သင့်အသားအရေ ခြောက်ကပ်ကပ်မဖြစ်ပဲ စိုပြေနေစေဖို့ ရှောင်ရမယ့်အချက် (၇) ချက်

အမြဲတမ်း အသားအရေ စိုစိုလေးဖြစ်စေဖို့ ဒီအချက်တွေကို ရှောင်ပါ

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာလှပနေဖို့ ရေဓါတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်သင်က creamတွေ lotion တွေ လိမ်းပေမယ့် ရေဓါတ်ခန်းခြောက်နေသလို၊ မစိုမပြေ ဖြစ်နေပါလိမ့်မယ်။ နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတချို့ကြောင့်လည်း အသားအရေ ခြောက်ကပ်ကပ် ဖြစ်နေတာပါ။

၁။ ရေအများအပြား သောက်ခြင်း

ရေကို လိုတာထက် ပိုသောက်မိတာကလည်း အသားအရေကို ပျက်စီးစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ ရေဓါတ်ပြည့်နေရမယ် ဆိုပေမယ့် ရေဓါတ်လွန်ကဲတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးသွားပါတယ်။ အဲဒါကြောင့် ရေကို တစ်နေ့သောက်သင့်တဲ့ ပမာဏထက်ပိုပြီး မသောက်သင့်ပါဘူး။

၂။ ရေချိုးချိန်ကြာခြင်း

ရေကြာကြာချိုးတာက တစ်နေကုန် ပင်ပန်းမှုတွေကို အပန်းပြေစေပါတယ်။ ရေနွေးက အရေပြားကို စိုပြေစေတဲ့ အဆီဓါတ်နဲ့ ရေဓါတ်ကို ဖယ်ရှားလိုက်ပါတယ်။ ရေကြာကြာချိုးလေ အသားအရေက ပိုပြီး ခြောက်သွေ့နိုင်လေပါပဲ။ ကြက်သီးနွေးရေလေးနဲ့ ရေကို အချိန်မကြာအောင် ချိုးတာက ပိုသင့်တော်ပါတယ်။

၃။ Moisturizer ကို အချိန်မှားသုံးခြင်း

Moisturizer ကို သုံးတဲ့အချိန်ကလည်း အရေးပါပါတယ်။ Moisturizer ကို မျက်နှာ မစိုမခြောက် အနေအထားမှာ သုံးသင့်တာပါ။ ကိုရီးယားအမျိုးသမီးတွေကတော့ moisturizer ကို မျက်နှာသစ်ပြီး မကြာခင်အတွင်း ချက်ချင်းလိမ်းကြပါတယ်။

၄။ ခြေအိတ်မချွတ်ဘဲအိပ်ခြင်း

ခြေအိတ်ဝတ်အိတ်ရင် ပိုပြီးအိပ်ကောင်းတာကြောင့် ခြေအိတ် ဝတ်အိပ်ကြပါတယ်။ ဒါပေမယ့် ခြေအိတ်ဝတ်အိပ်တဲ့အခါ ခြေထောက်က ရေဓါတ်အပြည့်အဝမရဘဲ ခြေဖနောင့်ကွဲလာပါတယ်။ ခြေအိတ်ကိုတော့ ဝတ်မအိပ်သင့်ပါဘူး။ ခြေအိတ်ကို ဝတ်အိပ်ချင်တယ်ဆိုရင်တော့ ခြေထောက်မှာ cream တစ်ခုခု လိမ်းပြီးမှသာ ဝတ်အိပ်ပါ။

၅။ မျက်နှာကို တဘက်နှင့်သုတ်ခြင်း

မျက်နှာကို တဘက်နဲ့သုတ်တာက မျက်နှာအသားအရေကို ခြောက်သွေ့စေပြီး တစ်ခါတရံမှာ ယားလာတတ်ပါတယ်။ မျက်နှာ အသားအရေစိုပြေဖို့ တဘက်နဲ့ မသုတ်ဘဲ သဘာဝလေနဲ့သာ အခြောက်ခံပါ။

၆။ ဥအမျိုးမျိုးကို မကြာခဏစားခြင်း

ဥအမျိုးမျိုးက ပရိုတိန်းဓါတ်ကြွယ်ဝပေမယ့် လိုအပ်တာထက် ပိုစားတဲ့အခါ အသားအရေ ခြောက်သွေ့စေမှာပါ။ ဥတွေမှာ ဗီတာမင်အေ ကြွယ်ဝပါတယ်။ တစ်နေ့ကို ကြက်ဥ ၃ လုံးထက် ပိုမစားသင့်ပါဘူး။

၇။ Moisturizer ရွေးချယ်မှုမှားခြင်း

သင်က အဆီပြန်တတ်တဲ့ အသားအရေဆိုရင် ရေဓါတ်ကို အခြေခံထားတဲ့ moisturizer က အကောင်းဆုံးပါ။ သင့်အသားအရေပုံစံနဲ့ လိုက်ဖက်မယ့် moisturizer ကသာ အမြဲတမ်း ရေဓါတ်ဖြည့်ပေးနိုင်မှာပါ။

Zombie (Lovemedia)

For Zawgyi

သင့္အသားအေရ ေျခာက္ကပ္ကပ္မျဖစ္ပဲ စိုေျပေနေစဖို႔ ေရွာင္ရမယ့္အခ်က္ (၇) ခ်က္

အၿမဲတမ္း အသားအေရစိုစိုေလးျဖစ္ေစဖို႔ ဒီအခ်က္ေတြကို ေရွာင္ပါ

ခႏၶာကိုယ္တစ္ခုလုံး က်န္းမာလွပေနဖို႔ ေရဓါတ္ျပည့္ဝဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္သင္က creamေတြ lotion ေတြ လိမ္းေပမယ့္ ေရဓါတ္ခန္းေျခာက္ေနသလို၊ မစိုမေျပ ျဖစ္ေနပါလိမ့္မယ္။ ေန႔စဥ္လုပ္မိေနတဲ့ အျပဳအမူတခ်ိဳ႕ေၾကာင့္လည္း အသားအေရ ေျခာက္ကပ္ကပ္ျဖစ္ေနတာပါ။

၁။ ေရအမ်ားအျပား ေသာက္ျခင္း

ေရကို လိုတာထက္ ပိုေသာက္မိတာကလည္း အသားအေရကို ပ်က္စီးေစပါတယ္။ ခႏၶာကိုယ္တစ္ခုလုံး က်န္းမာဖို႔ ေရဓါတ္ျပည့္ေနရမယ္ ဆိုေပမယ့္ ေရဓါတ္လြန္ကဲတဲ့အခါ မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓါတ္ေတြ ဆုံးရႈံးသြားပါတယ္။ အဲဒါေၾကာင့္ ေရကို တစ္ေန႔ေသာက္သင့္တဲ့ ပမာဏထက္ပိုၿပီး မေသာက္သင့္ပါဘူး။

၂။ ေရခ်ိဳးခ်ိန္ၾကာျခင္း

ေရၾကာၾကာခ်ိဳးတာက တစ္ေနကုန္ ပင္ပန္းမႈေတြကို အပန္းေျပေစပါတယ္။ ေရေႏြးက အေရျပားကို စိုေျပေစတဲ့ အဆီဓါတ္နဲ႔ ေရဓါတ္ကို ဖယ္ရွားလိုက္ပါတယ္။ ေရၾကာၾကာခ်ိဳးေလ အသားအေရက ပိုၿပီး ေျခာက္ေသြ႕ႏိုင္ေလပါပဲ။ ၾကက္သီးေႏြးေရေလးနဲ႔ ေရကို အခ်ိန္မၾကာေအာင္ ခ်ိဳးတာက ပိုသင့္ေတာ္ပါတယ္။

၃။ Moisturizer ကို အခ်ိန္မွားသုံးျခင္း

Moisturizer ကို သုံးတဲ့အခ်ိန္ကလည္း အေရးပါပါတယ္။ Moisturizer ကို မ်က္ႏွာ မစိုမေျခာက္ အေနအထားမွာ သုံးသင့္တာပါ။ ကိုရီးယားအမ်ိဳးသမီးေတြကေတာ့ moisturizer ကို မ်က္ႏွာသစ္ၿပီး မၾကာခင္အတြင္း ခ်က္ခ်င္းလိမ္းၾကပါတယ္။

၄။ ေျခအိတ္မခြၽတ္ဘဲအိပ္ျခင္း

ေျခအိတ္ဝတ္အိတ္ရင္ ပိုၿပီးအိပ္ေကာင္းတာေၾကာင့္ ေျခအိတ္ ဝတ္အိပ္ၾကပါတယ္။ ဒါေပမယ့္ ေျခအိတ္ဝတ္အိပ္တဲ့အခါ ေျခေထာက္က ေရဓါတ္အျပည့္အဝမရဘဲ ေျခဖေနာင့္ကြဲလာပါတယ္။ ေျခအိတ္ကိုေတာ့ ဝတ္မအိပ္သင့္ပါဘူး။ ေျခအိတ္ကို ဝတ္အိပ္ခ်င္တယ္ဆိုရင္ေတာ့ ေျခေထာက္မွာ cream တစ္ခုခု လိမ္းၿပီးမွသာ ဝတ္အိပ္ပါ။

၅။ မ်က္ႏွာကို တဘက္ႏွင့္သုတ္ျခင္း

မ်က္ႏွာကို တဘက္နဲ႔သုတ္တာက မ်က္ႏွာအသားအေရကို ေျခာက္ေသြ႕ေစၿပီး တစ္ခါတရံမွာ ယားလာတတ္ပါတယ္။ မ်က္ႏွာ အသားအေရစိုေျပဖို႔ တဘက္နဲ႔ မသုတ္ဘဲ သဘာဝေလနဲ႔သာ အေျခာက္ခံပါ။

၆။ ဥအမ်ိဳးမ်ိဳးကို မၾကာခဏစားျခင္း

ဥအမ်ိဳးမ်ိဳးက ပ႐ိုတိန္းဓါတ္ႂကြယ္ဝေပမယ့္ လိုအပ္တာထက္ ပိုစားတဲ့အခါ အသားအေရ ေျခာက္ေသြ႕ေစမွာပါ။ ဥေတြမွာ ဗီတာမင္ေအ ႂကြယ္ဝပါတယ္။ တစ္ေန႔ကို ၾကက္ဥ ၃ လုံးထက္ ပိုမစားသင့္ပါဘူး။

၇။ Moisturizer ေ႐ြးခ်ယ္မႈမွားျခင္း

သင္က အဆီျပန္တတ္တဲ့ အသားအေရဆိုရင္ ေရဓါတ္ကို အေျခခံထားတဲ့ moisturizer က အေကာင္းဆုံးပါ။ သင့္အသားအေရပုံစံနဲ႔ လိုက္ဖက္မယ့္ moisturizer ကသာ အၿမဲတမ္း ေရဓါတ္ျဖည့္ေပးႏိုင္မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments