ဗိုက်အရမ်းဆာလွန်းလို့ မိဘအိမ်ကို မီးနဲ့ရှို့

ဗိုက်အရမ်း ဆာလွန်းလို့ မိဘအိမ်ကို မီးရှို့ခဲ့တဲ့ အမျိုးသား

ဗိုက်အရမ်း ဆာလာရင် မြင်းတစ်ကောင်လုံးကို စားနိုင်တယ်လို့ လူတွေက ပြောကြ ပါတယ်။ အစားတွေ အများကြီး စားတာက တကယ်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

မလေးရှားနိုင်ငံ၊ Penang ပြည်နယ်က အမျိုးသားတစ်ယောက်က ဗိုက်ဆာလို့ လုပ်မိလိုက်တဲ့ အဖြစ်က မြင်းတစ်ကောင် စားတာထက် ပိုဆိုးသွား ပါတယ်။ သူ့ရဲ့ ဗိုက်အလွန့် အလွန် ဆာမှုကို ပြသနိုင်ဖို့အတွက် အိမ်ကို မီးရှို့လိုက် ပါတယ်။

အသက် 34 နှစ် အရွယ် အမျိုးသား တစ်ယောက်ဟာ ရူးမိုက်စွာနဲ့ သူ့မိဘ အိမ်ကို မီးရှို့ ခဲ့ပါတယ်။ သူဟာ ဗိုက်ဆာလွန်းလို့ အိမ်မှာ စားစရာ ရှာပေမယ့် ဘာမှ မရှိတာကြောင့် ဒေါသတွေ ထွက်ပြီး အိမ်ကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

ကံကောင်းတာကတော့ အသက် 63 နှစ် အရွယ် သူ့ဖခင်ဟာ မီးတွေ အရမ်း မပျုံ့နိုင်ခင်မှာ အိမ်ထဲကနေ ထွက်ပြေးလာနိုင်ပြီး ရဲကို အကြောင်းကြားနိုင် ခဲ့ပါတယ်။ မီးရှို့ခဲ့တဲ့အမျိုးသားကို အိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူ့အိမ်မှာ မီးလောင်ထားတဲ့ ရေပိုက်တစ်ချောင်းနဲ့ ဓာတ်ဆီ အနည်းငယ် ကျန်နေသေးတဲ့ ကရားတစ်ခုကိုလည်း တွေ့ခဲ့ပါတယ်လို့ Seberang Perai Utara က ရဲအရာရှိက ပြောပါတယ် ။ ညနေလေးနာရီလောက်မှာ အိမ်ကို မီးလောင်တယ်လို့ ယူဆကြပါတယ်။

အသက် 34 နှစ် အရွယ် အမျိုးသားက ဓာတ်ဆီကို သူ့အဖေရဲ့ဆိုင်ကယ်ထဲ ကနေ ပိုက်နဲ့ စုပ်ထုတ်ပြီး အိမ်ရှေ့နံရံကို ဓာတ်ဆီ လောင်းခဲ့ပါတယ်။ ပြီးတော့ မီးခြစ်နဲ့ နံရံကို မီးတို့ လိုက်ပါတယ်။ သူ့အမေက သားဖြစ်သူ မီးရှို့နေတာကို သတိထားမိပြီး နေ့လယ်ဘက် တစ်ရေးအိပ်နေတဲ့ ခင်ပွန်းသည်ကို အချိန်မီနှိုးလိုက်နိုင်ခဲ့ပါတယ်။

မိဘတွေက သားဖြစ်သူ ထောင်က ထွက်လာရင် ဒီလိုအဖြစ်မျိုး ထပ်ကြုံရမှာကို စိုးရိမ်နေကြ ပါတယ်။ သူ့ကို ဆီးစစ်ကြည့်တဲ့ အခါ မူးယစ်ဆေးဝါး သုံးထားတာကို တွေ့ရပါတယ်။ အခုတော့ သူ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ 435 နဲ့ 4 ရက် ချုပ်မိန့် ပေးထားပါတယ်။

Zombie (Lovemedia)

For Zawgyi

ဗိုက္အရမ္းဆာလြန္းလို႔ မိဘအိမ္ကို မီးရႈိ႕ခဲ့တဲ့ အမ်ိဳးသား

ဗိုက္အရမ္း ဆာလာရင္ ျမင္းတစ္ေကာင္လုံးကို စားႏိုင္တယ္လို႔ လူေတြက ေျပာၾက ပါတယ္။ အစားေတြ အမ်ားႀကီး စားတာက တကယ္ေတာ့ က်န္းမာေရးအတြက္ မေကာင္းပါဘူး။

မေလးရွားႏိုင္ငံ၊ Penang ျပည္နယ္က အမ်ိဳးသားတစ္ေယာက္က ဗိုက္ဆာလို႔ လုပ္မိလိုက္တဲ့ အျဖစ္က ျမင္းတစ္ေကာင္ စားတာထက္ ပိုဆိုးသြား ပါတယ္။ သူ႔ရဲ႕ ဗိုက္အလြန႔္ အလြန္ ဆာမႈကို ျပသႏိုင္ဖို႔အတြက္ အိမ္ကို မီးရႈိ႕လိုက္ ပါတယ္။

အသက္ 34 ႏွစ္ အ႐ြယ္ အမ်ိဳးသား တစ္ေယာက္ဟာ ရူးမိုက္စြာနဲ႔ သူ႔မိဘ အိမ္ကို မီးရႈိ႕ ခဲ့ပါတယ္။ သူဟာ ဗိုက္ဆာလြန္းလို႔ အိမ္မွာ စားစရာ ရွာေပမယ့္ ဘာမွ မရွိတာေၾကာင့္ ေဒါသေတြ ထြက္ၿပီး အိမ္ကို မီးရႈိ႕ခဲ့တယ္လို႔ ေျပာပါတယ္။

ကံေကာင္းတာကေတာ့ အသက္ 63 ႏွစ္ အ႐ြယ္ သူ႔ဖခင္ဟာ မီးေတြ အရမ္း မပ်ဳံ႕ႏိုင္ခင္မွာ အိမ္ထဲကေန ထြက္ေျပးလာႏိုင္ၿပီး ရဲကို အေၾကာင္းၾကားႏိုင္ ခဲ့ပါတယ္။ မီးရႈိ႕ခဲ့တဲ့အမ်ိဳးသားကို အိမ္မွာပဲ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

သူ႔အိမ္မွာ မီးေလာင္ထားတဲ့ ေရပိုက္တစ္ေခ်ာင္းနဲ႔ ဓာတ္ဆီ အနည္းငယ္ က်န္ေနေသးတဲ့ ကရားတစ္ခုကိုလည္း ေတြ႕ခဲ့ပါတယ္လို႔ Seberang Perai Utaraက ရဲအရာရွိက ေျပာပါတယ္ ။ ညေနေလးနာရီေလာက္မွာ အိမ္ကို မီးေလာင္တယ္လို႔ ယူဆၾကပါတယ္။

အသက္ 34 ႏွစ္ အ႐ြယ္ အမ်ိဳးသားက ဓာတ္ဆီကို သူ႔အေဖရဲ႕ဆိုင္ကယ္ထဲ ကေန ပိုက္နဲ႔ စုပ္ထုတ္ၿပီး အိမ္ေရွ႕နံရံကို ဓာတ္ဆီ ေလာင္းခဲ့ပါတယ္။ ၿပီးေတာ့ မီးျခစ္နဲ႔ နံရံကို မီးတို႔ လိုက္ပါတယ္။ သူ႔အေမက သားျဖစ္သူ မီးရႈိ႕ေနတာကို သတိထားမိၿပီး ေန႔လယ္ဘက္ တစ္ေရးအိပ္ေနတဲ့ ခင္ပြန္းသည္ကို အခ်ိန္မီႏႈိးလိုက္ႏိုင္ခဲ့ပါတယ္။

မိဘေတြက သားျဖစ္သူ ေထာင္က ထြက္လာရင္ ဒီလိုအျဖစ္မ်ိဳး ထပ္ႀကဳံရမွာကို စိုးရိမ္ေနၾက ပါတယ္။သူ႔ကို ဆီးစစ္ၾကည့္တဲ့ အခါ မူးယစ္ေဆးဝါး သုံးထားတာကို ေတြ႕ရပါတယ္။ အခုေတာ့ သူ႔ကို ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ 435 နဲ႔ 4 ရက္ ခ်ဳပ္မိန႔္ ေပးထားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments