သင့်ကို အဖွားကြီးလို့ ထင်ရစေတဲ့ ဖက်ရှင်များ

"ဈေးကြီးပေးဝယ်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ အဝတ်အစားတွေလောက် အမျိုးသမီးတွေကို အိုစာစေတာ မရှိဘူး" လို့ fashion icon တစ်ယောက်ဖြစ်တဲ့ Coco Chanel က ပြောပါတယ်။ သင့်ကို လက်ရှိအသက်ထက် ကြီးတယ်လို့ ထင်ရစေတဲ့ fashion တွေ အများကြီးပါပဲ။

၁။ ဆံပင်အလွန်မည်းခြင်း သို့မဟုတ် အဝါရောင် တောက်လွန်းခြင်း

ဆံပင်ကလည်း ရုပ်ရည်ကို လွှမ်းမိုးမှုရှိပါတယ်။ ဆံပင်ကို နှစ်ရောင်စပ်ပြီးဆိုးတာ၊ အရောင်ဖျော့ဖျော့လေး ဆိုးတာက သင့်ကို ရှိရင်းစွဲ အသက်ထက် နုပျိုသွားစေမှာပါ။

၂။ အလွန်အမင်း ပြင်ဆင်ထားခြင်း

တစ်ခါတလေမှာ ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားတွေ၊ အိတ်တွေ၊ ဖိနပ်တွေကို တစ်ပြိုင်နက်တည်း ဝတ်ဆင်တတ်ကြပါတယ်။ အဲဒီလို စုပြုံပြီး ဝတ်ဆင်ခြင်းက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

၃။ အရောင်အလွန်တောက်သော သားရေဖိနပ်

အရောင်တောက်တောက် အသုံးအဆောင် ပစ္စည်းတွေဟာ အတိတ်က ခေတ်စားခဲ့တဲ့ fashionတွေ ဖြစ်သွားခဲ့ပါပြီ။ အရောင်မတောက်တဲ့ အသုံးအဆောင်အစ္စည်းတွေက ပိုပြီး smart ကျစေပါတယ်။

၄။ ဆံပင်ကို အလွန်အမင်း ပြင်ဆင်ထားခြင်း

သင်က ဆံပင်ကို တစ်ခေါင်းလုံးကောက်လိုက်ခြင်း အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ခပ်ပြေပြေလေးနဲ့ သဘာဝဆန်နေတာက ပိုပြီး ကြည့်လှပါတယ်။

၅။ ဈေးပေါသည့် လက်ဝတ်ရတနာများ

ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့နားကပ်၊ လက်စွပ်၊ လည်ဆွဲ၊ လက်ကောက်၊ ရောင်စုံဖန်စီပစ္စည်းတွေက အမျိုးသမီးတိုင်းနဲ့ မလိုက်ဖက်ပါဘူး။

၆။ အရောင်တောက်တောက် လက်သည်းဆိုးဆေး

အရောင်တောက်တောက် လက်သည်းဆိုးဆေးတွေက အသားအရောင်တိုင်းနဲ့ မလိုက်ဖက်သလို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ အရောင်တောက်တောက်တွေကိုမှ ဆိုးချင်ရင် လက်သည်းပေါ်မှာ ပုံဖော်ထားတာလေးတွေက သင့်ကို နုပျိုတယ်လို့ ထင်စေရပါတယ်။

၇။ စာတန်းပါသော T-shirt

စာတန်းပါတဲ့ T-shirt တွေကို ဝတ်ရမှာ အလွန်ဂရုစိုက်သင့်ပါတယ်။ တချို့စာတန်းပါတဲ့ T-shirt တွေက သင့်ကို မရင့်ကျက်သေးဘူး လို့ ထင်ရစေပါတယ်။

၈။ အလွန်ရှေးရိုးဆန်သော style

ယခုခေတ်မှာ ရိုးရိုးလေးနဲ့ ငယ်ရွယ်နုပျိုစေတဲ့ fashion တွေ အများကြီး ခေတ်စားပါတယ်။ ရှေးရှေးတုန်းက fashion တွေက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

၈။ ကြယ်သီးတွေပါတဲ့ ရင်ကွဲသိုးမွေးအင်္ကျီ

အဲဒီလိုအင်္ကျီတွေက လူကို ဝစေတယ်လို့ ထင်ရစေပါတယ်။ သိုးမွေး အင်္ကျီပွပွကြီးတွေက အချိန်အတော်ကြာတဲ့အထိ ခေတ်စားနေဦးမှာပါ။

၁၀။ အလွန်လိုက်ဖက်သော အရောင်များ

အဖြူနဲ့အနက်၊ အဖြူနဲ့ အနီ စတဲ့ အရောင်အတွဲအစပ်တွေက ယခုခေတ်မှာ လူကြိုက်မများတော့ပါဘူး။ တစ်ခါတလေမှာ မလိုက်ဖက်တဲ့ အရောင်တွေကို တွဲစပ်ပြီး ဝတ်တာကလည်း သင့်ကို နုပျိုစေမှာပါ။

၁၁။ ခြေအိတ်

အသားပေါ်နေတဲ့ ခြေအိတ်တွေက တစ်ခါတရံမှာ ကြည့်လို့မလှပါဘူး။ ခြေအိတ်အမည်းရောင်က နှစ်တွေကြာသွားလည်း လူကြိုက်များဆဲပါပဲ။

၁၂။ အလွန်တိုသော ဆံပင်

ဆံပင်တိုတာက အမျိုးသမီးတွေကို နုပျိုသွားစေပေမယ့် အရမ်းတိုလွန်းရင်လည်း မလှတော့ပြန်ပါဘူး။ ခပ်ပြေပြေလေးကွေးနေတဲ့ ဆံပင်တိုလေးတွေက သင့်ကိုပိုပြီး ထင်ပေါ်စေပါတယ်။

Zombie (Lovemedia)

For Zawgyi

သင့္ကို အဖြားႀကီးလို႔ ထင္ရေစတဲ့ ဖက္ရွင္မ်ား

"ေဈးႀကီးေပးဝယ္ရၿပီး ရႈပ္ယွက္ခတ္ေနတဲ့ အဝတ္အစားေတြေလာက္ အမ်ိဳးသမီးေတြကို အိုစာေစတာ မရွိဘူး" လို႔ fashion icon တစ္ေယာက္ျဖစ္တဲ့ Coco Chanel က ေျပာပါတယ္။ သင့္ကို လက္ရွိအသက္ထက္ ႀကီးတယ္လို႔ ထင္ရေစတဲ့ fashion ေတြ အမ်ားႀကီးပါပဲ။

၁။ ဆံပင္အလြန္မည္းျခင္း သို႔မဟုတ္ အဝါေရာင္ေတာက္လြန္းျခင္း

ဆံပင္ကလည္း ႐ုပ္ရည္ကို လႊမ္းမိုးမႈရွိပါတယ္။ ဆံပင္ကို ႏွစ္ေရာင္စပ္ၿပီးဆိုးတာ၊ အေရာင္ေဖ်ာ့ေဖ်ာ့ေလး ဆိုးတာက သင့္ကို ရွိရင္းစြဲ အသက္ထက္ ႏုပ်ိဳသြားေစမွာပါ။

၂။ အလြန္အမင္း ျပင္ဆင္ထားျခင္း

တစ္ခါတေလမွာ ေဈးႀကီးေပးဝယ္ထားရတဲ့ အဝတ္အစားေတြ၊ အိတ္ေတြ၊ ဖိနပ္ေတြကို တစ္ၿပိဳင္နက္တည္း ဝတ္ဆင္တတ္ၾကပါတယ္။ အဲဒီလို စုၿပဳံၿပီး ဝတ္ဆင္ျခင္းက သင့္ကို အသက္ႀကီးတယ္လို႔ ထင္ရေစပါတယ္။

၃။ အေရာင္အလြန္ေတာက္ေသာ သားေရဖိနပ္

အေရာင္ေတာက္ေတာက္ အသုံးအေဆာင္ ပစၥည္းေတြဟာ အတိတ္က ေခတ္စားခဲ့တဲ့ fashionေတြ ျဖစ္သြားခဲ့ပါၿပီ။ အေရာင္မေတာက္တဲ့ အသုံးအေဆာင္အစၥည္းေတြက ပိုၿပီး smart က်ေစပါတယ္။

၄။ ဆံပင္ကို အလြန္အမင္း ျပင္ဆင္ထားျခင္း

သင္က ဆံပင္ကို တစ္ေခါင္းလုံးေကာက္လိုက္ျခင္း အသက္ႀကီးတယ္လို႔ ထင္ရေစပါတယ္။ ခပ္ေျပေျပေလးနဲ႔ သဘာဝဆန္ေနတာက ပိုၿပီး ၾကည့္လွပါတယ္။

၅။ ေဈးေပါသည့္ လက္ဝတ္ရတနာမ်ား

ပလက္စတစ္နဲ႔ ျပဳလုပ္ထားတဲ့နားကပ္၊ လက္စြပ္၊ လည္ဆြဲ၊ လက္ေကာက္၊ ေရာင္စုံဖန္စီပစၥည္းေတြက အမ်ိဳးသမီးတိုင္းနဲ႔ မလိုက္ဖက္ပါဘူး။

၆။ အေရာင္ေတာက္ေတာက္ လက္သည္းဆိုးေဆး

အေရာင္ေတာက္ေတာက္ လက္သည္းဆိုးေဆးေတြက အသားအေရာင္တိုင္းနဲ႔ မလိုက္ဖက္သလို အသက္ႀကီးတယ္လို႔ ထင္ရေစပါတယ္။ အေရာင္ေတာက္ေတာက္ေတြကိုမွ ဆိုးခ်င္ရင္ လက္သည္းေပၚမွာ ပုံေဖာ္ထားတာေလးေတြက သင့္ကို ႏုပ်ိဳတယ္လို႔ ထင္ေစရပါတယ္။

၇။ စာတန္းပါေသာ T-shirt

စာတန္းပါတဲ့ T-shirt ေတြကို ဝတ္ရမွာ အလြန္ဂ႐ုစိုက္သင့္ပါတယ္။ တခ်ိဳ႕စာတန္းပါတဲ့ T-shirt ေတြက သင့္ကို မရင့္က်က္ေသးဘူး လို႔ ထင္ရေစပါတယ္။

၈။ အလြန္ေရွး႐ိုးဆန္ေသာ style

ယခုေခတ္မွာ ႐ိုး႐ိုးေလးနဲ႔ ငယ္႐ြယ္ႏုပ်ိဳေစတဲ့ fashion ေတြ အမ်ားႀကီး ေခတ္စားပါတယ္။ ေရွးေရွးတုန္းက fashion ေတြက သင့္ကို အသက္ႀကီးတယ္လို႔ ထင္ရေစပါတယ္။

၈။ ၾကယ္သီးေတြပါတဲ့ ရင္ကြဲသိုးေမြးအက်ႌ

အဲဒီလိုအက်ႌေတြက လူကို ဝေစတယ္လို႔ ထင္ရေစပါတယ္။ သိုးေမြး အက်ႌပြပြႀကီးေတြက အခ်ိန္အေတာ္ၾကာတဲ့အထိ ေခတ္စားေနဦးမွာပါ။

၁၀။ အလြန္လိုက္ဖက္ေသာ အေရာင္မ်ား

အျဖဴနဲ႔အနက္၊ အျဖဴနဲ႔ အနီ စတဲ့ အေရာင္အတြဲအစပ္ေတြက ယခုေခတ္မွာ လူႀကိဳက္မမ်ားေတာ့ပါဘူး။ တစ္ခါတေလမွာ မလိုက္ဖက္တဲ့ အေရာင္ေတြကို တြဲစပ္ၿပီး ဝတ္တာကလည္း သင့္ကို ႏုပ်ိဳေစမွာပါ။

၁၁။ ေျခအိတ္

အသားေပၚေနတဲ့ ေျခအိတ္ေတြက တစ္ခါတရံမွာ ၾကည့္လို႔မလွပါဘူး။ ေျခအိတ္အမည္းေရာင္က ႏွစ္ေတြၾကာသြားလည္း လူႀကိဳက္မ်ားဆဲပါပဲ။

၁၂။ အလြန္တိုေသာ ဆံပင္

ဆံပင္တိုတာက အမ်ိဳးသမီးေတြကို ႏုပ်ိဳသြားေစေပမယ့္ အရမ္းတိုလြန္းရင္လည္း မလွေတာ့ျပန္ပါဘူး။ ခပ္ေျပေျပေလးေကြးေနတဲ့ ဆံပင္တိုေလးေတြက သင့္ကိုပိုၿပီး ထင္ေပၚေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments