မျက်ခုံးကို သဘာဝဆန်ဆန် လှပစေမယ့် လွယ်ကူမြန်ဆန်တဲ့ နည်းလမ်း (၁၀) ခု

သဘာဝဆန်တဲ့ မျက်ခုံးထူထူ လှလှလေးတွေက မျက်နှာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေ ထဲမှာ ပါဝင်ပါတယ်။ မျက်ခုံးလေးလှဖို့ ဆိုရင် မိတ်ကပ် salon ကို အပြေးအလွှား သွားစရာ မလိုတော့ပါဘူး။ သဘာဝအတိုင်း လှနေမယ့် မျက်ခုံးလေးကို အိမ်မှာတင် ပြင်ဆင်လို့ ရပါတယ်။

1. ဆီ

ကြက်ဆူဆီ၊ အုန်းဆီ၊ ထောပတ်သီးဆီတွေကို အချိုးကျကျ ရောမွှေပြီးတော့ မျက်ခုံးပေါ် လိမ်းပေးပါ။ အဲဒီအခါ မျက်ခုံးက ထူလာပြီး ရှည်လာရုံတင် မကပါဘူး။ မျက်တောင်ပါ ရှည်လာမှာပါ။

2. ဗီတာမင်ဓာတ် ပါဝင်သော ဂျယ်လ်များ

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း၊ ကြက်ဆူဆီ စားပွဲတင်ဇွန်း 2 ဇွန်းနဲ့ ဗီတာမင် E ဆေးလုံး 2 လုံးကို ရောမွှေပြီး အိပ်ရာ မဝင်ခင်မှာ မျက်ခုံးပေါ် လိမ်းပေးပါ။ အဲဒီအခါ မျက်ခုံးက ထူပြီး အရောင်လည်း စိုနေ မှာပါ။

3. ကြက်သွန်နီ

ကြက်သွန်နီ အသေးတစ်လုံးကို အရည်ထွက်အောင် ကြိတ်ပါ။ ထွက်လာတဲ့ အရည်ကို မျက်ခုံးပေါ် လိမ်းပေးပြီး 5 မိနစ် ကြာအောင် နှိပ်နယ်ပေးပါ။ ပြီးတော့ ပုံမှန်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လို့ ရပါတယ်။ ကြက်သွန်နီကို အကွင်းလိုက် လှီးပြီး မျက်ခုံး လိမ်းပေးရင်လည်း ရပါတယ်။ ကြက်သွန်နီက မျက်ခုံးအရှည် မြန်စေ မှာပါ။

4. နွားနို့

နွားနို့မှာ ပရိုတိန်း၊ ဗီတာမင် B၊ လက်တစ်အက်ဆစ်နဲ့ ကယ်လ်ဆီယမ်တွေ ပါဝင်ပါတယ်။ နွားနို့က ကော်ဘဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေး ပါတယ်။ ပိတ်စ ပါးပါးလေးကို နွားနို့ထဲနှစ်ပြီး အဲဒီ ပိတ်စပါးလေးကို မျက်ခုံးပေါ်တင်ထားပေးပါ။ နွားနို့ခြောက်သွားရင် မျက်နှာသစ်လို့ ရပါပြီ။

5. သံပရိုသီး

သံပရိုသီးမှာ ဗီတာမင်တွေ အများကြီး ပါဝင်တာကြောင့် မျက်ခုံးအရှည်မြန်စေပါတယ်။သံပရိုသီးတွေကို အကွင်းလေးတွေဖြစ်အောင် လှီးပြီး မျက်ခုံးပေါ်မှာ မိနစ် 20 ကြာအောင် တင်ထားပေးပါ။ အုန်းဆီထဲကို သံပရိုသီးအကွင်းလေးတွေ တည့်ပြီး ကပ်ပေးရင်လည်း ရပါတယ်။ အိပ်ရာ မဝင်ခင် နေ့တိုင်းပြုလုပ်ပေးသွားရင် 15 ရက် ကြာတဲ့ အခါ သဘာဝဆန်ဆန် မျက်ခုံးကို ရမှာပါ။

6. ရနံ့ဆီ

လက်ဖက်ဆီနဲ့ လာဗင်ဒါဆီက အသားအရေအတွက် သာမက မျက်ခုံးအတွက်လည်း အသုံးဝင် ပါတယ်။ လက်ဖက်ဆီ သို့မဟုတ် လာဗင်ဒါဆီကို အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီတို့နဲ့ ရောလိမ်းလို့ ရပါတယ်။ ဒါပေမယ့် ဓာတ်မတည့်သူတွေ အတွက် တခြားအရေပြားပေါ် စမ်းသပ်ပြီးမှ မျက်ခုံးပေါ် လိမ်းသင့်ပါတယ်။

7. ကြက်ဥအနှစ်

ကြက်ဥအနှစ်မှာ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွေ အများအပြား ပါဝင်တာကြောင့် မျက်ခုံးကို ရှည်ပြီး ထူစေမှာပါ။ ကြက်ဥအနှစ်ကို မျက်ခုံးပေါ်လိမ်းပေးပြီး မိနစ် 20 ကြာ ထားပေးရုံ ပါပဲ။

8. Vaseline

Vaseline ကို မျက်ခုံး ရေဓာတ်ပြည့်ဖို့၊ မျက်ခုံးနူးညံ့ဖို့ အတွက် သုံးကြပါတယ်။ Vaseline ကို မျက်ခုံးပေါ် လိမ်းပေးရ မှာပါ။ Vaseline ကို ကြက်ဆူဆီ၊ သံလွင်ဆီ၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ရနံံ့ဆီ၊ နွားနို့တို့နဲ့ ရောပြီး လိမ်းလို့လည်း ရပါတယ်။

9. မျက်ခုံးကို နှိပ်နယ်ပေးခြင်း

Mascara brush ကို သုံးပြီးတော့ မျက်ခုံးကို နှိပ်နယ်ပေးလို့ ရပါတယ်။ မျက်ခုံးရဲ့ အလယ်ကနေ စပြီးတော့ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရင် သွေးလည်ပတ်မှု ကောင်းစေရုံသာ မက ခေါင်းကိုက်ခြင်း၊ မျက်လုံးညောင်းခြင်း တို့ကို သက်သာစေမှာပါ။

10. အာဟာရ ဖြစ်စေသော အစားအစာများကို စားခြင်း

မျက်ခုံးလှလှလေး ရဖို့ဆိုရင် နေ့စဉ် အစားအစာထဲမှာ မြေပဲ၊ အသား၊ ကြက်ဥ၊ ဘဲဥ၊ ဆော်လမွန်ငါး၊ အသီးအနှံ၊ အသီးအရွက်၊ ကြက်သွန်နီတို့ကို စားပေးသင့် ပါတယ်။

Zombie (Lovemedia)

For Zawgyi

မ်က္ခုံးကို သဘာဝဆန္ဆန္ လွပေစမယ့္ လြယ္ကူျမန္ဆန္တဲ့ နည္းလမ္း (၁၀) ခု

သဘာဝဆန္တဲ့ မ်က္ခုံးထူထူ လွလွေလးေတြက မ်က္ႏွာရဲ႕ အေရးအႀကီးဆုံး အစိတ္အပိုင္းေတြ ထဲမွာ ပါဝင္ပါတယ္။ မ်က္ခုံးေလးလွဖို႔ ဆိုရင္ မိတ္ကပ္ salon ကို အေျပးအလႊား သြားစရာ မလိုေတာ့ပါဘူး။ သဘာဝအတိုင္း လွေနမယ့္ မ်က္ခုံးေလးကို အိမ္မွာတင္ ျပင္ဆင္လို႔ ရပါတယ္။

1. ဆီ

ၾကက္ဆူဆီ၊ အုန္းဆီ၊ ေထာပတ္သီးဆီေတြကို အခ်ိဳးက်က် ေရာေမႊၿပီးေတာ့ မ်က္ခုံးေပၚ လိမ္းေပးပါ။ အဲဒီအခါ မ်က္ခုံးက ထူလာၿပီး ရွည္လာ႐ုံတင္ မကပါဘူး။ မ်က္ေတာင္ပါ ရွည္လာမွာပါ။

2. ဗီတာမင္ဓာတ္ ပါဝင္ေသာ ဂ်ယ္လ္မ်ား

ရွားေစာင္းလက္ပတ္ဂ်ယ္လ္ စားပြဲတင္ဇြန္း၊ ၾကက္ဆူဆီ စားပြဲတင္ဇြန္း 2 ဇြန္းနဲ႔ ဗီတာမင္ E ေဆးလုံး 2 လုံးကို ေရာေမႊၿပီး အိပ္ရာ မဝင္ခင္မွာ မ်က္ခုံးေပၚ လိမ္းေပးပါ။ အဲဒီအခါ မ်က္ခုံးက ထူၿပီး အေရာင္လည္း စိုေန မွာပါ။

3. ၾကက္သြန္နီ

ၾကက္သြန္နီ အေသးတစ္လုံးကို အရည္ထြက္ေအာင္ ႀကိတ္ပါ။ ထြက္လာတဲ့ အရည္ကို မ်က္ခုံးေပၚ လိမ္းေပးၿပီး 5 မိနစ္ ၾကာေအာင္ ႏွိပ္နယ္ေပးပါ။ ၿပီးေတာ့ ပုံမွန္သုံးေနက် မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာသစ္လို႔ရပါတယ္။ ၾကက္သြန္နီကို အကြင္းလိုက္ လွီးၿပီး မ်က္ခုံး လိမ္းေပးရင္လည္း ရပါတယ္။ ၾကက္သြန္နီက မ်က္ခုံးအရွည္ ျမန္ေစ မွာပါ။

4. ႏြားႏို႔

ႏြားႏို႔မွာ ပ႐ိုတိန္း၊ ဗီတာမင္ B၊ လက္တစ္အက္ဆစ္နဲ႔ ကယ္လ္ဆီယမ္ေတြ ပါဝင္ပါတယ္။ ႏြားႏို႔က ေကာ္ဘဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပး ပါတယ္။ ပိတ္စ ပါးပါးေလးကို ႏြားႏို႔ထဲႏွစ္ၿပီး အဲဒီ ပိတ္စပါးေလးကို မ်က္ခုံးေပၚတင္ထားေပးပါ။ ႏြားႏို႔ေျခာက္သြားရင္ မ်က္ႏွာသစ္လို႔ ရပါၿပီ။

5. သံပ႐ိုသီး

သံပ႐ိုသီးမွာ ဗီတာမင္ေတြ အမ်ားႀကီး ပါဝင္တာေၾကာင့္ မ်က္ခုံးအရွည္ျမန္ေစပါတယ္။သံပ႐ိုသီးေတြကို အကြင္းေလးေတြျဖစ္ေအာင္ လွီးၿပီး မ်က္ခုံးေပၚမွာ မိနစ္ 20 ၾကာေအာင္ တင္ထားေပးပါ။ အုန္းဆီထဲကို သံပ႐ိုသီးအကြင္းေလးေတြ တည့္ၿပီး ကပ္ေပးရင္လည္း ရပါတယ္။ အိပ္ရာ မဝင္ခင္ ေန႔တိုင္းျပဳလုပ္ေပးသြားရင္ 15 ရက္ ၾကာတဲ့ အခါ သဘာဝဆန္ဆန္ မ်က္ခုံးကို ရမွာပါ။

6. ရနံ႔ဆီ

လက္ဖက္ဆီနဲ႔ လာဗင္ဒါဆီက အသားအေရအတြက္ သာမက မ်က္ခုံးအတြက္လည္း အသုံးဝင္ ပါတယ္။ လက္ဖက္ဆီ သို႔မဟုတ္ လာဗင္ဒါဆီကို အုန္းဆီ၊ သံလြင္ဆီ၊ ၾကက္ဆူဆီတို႔နဲ႔ ေရာလိမ္းလို႔ ရပါတယ္။ ဒါေပမယ့္ ဓာတ္မတည့္သူေတြ အတြက္ တျခားအေရျပားေပၚ စမ္းသပ္ၿပီးမွ မ်က္ခုံးေပၚ လိမ္းသင့္ပါတယ္။

7. ၾကက္ဥအႏွစ္

ၾကက္ဥအႏွစ္မွာ ဗီတာမင္နဲ႔ ပ႐ိုတိန္းဓာတ္ေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ မ်က္ခုံးကို ရွည္ၿပီး ထူေစမွာပါ။ ၾကက္ဥအႏွစ္ကို မ်က္ခုံးေပၚလိမ္းေပးၿပီး မိနစ္ 20 ၾကာ ထားေပး႐ုံ ပါပဲ။

8. Vaseline

Vaseline ကို မ်က္ခုံး ေရဓာတ္ျပည့္ဖို႔၊ မ်က္ခုံးႏူးညံ့ဖို႔ အတြက္ သုံးၾကပါတယ္။ Vaseline ကို မ်က္ခုံးေပၚ လိမ္းေပးရ မွာပါ။ Vaseline ကို ၾကက္ဆူဆီ၊ သံလြင္ဆီ၊ ရွားေစာင္းလက္ပတ္ဂ်ယ္လ္၊ ရနံံ့ဆီ၊ ႏြားႏို႔တို႔နဲ႔ ေရာၿပီး လိမ္းလို႔လည္း ရပါတယ္။

9. မ်က္ခုံးကို ႏွိပ္နယ္ေပးျခင္း

Mascara brush ကို သုံးၿပီးေတာ့ မ်က္ခုံးကို ႏွိပ္နယ္ေပးလို႔ ရပါတယ္။ မ်က္ခုံးရဲ႕ အလယ္ကေန စၿပီးေတာ့ စက္ဝိုင္းပုံစံ ႏွိပ္နယ္ေပးရင္ ေသြးလည္ပတ္မႈ ေကာင္းေစ႐ုံသာ မက ေခါင္းကိုက္ျခင္း၊ မ်က္လုံးေညာင္းျခင္း တို႔ကို သက္သာေစမွာပါ။

10. အာဟာရ ျဖစ္ေစေသာ အစားအစာမ်ားကို စားျခင္း

မ်က္ခုံးလွလွေလး ရဖို႔ဆိုရင္ ေန႔စဥ္ အစားအစာထဲမွာ ေျမပဲ၊ အသား၊ ၾကက္ဥ၊ ဘဲဥ၊ ေဆာ္လမြန္ငါး၊ အသီးအႏွံ၊ အသီးအ႐ြက္၊ ၾကက္သြန္နီတို႔ကို စားေပးသင့္ ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments