါတယ္။ မွတ္ဉာဏ္ထဲမွာ ယုံၾကည္မႈ၊ ေၾကာက္႐ြံ႕မႈ၊ အမွတ္တရ၊ စြမ္းရည္၊ အႀကိဳက္၊ မႀကိဳက္တာေတြကို သိမ္းထားပါတယ္ ။

ဒီအရာေတြက အၿမဲတမ္း ျမင္ေတြ႕ဖူးတဲ့ အရာေတြကေန ျဖစ္ေပၚလာၿပီး မွတ္ဉာဏ္ထဲမွာ အၿမဲရွိေနပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက မသိစိတ္က ပင္ကိုယ္စ႐ိုက္နဲ႔ တိုက္႐ိုက္ဆက္စပ္မႈရွိပါတယ္။ ဒီပန္းခ်ီကားကိုၾကည့္တဲ့အခါ သင့္ဦးေႏွာက္က ပထမဆုံး သတိထားမိတဲ့အရာက သင့္ရဲ႕ပင္ကိုစ႐ိုက္ကို ေဖာ္ျပေပးပါလိမ့္မယ္။

1. ျမင္းက်ား

ျမင္းက်ားကို ပထမဆုံး ေတြ႕လိုက္မယ္ဆိုရင္ သင္ဟာ ေပ်ာ္ေပ်ာ္ေနတတ္သူ၊ ဩဇာႀကီးသူ၊ ဘာသာတရား ကိုင္းရႈိင္းသူျဖစ္ပါတယ္။ အလြန္ ဖ်တ္လတ္တက္ႂကြသူျဖစ္ၿပီး အရာရာကို လြယ္လြယ္နဲ႔ တတ္ေျမာက္လြယ္သူပါ။ လူေတြက သင့္သေဘာကို အၿမဲလိုက္ေလ်ာပါတယ္။ သင္ဟာ ေပါင္းသင္းဆက္ဆံေရးမွာလည္း ေျပျပစ္ပါတယ္။ အဲဒါေၾကာင့္ စီးပြားေရးလုပ္ရင္ ေကာင္းပါတယ္။ဒါေပမယ့္ သင္ဟာ တစ္ခုခုကို ထပ္ခါထပ္ခါ လုပ္ရၿပီဆိုရင္ ပ်င္းလာတတ္ပါတယ္။သင္ဟာ ေန႔တိုင္းကို အသစ္အသစ္ေသာ စိတ္လႈပ္ရွားမႈေတြနဲ႔ ျဖတ္သန္းခ်င္ပါ။

2. ေၾကာင္

ေၾကာင္ကို အရင္ဆုံးသတိထားမိရင္ သင္က စကားမ်ားမ်ား မေျပာတတ္သူပါ။ တခ်ိဳ႕ေတြက သင့္ကို ရွက္ေၾကာက္တတ္သူလို႔ ထင္ပါလိမ့္မယ္။ တကယ္ေတာ့ သင္က ကိစၥတစ္ခုခုကို အေဝးကေန ခြဲျခမ္းစိတ္ျဖာေလ့လာတတ္သူပါ။ ပတ္ဝန္းက်င္က လူေတြက သင့္အေၾကာင္း ဘာေျပာေျပာ သင္က ဂ႐ုမစိုက္ပါဘူး။ သင္ဟာ ကိုယ္ပိုင္စည္းကမ္းေတြကို ခ်မွတ္ထားၿပီး လိုက္နာတတ္သူ၊ အေႏွာင္အဖြဲ႕ကင္းသူ၊ မိမိကိုယ္ကိုယ္ ရပ္တည္ႏိုင္သူ ျဖစ္ပါတယ္။

3. ဘဲ

ဘဲကို အရင္ျမင္ရင္ သင္ဟာ 100 ရာခိုင္ႏႈန္း အေကာင္းျမင္တတ္သူျဖစ္ၿပီး ဘယ္အရာကမွ သင့္ကို စိတ္ဓာတ္က်ေအာင္ မလုပ္ႏိုင္ပါဘူး။ သင့္အတြက္ ေရက တစ္ဝက္မရွိဘူးဆိုရင္၊ အျပည့္မရွိဘူးဆိုရင္ ေရာင့္ရဲလြယ္သူပါ။ ဒါေပမယ့္ သင့္ဘဝမွာ အခ်စ္နဲ႔ပတ္သက္ၿပီး အၿမဲခံစားရပါတယ္။ ခရီးထြက္တာ၊ အတတ္ပညာအသစ္ေတြကို သင္တာေတြကို စိတ္ဝင္စားၿပီး သင့္ရဲ႕စူးစမ္းမႈက အဆုံးမရွိပါဘူး။

4. ကိုအာလာဝက္ဝံ

ကိုအာလာဝက္ဝံကို ပထမဆုံးေတြ႕လိုက္ရင္ သင္ဟာ အလြန္တည္တည္ၿငိမ္ၿငိမ္ေနတတ္ၿပီး ေန႔တိုင္းကို တစ္ေယာက္တည္းျဖတ္သန္းရတာကို ႀကိဳက္ပါတယ္။ သင္ဟာ ၾကင္နာတတ္သူ၊ ထိရွလြယ္သူ၊ ဂ႐ုစိုက္တတ္သူပါ။ လူေတြကိုလည္း အကဲခတ္တတ္ပါတယ္။ သင္ဟာ သူငယ္ခ်င္းေတြကို ဖုန္းတစ္ခါထက္ ပိုၿပီး မေခၚတတ္ပါဘူး။ ပါတီပြဲေတ္ကိုလည္း မတက္ပါဘူး။ ေအးေအးေဆးေဆး ႐ုပ္႐ုပ္ၾကည့္ျခင္း၊ စာအုပ္ဖတ္ျခင္းက သင့္ရဲ႕အနားယူမႉပုံစံပါ၊ သင္က ကိုယ္က်ိဳးမငဲ့ဘဲ အမ်ားကို ကူညီတတ္ၿပီး သူတို႔ဆီက ျပန္ရဖို႔ မေမွ်ာ္လင့္တတ္သူပါ။

5. ဆင္

ဆင္ကို အရင္သတိထားမိရင္ သင္က အလြန္႐ိုးသားၿပီး သင့္ပတ္ဝန္းက်င္ကလူေတြကို ေလးေလးနက္နက္ဆက္ဆံတတ္သူပါ။ သင္ဟာ သစၥာရွိၿပီး တာဝန္ယူတတ္ပါတယ္။ မိသားစုနဲ႔ သူငယ္ခ်င္းေတြက သင့္ကို အားကိုးပါတယ္။သူတို႔အကူအညီလိုရင္ သင့္ကို အရင္ဆုံးသတိရၾကပါတယ္။ သင့္မွာ ျပႆနာေတြကို ေျဖရွင္းရမယ့္နည္းလမ္းေတြ အၿမဲရွိပါတယ္။ သင္ဟာ သူတစ္ပါးေျပာတာကို ေသခ်ာနားေထာင္ေပးတတ္႐ုံတင္မကပါဘူး။ ျပႆနာေတြကို ေျဖရွင္းေပးတတ္ သူလည္းျဖစ္ပါတယ္။ မိသားစုနဲ႔ သူငယ္ခ်င္းက သင့္ကိုဦးစားေပးတတ္ၾကၿပီး သင့္ေဘးကလူေတြ အဆင္ေျပရင္ ေက်နပ္ေနသူပါ။

6. ဝက္ဝံ

ဝက္ဝံကို ပထမဆုံးသတိထားမိရင္ သင္က က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေတြးတတ္သူ၊ ေရွး႐ိုးဆန္သူ၊ အစဥ္အလာေတြကို လိုက္နာတတ္သူ ျဖစ္ပါတယ္။ သင္ရဲ႕တန္ဖိုးေတြကျမင့္ေနၿပီး သင့္ဘဝကိုျမင့္ေအာင္ တည္ေဆာက္တတ္သူပါ။ သင္ဟာ ေအးေအးေဆးေဆးေနတတ္သူျဖစ္ၿပီး မ်က္စိလည္း လ်င္ပါတယ္။ ဆူညံတဲ့ေနရာေတြကိုလည္း မႀကိဳက္ပါဘူး။ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေတာ့ ေနတတ္ပါတယ္။ သင္ဟာ စိတ္ထိခိုက္လြယ္သူ၊ အေတြးႂကြယ္သူ၊ လိမၼာပါးနပ္သူလည္း ျဖစ္ပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြကို ယုံၾကည္လိုက္နာၿပီး ဆုံးျဖတ္ခ်က္ကို လြယ္လြယ္နဲ႔ မခ်တတ္ပါဘူး။ သင္က အလုပ္ႀကိဳးစားသူ၊ ယုံၾကည္ရသူ၊ အလြန္ဇြဲရွိသူပါ။ အလုပ္ကို တန္ဖိုးထားၿပီး တိတိက်က်လုပ္တတ္သူပါ။ တျခားသူေတြကိုလည္း သင့္လိုပဲ အလုပ္ကို တိက်ေစခ်င္ပါတယ္။

7. သစ္ကုလားအုတ္

ပထမဆုံးေတြ႕လိုက္ရတာက သစ္ကုလားအုတ္ျဖစ္တယ္ဆိုရင္ သင္ဟာ လူမႈဆက္ဆံေရးမွာ ဝင္ဆံ့ၿပီး လူအမ်ားကို အားေပးလႈံ႕ေဆာ္ႏိုင္သူပါ။ ဘယ္သူနဲ႔မဆို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနတတ္ၿပီး လူအမ်ားရဲ႕အာ႐ုံစိုက္တာကိုလည္း ခံရပါတယ္။ သင္က စကားေျပာေကာင္းသူလည္း ျဖစ္ပါတယ္။ အပူအပင္ကင္းကင္းနဲ႔ လက္ေတြ႕ဘဝနဲ႔ နီးစပ္ေအာင္ က်ိဳးေၾကာင္းဆင္ျခင္တတ္ပါတယ္။ ဘယ္အရာကမွ သင့္ကို ဝမ္းနည္းေအာင္ မလုပ္ႏိုင္ေပမယ့္ သင္က ထိရွလြယ္ပါတယ္။ သူငယ္ခ်င္းေတြအေပၚ သစၥာရွိၿပီး သူငယ္ခ်င္းေတြရဲ႕ သစၥာရွိမႈကိုလည္း ေမွ်ာ္လင့္ပါတယ္။ သင္ဟာ သမား႐ိုးက်လုပ္ရတာမႀကိဴက္ဘဲ အလုပ္ေတြ၊ ဝါသနာေတြကို ခဏခဏေျပာင္းတတ္သူပါ။

8. ဝက္

ဝက္ ပထမဆုံးျမင္မိရင္ သင္ဟာ အမွီအခိုကင္းၿပီး တစ္ေယာက္တည္းနဲ႔ အလုပ္ကို အေကာင္းဆုံးလုပ္သူပါ။ သင့္ရဲ႕စိတ္က အလြန္ျမန္ဆန္ထက္ျမက္ၿပီး တစ္မိနစ္ကို မိုင္တစ္ရာေလာက္ ေရာက္ပါတယ္။ဒါေၾကာင့္ လူတိူင္းကို ရွင္းျပဖို႔ သူ႔မွာ အခ်ိန္မရွိပါဘူး။ အရာရာကို အေသးစိတ္ဂ႐ုစိုက္တတ္တာ၊ ဉာဏ္ေကာင္းတာ၊ ခြဲျခမ္းစိတ္ျဖာၿပီး ေတြးတတ္တာက သင့္အလုပ္အတြက္ အလြန္အက်ိဳးရွိပါတယ္။ သင့္ကို တဲ့တိုးေျပာတတ္သူလို႔ မေခၚႏိုင္ေပမယ့္ လူေတြနဲ႔ သင္အဆင္ေျပပါတယ္။

9. ယုန္

ယုန္ကို အရင္ဆုံးျမင္လိုက္ရက္ သင္ဟာ ဖန္တီးမႈအားေကာင္းသူ၊ စိတ္စြမ္းအင္ျပည့္ဝသူ၊ သူတစ္ပါးကို အေပ်ာ္ေတြ ကူးစက္ေစသူျဖစ္ပါတယ္။ ဘယ္ေနရာသြားသြား သင္ဟာ အေပ်ာ္ေတြကို သယ္ေဆာင္သြားတတ္ၿပီး လူေတြက သင္နဲ႔ သူငယ္ခ်င္းျဖစ္လိုၾကပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သင့္ကို လူေတြက သတိထားမိၾကပါတယ္။ တခ်ိဳ႕ကေတာ့ သင့္ကို ေပါ့ေပါ့တန္တန္ေနသူလို႔ ထင္ပါလိမ့္မယ္။ မဟုတ္ပါဘူး။ သင္ဟာ အေတြးေကာင္းသူ၊ စာနာတတ္သူ၊ လူေတြကို ေပ်ာ္ေစလိုသူျဖစ္ပါတယ္။

10. ျခေသၤ့

ျခေသၤ့ကို ပထမဆုံးေတြ႕ရင္ သင္ဟာ ေမြးရာပါဦးေဆာင္တတ္သူပါ။ သင့္ကို လူေတြယုံၾကည္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အလိုအေလ်ာက္ကို သိေနတာပါ။ သင့္မွာ လႊမ္းမိုးႏိုင္တဲ့ အစြမ္းေတြရွိပါတယ္။ သင့္ရဲ႕ အစြမ္းအစေတြျပႏိုင္ဖို႔အတြက္ ဘယ္စိန္ေခၚမႈမဆို မေၾကာက္တတ္ပါဘူး။ သင္ဟာ အလြန္ယွဥ္ၿပိဳင္တတ္သူျဖစ္ၿပီး အမ်ားထက္ သာလြန္တဲ့အရည္အခ်င္းေတြကို ၿပိဳင္ဆိုင္ထားပါတယ္။

11. ဇီးကြက္

ဇီးကြက္ကို အရင္ဆုံး သတိထားမိရင္ သင္က အလြန္ေစ့စပ္ေသခ်ာသူ၊ နက္နက္နဲနဲေတြးေတာတတ္သူ၊ ကိုယ္ပိုင္အလုပ္လုပ္ရတာ ပိုႀကိဳက္သူျဖစ္ပါတယ္။ သင္ဟာ ေအးေအးေဆးေဆး ေနတတ္လို႔ လူေတြနဲ႔အေရာတဝင္ေနရတာ သင့္အတြက္ အဆင္မေျပပါဘူး။ ေစ့စပ္ေသခ်ာလြန္းလို႔ အလုပ္ကို ျဖစ္သလိုလုပ္ထားရင္ အလြန္ကို ေဒါသထြက္ပါတယ္။

လူေတြက မျပည့္စုံမႈေတြၾကားထဲကေန ျပည့္စုံေအာင္ ႀကိဳးစားေနၾကတာျဖစ္လို႔ စိတ္ဓာတ္က်စရာ မလိုပါဘူး။ လူေတြနဲ႔ အဆင္မေျပဘူးဆိုရင္၊ အမ်ားက သင့္ကို သေဘာမက်ဘူးဆိုရင္ သင့္ရဲ႕ ထက္ျမက္မႈ၊ အားသာမႈေတြေၾကာင့္ပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments