ယောကျ်ားလေးများ အဝတ်အစားဝတ်ရာမှာ ပိုမိုစမတ်ကျစေမယ့် နည်းလမ်းများ

ယောကျ်ားလေးတစ်ယောက်ဟာ အဝတ်အစားဝတ်ဆင်တဲ့ နေရာမှာ ဆွဲဆောင်မှုရှိဖို့က အလွန်အရေးပါ ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အဝတ်အစားတွေက ပုံမကျပန်းမကျနဲ့ ဖြစ်နေရင် ကြည့်မကောင်းပါဘူး။

10. အင်္ကျီလက်ခေါက်ဝတ်ပါ။

အင်္ကျီလက်ကို ခေါက်မဝတ်ရင် ဖရိုဖရဲဖြစ်နေတတ်ပါတယ်။ အင်္ကျီလက်ကို သေသေသပ်သပ်ခေါက်ဝတ်တဲ့အခါ သပ်ရပ်ပြီး ရည်ရည်မွန်မွန် ဖြစ်သွားပါလိမ့်မယ်။

9. နေကာမျက်မှန် တပ်ပါ။

နေကာမျက်မှန်တပ်ခြင်းက သင့်ကိုပိုပြီး ခန့်ညားစေပါတယ်။ ဒါပေမယ့် အခန်းထဲမှာ မတပ်ဘဲ ချွတ်ထားခြင်းက သင့်ကိုပိုပြီး ထင်ရှားစေပါတယ်။ နေကာမျက်မှန်ကိုလည်း မျက်နှာအနေအထားပေါ် မူတည်ပြီး ရွေးချယ်ဖို့လိုပါတယ်။

8. ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်ပါ။

အများစုက ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်တတ်ကြပါတယ်။ ရှပ်အင်္ကျီနဲ့ ခန္ဓာကိုယ်က ကွက်တိဖြစ်နေဖို့ လိုပါတယ်။ ကွက်တိမဖြစ်ဘဲ ပွနေတဲ့ရှပ်အင်္ကျီက မသပ်မရပ်ဖြစ်စေပါတယ်။

7. နာရီပတ်ပါ။

နာရီပတ်ခြင်းက အရိုးစင်းဆုံးဝတ်စုံကို ဝတ်ထားရင်တောင် ထူးခြားနေစေပါတယ်။ သင့်ပုံစံနဲ့ သင့်တော်မယ့် နာရီကိုရွေးချယ်ဖို့ မမေ့ပါနဲ့။

6. ဖိနပ်အမျိုးမျိုး ပြောင်းစီးပါ။

ဖိနပ်တွေကလည်း သင့်ရဲ့စတိုင်ကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမယ့် ဖိနပ်တစ်မျိုးတည်းကိုပဲ စီးနေရင်တော့ အမှားကြီးပါပဲ။ ဝတ်စုံနဲ့လိုက်ဖက်မယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။ သင်ဟာ အမြဲစမတ်ကျနေမှာပါ။

5. ခြေအိတ်ဝတ်ပါ။

သင်ဟာ ခြေအိတ်ကြီးပေါ်နေတာ မကြိုက်ဘူးဆိုရင် မမြင်ရတဲ့ ခြေအိတ်မျိုးကို ဝတ်ဆင်ပါ။ ခြေအိတ်ဝတ်ခြင်းဖြင့် ခြေထောက်ကို တစ်နေ့လုံး သက်တောင့်သက်သာ ရှိစေပါတယ်။

4. ကာလဒေသနဲ့ လျော်ညီတဲ့ဝတ်စုံကို ဝတ်ပါ။

သင်ဟာ ပွဲတစ်ခုခု၊ အခမ်းအနားတစ်ခုခုကို သွားတော့မယ်ဆိုရင် ပွဲနဲ့သင့်တော်မယ့် အဝတ်အစားကို ရွေးချယ်ဝတ်ပါ။ အဝတ်အစားတွေကို တောင်တစ်ခုမြောက်တစ်ခု တွဲစပ်ပြီးဝတ်တာက ကလေးဆန်စေပါတယ်။

3. ခါးရှည်တဲ့ T-shirts

ခါးရှည်တဲ့ T-shirt တွေကို ဘောင်းဘီအကျပ်နဲ့ တွဲဝတ်ရင် ကြည့်ကောင်းပါတယ်။ သင်ဟာ Hip-hop ပုံစံနဲ့ မလိုက်ဖက်ရင်တော့ ခါးရှည်တဲ့T-shirt တွေကို သတိထား ရွေးချယ်သင့်ပါတယ်။

2. ခြေအိတ်ဖြူ

အားကစားနဲ့ သက်ဆိုင်တဲ့နေရာ၊ ပွဲမျိုးမဟုတ်ရင်တော့ ခြေအိတ်အဖြူကို မရွေးချယ်သင့်ပါဘူး။ ထင်းကနဲမြင်သာတဲ့ ခြေအိတ်မျိုးကို ဝတ်တာ ပိုကောင်းပါတယ်။

1. ဘောင်းဘီအပွတွေ မဝတ်ပါနဲ့။

Sizeလွန်ပြီး ပွနေတဲ ဘောင်းဘီတွေကို ရွေးချယ်ခြင်းက အမှားများထဲက တစ်ခုပါပဲ။ ဘောင်းဘီအပွနဲ့ ဖိနပ်က မလိုက်ဖက်တော့ရင် သင့်ရဲ့စတိုင်က ပြောစရာ ဖြစ်နေပါလိမ့်မယ်။

V-shape သို့မဟုတ် တြိဂံပုံသဏ္ဍာန် ခန္ဓာကိုယ်ရှိသူတွေက

-V-shape လည်ပင်းရှပ်အင်္ကျီတွေနဲ့ ဆွယ်တာတွေကို ရွေးချယ်သင့်ပါတယ်။

-ပွနေတဲ့ဂျာကင်အင်္ကျီတွေက ခန္ဓာကိုယ်ရင်ပိုင်းနဲ့ ပုခုံးကို အချိုးကျစေပါတယ်။

-အသားကပ်ဂျင်းအင်္ကျီတွေကို မဝတ်သင့်ပါဘူး။

ထောင့်မှန်စတုဂံပုံသဏ္ဍာန်ခန္ဓာကိုယ် ရှိတဲ့သူတွေက

- အထပ်အထပ်ပါတဲ့ အင်္ကျီတွေကို ရွေးချယ်သင့်ပါတယ်။

- လည်ပင်းဝိုင်းတဲ့ တီရှပ်နဲ့ ဂျာကင်ကို ရွေးချယ်သင့်ပါတယ်၊

- အရုပ်ပါတဲ့ တီရှပ်တွေက သင့်ရဲ့လေးထောင့်ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေလို့ မရွေးချယ်သင့်ပါဘူး။

ဘဲဥပုံသဏ္ဍာန်ခန္ဓာကိုယ်ရှိတဲ့သူတွေက

- အစင်းရှည်နဲ့အဖြူ စင်းသေးသေးလေးတွေ ပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။ ဒီလိုဝတ်ဆင်ခြင်းဖြင့် သင့်ခန္ဓာကိုယ်က ရှည်တယ်လို့ ထင်ရစေပါတယ်။

- ဘောင်းဘီအပွတွေကို မဝတ်ပါနဲ့။

- အရောင်တောက်တဲ့ ခါးပတ်တွေက် မရွေးပါနဲ့။ အရောင်တောက်ပတဲ့ ခါးပတ်တွေက သင့်ခန္ဓာကိုယ်ကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

Zombie (Lovemedia)

For Zawgyi

ေယာက်္ားေလးမ်ား အဝတ္အစားဝတ္ရာမွာ ပိုမိုစမတ္က်ေစမယ့္ နည္းလမ္းမ်ား

ေယာက်္ားေလးတစ္ေယာက္ဟာ အဝတ္အစားဝတ္ဆင္တဲ့ ေနရာမွာ ဆြဲေဆာင္မႈရွိဖို႔က အလြန္အေရးပါပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ အဝတ္အစားေတြက ပုံမက်ပန္းမက်နဲ႔ျဖစ္ေနရင္ ၾကည့္မေကာင္းပါဘူး။

10. အက်ႌလက္ေခါက္ဝတ္ပါ။

အက်ႌလက္ကို ေခါက္မဝတ္ရင္ ဖ႐ိုဖရဲျဖစ္ေနတတ္ပါတယ္။ အက်ႌလက္ကို ေသေသသပ္သပ္ေခါက္ဝတ္တဲ့အခါ သပ္ရပ္ၿပီး ရည္ရည္မြန္မြန္ ျဖစ္သြားပါလိမ့္မယ္။

9. ေနကာမ်က္မွန္ တပ္ပါ။

ေနကာမ်က္မွန္တပ္ျခင္းက သင့္ကိုပိုၿပီး ခန႔္ညားေစပါတယ္။ ဒါေပမယ့္ အခန္းထဲမွာ မတပ္ဘဲ ခြၽတ္ထားျခင္းက သင့္ကိုပိုၿပီး ထင္ရွားေစပါတယ္။ ေနကာမ်က္မွန္ကိုလည္း မ်က္ႏွာအေနအထားေပၚ မူတည္ၿပီး ေ႐ြးခ်ယ္ဖို႔လိုပါတယ္။

8. ရွပ္အက်ႌေအာက္အနားကို အထဲထည့္ဝတ္ပါ။

အမ်ားစုက ရွပ္အက်ႌေအာက္အနားကို အထဲထည့္ဝတ္တတ္ၾကပါတယ္။ ရွပ္အက်ႌနဲ႔ ခႏၶာကိုယ္က ကြက္တိျဖစ္ေနဖို႔ လိုပါတယ္။ ကြက္တိမျဖစ္ဘဲ ပြေနတဲ့ရွပ္အက်ႌက မသပ္မရပ္ျဖစ္ေစပါတယ္။

7. နာရီပတ္ပါ။

နာရီပတ္ျခင္းက အ႐ိုးစင္းဆုံးဝတ္စုံကို ဝတ္ထားရင္ေတာင္ ထူးျခားေနေစပါတယ္။ သင့္ပုံစံနဲ႔ သင့္ေတာ္မယ့္ နာရီကိုေ႐ြးခ်ယ္ဖို႔ မေမ့ပါနဲ႔။

6. ဖိနပ္အမ်ိဳးမ်ိဳးေျပာင္းစီးပါ။

ဖိနပ္ေတြကလည္း သင့္ရဲ႕စတိုင္ကို ပိုမိုေတာက္ပေစပါတယ္။ ဒါေပမယ့္ ဖိနပ္တစ္မ်ိဳးတည္းကိုပဲ စီးေနရင္ေတာ့ အမွားႀကီးပါပဲ။ ဝတ္စုံနဲ႔လိုက္ဖက္မယ့္ ဖိနပ္မ်ိဳးကို ေ႐ြးခ်ယ္ပါ။ သင္ဟာ အၿမဲစမတ္က်ေနမွာပါ။

5. ေျခအိတ္ဝတ္ပါ။

သင္ဟာ ေျခအိတ္ႀကီးေပၚေနတာ မႀကိဳက္ဘူးဆိုရင္ မျမင္ရတဲ့ ေျခအိတ္မ်ိဳးကို ဝတ္ဆင္ပါ။ ေျခအိတ္ဝတ္ျခင္းျဖင့္ ေျခေထာက္ကို တစ္ေန႔လုံး သက္ေတာင့္သက္သာ ရွိေစပါတယ္။

4. ကာလေဒသနဲ႔ ေလ်ာ္ညီတဲ့ဝတ္စုံကို ဝတ္ပါ။

သင္ဟာ ပြဲတစ္ခုခု၊ အခမ္းအနားတစ္ခုခုကို သြားေတာ့မယ္ဆိုရင္ ပြဲနဲ႔သင့္ေတာ္မယ့္ အဝတ္အစားကို ေ႐ြးခ်ယ္ဝတ္ပါ။ အဝတ္အစားေတြကို ေတာင္တစ္ခုေျမာက္တစ္ခု တြဲစပ္ၿပီးဝတ္တာက ကေလးဆန္ေစပါတယ္။

3. ခါးရွည္တဲ့ T-shirts

ခါးရွည္တဲ့ T-shirt ေတြကို ေဘာင္းဘီအက်ပ္နဲ႔ တြဲဝတ္ရင္ ၾကည့္ေကာင္းပါတယ္။ သင္ဟာ Hip-hop ပုံစံနဲ႔ မလိုက္ဖက္ရင္ေတာ့ ခါးရွည္တဲ့T-shirt ေတြကို သတိထား ေ႐ြးခ်ယ္သင့္ပါတယ္။

2. ေျခအိတ္ျဖဴ

အားကစားနဲ႔ သက္ဆိုင္တဲ့ေနရာ၊ ပြဲမ်ိဳးမဟုတ္ရင္ေတာ့ ေျခအိတ္အျဖဴကို မေ႐ြးခ်ယ္သင့္ပါဘူး။ ထင္းကနဲျမင္သာတဲ့ ေျခအိတ္မ်ိဳးကို ဝတ္တာ ပိုေကာင္းပါတယ္။

1. ေဘာင္းဘီအပြေတြ မဝတ္ပါနဲ႔။

Sizeလြန္ၿပီး ပြေနတဲ ေဘာင္းဘီေတြကို ေ႐ြးခ်ယ္ျခင္းက အမွားမ်ားထဲက တစ္ခုပါပဲ။ ေဘာင္းဘီအပြနဲ႔ ဖိနပ္က မလိုက္ဖက္ေတာ့ရင္ သင့္ရဲ႕စတိုင္က ေျပာစရာ ျဖစ္ေနပါလိမ့္မယ္။

V-shape သို႔မဟုတ္ ႀတိဂံပုံသ႑ာန္ ခႏၶာကိုယ္ရွိသူေတြက

-V-shape လည္ပင္းရွပ္အက်ႌေတြနဲ႔ ဆြယ္တာေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

-ပြေနတဲ့ဂ်ာကင္အက်ႌေတြက ခႏၶာကိုယ္ရင္ပိုင္းနဲ႔ ပုခုံးကို အခ်ိဳးက်ေစပါတယ္။

-အသားကပ္ဂ်င္းအက်ႌေတြကို မဝတ္သင့္ပါဘူး။

ေထာင့္မွန္စတုဂံပုံသ႑ာန္ခႏၶာကိုယ္ ရွိတဲ့သူေတြက

- အထပ္အထပ္ပါတဲ့ အက်ႌေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

- လည္ပင္းဝိုင္းတဲ့ တီရွပ္နဲ႔ ဂ်ာကင္ကို ေ႐ြးခ်ယ္သင့္ပါတယ္၊

- အ႐ုပ္ပါတဲ့ တီရွပ္ေတြက သင့္ရဲ႕ေလးေထာင့္ခႏၶာကိုယ္ကို ပိုေပၚလြင္ေစလို႔ မေ႐ြးခ်ယ္သင့္ပါဘူး။

ဘဲဥပုံသ႑ာန္ခႏၶာကိုယ္ရွိတဲ့သူေတြက

- အစင္းရွည္နဲ႔အျဖဴ စင္းေသးေသးေလးေတြ ပါတဲ့ အက်ႌေတြကို ဝတ္ဆင္သင့္ပါတယ္။ ဒီလိုဝတ္ဆင္ျခင္းျဖင့္ သင့္ခႏၶာကိုယ္က ရွည္တယ္လို႔ ထင္ရေစပါတယ္။

- ေဘာင္းဘီအပြေတြကို မဝတ္ပါနဲ႔။

- အေရာင္ေတာက္တဲ့ ခါးပတ္ေတြက္ မေ႐ြးပါနဲ႔။ အေရာင္ေတာက္ပတဲ့ ခါးပတ္ေတြက သင့္ခႏၶာကိုယ္ကို ပိုႀကီးတယ္လို႔ ထင္ရေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments