လောင်းကြေးငွေ ၂၀၀၀ ရဖို့ ကြက်ဥ ၄၂ လုံးစားပြခဲ့ပေမယ့် ကံမကောင်းခဲ့တဲ့ အမျိူးသား

ဘယ်အရာကိုမဆို အလွန်အကျွံ လုပ်တာက မကောင်း ပါဘူး။ အရက်တွေ အများကြီး သောက်တာ၊ ငွေတွေ အများကြီး သုံးတာ၊ အစားတွေ အများကြီး စားတာက မကောင်းပါဘူး။ လူအများစုကတော့ ဒါကို လက်ခံကြ ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ လောဘကို ပြန်သတ်သွားတတ် ပါတယ်။

အိန္ဒိယနိုင်ငံ၊ Jaunpur ပြည်နယ်က လူတယောက်က ကြက်ဥ ၄၂ လုံး စားပြီး သေသွား ပါတယ်။ အသက် ၄၂ နှစ်အရွယ် Subhash Yadav က သူ့သူငယ်ချင်း တစ်ယောက်နဲ့ ငြင်းခုံနေ တာကို အတည်ပြုဖို့ ဈေးကို သွားကြပါတယ်။

သူ့သူငယ်ချင်းက Subhashကို ကြက်ဥ ၅၅ လုံး စားပြဖို့ စိန်ခေါ်ပါတယ်။ ၁၉၆၇ ဆိုတဲ့ ရုပ်ရှင်မှာ အဓိက သရုပ်ဆောင် Cool Hand Luke က ကြက်ဥအလုံး ၅၀ စားတဲ့ ဇာတ်ဝင်ခန်း ပါ ပါတယ်။ ကြက်ဥ အလုံး ၅၀ စားတဲ့ ဇာတ်ဝင်ခန်းက တော်တော်ကို လူသိများ ပါတယ်။

ကြက်ဥအလုံး ၅၀ စားနိုင်ရင် ၂၀၀၀ ရူပီးပေးမယ် လို့ သူ့သူငယ်ချင်းက ပြောပါတယ်။ ကြက်ဥ ၄၁ လုံးစားတဲ့ အထိတော့ အခြေအနေက ကောင်းပါတယ် ။ ၄၂ လုံးမြောက် ကြက်ဥကို စားတဲ့ အခါ မှာတော့ Subhash သတိလစ် သွားပါတယ်။

Subhash ရဲ့သူငယ်ချင်းက ထိန်းမရ သိမ်းမရအောင် ကြောက်သွားပြီး Subhash ကို ဆေးရုံ ပို့လိုက်ပါတယ်။ အဲဒီ ဆေးရုံကနေ Sanjay Gandhi ဆေးတက္ကသိုလ် ဆေးရုံကို ပို့လိုက် ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ဆေးရုံရောက်ပြီး နာရီပိုင်း အတွင်းမှာပဲ Subhash ဆုံးပါးသွားခဲ့ ပါတယ်။ အလွန်အကျွံစားလို့ သေဆုံးရခြင်း ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

Subhash ရဲ့ မိသားစုကတော့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးဖို့ ငြင်းဆန်ခဲ့ ကြပါတယ်။ အရေးမပါတဲ့ ကိစ္စလောက်နဲ့ မိသားစုဝင် တစ်ယောက် ဆုံးရှုံးရတာ နှမြောဖို့ ကောင်းပါတယ်။ ရုပ်ရှင်ထဲက တချို့ဇာတ်ဝင်ခန်းတွေကို အထူး ပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာဖြစ်လို့ အားကျပြီး လိုက်မလုပ်သင့် ပါဘူးနော်။

Zombie (Lovemedia)

For Zawgyi

ေလာင္းေၾကးေငြ ၂၀၀၀ ရဖို႔ ၾကက္ဥ ၄၂ လုံးစားျပခဲ့ေပမယ့္ ကံမေကာင္းခဲ့တဲ့ အမ်ိဴးသား

ဘယ္အရာကို မဆို အလြန္အကြၽံ လုပ္တာက မေကာင္း ပါဘူး။ အရက္ေတြ အမ်ားႀကီး ေသာက္တာ၊ ေငြေတြ အမ်ားႀကီး သုံးတာ၊ အစားေတြ အမ်ားႀကီး စားတာက မေကာင္းပါဘူး။ လူအမ်ားစုကေတာ့ ဒါကို လက္ခံၾက ပါတယ္။ ဒါေပမယ့္ တစ္ခါတရံမွာ ေလာဘကို ျပန္သတ္သြားတတ္ ပါတယ္။

အိႏၵိယႏိုင္ငံ၊ Jaunpur ျပည္နယ္က လူတေယာက္က ၾကက္ဥ ၄၂ လုံး စားၿပီး ေသသြား ပါတယ္။ အသက္ ၄၂ ႏွစ္အ႐ြယ္ Subhash Yadav က သူ႔သူငယ္ခ်င္း တစ္ေယာက္နဲ႔ ျငင္းခုံေန တာကို အတည္ျပဳဖို႔ ေဈးကို သြားၾကပါတယ္။

သူ႔သူငယ္ခ်င္းက Subhashကို ၾကက္ဥ ၅၅ လုံး စားျပဖို႔ စိန္ေခၚပါတယ္။ ၁၉၆၇ ဆိုတဲ့ ႐ုပ္ရွင္မွာ အဓိက သ႐ုပ္ေဆာင္ Cool Hand Luke က ၾကက္ဥအလုံး ၅၀ စားတဲ့ ဇာတ္ဝင္ခန္း ပါ ပါတယ္။ ၾကက္ဥ အလုံး ၅၀ စားတဲ့ ဇာတ္ဝင္ခန္းက ေတာ္ေတာ္ကို လူသိမ်ား ပါတယ္။

ၾကက္ဥအလုံး ၅၀ စားႏိုင္ရင္ ၂၀၀၀ ႐ူပီးေပးမယ္ လို႔ သူ႔သူငယ္ခ်င္းက ေျပာပါတယ္။ ၾကက္ဥ ၄၁ လုံးစားတဲ့ အထိေတာ့ အေျခအေနက ေကာင္းပါတယ္ ။ ၄၂ လုံးေျမာက္ ၾကက္ဥကို စားတဲ့ အခါ မွာေတာ့ Subhash သတိလစ္ သြားပါတယ္။

Subhash ရဲ႕သူငယ္ခ်င္းက ထိန္းမရ သိမ္းမရေအာင္ ေၾကာက္သြားၿပီး Subhash ကို ေဆး႐ုံ ပို႔လိုက္ပါတယ္။ အဲဒီ ေဆး႐ုံကေန Sanjay Gandhi ေဆးတကၠသိုလ္ ေဆး႐ုံကို ပို႔လိုက္ ပါတယ္။ ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ ေဆး႐ုံေရာက္ၿပီး နာရီပိုင္း အတြင္းမွာပဲ Subhash ဆုံးပါးသြားခဲ့ ပါတယ္။ အလြန္အကြၽံစားလို႔ ေသဆုံးရျခင္း ျဖစ္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

Subhash ရဲ႕ မိသားစုကေတာ့ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ထင္ျမင္ခ်က္ ေပးဖို႔ ျငင္းဆန္ခဲ့ ၾကပါတယ္။ အေရးမပါတဲ့ ကိစၥေလာက္နဲ႔ မိသားစုဝင္ တစ္ေယာက္ ဆုံးရႈံးရတာ ႏွေျမာဖို႔ ေကာင္းပါတယ္။ ႐ုပ္ရွင္ထဲက တခ်ိဳ႕ဇာတ္ဝင္ခန္းေတြကို အထူး ျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးထားတာျဖစ္လို႔ အားက်ၿပီး လိုက္မလုပ္သင့္ ပါဘူးေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments