ငယ်ငယ်က သင်္ချာမှာ အားနည်းခဲ့ပေမယ့် နာဆာမှာ အင်ဂျင်နီယာဖြစ်လာခဲ့သူ
ကျောင်းသူကျောင်းသားအများစုက သင်္ချာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် သင်္ချာမပါဘဲ တစ်နေ့မှ အသက်ရှင်လို့ မရပါဘူး။ သင်က အင်ဂျင်နီယာ ဆိုရင်တော့ သင်္ချာက သင်နဲ့အတူ မသေမချင်းရှိနေရမှာပါ။ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ သင်္ချာမှာ ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်။
ဖိလစ်ပိုင် အမျိုးတစ်ယောက်က ငယ်ငယ်က သင်္ချာအားနည်းခဲ့ပေမယ့် အခုဆိုရင် နာဆာမှာ အင်ဂျင်နီယာတစ်ယောက် ဖြစ်နေပါပြီ။ Josephine Santiago-Bond က ငယ်စဉ်ကတည်းက ကောလိပ်တက်ချင်ခဲ့ပြီး အလုပ်တစ်ခုလည်း လိုချင်ခဲ့သူပါ။ ပညာတတ်အသိုင်းအဝိုင်းဖြစ်တဲ့ josephine တို့မိသားစုမှာ မိဘနှစ်ပါးရော၊ အစ်မတွေအားလုံးပါ ပါရဂူဘွဲ့ရခဲ့ကြပါတယ်။ အဲဒီအထိ Josephine မှာ တိကျသေချာတဲ့ အလုပ်ကို မသိသေးပါဘူး။ သူကိုယ်တိုင်ကလည်း သင်္ချာမှာ အားနည်းခဲ့လို့ပါ။
Josephine က သိပ္ပံအထက်တန်းကျောင်းကို တက်ပေမယ့် ဘာသာရပ်တွေကို သိပ်မလိုက်နိုင်ပါဘူး။ သိပ္ပံအထက်တန်းကျောင်းဆိုတော့ အခြားအထက်တန်းကျောင်းတွေထက် သိပ္ပံဘာသာရပ်က ပိုများလို့ပါ။ Josephine က အင်ဂျငိနီယာတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပေမယ့် အတန်းဖော်တစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့် ဖိလစ်ပိုင်တက္ကသိုလ်မှာ လျှစ်စစ်နဲ့ ဆက်သွယ်ရေး အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်ခဲ့ပါတယ်။
သူက သင်္ချာအားနည်းတာကြောင့် တက္ကသိုလ်ရောက်တော့လည်း အခက်တွေ့ပြန်ပါတယ်။ တက္ကသိုလ်မှာ အဆင့်မကောင်းပေမယ့် အလျှော့မပေးဘဲ ကြိုးစားခဲ့တာကြောင့် ဘွဲ့ရသွားပါတယ်။
သူ့ရဲ့ဘာသာရပ်ကို အရမ်းသဘောမကျပေမယ့် master ဘွဲ့ကို အမေရိကန်နိုင်ငံ South Dokota State တက္ကသိုလ်မှာ ဆက်တက်ပါတယ်။ သူမရဲ့ ကျမ်းကြပ်သူက နွေရာသီမှာ John F.Kennedy အာကာသစင်တာမှာ အလုပ်သင်လုပ်ဖို့ အကြံပေးပါတယ်။ စိန်ခေါ်မှုတွေများပေမယ့် ၂၀၀၃ ခုနှစ်မှာ အလုပ်သင် ဝင်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ အာကာသစင်တာမှာ အချိန်ပြည့် အလုပ်ရသွားပါတယ်။
အရင်က Josephine ဟာ အာကာသလွန်းပျံယာဉ်တွေနဲ့ ပတ်သက်ပြီး ဘာမှမသိသလို နိုင်ငံတကာ အာကာသလမ်းကြောင်းတွေ အကြောင်းကိုလည်း မသိခဲ့ပါဘူး။ South Dokota ကနေ အနားယူတော့ သူ အရမ်းပျော်ခဲ့ပါတယ်။ Dorothy Vaughan က သူ့ကို လျှစ်စစ်ကွန်ပျူတာစင်ပုံတွေ၊ ပရိုဂရမ်အပိုင်းတွေ သင်ပေးခဲ့ပါတယ်။ အဲဒီကနေ သူ့မှာ လိုအပ်တဲ့အပိုင်းတွေကို ဖြည့်နိုင်ခဲ့ပါတယ်။
အခုတော့ Josephine က Kennedy အာကာသစင်တာ၊ Advanced Engineering Development ရုံးခွဲမှာ ဌာနအကြီးအကဲ ဖြစ်နေပါပြီ။ သင့်အားနည်းချက်တွေကို သင်ကိုယ်တိုင် ပြောင်းလဲလိုက်လို့ ရပါတယ်။
Zombie (Lovemedia)
For Zawgyi
ငယ်ငယ်တုန်းက သင်္ချာညံ့တဲ့ကောင်မလေး နာဆာမှာ အင်ဂျင်နီယာဖြစ်လာ
Zombie (Lovemedia)
0 Comments