အဖေများနေ့မှာ အဖေကို suprise လုပ်ဖို့ အိမ်ပြန်လာပေမယ့် အဖြစ်ဆိုးနဲ့ကြုံခဲ့သူ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံက Siakap Keli က အဖေများနေ့မှာ သူ့ရဲ့အဖေ ပျော်ရွှင်သွားအောင် suprise လုပ်ပေးချင် ခဲ့ပါတယ်။ ဒါပေမယ့် Siakap ရရှိလိုက်တာကတော့ တုန်လှုပ်စရာ အဖြစ်ဆိုးကြီးပါ။ သူအိမ်ပြန်ရောက်တဲ့အခါ သူ့အဖေက ဆုံးပါးသွားပါပြီ။

၁၀ မိနစ်ကြာတဲ့ video ကိုတော့ သူ့အဖေရဲ့အိမ်ကို မရောက်ခင်အချိန်မှာ ရိုက်ထားတာပါ။ သူ့အဖေအတွက် suprise လုပ်ပေးမယ့် အစီအစဉ်ကို Tagalog လူမျိုးတွေရဲ့ ဘာသာစကားနဲ့ ပြောပြထားတဲ့ video ဖြစ်ပါတယ်။


၃ နာရီ ၃၀ မိနစ်မှာ Siakap က သူ့အဖေနေထိုင်ရာ တိုက်ခန်းထဲကို ဝင်လာခဲ့ပြီး အလောင်းတစ်လောင်းကို ကုတင်ပေါ်မှာ တွေ့လိုက်ရပါတယ်။

အလောင်းနား မရောက်ခင်မှာ ဘေးနားကလူတွေက သူ့ကို နှစ်သိမ့်ပေးကြပါတယ်။ အလောင်းနားကို ရောက်သွားတဲ့အခါမှာတော့ ကွယ်လွန်သူက သူ့အဖေဖြစ်မှန်းသိသွားပြီး အဆက်မပြတ် ငိုကြွေးလိုက်ပါတော့တယ်။ Siakap က အဖေများနေ့မှာ သူ့အဖေကို suprise လုပ်ပေးချင်တာပါ။

ဒါပေမယ့် သူ့အဖေရဲ့ အသက်မရှိတော့တဲ့ ခန္ဓါကိုယ်ကိုသာ တွေ့လိုက်ရပါတော့တယ်။ Siakap ရဲ့ စိတ်မကောင်းစရာ video ဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး အင်တာနက်အသုံးပြုသူတွေက စိတ်မကောင်း ဖြစ်နေကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

Ref - WorldOfBuzz

For Zawgyi






Zombie (Lovemedia)

Ref - WorldOfBuzz

Post a Comment

0 Comments