မိန်းမ မယူသေးဘူးလားဆိုပီး မေးတဲ့သူကို တမလွန်ပို့လိုက်တဲ့သူ

ဆိုရှယ် မီဒီယာတွေပေါ်မှာ လူပြောများနေတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ် တစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်လေးဟာတော့ အင်ဒိုနီးရှားနိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတစ်ခု ဖြစ်ပါတယ်။ လူသတ်ရတဲ့ အကြောင်းအရင်းက လူအများကို တုန်လှုပ်သွားစေပြီး ကြားရသူအဖို့ ငိုရမလို၊ ရယ်ရမလို ဖြစ်စေခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အသက် ၂၈ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးဖြစ်တဲ့ ဖာအစ် အမည်ရ လူပျိုကြီးတစ်ဦးကို သူရဲ့ အိမ်နီးချင်း ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ကနေပြီး မိန်းမ မယူသေးဘူးလား လို့ မေးလို့ လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ သိရှိရပါတယ်။

အသတ်ခံခဲ့ရတဲ့ အီရှာ အမည်ရ ကိုယ်ဝန်ဆောင် မိခင်က သူ့ကို တွေ့တိုင်း မကြာခဏ ဆိုသလို၊ မိန်းမယူသေးဘူးလား ဆိုပြီး ခဏခဏ မေးနေလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူနဲ့အိမ်နီးချင်းအဖြစ် နှစ်ပေါင်း အတော်ကြာ နေထိုင်ခဲ့တဲ့ အီရှာကို သေစေခဲ့တာလို့ ဖာအစ်က ဝန်ခံခဲ့ပါတယ်။ ကျူးလွန်တဲ့နေ့က ဖာအစ်တစ်ယောက် စိတ်မကြည်ဘူး ထင်ပါရဲ့။

“ ခုထိ မိန်းမမယူ သေးဘူးလား၊ သူများတွေတောင်ယူကုန်ကြပြီ ” လို့ပြောလိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင် အီရှာရဲ့ စကားကို မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူမအိမ်ကို လိုက်လည်မယ်လို့ ပြောပြီး သူမရဲ့ အိမ်ထဲမှာပဲ လူသတ်မှု ကျူးလွန်ခဲ့တာပါ။ သူ့ရဲ့ အားပြင်းတဲ့လက်နဲ့ အီရှာရဲ့ လည်ပင်းကို ညှစ်သတ်ခဲ့တာလို့ ဖာအစ်က ထွက်ဆိုခဲ့ပါတယ်။

နန်း

For Zawgyi

မိန္းမ မယူေသးဘူးလားဆိုပီး ေမးတဲ့သူကို တမလြန္ပို႔လိုက္တဲ့သူ

ဆိုရွယ္ မီဒီယာေတြေပၚမွာ လူေျပာမ်ားေနတဲ့ ထူးဆန္းတဲ့ ျဖစ္စဥ္ တစ္ရပ္ပါပဲ။ ဒီျဖစ္ရပ္ေလးဟာေတာ့ အင္ဒိုနီးရွားႏိုင္မွာ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈ တစ္ခုျဖစ္ပါတယ္။ လူသတ္ရတဲ့ အေၾကာင္းအရင္းက လူအမ်ားကို တုန္လႈပ္သြားေစၿပီး ၾကားရသူအဖို႔ ငိုရမလို၊ ရယ္ရမလို ျဖစ္ေစခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ အင္ဒိုနီးရွားႏိုင္ငံသား တစ္ဦးျဖစ္တဲ့ ဖာအစ္ အမည္ရ လူပ်ိဳႀကီးတစ္ဦးကို သူရဲ႕ အိမ္နီးခ်င္း ကိုယ္ဝန္ေဆာင္ မိခင္တစ္ဦး ကေနၿပီး မိန္းမ မယူေသးဘူးလား လို႔ ေမးလို႔ လူသတ္မႈ က်ဴးလြန္ခဲ့တယ္လို႔ သိရွိရပါတယ္။

အသတ္ခံခဲ့ရတဲ့ အီရွာ အမည္ရ ကိုယ္ဝန္ေဆာင္ မိခင္က သူ႔ကို ေတြ႕တိုင္း မၾကာခဏ ဆိုသလို၊ မိန္းမယူေသးဘူးလား ဆိုၿပီး ခဏခဏ ေမးေနလို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ သူနဲ႔အိမ္နီးခ်င္းအျဖစ္ ႏွစ္ေပါင္း အေတာ္ၾကာ ေနထိုင္ခဲ့တဲ့ အီရွာကို ေသေစခဲ့တာလို႔ ဖာအစ္က ဝန္ခံခဲ့ပါတယ္။ က်ဴးလြန္တဲ့ေန႔က ဖာအစ္တစ္ေယာက္ စိတ္မၾကည္ဘူး ထင္ပါရဲ႕။

“ ခုထိ မိန္းမမယူ ေသးဘူးလား၊ သူမ်ားေတြေတာင္ယူကုန္ၾကၿပီ ” လို႔ေျပာလိုက္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ အီရွာရဲ႕ စကားကို မခံမရပ္ႏိုင္ ျဖစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ သူမအိမ္ကို လိုက္လည္မယ္လို႔ ေျပာၿပီး သူမရဲ႕ အိမ္ထဲမွာပဲ လူသတ္မႈ က်ဴးလြန္ခဲ့တာပါ။ သူ႔ရဲ႕ အားျပင္းတဲ့လက္နဲ႔ အီရွာရဲ႕ လည္ပင္းကို ညႇစ္သတ္ခဲ့တာလို႔ ဖာအစ္က ထြက္ဆိုခဲ့ပါတယ္။

နန္း

Post a Comment

0 Comments