ဇာတ်လမ်းတွဲတွေကို ၃ ပတ်ဆက် ကြည့်ပြီးနောက် မျက်လုံးကွယ်ပြီး လေဖြတ်သွားတဲ့အမျိုးသား

ထိုင်ဝမ်က အသက် ၅၀ အရွယ် အမျိူးသားတစ်ဦးက ၃ ပတ် ဆက်တိုက် ဇာတ်လမ်းတွဲတွေကို ကြည့်ပြီးနောက် မျက်လုံးကွယ်သွားပြီး လေဖြတ်သွားခဲ့ပါတယ်။ ထိုင်ဝမ်က အာရုံကြောအထူးကု ဆရာဝန်တစ်ယောက်က သူ့ရဲ့ လူနာတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသားက ဇာတ်လမ်းတွဲကို ၃ ပတ် ဆက်တိုက်ကြည့်ပြီးနောက်မှာ မျက်လုံးတစ်ဖက် ကွယ်သွားပြီး ခေါင်းမူးသလို ခံစားလာရပါတယ်။ အစကတော့ မျက်လုံးက အလွန်ပင်ပန်းလာတယ်လို့ ထင်ခဲ့တာပါတဲ့။ တကယ်တော့ သူ့ရဲ့မျက်လုံးတစ်ဖက်က ဘယ်တော့မှ ပြန်မကောင်းလာနိုင်တော့ပါဘူး။

ဆရာဝန်ဆီ သွားပြီးပြသတဲ့အခါ ဆရာဝန်က မျက်စဉ်းခပ်ဖို့ ပြောပါတယ်။ ဒါပေမယ့် တစ်ပတ်အကြာမှာ ကားမောင်းရင်းနဲ့ မျက်လုံးက မမြင်ရတော့လို့ ဆရာဝန်ဆီ ထပ်သွားခဲ့ရပါတယ်။ လူနာရဲ့လည်ပင်းဘေးက သွေးလွှတ်ကြောတွေက ကျဉ်းမြောင်းလာပြီး ပိတ်ကုန်ကြောင်း ဆရာဝန်က တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် လူနာက လေဖြတ်ပြီး မျက်လုံးတစ်ဖက် အမြင်ကွယ်ခဲ့ရတာပါ။

လည်ပင်းဘေးက သွေးလွှတ်ကြောက နှလုံးကသွေးတွေကို လည်ပင်းဆီကို သယ်ဆောင်ကြောင်း၊ အဲဒီကနေ ဦးနှောက်ဆီရောက်ကြောင်း ဆရာဝန်က ရှင်းပြပါတယ်။ Medical News of Today ရဲ့ လေ့လာချက်အရ TV ကို အချိန်အကြာကြီး ကြည့်တဲ့အခါ သွေးကြောတွေပိတ်ဖို့ အခြေအနေများလာကြောင်း ဖော်ပြထားပါတယ်။

Zombie (Lovemedia)

Ref - WorldofBuzz

For Zawgyi

ဇာတ္လမ္းတြဲေတြကို ၃ ပတ္ဆက္ ၾကည့္ၿပီးေနာက္ မ်က္လုံးကြယ္ၿပီး ေလျဖတ္သြားတဲ့အမ်ိဳးသား

ထိုင္ဝမ္က အသက္ ၅၀ အ႐ြယ္ အမ်ိဴးသားတစ္ဦးက ၃ ပတ္ ဆက္တိုက္ ဇာတ္လမ္းတြဲေတြကို ၾကည့္ၿပီးေနာက္ မ်က္လုံးကြယ္သြားၿပီး ေလျဖတ္သြားခဲ့ပါတယ္။ ထိုင္ဝမ္က အာ႐ုံေၾကာအထူးကုဆရာဝန္တစ္ေယာက္က သူ႔ရဲ႕ လူနာတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ကို ေျပာျပခဲ့တာျဖစ္ပါတယ္။

အဲဒီအမ်ိဳးသားက ဇာတ္လမ္းတြဲကို ၃ ပတ္ ဆက္တိုက္ၾကည့္ၿပီးေနာက္မွာ မ်က္လုံးတစ္ဖက္ ကြယ္သြားၿပီး ေခါင္းမူးသလို ခံစားလာရပါတယ္။ အစကေတာ့ မ်က္လုံးက အလြန္ပင္ပန္းလာတယ္လို႔ ထင္ခဲ့တာပါတဲ့။ တကယ္ေတာ့ သူ႔ရဲ႕မ်က္လုံးတစ္ဖက္က ဘယ္ေတာ့မွ ျပန္မေကာင္းလာႏိုင္ေတာ့ပါဘူး။

ဆရာဝန္ဆီ သြားၿပီးျပသတဲ့အခါ ဆရာဝန္က မ်က္စဥ္းခပ္ဖို႔ ေျပာပါတယ္။ ဒါေပမယ့္ တစ္ပတ္အၾကာမွာ ကားေမာင္းရင္းနဲ႔ မ်က္လုံးက မျမင္ရေတာ့လို႔ ဆရာဝန္ဆီ ထပ္သြားခဲ့ရပါတယ္။ လူနာရဲ႕လည္ပင္းေဘးက ေသြးလႊတ္ေၾကာေတြက က်ဥ္းေျမာင္းလာၿပီး ပိတ္ကုန္ေၾကာင္း ဆရာဝန္က ေတြ႕ရွိခဲ့ပါတယ္။ အဲဒါေၾကာင့္ လူနာက ေလျဖတ္ၿပီး မ်က္လုံးတစ္ဖက္ အျမင္ကြယ္ခဲ့ရတာပါ။

လည္ပင္းေဘးက ေသြးလႊတ္ေၾကာက ႏွလုံးကေသြးေတြကို လည္ပင္းဆီကို သယ္ေဆာင္ေၾကာင္း၊ အဲဒီကေန ဦးေႏွာက္ဆီေရာက္ေၾကာင္း ဆရာဝန္က ရွင္းျပပါတယ္။ Medical News of Today ရဲ႕ ေလ့လာခ်က္အရ TV ကို အခ်ိန္အၾကာႀကီး ၾကည့္တဲ့အခါ ေသြးေၾကာေတြပိတ္ဖို႔ အေျခအေနမ်ားလာေၾကာင္း ေဖာ္ျပထားပါတယ္။

Zombie (Lovemedia)

Ref - WorldofBuzz

Post a Comment

0 Comments