ရည်းစား ဖြစ်တာနဲ့ Fb Password ပေးသင့်လား

မြန်မာနိုင်ငံက သမီးရည်းစား စုံတွဲတွေကို ကြည့်ပြီးတော့ လုံးဝ နားမလည်နိုင်တဲ့ အချက်တခု ရှိတယ် ။

အဲ့ဒါက ရည်းစား ဖြစ်ပြီ ဆိုတာနဲ့ တယောက်နဲ့ တယောက် Fb Password အပြန်အလှန် ပေးကြတဲ့ ကိစ္စပဲ ။ ရည်းစားတွေ ဖြစ်ကြပြီ ဆိုတာနဲ့ ဒီလို မဖြစ်မနေ လုပ်ရမယ် ဆိုတဲ့ အယူမှားကြီးက မြန်မာလူငယ်အတွဲတွေ ထဲမှာ အမြင်ရဆုံး အဆိုးဆုံး ကိစ္စတစ်ခု ဖြစ်နေသလိုပဲ ။ လုံးဝ အဓိပ္ပါယ် မရှိပါဘူး ။

ရည်းစားထားတယ် ဆိုတာကို ပြန်စမ်းစစ်ကြည့်ရင် အရေးကြီးဆုံး အကြောင်းပြချက် (၂) ခုပဲ ရှိတယ် ။ တခုက ပျော်ချင်လို့၊ နောက်တခုက တစ်ဘဝလုံး အတွက် ရည်ရွယ်ပြီး လက်တွဲချင်လို့ ။

တယောက်နဲ့ တယောက် အပြန်အလှန် Password တွေ ပေးထားကြတဲ့ စုံတွဲတွေကို ကြည့်လိုက်ရင် နောက်ထပ် ယောက်ျားလေး ၊ မိန်းကလေးတွေနဲ့ စကားမပြောစေချင်လို့ ဆိုတဲ့ အကြောင်းပြချက် ရယ် ၊ နောက်ပြီး အဓိက အဆိုးရွားဆုံး အယူလွဲမှု ကတော့ တယောက်နဲ့ တယောက် ယုံကြည်မှု တည်ဆောက်ချင်လို့ ပေးတယ်လို့ ပြောကြတာပဲ ။ လုံးဝ အမှားကြီး ။

အဲ့ဒါ ယုံကြည်မှု တည်ဆောက်တာ မဟုတ်ဘူး ။ တယောက်နဲ့ တယောက် မယုံကြည်ဘူး ဆိုတာကို အချက်ပြလိုက် တာပဲ ။

ပြန်စဉ်းစားကြည့်လေ ။ ကွယ်ရာမှာ နောက်တယောက်နဲ့ ဖောက်ပြန်နေမလား မသိဘူး ဆိုတဲ့ မယုံကြည်တဲ့ စိတ်ကြောင့် ရည်းစားစ ဖြစ်တာနဲ့ ဒီ Social Media password ကို တောင်းတော့တာပေါ့ ။

အဲ့လောက်ထိ ကိုယ့်တယောက်ထဲကိုမှ ချစ်နိုင်ပါ့မလား မသေချာတဲ့ ၊ မယုံရတဲ့ လူတယောက်ကို ဘာလို့ ရည်းစားတော် တော့မလဲ ။ ရှင်းနေတာကို ။

တဘဝလုံးအတွက် မပြောနဲ့ ။ အခုကတည်းက တခြား မိန်းကလေး၊ တခြား ယောက်ျားလေးနဲ့ စကားပြောပြီး ပါသွားမှာ ကြောက်လို့ ဆိုရင် အခုကတည်းက လမ်းသာ ခွဲပလိုက်တော့ ။

ကိုယ့်ကို ချစ်ပါတယ်လို့ ပြောထားတဲ့ ယောက်ျားက နောက်ထပ် မိန်းကလေးနဲ့ စကားပြောလိုက်တာနဲ့ ပါသွားမယ့်လူ လို့ ထင်နေရင် အစ ကတည်းက တွဲမနေနဲ့ပေါ့ ။ ကိုယ်နဲ့ မထိုက်တဲ့လူ ၊ ကိုယ့်အဆင့်ကို မမှီတဲ့သူလို့ စိတ်ထဲမှတ်ပြီး စောစော စီးစီး လွှတ်ပေးလိုက် ။ နောက်တစ်ယောက် ရှာဖို့တောင် အချိန် ရသေး ။

ကိုယ့်ဘဲကိုတော့ ယုံပါရဲ့ ။ သူ့နားက စနိုက်ကြော်မ တွေကို ကြောက်လို့ Password တောင်းတာ ဆိုရင်လည်း ကိုယ့်ဘဲက လွယ်လွယ် သာယာ တတ်တဲ့ စောက်သုံးမကျတဲ့ ကောင်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ ။

ကိုယ့်ဘက် ပြန်ကြည့်ရင်လည်း ဒီယောက်ျားကိုမှ မရရင် ဘဝဆုံးတော့မှာ မို့လို့ အတင်း တွယ်ကပ်နေမှ ဖြစ်မှာ မို့လို့ပါလို့ ဝန်ခံလိုက်တဲ့ သဘော ဖြစ်မသွားဘူးလား ။ နှစ်ယောက်စလုံးက စောက်သုံး မကျတဲ့ လူတွေပါလို့ ဝန်ခံလိုက်တဲ့ သဘော ဖြစ်သွားတာပါပဲ ။ ကိုယ့်ရဲ့ Social Media account ထဲမှာ အပေါင်းအသင်းတွေနဲ့ တိုင်ပင်ချင်၊ ပြောချင်တဲ့စကားတွေ ရှိမယ် ။

Like နှိပ်ချင်တဲ့ Page တွေ ရှိရင် ရှိမယ် ။ မိသားစု အိမ်တွင်းရေး ကိစ္စတွေ ရှိရင် ရှိမယ် ။ အလုံးစုံ တိုင်ပင်လို့ရတဲ့ သူငယ်ချင်း ဆိုတာတွေ ရှိရင် ရှိမယ် ။ စိတ်လွတ် ကိုယ်လွတ် ဘော်ဒါတွေနဲ့ အယုတ္တ အနတ္တတွေ ပြောချင်ရင် ပြောမယ် ။

ရည်းစား ဖြစ်သွားပြီ ဆိုတာနဲ့ အဲ့ဒီ့ ရည်းစားက ဘက်စုံကိစ္စတိုင်းကို ဖြေရှင်းပေးမယ့် ကိုယ့်အဖေ ၊ ကိုယ့်အမေ ၊ ကိုယ့်အစ်ကို ၊ ကိုယ့်သူငယ်ချင်း ဖြစ်သွားတာမျိုး မဟုတ်ဘူး ။

ရည်းစားသည် စွယ်စုံရ ပုဂ္ဂိုလ် မဟုတ်ပါ။

သမီးရည်းစား ထားတယ် ဆိုတာ ဘဝမှာ ကြုံသမျှ ကိစ္စ အကြီး ၊ အသေးတိုင်း ဒီရည်းစားနဲ့ပဲ တိုင်ပင်ရမယ် လို့ ခေါင်းစဉ် တပ်ပေးလိုက်တာ မဟုတ်ဘူး ။ ရည်းစားဆိုတာ ကိုယ့်လက်တွဲဖော်လို့ သတ်မှတ်လို့ ရပေမယ့် ကိစ္စတိုင်း အဲ့ဒီ့ ရည်းစားက ဖြေရှင်းပေးနိုင်တာ မဟုတ်ဘူး ။

တချို့ ယောက်ျားလေး အချင်းချင်း၊ မိန်းခလေး အချင်းချင်းပဲ နားလည်တဲ့ ကိစ္စမျိုး ၊ ကိုယ့်ရည်းစား သိလည်း အကျိူးမရှိမယ့် ကိစ္စမျိူးတွေ ၊ ယောက်ျားမိန်းမ မတူညီတဲ့ လူမှုရေး အခက်အခဲတွေ ၊ ပြောရရင် ခေါင်းစဉ်တွေ တေ်ာတော်များများ ကျန်ဦးမယ် ။

အဲ့ကိစ္စတိုင်းကို ရည်းစားဆိုတဲ့ တယောက်က ဟပ်ချလောင်း ဆိုပြီး ဖြေရှင်းပေးနိုင်တာ မဟုတ်သလို အဲ့ဒီ ရည်းစားပါလာမှ ပိုရှုတ်ကုန်မှာတွေ အများကြီး ။

အဲဒီ ကိစ္စတွေက Fb Password နဲ့ ဘာဆိုင်လို့လဲ လို့ မေးစရာ ရှိတယ် ။ သိပ်ဆိုင်တာပေါ့။ ပြဿနာ အကြီးအမား ဆိုတာတွေ အားလုံးက " အမှိုက်ကစ၊ ပြဿဒ် မီးလောင် " အသေးအမွှား ဆိုတာကနေပဲ စကြတာ ။ အဲ့ဒီ့ အသေးအမွှား ဆိုတာကလည်း ဒီဘက်ခေတ် Social Media အပေါ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကနေပဲ ဖြစ်ကြတာ ချည်းပဲ ။

ဒီသူငယ်ချင်းနဲ့ ပေါင်းတာ မကြိုက်ဘူး ။ ဒီလူနဲ့ စကားပြောတာ မကြိုက်ဘူး။ ဘာလို့ ဒီ Group ထဲ ဝင်ထားတာလဲ ။ ရှင့်ညီမက မုန့်ဖိုးပဲ တောင်းနေတာပဲ ။ အဲ့ဒီ ဆဲပဲ ဆဲနေတဲ့ကောင်ကို ဘလော့စမ်းပါ ။ မင်းရုံးက ကောင်က ည ၉ နာရီလောက်လည်း စကား လာပြောတာပဲလား ။ အဲ့ကောင် ပိုက်ဆံချည်းတဲ့ ကိစ္စပြောနေတာ ဘာကြောင့်လဲ ။

ဘာမှတဲ့ သေးသေး မွှားမွှားလေးတွေက စောက်ပြဿနာ အကြီးကြီးတွေ တက်မယ့် ခေါင်းစဉ်တွေ ချည်းပဲ ။ လက်ထပ်ဖို့က နောက်ထား ၊ ပျော်ချင်လို့ ရည်းစားထားပါတယ် ဆိုတဲ့ အဆင့်မှာ ကတည်းကတင် ကိုယ့်ရည်းစားက ဝင်စွက်ဖက်လို့ စိတ်တွေ မွန်းကြပ်ပြီး ပျော်ရွှင်မှု ဆိုတာ စတင် ပျောက်ဆုံးနေ ရပြီ ။

ကဲ .... မလွန်ဆန်နိုင်လို့ သူပြောတဲ့အတိုင်း လိုက်လျောပေးပြီး Block တာတွေ၊ စကားမပြောတာတွေ၊ unfriend လုပ်တာတွေ လုပ်ပေးလိုက်ရတယ် ပဲ ဆိုပါစို့ ။ အဲ့လူက စိတ်ထဲ ကျေနပ်ပါ ဦးမလား ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အကုန် လိုက်လျောပေးနေရတယ် ဆိုပြီး မွန်းကြပ်လာမှာပဲ ။ လေဗူပေါင်းက ဒီတိုင်းထားလို့ မပေါက်ကွဲဘူး ။ တင်းတင်း ကြပ်ကြပ် အဖြစ်ညှစ် ခံရတော့မှ ပေါက်ကွဲတာမျိူးပဲ ။ လူ့စိတ် ဆိုတာလည်း အဲ့သဘောပဲ ။

ဇယား ရှုပ်ချင်တဲ့လူက ရှုပ်မှာပဲ ။ ကိုယ်ဘယ်လောက် ထိန်းထိန်း အကောင့် သစ်ဖွင့်ပြီး ခြေရှုပ်မှာပဲ ။ ဇယားရှှုပ်မယ့်လူက ဖွဘုတ်တင် မကဘူး ၊ အပြင်လောကမှာလည်း ဇယားရှုပ်မှာပဲ ။ တားလို့ရမှာ မဟုတ်ဘူး ။ အဲ့လို စရိုက်မကောင်း ၊ ဇယားရှုပ်တဲ့ လူမျိုး ဆိုရင်တော့ password ကိစ္စတွေ အသာ ထားဦး ။ တဘဝလုံး လက်တွဲမလား ။ စဉ်းစားပေါ့ ။

ခြေမရှုပ်တဲ့လူ ဖြစ်နေရင်တောင် တစ်ခါတစ်လေ ကိုယ့်အကောင့်က တခြားလူ တစ်ယောက် ဝင်ကြည့်နိုင်တယ်ဆိုတာ သိကြည့်ပါလား ။ ဘယ်လောက်တောင် မွန်းကြပ်လိုက်မလဲ ။ အပေါင်းအသင်းနဲ့ စကားပြောရင်း ကိုယ့်ရည်းစားအကြောင်း ပါလာရင် စကားက ဆက်မပြောရဲတော့ တာမျိူး ၊ မဟုတ်တမ်းတရားတွေ ပြောရတာမျိူး ၊ အဆင်မပြေတဲ့ အကြောင်းတွေ ရင်ဖွင့်ချင်တာ မျိူးတွေ မလုပ်ရတဲ့ အခါ ဘယ်လောက်တောင် မွန်းကြပ် လိုက်မလဲ စဉ်းစားကြည့်ပေါ့ ။

အဲ့တော့ လွတ်လွတ် လပ်လပ် ဖွဘုတ်သုံးဖို့ အကောင့်သစ် ဖွင့်ထားတာ ကိုသာ ကိုယ့်ရည်းစားက သိကြည့်ပါလား ။ မိုးမီးလောင်ပြီး စောက်ပြဿနာတွေ ပိုတောင် တက်ကုန်ဦးမယ် ။ အရင်တုန်း က ပေးထားပြီး အခုဟာကို အသိမပေးတော့ဘူး ဆိုတော့ ခြေရှုတ်တာလား ဆိုပြီး သံသယဝင် ကြ ၊ အစွတ်စွဲ ခံရတဲ့ဘက်ကလည်း ငါလည်း ဘာမှမလုပ်ဘဲနဲ့ ဒီလောက်ထိဖြစ်ချင်တာလား ၊ ပြတ်ကွာ ဆိုပြီး ပြတ်ဆဲကြ ။ စောက်လုပ်တွေကို ရှုတ်နေတာပဲ ။

တနေ့တနေ့ Bus ပေါ်တွေမှာ အတွဲတွေ ရန်ဖြစ်လို့ အသံ မကြားလိုက်နဲ့ ။ အဲ့ဒီ့ဖွဘုတ် password ပေးတဲ့ကိစ္စနဲ့ ၊ password ပြောင်းတဲ့ ကိစ္စနဲ့ ဘေးပတ်ဝန်းကျင်တောင် ဂရုမစိုက်ဘဲ သတ်နေကြတာ။ ကိုယ့်အရှက်ကိုယ် ခွဲနေကြတာချည်းပဲ ။

တကယ်တမ်း ၂ ယောက်သား ရန်ဖြစ်ကြည့်၊ ၂ ယောက် စလုံးက စိတ်တွေ မွန်းကြပ်နေရင် ဘယ်သူ့ဘက်ကမှ လျှော့ကြတော့မှာ မဟုတ်ဘူး ။ ငါ့တုန်းက ကိစ္စတိုင်း လိုက်လျော့ပေးထား ခဲ့ရတာ ၊ ဒီတုန်းက ဘယ်လို ၊ ဟိုတုန်းက ဘယ်လို ၊ သည်းငြီး ခံတာ များပြီ ၊ ဘာညာနဲ့ ပြတ်ဆဲတဲ့ အထိ ရောက်ကုန်မှာပဲ ။

ယောက်ျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ... Personal ဆိုတာ ရှိတယ် ... Privacy ဆိုတာ ရှိတယ် ။ Personal နဲ့ Love က ဘာမှ အကန့်ရောစရာကို မရှိတာ ။ တကယ်ချစ်ရင် ကိုယ့်ဘက်က လုပ်ပေးရမှာတွေ အများကြီး ။ ကိုယ့်ရဲ့ Personal ကိုမှ ပေးပြီး ကိုယ့်စိတ်ကိုယ်ကို မွန်းကြပ်အောင် လုပ်ခြင်းက ၂ ယောက်စလုံးအတွက် ရေရှည်မှာ ရွှေထွက်လာမှာ မဟုတ်ဘူး ။

တစ်သက်လုံး အတူနေလာတဲ့ ကိုယ့်မိသားစု၊ ကိုယ့်ညီအစ်ကို မောင်နှမတောင် ပေးမသိတဲ့ ကိစ္စကို အခုမှ ဘဝထဲ ဝင်လာတဲ့သူ တယောက်ကို ဘာလို့ ပေးသိရမှာတုန်း ။

မဟော်သဓာတောင် မိမိရဲ့ လှိူ့ဝှက်တဲ့ အကြောင်းကို ဘယ်သူ့ကို တိုင်ပင်သင့်လဲ ဆိုတာကို ဘယ်လို ဖြေရှင်းခဲ့သလဲ ကြည့် ။ သိန်း၊ ဒေမိန်း၊ ကာဝိန်း၊ ပဂုဒ် အမတ်ကြီး (၄) ယောက်၊ မိမိအကြောင်း သူများသိတော့ ဘာအကျိူးအမြတ်မှ မရှိဘဲ သောက်ရှက် ကွဲတာပဲ အဖက်တင်ခဲ့ သလိုပေါ့ ။

ကိုယ့်ရဲ့ Personal ကိုယ့်ရဲ့ Privacy ကို ဒီရည်းစား ဆိုတဲ့ ခေါင်းစဉ်ကြောင့် အကုန် ချပြစရာကို မလိုတာဗျာ ။ ပေးသိပြီး ရွှေထွက်နေရင်တော့ တမျိူးပေါ့ ။ ပေးသိလိုက်ပြီးမှ စိတ်မွန်းကြပ်တာတွေ၊ မလွတ်လပ်တာတွေ ၊ ပြဿနာတက်မှာတွေပဲ ရမယ့် ဒီကိစ္စမျိူးက စောစောစီးစီးကတည်းက အပြတ်ဖြတ်ထားရမှာ ။ ရည်းစားဖြစ်ရင် Password အလဲအလှယ် လုပ်ရမယ့် ဆိုတဲ့ အယူမှားကြီးကို ရည်းစား မဖြစ်ခင်ကတည်းက အပြတ် ရှင်းထားရမှာ ။

ကိုယ်တွေ အတွဲကတော့ ရှင်းတယ် ။ ရည်းစားဖြစ်ပြီး တစ်နှစ်ခွဲကျော် ပြီးတဲ့အပြင် ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့တောင် စီစဉ်ပြီးပြီ ။ အခုထိ တယောက်ဖွဘုတ် password ပေးဖို့ မပြောနဲ့၊ အနားလာပြီး သူ့အကောင့်ဖွင့်သုံးနေရင်တောင် မျက်စိလေး စွေပြီး မကြည့်ဘူး ။ သူက ကြည့်ပါဦး ဆိုပြီး လာပြရင်တော့ ကြည့်ပေးလိုက်တယ် ။

သူလည်း ကိုယ့်အပေါ် ထားတဲ့ သဘောထားက အဲ့အတိုင်းပဲ ။ ကိုယ့်အခန်းထဲ ဖွဘုတ်အကောင့် ဖွင့်ထားပြီး အိမ်ထဲ လျှောက်သွားနေရင်တောင် ယောင်လို့ တစ်ချက် ဝင်မစပ်စုဘူး ။ အဲ့တော့ ဘာဖြစ်လဲ ။

သူနဲ့ ကိုယ့်မှာ စစ်မှန်တဲ့ ယုံကြည်မှု ဆိုတာကို တည်ဆောက်ပြီးသား ဖြစ်သွားတာပဲ ။ အပြန်အလှန် ယုံကြည်လို့ ရပါလား ဆိုတဲ့ စိတ်ခံစားချက် အပြည့်ရသွားတာပဲ ။ တကယ် လိုအပ်လာရင်၊ တိုင်ပင်ချင် လာရင် ပြောပြမှာပဲ ။ ကိုယ်က အတင်းအကြပ်ကြီး သွားပြီး လုကြည့်နေစရာကို မလိုတာ ။

တကယ့် Life မှာ လူနှစ်ယောက် ပေါင်းဖက်တဲ့ အခါ အဲ့ထက်ကြီးတဲ့ ပြဿနာတွေ အခက်အခဲပေါင်း သောင်းခြောက်ထောင် ကြုံရဦးမှာ ။ စားဝတ်နေရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ နှစ်ဖက်မိသားစုအရေး ၊ သားရေးသမီးရေး၊ အဲ့လို အရေး အရာပေါင်း များစွာကို ဒီနှစ်ယောက်ကပဲ အတူတူ ရင်ဆိုင် ဖြေရှင်းရမှာ ။

အဲ့လို ရေရှည်သွားမယ့် သူက အခုအချိန် ကတည်းက မယုံကြည် ရရင်၊ ဇယားရှုတ်မှာ ကြောက်နေရရင်၊ နောက်လူနောက် လွယ်လွယ် ပါသွားမှာ ကြောက်နေရရင် ၊ ကိုယ့် Privacy ကို အခုကတည်းက အတင်းအကြပ် ဆွက်ဖက်မယ့်လူ ဖြစ်နေရင် ကိုယ်နဲ့ မထိုက်တန်တဲ့သူ လို့သာ တွေးပြီး စောစော စီးစီးသာ ဇာတ်လမ်း ဖြတ်လိုက်ကြ ပါတော့ ။ ဒီလောက်လေးတောင် ခံနိုင်ရည် မရှိရင် လောကဒဏ်ကို နှစ်ယောက် အတူ ဘယ်လို ရင်ဆိုင်ကြမှာတုန်း ။

Personal ကို စွက်ဖက်တဲ့ Love ဆိုရင်တော့ အစစ် ၊ ဟုတ်မဟုတ် ၊ ကိုယ့်ဘာသာ ပြန် သုံးသပ်ကြည့်ကြပါလော့ ။ Personal နဲ့ Love ခွဲခြားနိုင်ကြပါစေဗျာ ။

crd

For Zawgyi

ရည္းစား ျဖစ္တာနဲ႔ Fb Password ေပးသင့္လား

ျမန္မာႏိုင္ငံက သမီးရည္းစား စုံတြဲေတြကို ၾကည့္ၿပီးေတာ့ လုံးဝ နားမလည္ႏိုင္တဲ့ အခ်က္တခု ရွိတယ္ ။

အဲ့ဒါက ရည္းစား ျဖစ္ၿပီ ဆိုတာနဲ႔ တေယာက္နဲ႔ တေယာက္ Fb Password အျပန္အလွန္ ေပးၾကတဲ့ ကိစၥပဲ ။ ရည္းစားေတြ ျဖစ္ၾကၿပီ ဆိုတာနဲ႔ ဒီလို မျဖစ္မေန လုပ္ရမယ္ ဆိုတဲ့ အယူမွားႀကီးက ျမန္မာလူငယ္အတြဲေတြ ထဲမွာ အျမင္ရဆုံး အဆိုးဆုံး ကိစၥတစ္ခု ျဖစ္ေနသလိုပဲ ။ လုံးဝ အဓိပၸါယ္ မရွိပါဘူး ။

ရည္းစားထားတယ္ ဆိုတာကို ျပန္စမ္းစစ္ ၾကည့္ရင္ အေရးႀကီးဆုံး အေၾကာင္းျပခ်က္ (၂) ခုပဲ ရွိတယ္ ။ တခုက ေပ်ာ္ခ်င္လို႔၊ ေနာက္တခုက တစ္ဘဝလုံး အတြက္ ရည္႐ြယ္ၿပီး လက္တြဲခ်င္လို႔ ။

တေယာက္နဲ႔ တေယာက္ အျပန္အလွန္ Password ေတြ ေပးထားၾကတဲ့ စုံတြဲေတြကို ၾကည့္လိုက္ရင္ ေနာက္ထပ္ ေယာက္်ားေလး ၊ မိန္းကေလးေတြနဲ႔ စကားမေျပာေစခ်င္လို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ ရယ္ ၊ ေနာက္ၿပီး အဓိက အဆိုး႐ြားဆုံး အယူလြဲမႈ ကေတာ့ တေယာက္နဲ႔ တေယာက္ ယုံၾကည္မႈ တည္ေဆာက္ခ်င္လို႔ ေပးတယ္လို႔ ေျပာၾကတာပဲ ။ လုံးဝ အမွားႀကီး ။

အဲ့ဒါ ယုံၾကည္မႈ တည္ေဆာက္တာ မဟုတ္ဘူး ။ တေယာက္နဲ႔ တေယာက္ မယုံၾကည္ဘူး ဆိုတာကို အခ်က္ျပလိုက္ တာပဲ ။

ျပန္စဥ္းစားၾကည့္ေလ ။ ကြယ္ရာမွာ ေနာက္တေယာက္နဲ႔ ေဖာက္ျပန္ေနမလား မသိဘူး ဆိုတဲ့ မယုံၾကည္တဲ့ စိတ္ေၾကာင့္ ရည္းစားစ ျဖစ္တာနဲ႔ ဒီ Social Media password ကို ေတာင္းေတာ့တာေပါ့ ။

အဲ့ေလာက္ထိ ကိုယ့္တေယာက္ထဲကိုမွ ခ်စ္ႏိုင္ပါ့မလား မေသခ်ာတဲ့ ၊ မယုံရတဲ့ လူတေယာက္ကို ဘာလို႔ ရည္းစားေတာ္ ေတာ့မလဲ ။ ရွင္းေနတာကို ။

တဘဝလုံးအတြက္ မေျပာနဲ႔ ။ အခုကတည္းက တျခား မိန္းကေလး၊ တျခား ေယာက္်ားေလးနဲ႔ စကားေျပာၿပီး ပါသြားမွာ ေၾကာက္လို႔ ဆိုရင္ အခုကတည္းက လမ္းသာ ခြဲပလိုက္ေတာ့ ။

ကိုယ့္ကို ခ်စ္ပါတယ္လို႔ ေျပာထားတဲ့ ေယာက္်ားက ေနာက္ထပ္ မိန္းကေလးနဲ႔ စကားေျပာလိုက္တာနဲ႔ ပါသြားမယ့္လူ လို႔ ထင္ေနရင္ အစ ကတည္းက တြဲမေနနဲ႔ေပါ့ ။ ကိုယ္နဲ႔ မထိုက္တဲ့လူ ၊ ကိုယ့္အဆင့္ကို မမွီတဲ့သူလို႔ စိတ္ထဲမွတ္ၿပီး ေစာေစာ စီးစီး လႊတ္ေပးလိုက္ ။ ေနာက္တစ္ေယာက္ ရွာဖို႔ေတာင္ အခ်ိန္ ရေသး ။

ကိုယ့္ဘဲကိုေတာ့ ယုံပါရဲ႕ ။ သူ႔နားက စႏိုက္ေၾကာ္မ ေတြကို ေၾကာက္လို႔ Password ေတာင္းတာ ဆိုရင္လည္း ကိုယ့္ဘဲက လြယ္လြယ္ သာယာ တတ္တဲ့ ေစာက္သုံးမက်တဲ့ ေကာင္လို႔ ေျပာလိုက္တာနဲ႔ အတူတူပါပဲ ။

ကိုယ့္ဘက္ ျပန္ၾကည့္ရင္လည္း ဒီေယာက္်ားကိုမွ မရရင္ ဘဝဆုံးေတာ့မွာ မို႔လို႔ အတင္း တြယ္ကပ္ေနမွ ျဖစ္မွာ မို႔လို႔ပါလို႔ ဝန္ခံလိုက္တဲ့ သေဘာ ျဖစ္မသြားဘူးလား ။ ႏွစ္ေယာက္စလုံးက ေစာက္သုံး မက်တဲ့ လူေတြပါလို႔ ဝန္ခံလိုက္တဲ့ သေဘာ ျဖစ္သြားတာပါပဲ ။ ကိုယ့္ရဲ႕ Social Media account ထဲမွာ အေပါင္းအသင္းေတြနဲ႔ တိုင္ပင္ခ်င္၊ ေျပာခ်င္တဲ့စကားေတြ ရွိမယ္ ။

Like ႏွိပ္ခ်င္တဲ့ Page ေတြ ရွိရင္ ရွိမယ္ ။ မိသားစု အိမ္တြင္းေရး ကိစၥေတြ ရွိရင္ ရွိမယ္ ။ အလုံးစုံ တိုင္ပင္လို႔ရတဲ့ သူငယ္ခ်င္း ဆိုတာေတြ ရွိရင္ ရွိမယ္ ။ စိတ္လြတ္ ကိုယ္လြတ္ ေဘာ္ဒါေတြနဲ႔ အယုတၱ အနတၱေတြ ေျပာခ်င္ရင္ ေျပာမယ္ ။

ရည္းစား ျဖစ္သြားၿပီ ဆိုတာနဲ႔ အဲ့ဒီ့ ရည္းစားက ဘက္စုံကိစၥတိုင္းကို ေျဖရွင္းေပးမယ့္ ကိုယ့္အေဖ ၊ ကိုယ့္အေမ ၊ ကိုယ့္အစ္ကို ၊ ကိုယ့္သူငယ္ခ်င္း ျဖစ္သြားတာမ်ိဳး မဟုတ္ဘူး ။

ရည္းစားသည္ စြယ္စုံရ ပုဂၢိဳလ္ မဟုတ္ပါ။

သမီးရည္းစား ထားတယ္ ဆိုတာ ဘဝမွာ ႀကဳံသမွ် ကိစၥ အႀကီး ၊ အေသးတိုင္း ဒီရည္းစားနဲ႔ပဲ တိုင္ပင္ရမယ္ လို႔ ေခါင္းစဥ္ တပ္ေပးလိုက္တာ မဟုတ္ဘူး ။ ရည္းစားဆိုတာ ကိုယ့္လက္တြဲေဖာ္လို႔ သတ္မွတ္လို႔ ရေပမယ့္ ကိစၥတိုင္း အဲ့ဒီ့ ရည္းစားက ေျဖရွင္းေပးႏိုင္တာ မဟုတ္ဘူး ။

တခ်ိဳ႕ ေယာက္်ားေလး အခ်င္းခ်င္း၊ မိန္းခေလး အခ်င္းခ်င္းပဲ နားလည္တဲ့ ကိစၥမ်ိဳး ၊ ကိုယ့္ရည္းစား သိလည္း အက်ိဴးမရွိမယ့္ ကိစၥမ်ိဴးေတြ ၊ ေယာက္်ားမိန္းမ မတူညီတဲ့ လူမႈေရး အခက္အခဲေတြ ၊ ေျပာရရင္ ေခါင္းစဥ္ေတြ ေတ္ာေတာ္မ်ားမ်ား က်န္ဦးမယ္ ။

အဲ့ကိစၥတိုင္းကို ရည္းစားဆိုတဲ့ တေယာက္က ဟပ္ခ်ေလာင္း ဆိုၿပီး ေျဖရွင္းေပးႏိုင္တာ မဟုတ္သလို အဲ့ဒီ ရည္းစားပါလာမွ ပိုရႈတ္ကုန္မွာေတြ အမ်ားႀကီး ။

အဲဒီ ကိစၥေတြက Fb Password နဲ႔ ဘာဆိုင္လို႔လဲ လို႔ ေမးစရာ ရွိတယ္ ။ သိပ္ဆိုင္တာေပါ့။ ျပႆနာ အႀကီးအမား ဆိုတာေတြ အားလုံးက " အမႈိက္ကစ၊ ျပႆဒ္ မီးေလာင္ " အေသးအမႊား ဆိုတာကေနပဲ စၾကတာ ။ အဲ့ဒီ့ အေသးအမႊား ဆိုတာကလည္း ဒီဘက္ေခတ္ Social Media အေပၚမွာ ျဖစ္ေနတဲ့ ကိစၥေတြကေနပဲ ျဖစ္ၾကတာ ခ်ည္းပဲ ။

ဒီသူငယ္ခ်င္းနဲ႔ ေပါင္းတာ မႀကိဳက္ဘူး ။ ဒီလူနဲ႔ စကားေျပာတာ မႀကိဳက္ဘူး။ ဘာလို႔ ဒီ Group ထဲ ဝင္ထားတာလဲ ။ ရွင့္ညီမက မုန႔္ဖိုးပဲ ေတာင္းေနတာပဲ ။ အဲ့ဒီ ဆဲပဲ ဆဲေနတဲ့ေကာင္ကို ဘေလာ့စမ္းပါ ။ မင္း႐ုံးက ေကာင္က ည ၉ နာရီေလာက္လည္း စကား လာေျပာတာပဲလား ။ အဲ့ေကာင္ ပိုက္ဆံခ်ည္းတဲ့ ကိစၥေျပာေနတာ ဘာေၾကာင့္လဲ ။

ဘာမွတဲ့ ေသးေသး မႊားမႊားေလးေတြက ေစာက္ျပႆနာ အႀကီးႀကီးေတြ တက္မယ့္ ေခါင္းစဥ္ေတြ ခ်ည္းပဲ ။ လက္ထပ္ဖို႔က ေနာက္ထား ၊ ေပ်ာ္ခ်င္လို႔ ရည္းစားထားပါတယ္ ဆိုတဲ့ အဆင့္မွာ ကတည္းကတင္ ကိုယ့္ရည္းစားက ဝင္စြက္ဖက္လို႔ စိတ္ေတြ မြန္းၾကပ္ၿပီး ေပ်ာ္႐ႊင္မႈ ဆိုတာ စတင္ ေပ်ာက္ဆုံးေန ရၿပီ ။

ကဲ .... မလြန္ဆန္ႏိုင္လို႔ သူေျပာတဲ့အတိုင္း လိုက္ေလ်ာေပးၿပီး Block တာေတြ၊ စကားမေျပာတာေတြ၊ unfriend လုပ္တာေတြ လုပ္ေပးလိုက္ရတယ္ ပဲ ဆိုပါစို႔ ။ အဲ့လူက စိတ္ထဲ ေက်နပ္ပါ ဦးမလား ။ ဘာမဟုတ္တဲ့ ကိစၥေလးနဲ႔ အကုန္ လိုက္ေလ်ာေပးေနရတယ္ ဆိုၿပီး မြန္းၾကပ္လာမွာပဲ ။ ေလဗူေပါင္းက ဒီတိုင္းထားလို႔ မေပါက္ကြဲဘူး ။ တင္းတင္း ၾကပ္ၾကပ္ အျဖစ္ညႇစ္ ခံရေတာ့မွ ေပါက္ကြဲတာမ်ိဴးပဲ ။ လူ႔စိတ္ ဆိုတာလည္း အဲ့သေဘာပဲ ။

ဇယား ရႈပ္ခ်င္တဲ့လူက ရႈပ္မွာပဲ ။ ကိုယ္ဘယ္ေလာက္ ထိန္းထိန္း အေကာင့္ သစ္ဖြင့္ၿပီး ေျခရႈပ္မွာပဲ ။ ဇယားရွႈပ္မယ့္လူက ဖြဘုတ္တင္ မကဘူး ၊ အျပင္ေလာကမွာလည္း ဇယားရႈပ္မွာပဲ ။ တားလို႔ရမွာ မဟုတ္ဘူး ။ အဲ့လို စ႐ိုက္မေကာင္း ၊ ဇယားရႈပ္တဲ့ လူမ်ိဳး ဆိုရင္ေတာ့ password ကိစၥေတြ အသာ ထားဦး ။ တဘဝလုံး လက္တြဲမလား ။ စဥ္းစားေပါ့ ။

ေျခမရႈပ္တဲ့လူ ျဖစ္ေနရင္ေတာင္ တစ္ခါတစ္ေလ ကိုယ့္အေကာင့္က တျခားလူ တစ္ေယာက္ ဝင္ၾကည့္ႏိုင္တယ္ဆိုတာ သိၾကည့္ပါလား ။ ဘယ္ေလာက္ေတာင္ မြန္းၾကပ္လိုက္မလဲ ။ အေပါင္းအသင္းနဲ႔ စကားေျပာရင္း ကိုယ့္ရည္းစားအေၾကာင္း ပါလာရင္ စကားက ဆက္မေျပာရဲေတာ့ တာမ်ိဴး ၊ မဟုတ္တမ္းတရားေတြ ေျပာရတာမ်ိဴး ၊ အဆင္မေျပတဲ့ အေၾကာင္းေတြ ရင္ဖြင့္ခ်င္တာ မ်ိဴးေတြ မလုပ္ရတဲ့ အခါ ဘယ္ေလာက္ေတာင္ မြန္းၾကပ္ လိုက္မလဲ စဥ္းစားၾကည့္ေပါ့ ။

အဲ့ေတာ့ လြတ္လြတ္ လပ္လပ္ ဖြဘုတ္သုံးဖို႔ အေကာင့္သစ္ ဖြင့္ထားတာ ကိုသာ ကိုယ့္ရည္းစားက သိၾကည့္ပါလား ။ မိုးမီးေလာင္ၿပီး ေစာက္ျပႆနာေတြ ပိုေတာင္ တက္ကုန္ဦးမယ္ ။ အရင္တုန္း က ေပးထားၿပီး အခုဟာကို အသိမေပးေတာ့ဘူး ဆိုေတာ့ ေျခရႈတ္တာလား ဆိုၿပီး သံသယဝင္ ၾက ၊ အစြတ္စြဲ ခံရတဲ့ဘက္ကလည္း ငါလည္း ဘာမွမလုပ္ဘဲနဲ႔ ဒီေလာက္ထိျဖစ္ခ်င္တာလား ၊ ျပတ္ကြာ ဆိုၿပီး ျပတ္ဆဲၾက ။ ေစာက္လုပ္ေတြကို ရႈတ္ေနတာပဲ ။

တေန႔တေန႔ Bus ေပၚေတြမွာ အတြဲေတြ ရန္ျဖစ္လို႔ အသံ မၾကားလိုက္နဲ႔ ။ အဲ့ဒီ့ဖြဘုတ္ password ေပးတဲ့ကိစၥနဲ႔ ၊ password ေျပာင္းတဲ့ ကိစၥနဲ႔ ေဘးပတ္ဝန္းက်င္ေတာင္ ဂ႐ုမစိုက္ဘဲ သတ္ေနၾကတာ။ ကိုယ့္အရွက္ကိုယ္ ခြဲေနၾကတာခ်ည္းပဲ ။

တကယ္တမ္း ၂ ေယာက္သား ရန္ျဖစ္ၾကည့္၊ ၂ ေယာက္ စလုံးက စိတ္ေတြ မြန္းၾကပ္ေနရင္ ဘယ္သူ႔ဘက္ကမွ ေလွ်ာ့ၾကေတာ့မွာ မဟုတ္ဘူး ။ ငါ့တုန္းက ကိစၥတိုင္း လိုက္ေလ်ာ့ေပးထား ခဲ့ရတာ ၊ ဒီတုန္းက ဘယ္လို ၊ ဟိုတုန္းက ဘယ္လို ၊ သည္းၿငီး ခံတာ မ်ားၿပီ ၊ ဘာညာနဲ႔ ျပတ္ဆဲတဲ့ အထိ ေရာက္ကုန္မွာပဲ ။

ေယာက္်ားျဖစ္ျဖစ္ ၊ မိန္းမျဖစ္ျဖစ္ ... Personal ဆိုတာ ရွိတယ္ ... Privacy ဆိုတာ ရွိတယ္ ။ Personal နဲ႔ Love က ဘာမွ အကန႔္ေရာစရာကို မရွိတာ ။ တကယ္ခ်စ္ရင္ ကိုယ့္ဘက္က လုပ္ေပးရမွာေတြ အမ်ားႀကီး ။ ကိုယ့္ရဲ႕ Personal ကိုမွ ေပးၿပီး ကိုယ့္စိတ္ကိုယ္ကို မြန္းၾကပ္ေအာင္ လုပ္ျခင္းက ၂ ေယာက္စလုံးအတြက္ ေရရွည္မွာ ေ႐ႊထြက္လာမွာ မဟုတ္ဘူး ။

တစ္သက္လုံး အတူေနလာတဲ့ ကိုယ့္မိသားစု၊ ကိုယ့္ညီအစ္ကို ေမာင္ႏွမေတာင္ ေပးမသိတဲ့ ကိစၥကို အခုမွ ဘဝထဲ ဝင္လာတဲ့သူ တေယာက္ကို ဘာလို႔ ေပးသိရမွာတုန္း ။

မေဟာ္သဓာေတာင္ မိမိရဲ႕ လွိူ႔ဝွက္တဲ့ အေၾကာင္းကို ဘယ္သူ႔ကို တိုင္ပင္သင့္လဲ ဆိုတာကို ဘယ္လို ေျဖရွင္းခဲ့သလဲ ၾကည့္ ။ သိန္း၊ ေဒမိန္း၊ ကာဝိန္း၊ ပဂုဒ္ အမတ္ႀကီး (၄) ေယာက္၊ မိမိအေၾကာင္း သူမ်ားသိေတာ့ ဘာအက်ိဴးအျမတ္မွ မရွိဘဲ ေသာက္ရွက္ ကြဲတာပဲ အဖက္တင္ခဲ့ သလိုေပါ့ ။

ကိုယ့္ရဲ႕ Personal ကိုယ့္ရဲ႕ Privacy ကို ဒီရည္းစား ဆိုတဲ့ ေခါင္းစဥ္ေၾကာင့္ အကုန္ ခ်ျပစရာကို မလိုတာဗ်ာ ။ ေပးသိၿပီး ေ႐ႊထြက္ေနရင္ေတာ့ တမ်ိဴးေပါ့ ။ ေပးသိလိုက္ၿပီးမွ စိတ္မြန္းၾကပ္တာေတြ၊ မလြတ္လပ္တာေတြ ၊ ျပႆနာတက္မွာေတြပဲ ရမယ့္ ဒီကိစၥမ်ိဴးက ေစာေစာစီးစီးကတည္းက အျပတ္ျဖတ္ထားရမွာ ။ ရည္းစားျဖစ္ရင္ Password အလဲအလွယ္ လုပ္ရမယ့္ ဆိုတဲ့ အယူမွားႀကီးကို ရည္းစား မျဖစ္ခင္ကတည္းက အျပတ္ ရွင္းထားရမွာ ။

ကိုယ္ေတြ အတြဲကေတာ့ ရွင္းတယ္ ။ ရည္းစားျဖစ္ၿပီး တစ္ႏွစ္ခြဲေက်ာ္ ၿပီးတဲ့အျပင္ ဒီႏွစ္ထဲမွာ အိမ္ေထာင္ျပဳဖို႔ေတာင္ စီစဥ္ၿပီးၿပီ ။ အခုထိ တေယာက္ဖြဘုတ္ password ေပးဖို႔ မေျပာနဲ႔၊ အနားလာၿပီး သူ႔အေကာင့္ဖြင့္သုံးေနရင္ေတာင္ မ်က္စိေလး ေစြၿပီး မၾကည့္ဘူး ။ သူက ၾကည့္ပါဦး ဆိုၿပီး လာျပရင္ေတာ့ ၾကည့္ေပးလိုက္တယ္ ။

သူလည္း ကိုယ့္အေပၚ ထားတဲ့ သေဘာထားက အဲ့အတိုင္းပဲ ။ ကိုယ့္အခန္းထဲ ဖြဘုတ္အေကာင့္ ဖြင့္ထားၿပီး အိမ္ထဲ ေလွ်ာက္သြားေနရင္ေတာင္ ေယာင္လို႔ တစ္ခ်က္ ဝင္မစပ္စုဘူး ။ အဲ့ေတာ့ ဘာျဖစ္လဲ ။

သူနဲ႔ ကိုယ့္မွာ စစ္မွန္တဲ့ ယုံၾကည္မႈ ဆိုတာကို တည္ေဆာက္ၿပီးသား ျဖစ္သြားတာပဲ ။ အျပန္အလွန္ ယုံၾကည္လို႔ ရပါလား ဆိုတဲ့ စိတ္ခံစားခ်က္ အျပည့္ရသြားတာပဲ ။ တကယ္ လိုအပ္လာရင္၊ တိုင္ပင္ခ်င္ လာရင္ ေျပာျပမွာပဲ ။ ကိုယ္က အတင္းအၾကပ္ႀကီး သြားၿပီး လုၾကည့္ေနစရာကို မလိုတာ ။

တကယ့္ Life မွာ လူႏွစ္ေယာက္ ေပါင္းဖက္တဲ့ အခါ အဲ့ထက္ႀကီးတဲ့ ျပႆနာေတြ အခက္အခဲေပါင္း ေသာင္းေျခာက္ေထာင္ ႀကဳံရဦးမွာ ။ စားဝတ္ေနေရး ၊ လူမႈေရး ၊ စီးပြားေရး ၊ ႏွစ္ဖက္မိသားစုအေရး ၊ သားေရးသမီးေရး၊ အဲ့လို အေရး အရာေပါင္း မ်ားစြာကို ဒီႏွစ္ေယာက္ကပဲ အတူတူ ရင္ဆိုင္ ေျဖရွင္းရမွာ ။

အဲ့လို ေရရွည္သြားမယ့္ သူက အခုအခ်ိန္ ကတည္းက မယုံၾကည္ ရရင္၊ ဇယားရႈတ္မွာ ေၾကာက္ေနရရင္၊ ေနာက္လူေနာက္ လြယ္လြယ္ ပါသြားမွာ ေၾကာက္ေနရရင္ ၊ ကိုယ့္ Privacy ကို အခုကတည္းက အတင္းအၾကပ္ ဆြက္ဖက္မယ့္လူ ျဖစ္ေနရင္ ကိုယ္နဲ႔ မထိုက္တန္တဲ့သူ လို႔သာ ေတြးၿပီး ေစာေစာ စီးစီးသာ ဇာတ္လမ္း ျဖတ္လိုက္ၾက ပါေတာ့ ။ ဒီေလာက္ေလးေတာင္ ခံႏိုင္ရည္ မရွိရင္ ေလာကဒဏ္ကို ႏွစ္ေယာက္ အတူ ဘယ္လို ရင္ဆိုင္ၾကမွာတုန္း ။

Personal ကို စြက္ဖက္တဲ့ Love ဆိုရင္ေတာ့ အစစ္ ၊ ဟုတ္မဟုတ္ ၊ ကိုယ့္ဘာသာ ျပန္ သုံးသပ္ၾကည့္ၾကပါေလာ့ ။ Personal နဲ႔ Love ခြဲျခားႏိုင္ၾကပါေစဗ်ာ ။

crd

Post a Comment

0 Comments