တစ်သက်လုံး FA ဖြစ်မယ့်လူ (၁၁) ယောက်

Gall up ကုမ္ပဏီရဲ့ စစ်တမ်းတွေအရ လူ 100 မှာ 60% က အထီးကျန်နေကြပါတယ်။ အွန်လိုင်းအောင်သွယ်တော် ဝက်ဘ်ဆိုက်တွေ ရှိရဲ့သားနဲ့၊ ကမ္ဘာပေါ်မှာ လူတွေ သန်းပေါင်းရာနဲ့ချီပြီး သုံးနေတဲ့ Tinder App ရှိရဲ့သားနဲ့ FA တွေက ရှိနေပါသေးတယ်။

1. မေမေချစ်တဲ့ သားလေး

သင်ဟာ ညစာစားပြီးလို့ ကော်ဖီသောက်ဖို့အတွက် သင့်ကောင်လေးက အိမ်အလည်ခေါ်တယ် ဆိုပါစို့။ ဒါပေမယ့် ဘေးအခန်းမှာ သူ့မိဘတွေအိပ်နေလို့ တိတ်တိတ်ဆိတ်ဆိတ် နေပေးဖို့ သင့်ကို တောင်းဆိုတယ်ပေါ့။ သင်ရွေးချယ်တဲ့သူ မိဘတွေနဲ့ပဲ တစ်သက်လုံး နေချင်သူပါ။ မိဘတွေရဲ့အကြိုက်ကို လိုက်လုပ်ပေးပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိရင်တော့ ဒီလိုလူမျိုးက သူငယ်ချင်းကောင်းဖြစ်ပဲ ဖြစ်နိုင်ပါတယ်။ ခင်ပွန်းကောင်းတော့ မဖြစ်နိုင်ပါဘူး။

2. Fan အကြီးစား

"မင်းမိဘတွေနဲ့ တွေ့ဖို့ မလာနိုင်တော့ဘူး။ ဒီနေ့ ငါ့အသင်းကို အားပေးရဦးမှာ" ဒီလိုစကားမျိုးကြားရရင် သင့်ချစ်သူက သူ့ဝါသနာအတွက် အရာရာကို စွန့်လွှတ်မယ့်သူပါ။ သူ့သူငယ်ချင်းတွေက သူ့ကိုအမြဲစောင့်နေကြပါတယ်။ သူရဲ့အိမ်မှာလည်း ဘောလုံးတွေ၊ ဆုဖလားတွေ၊ ငါးမျှားတံတွေ၊ အမဲလိုက်ပစ္စည်းတွေနဲ့ ပြည့်နေတာပါ။ သူ့အိမ်မှာ သင့်အတွက် နေရာတောင် ရှိပါ့မလား။

3. ပုံသွင်းတတ်သူ

ပုံသွင်းတတ်သူက သူ့ရဲ့ချစ်သူကို အနက်ရောင်ကင်းဗက်စလို့ပဲ မြင်ပြီး သူ့ဘဝနဲ့ ကိုက်ညီအောင် ပုံသွင်းမှာပါ။ သင်ဟာ အမြဲတမ်း အခြားသူများနဲ့ နှိုင်းယှဉ်ခံရပါလိမ့်မယ်။ ပြီးတော့ ဂျင်းတွေမဝတ်ဖို့၊ နားကပ်ဝတ်ဖို့၊ ကျန်းမာရေးကောင်းဖို့ သင့်ကို အမြဲပြောနေမှာပါ။ ဒီလို ပုံသွင်းနေတဲ့သူနဲ့တွေ့ပြီဆိုရင် ရပ်လိုက်တာကောင်းပါတယ်။ ပုံသွင်းတတ်သူတွေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ သူတို့မှာ မပြည့်စုံတဲ့ အချက်တွေ ရှိနေပေမယ့် သူတို့ကိုယ်သူတို့ အဆင်ပြေတယ်လို့ ထင်နေတာပါပဲ။

4. ဟာသပြောတတ်သူ

ဟာသပြောတတ်သူကတော့ ညနေခင်းတွေ့တဲ့ အချိန်လေးမှာပဲ သူ့ရဲ့စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ၊ ရယ်စရာ အဖြစ်အပျက်တွေကို ပြောပြဖို့ အဆင်သင့်ဖြစ်နေသူပါ။ အခြားသူတွေပြောတာကို နားထောင်ပေးဖို့ စိတ်မဝင်စားပါဘူး။ သူစကားကြောရှည်နေလို့ သင်က တခြားအကြောင်း ပြောမယ်လုပ်ရင် " တစ်ခါကလေ..... " ဆိုပြီး ဖြတ်ပြောပါလိမ့်မယ်။ သူနဲ့ထပ်တွေ့မယ့်အစား ရှိုးပွဲသွားကြည့်တာ ပိုကောင်းပါတယ်။

5. Single မဟုတ်သူ

" ကျွန်တော့်မှာ ရည်းစားရှိတယ်။ ဒါပေမယ့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ် " လို့ သင်နဲ့ တွေ့ဖို့ချိန်းထားတဲ့သူက ပြောပါလိမ့်မယ်။ သင်နဲ့စကားပြောနေတဲ့ တစ်ချိန်လုံး သူ့ရည်းစားဟောင်းရဲ့ ကောင်းကြောင်း၊ ဆိုးကြောင်းတွေကိုပဲ ပြောနေမှာပါ။ အဓိပ္ပါယ်ကတော့ သူ့ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ ခံစားချက်တွေက မအေးစက်သွားသေးဘဲ ရည်းစားအသစ်ထားဖို့ စိတ်ကူးမရှိလို့ပါ။

6. အသုံးအဖြုန်းကြီးသူ

သူကတော့ မိန်းကလေးတစ်ယောက်ကို အကောင်းဆုံး စားသောက်ဆိုင်ကို ခေါ်သွားပြီး ကျောက်ပုစွန်တွေ၊ ငါးဥဆားနယ်တွေနဲ့ ဒကာခံပါလိမ့်မယ်။ နောက်တစ်ခါကျရင်တော့ အဲဒီမိန်းကလေးဆီက ပိုက်ဆံ ချေးတော့မှာပါ။ အသုံးအဖြုန်းကြီးတဲ့ မိန်းကလေးကျတော့ ငွေချေးပြီးတော့ပဲ ဖြစ်ဖြစ်၊ အဖေ့ပိုက်ဆံတွေကို ထုတ်ပြီးတော့ပဲဖြစ်ဖြစ် အင်္ကျီအသစ်တွေ၊ နောက်ဆုံးပေါ် iPhone ဝယ်ပါလိမ့်မယ်။ ဒီလို အသုံးအဖြုန်းကြီးတဲ့သူကိုလည်း မရွေးသင့်ပါဘူး။

7. အပြစ်ရှာတတ်သူ

အမဲသားအေးနေတာတွေ၊ နွားနို့ရက်လွန်နေတာတွေ၊ ဟိုတယ်အခန်းထဲမှာ ဖုန်တစ်မှုန်တွေ့တာတွေ စတဲ့ ဘယ်အရာကိုမဆို စောဒကတက်ချင်သူပါ။ အပြစ်ရှာတတ်သူက မပြည့်စုံတဲ့အရာတွေကို အပြစ်လိုက်ရှာရတာ ပျော်နေသူပါ။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့ထူးချွန်တဲ့ အရည်အချင်းတွေကို ပြခွင့်ရနေလို့ပါ။ ဒါပေမယ့် သူရဲ့ချစ်သူကတော့ သူ့ကို လေးစားမှာ မဟုတ်ပါဘူး။

8. ဖုန်းအမြဲသုံးနေသူ

သင်ဟာ ကလေးဘဝတုန်းက မွေးထားတဲ့ခွေးလေး ပျောက်သွားတဲ့အကြောင်း ပြောနေတဲ့အချိန်မှာ သင့်ချစ်သူက ဖုန်းကိုပဲ ကြည့်နေတယ်ဆိုပါစို့။ သင့်ချစ်သူက ဖုန်းနားက ဘယ်တော့မှ ခွာမှာမဟုတ်ပါဘူး။ သင်ဟာ ထမင်းစားရင်း ရုပ်ရှင်ကြည့်နေရင်တောင် သူက message ပို့တာ၊ comment ရေးတာ မပျက်ပါဘူး။ သင့်ချစ်သူက social media ကမ္ဘာထဲမှာ နေထိုင်သူပါ။ အဲဒါကြောင့် သူ့အတွက် အချစ်ကို social media မှာ ရှာတာ ပိုကောင်းပါတယ်။

9. ကပ်စေးနည်းသူ

သူကတော့ ဖုန်းအစုတ်လေးရှိနေရင်တောင် နောက်ထပ် smartphone တစ်လုံး ထပ်ဝယ်မှာ မဟုတ်ပါဘူး။ သူဟာ အင်္ကျီအဟောင်းတွေကို ဝတ်လို့ရသမျှ ဝတ်ပြီး ပိုက်ဆံတေ စုနေသူပါ။ အင်္ကျီအသစ်တွေဝယ်ဖို့ ပိုက်ဆံရှိပေမယ့် မဝယ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ချစ်သူကတော့ သူနဲ့အမြင်မတူနိုင်တော့ပါဘူး။

10. အလောကြီးသူ

သူက တကယ့်ကို လက်ထပ်ချင်နေသူပါ။ အဲဒါကြောင့် သူနဲ့လက်ထပ်ဖို့ အလားအလာရှိတဲ့ သူတွေက လန့်ပြီး ပြေးကုန်တာပါ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပထမဆုံးတွေ့တဲ့ရက်မှာ ကလေးဘယ်နှယောက်ယူမလဲလို့ မေးတယ်ဆိုပါစို့။ သူ့ရည်ရွယ်ချက်တွေက ရှေ့ရောက်လွန်းနေပါတယ်။ ဒါပေမယ့် ဒီလိုမေးတာ မသင့်တော်ပါဘူး။ မိန်းကလေးဆိုတာ ရည်းစားအသစ်ကို သုံးခါလောက်တွေ့ပြီးမှ မိဘတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။

11. အတွေးလွန်သူ

သူက အတွေးတစ်ခုနောက်ကို အသည်းအသန်လိုက်ပြီး ပတ်ဝန်းကျင်က လူတွေကိုလည်း သူ့လိုရှုမြင်စေချင်သူပါ။ သူ့ရဲ့အတွေးအခေါ်တွေကို သူ့ချစ်သူသိအောင် ပြောပြဖို့ဆိုတာ သူ့အတွက် အသက်တမျှ အရေးကြီးပါတယ်။ သူ့အတွေးအခေါ်တွေနဲ့ ပတ်သက်ပြီး ဟာသတွေ သွားမပြောမိပါစေနဲ့။ ဒီလိုအတွေးလွန်တဲ့သူနဲ့ ပတ်သက်မိရင်တော့ သင့်မှာရွေးချယ်စရာနှစ်ခု ရှိပါတယ်။ သူ့ချစ်သူလိုပဲ အတွေးတွေနောက်ကို အသည်းအသန် လိုက်မလား။ သူနဲ့အဆင်မပြေလောက်ဘူးလို့ပဲ ဖွင့်ပြောမလား။

အခုဖော်ပြထားတဲ့လူတွေထဲက တစ်ယောက်ယောက်ကိုတော့ သင်တွေ့ဖူးပြီး ဖြစ်မှာပါနော်။

Zombie (Lovemedia)

For Zawgyi

တစ္သက္လုံး FA ျဖစ္မယ့္လူ (၁၁) ေယာက္

Gall up ကုမၸဏီရဲ႕ စစ္တမ္းေတြအရ လူ 100 မွာ 60% က အထီးက်န္ေနၾကပါတယ္။ အြန္လိုင္းေအာင္သြယ္ေတာ္ ဝက္ဘ္ဆိုက္ေတြရွိရဲ႕သားနဲ႔၊ ကမာၻေပၚမွာ လူေတြ သန္းေပါင္းရာနဲ႔ခ်ီၿပီး သုံးေနတဲ့ Tinder App ရွိရဲ႕သားနဲ႔ FA ေတြက ရွိေနပါေသးတယ္။

1. ေမေမခ်စ္တဲ့ သားေလး

သင္ဟာ ညစာစားၿပီးလို႔ ေကာ္ဖီေသာက္ဖို႔အတြက္ သင့္ေကာင္ေလးက အိမ္အလည္ေခၚတယ္ ဆိုပါစို႔။ ဒါေပမယ့္ ေဘးအခန္းမွာ သူ႔မိဘေတြအိပ္ေနလို႔ တိတ္တိတ္ဆိတ္ဆိတ္ ေနေပးဖို႔ သင့္ကို ေတာင္းဆိုတယ္ေပါ့။ သင္ေ႐ြးခ်ယ္တဲ့သူ မိဘေတြနဲ႔ပဲ တစ္သက္လုံး ေနခ်င္သူပါ။ မိဘေတြရဲ႕အႀကိဳက္ကို လိုက္လုပ္ေပးၿပီး ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ မရွိရင္ေတာ့ ဒီလိုလူမ်ိဳးက သူငယ္ခ်င္းေကာင္းျဖစ္ပဲ ျဖစ္ႏိုင္ပါတယ္။ ခင္ပြန္းေကာင္းေတာ့ မျဖစ္ႏိုင္ပါဘူး။

2. Fan အႀကီးစား

"မင္းမိဘေတြနဲ႔ ေတြ႕ဖို႔ မလာႏိုင္ေတာ့ဘူး။ ဒီေန႔ ငါ့အသင္းကို အားေပးရဦးမွာ" ဒီလိုစကားမ်ိဳးၾကားရရင္ သင့္ခ်စ္သူက သူ႔ဝါသနာအတြက္ အရာရာကို စြန႔္လႊတ္မယ့္သူပါ။ သူ႔သူငယ္ခ်င္းေတြက သူ႔ကိုအၿမဲေစာင့္ေနၾကပါတယ္။ သူရဲ႕အိမ္မွာလည္း ေဘာလုံးေတြ၊ ဆုဖလားေတြ၊ ငါးမွ်ားတံေတြ၊ အမဲလိုက္ပစၥည္းေတြနဲ႔ ျပည့္ေနတာပါ။ သူ႔အိမ္မွာ သင့္အတြက္ ေနရာေတာင္ ရွိပါ့မလား။

3. ပုံသြင္းတတ္သူ

ပုံသြင္းတတ္သူက သူ႔ရဲ႕ခ်စ္သူကို အနက္ေရာင္ကင္းဗက္စလို႔ပဲ ျမင္ၿပီး သူ႔ဘဝနဲ႔ ကိုက္ညီေအာင္ ပုံသြင္းမွာပါ။ သင္ဟာ အၿမဲတမ္း အျခားသူမ်ားနဲ႔ ႏႈိင္းယွဥ္ခံရပါလိမ့္မယ္။ ၿပီးေတာ့ ဂ်င္းေတြမဝတ္ဖို႔၊ နားကပ္ဝတ္ဖို႔၊ က်န္းမာေရးေကာင္းဖို႔ သင့္ကို အၿမဲေျပာေနမွာပါ။ ဒီလို ပုံသြင္းေနတဲ့သူနဲ႔ေတြ႕ၿပီဆိုရင္ ရပ္လိုက္တာေကာင္းပါတယ္။ ပုံသြင္းတတ္သူေတြရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆုံးအခ်က္ကေတာ့ သူတို႔မွာ မျပည့္စုံတဲ့ အခ်က္ေတြ ရွိေနေပမယ့္ သူတို႔ကိုယ္သူတို႔ အဆင္ေျပတယ္လို႔ ထင္ေနတာပါပဲ။

4. ဟာသေျပာတတ္သူ

ဟာသေျပာတတ္သူကေတာ့ ညေနခင္းေတြ႕တဲ့ အခ်ိန္ေလးမွာပဲ သူ႔ရဲ႕စိတ္ဝင္စားစရာ ဇာတ္လမ္းေတြ၊ ရယ္စရာ အျဖစ္အပ်က္ေတြကို ေျပာျပဖို႔ အဆင္သင့္ျဖစ္ေနသူပါ။ အျခားသူေတြေျပာတာကို နားေထာင္ေပးဖို႔ စိတ္မဝင္စားပါဘူး။ သူစကားေၾကာရွည္ေနလို႔ သင္က တျခားအေၾကာင္း ေျပာမယ္လုပ္ရင္ " တစ္ခါကေလ..... " ဆိုၿပီး ျဖတ္ေျပာပါလိမ့္မယ္။ သူနဲ႔ထပ္ေတြ႕မယ့္အစား ရႈိးပြဲသြားၾကည့္တာ ပိုေကာင္းပါတယ္။

5. Single မဟုတ္သူ

" ကြၽန္ေတာ့္မွာ ရည္းစားရွိတယ္။ ဒါေပမယ့္ လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္တယ္ " လို႔ သင္နဲ႔ ေတြ႕ဖို႔ခ်ိန္းထားတဲ့သူက ေျပာပါလိမ့္မယ္။ သင္နဲ႔စကားေျပာေနတဲ့ တစ္ခ်ိန္လုံး သူ႔ရည္းစားေဟာင္းရဲ႕ ေကာင္းေၾကာင္း၊ ဆိုးေၾကာင္းေတြကိုပဲ ေျပာေနမွာပါ။ အဓိပၸါယ္ကေတာ့ သူ႔ရည္းစားေဟာင္းနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြက မေအးစက္သြားေသးဘဲ ရည္းစားအသစ္ထားဖို႔ စိတ္ကူးမရွိလို႔ပါ။

6. အသုံးအျဖဳန္းႀကီးသူ

သူကေတာ့ မိန္းကေလးတစ္ေယာက္ကို အေကာင္းဆုံး စားေသာက္ဆိုင္ကို ေခၚသြားၿပီး ေက်ာက္ပုစြန္ေတြ၊ ငါးဥဆားနယ္ေတြနဲ႔ ဒကာခံပါလိမ့္မယ္။ ေနာက္တစ္ခါက်ရင္ေတာ့ အဲဒီမိန္းကေလးဆီက ပိုက္ဆံ ေခ်းေတာ့မွာပါ။ အသုံးအျဖဳန္းႀကီးတဲ့ မိန္းကေလးက်ေတာ့ ေငြေခ်းၿပီးေတာ့ပဲ ျဖစ္ျဖစ္၊ အေဖ့ပိုက္ဆံေတြကို ထုတ္ၿပီးေတာ့ပဲျဖစ္ျဖစ္ အက်ႌအသစ္ေတြ၊ ေနာက္ဆုံးေပၚ iPhone ဝယ္ပါလိမ့္မယ္။ ဒီလို အသုံးအျဖဳန္းႀကီးတဲ့သူကိုလည္း မေ႐ြးသင့္ပါဘူး။

7. အျပစ္ရွာတတ္သူ

အမဲသားေအးေနတာေတြ၊ ႏြားႏို႔ရက္လြန္ေနတာေတြ၊ ဟိုတယ္အခန္းထဲမွာ ဖုန္တစ္မႈန္ေတြ႕တာေတြ စတဲ့ ဘယ္အရာကိုမဆို ေစာဒကတက္ခ်င္သူပါ။ အျပစ္ရွာတတ္သူက မျပည့္စုံတဲ့အရာေတြကို အျပစ္လိုက္ရွာရတာ ေပ်ာ္ေနသူပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ထူးခြၽန္တဲ့ အရည္အခ်င္းေတြကို ျပခြင့္ရေနလို႔ပါ။ ဒါေပမယ့္ သူရဲ႕ခ်စ္သူကေတာ့ သူ႔ကို ေလးစားမွာ မဟုတ္ပါဘူး။

8. ဖုန္းအၿမဲသုံးေနသူ

သင္ဟာ ကေလးဘဝတုန္းက ေမြးထားတဲ့ေခြးေလး ေပ်ာက္သြားတဲ့အေၾကာင္း ေျပာေနတဲ့အခ်ိန္မွာ သင့္ခ်စ္သူက ဖုန္းကိုပဲ ၾကည့္ေနတယ္ဆိုပါစို႔။ သင့္ခ်စ္သူက ဖုန္းနားက ဘယ္ေတာ့မွ ခြာမွာမဟုတ္ပါဘူး။ သင္ဟာ ထမင္းစားရင္း ႐ုပ္ရွင္ၾကည့္ေနရင္ေတာင္ သူက message ပို႔တာ၊ comment ေရးတာ မပ်က္ပါဘူး။ သင့္ခ်စ္သူက social media ကမာၻထဲမွာ ေနထိုင္သူပါ။ အဲဒါေၾကာင့္ သူ႔အတြက္ အခ်စ္ကို social media မွာ ရွာတာ ပိုေကာင္းပါတယ္။

9. ကပ္ေစးနည္းသူ

သူကေတာ့ ဖုန္းအစုတ္ေလးရွိေနရင္ေတာင္ ေနာက္ထပ္ smartphone တစ္လုံး ထပ္ဝယ္မွာ မဟုတ္ပါဘူး။ သူဟာ အက်ႌအေဟာင္းေတြကို ဝတ္လို႔ရသမွ် ဝတ္ၿပီး ပိုက္ဆံေတ စုေနသူပါ။ အက်ႌအသစ္ေတြဝယ္ဖို႔ ပိုက္ဆံရွိေပမယ့္ မဝယ္ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ခ်စ္သူကေတာ့ သူနဲ႔အျမင္မတူႏိုင္ေတာ့ပါဘူး။

10. အေလာႀကီးသူ

သူက တကယ့္ကို လက္ထပ္ခ်င္ေနသူပါ။ အဲဒါေၾကာင့္ သူနဲ႔လက္ထပ္ဖို႔ အလားအလာရွိတဲ့ သူေတြက လန႔္ၿပီး ေျပးကုန္တာပါ။ ေကာင္ေလးတစ္ေယာက္က ေကာင္မေလးတစ္ေယာက္ကို ပထမဆုံးေတြ႕တဲ့ရက္မွာ ကေလးဘယ္ႏွေယာက္ယူမလဲလို႔ ေမးတယ္ဆိုပါစို႔။ သူ႔ရည္႐ြယ္ခ်က္ေတြက ေရွ႕ေရာက္လြန္းေနပါတယ္။ ဒါေပမယ့္ ဒီလိုေမးတာ မသင့္ေတာ္ပါဘူး။ မိန္းကေလးဆိုတာ ရည္းစားအသစ္ကို သုံးခါေလာက္ေတြ႕ၿပီးမွ မိဘေတြနဲ႔ မိတ္ဆက္ေပးခ်င္တာပါ။

11. အေတြးလြန္သူ

သူက အေတြးတစ္ခုေနာက္ကို အသည္းအသန္လိုက္ၿပီး ပတ္ဝန္းက်င္က လူေတြကိုလည္း သူ႔လိုရႈျမင္ေစခ်င္သူပါ။ သူ႔ရဲ႕အေတြးအေခၚေတြကို သူ႔ခ်စ္သူသိေအာင္ ေျပာျပဖို႔ဆိုတာ သူ႔အတြက္ အသက္တမွ် အေရးႀကီးပါတယ္။ သူ႔အေတြးအေခၚေတြနဲ႔ ပတ္သက္ၿပီး ဟာသေတြ သြားမေျပာမိပါေစနဲ႔။ ဒီလိုအေတြးလြန္တဲ့သူနဲ႔ ပတ္သက္မိရင္ေတာ့ သင့္မွာေ႐ြးခ်ယ္စရာႏွစ္ခု ရွိပါတယ္။ သူ႔ခ်စ္သူလိုပဲ အေတြးေတြေနာက္ကို အသည္းအသန္ လိုက္မလား။ သူနဲ႔အဆင္မေျပေလာက္ဘူးလို႔ပဲ ဖြင့္ေျပာမလား။

အခုေဖာ္ျပထားတဲ့လူေတြထဲက တစ္ေယာက္ေယာက္ကိုေတာ့ သင္ေတြ႕ဖူးၿပီး ျဖစ္မွာပါေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments