Ex ကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ

ပြီးခဲ့တဲ့ အချိန်တခုက ချစ်သူ ရည်းစား တယောက် ထားခဲ့ဖူးတယ် ။ ရည်းစား ဖြစ်ခါစတုန်း ကတော့ လမ်းမခွဲဘူး နော်လို့ သူကချည်းပဲ အရင် စပြီး ကတိတွေ တောင်းတယ် ။ ထားမသွားပါဘူး လို့လည်း သူကချည်းပဲ ကတိတွေ အရင်ပေးတယ် ။ ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံး အရင်းနဲ ထိုးပေး ခဲ့တယ် ။

သိပ်မကြာဘူး။ အချိုးတွေ ပြောင်းလာတယ် ။ သင်ခန်းစာ တခု စရသွားတယ် ။ ( ချစ်သူ နှစ်ဦးမှာ ကတိ အရင်ပေးတဲ့သူ ကတိ အရင်တောင်းတဲ့ သူတွေက ဖောက်ပြန်မှု အများဆုံး ကျူးလွန်သူဆိုတာ ) ။

သူ့အကြောင်းကို စုံစမ်း ကြည့်လိုက်တော့ နောက်တစ်ယောက် ရနေတယ် ဆိုတာကို သိလိုက်ရတယ် ။ သိသိချင်း သေမလောက် ခံစားရသလို အရမ်းလည်း ဒေါသထွက် နာကျင်ခဲ့ မိတယ် ။ ဒါပေမယ့် သင်ခန်းစာ ရသွားတယ် ။ ( ယုံကြည်မှု ဆိုတာ ဖောက်ပြန်ဖို့အတွက် မွေးဖွားလာတဲ့ စကားလုံး ဆိုတာကို )

သူ ဖောက်ပြန်နေတာကို သိလိုက်ရတော့ ဒေါသထွက်ပီးတော့ ပြတ်မယ် လမ်းခွဲမယ်လို ဆုံးဖြတ်ချက် ချခဲ့မိတယ် ။ တကယ်တမ်း ကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်း သိလိုက်တော့... နောက်တစ်ယောက် မထားပါနဲ့ အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပီး ဖောက်ပြန်နေတာကို ရပ်ဆိုင်းပေးပါ လို့ ဆိုပီး သိသိကြီးနဲ့ အနူးအညွတ် တောင်းဆိုမိတယ်။

နောက်တစ်ယောက်နဲ့ လမ်းမခွဲနိုင်ဘူး ပြတ်ချင် နင်ဘာသာနင်ပြတ် ဆိုတော့ ကိုယ်ဘက်ကပဲ မပြတ်သားနိုင်တော့ ခွေးဇာတ် ခင်းနေတာ သိသိကြီးနဲ့ ဆက်ပီး တွဲနေမိတယ်.. ထပ်ပီးတော့ သင်ခန်းစာ ရလိုက်တယ် (မပြတ်သားတဲ့အခါ အမှတ်မထားတဲ့အခါ အကြိမ်ကြိမ် အခါခါ နာကျင်ရတယ်လို့)

သူ့ဘက်က တဖြည်းဖြည်းနဲ့ သွေးအေးပြီး အဆက်အသွယ်တွေ ဖြတ်လာပေမယ့် ကိုယ်ကတော့ နည်းမျိုး စုံနဲ ဆက်သွယ်မိတယ်.. Ph တွေ ကိုလည်း Mes ဆိုလည်း Rp မပြန် လူချင်းတွေရအောင် ပြောရင်လည်း အကြောင်းပြချက်တွေနဲ့ ရှောင်လွဲနေခဲ့တယ့် ထပ်ပီးတော့ သိလိုက်ရတယ် ( ဖောက်ပြန်တတ်တဲ့ သူတွေက အမှန်တရားနဲ့ ထိပ်တိုက်တွေ့မှာကို သေမလောက်ကြောက်နေတတ်တယ် ဆိုတာ )

နောက်ဆုံး လုံးဝ သည်းမခံနိုင်တဲ့ အဆုံးကျတော့ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတဲ့ ကိုယ်ကို ပြန်ပီးသနားမိတာနဲပဲ ကိုယ့်နှလုံးသားကို ကိုယ်ကိုတိုင်ပဲ့ တိုက်ပိတ်ပြီး ထောင်သွင်း အကျဉ်း ချပစ်လိုက်တယ်.. ကိုယ့်ဘက်က အဆက်သွယ်ဖြတ်တယ်။

ကိုယ်ဘက်ကနေ မခံစားနိုင်တဲ့ အဆုံး အဆက်သွယ် ဖြတ်ပီးခါစ တုန်းကတော့ လုပ်ဇာတ်ခင်းခဲ့တဲ့ သူ့လုပ်ရပ်ကို တွေးမိတိုင်း ဒေါသက ထွက်နေတုန်း သူကိုပြန်ပီး ကလဲ့စားချေ မယ်လို ဆုံးဖြတ်မိတုန်း့နောက်မှသိလိုက်ရတယ် ( ကလဲ့စားချေတာထက် ဥပေက္ခာပြု တဲ့နည်းက ပိုထိရောက်တယ် ဆိုတာကို )

ဒီစာကို Share ထားတာ နင်မြင်တဲ့ အခါ နင့်ကို သတိရနေတယ် ထင်ပီး feel တွေ သိပ်တတ်မနေပါနဲ့ ။ ဒီစာ Share တာ နင့်ကို ကျေးဇူး တင်ကြောင်း ပြောချင်ရုံ သက်သက် ပါပဲ ။ ကျန်တာကတော့ နင်နဲ့ ပတ်သတ်ပြီး No Feeling ပါပဲ ။

ဘဝမှာကိုယ်ကို ရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေ နဲ့ အများဆုံး ပြုပြင် ပြောင်းလဲပေးသွားနိုင်တဲ့သူက နှစ်မျိုး ပဲ ရှိတယ်.. ကိုယ်ကချစ်ရတဲ့ သူနဲ့ ကိုယ့်ကို ချစ်တယ် ဆိုတဲ့ သူ ။

အခုချိန်မှာ အချစ်နဲ့ ပတ်သတ်လာရင် ဆင်တူယိုးမှား အတုအပ အမှားအမှန် တွေကို ခွဲခြားပီး သတိပြုမိအောင် ပါးစပ်ပါတိုင်း ချစ်တယ်လို့ လာပြောနေတဲ့ လူတိုင်းကို မယုံကြည်မိတော့အောင် သင်ခန်းစာ ပေးသွားတဲ့ ရည်းစားဟောင်း (ex) ဖြစ်တဲ့ သူကို တွေးမိတိုင်း ကျေးဇူးတင်မိနေတယ် ။

ခင်ဗျားတို့လည်း ကျေး ဇူးရှင်ကြီးတွေ ဖြစ်တဲ့ ရည်းစားဟောင်း(ex) တွေကို ဘုရား ရှစ်ခိုးတိုင်းလည်း ခြံခုန်တိုင်း ခွာမချော် သွားမထွက်အောင် မေတ္တာပို့ပေး လိုက်ကြပါ ။

Ex ကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ..

Crd

Post a Comment

0 Comments