ဘတ်စ်ကားကို ခြေထောက်တစ်ဖက်နဲ့မောင်းပီး ကနေတဲ့ ကားသမား (ရုပ်သံ)

တချို့ ဘတ်စ်ကားမောင်းသူတွေက ကားကို ပုံမှန်အမြန်မောင်းတာကြောင့် စွန့်စားခန်းကြီး ထွက်နေရသလို ခံစားရတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကဆိုရင် ဘတ်စ်ကား မတော်တဆ ထိခိုက်မှုတွေကို မကြာခဏ ကြားရပါတယ်။ ဒါပေမယ့် နည်းပညာ ကျေးဇူးတွေကြောင့် ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဆိုတာကို ချက်ချင်းသိနိုင်ပါတယ်။

Social media မှာ ဘတ်စ်ကားဆရာ တစ်ယောက်ရဲ့ ကားမောင်းနေပုံ video က နာမည်ကြီးနေပါတယ်။ သူ့ကိုကြည့်ရတာ ဘတ်စ်ကားမောင်းနေတာကို သိပ်ပြီး စိုးရိမ်နေပုံမပေါ်ပါဘူး။ ဒီ video က facebook page တွေမှာ ပျံ့နှံ့သွားပြီး share သူပေါင်း ၅၀၀ ကျော်နဲ့ ကြည့်ရှုသူပေါင်း ၁၆ k အထိ ရှိသွားခဲ့ပါပြီ။

ဒီ video ရဲ့ captionကို kratom လို့ ရေးထားပါတယ်။ Kratom က အမြဲစိမ်းသစ်ပင် အမျိူးအစားတစ်ခုဖြစ်ပြီး ကော်ဖီမျိုးနွယ်ထဲမှာ ပါဝင်ပါတယ်။ အပူပိုင်းသစ်တောထဲမှာ ပေါက်ရောက်တဲ့အပင်ပါ။ Kratom ကို နာကျင်မှုကို သက်သာအောင်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ caption ရဲ့ဆိုလိုရင်းကတော့ ဆေးကြောင်ပြီး မောင်းနေတဲ့သူလို့ ပြောချင်တာဖြစ်ပါတယ်။

ဘတ်စ်ကားဆရာက မောင်းသူထိုင်ခုံနေရာမှာ ရှိနေပြီး စတီယာရင်ဘီးကို ခြေထောက်နဲ့လှည့်နေပါတယ်။ သူ့ရဲ့ညာဘက်လက်မှာ စီးကရက်ကို ကိုင်ထားပုံပါပဲ။ သီချင်းကိုလည်း အကျယ်ကြီးဖွင့်ထားပါသေးတယ်။ ကင်မရာကိုလည်း လမ်းဘက်ကို လှည့်ထားပါတယ်။ ကင်မရာက ဘတ်စ်ကားဆရာဘက်ကို လှည့်လိုက်တဲ့အခါမှာ သူက ထိုင်ခုံပေါ်မှာ မတ်တပ်ရပ်နေပြီး ဂစ်တာတီးနေတဲ့ပုံစံ လုပ်နေပါတယ်။

နောက်တော့ ခြေထောက်က စတီယာရင်ဘီးပေါ်ကို ပြန်ရောက်သွားပြီး ခြေထောက်နဲ့ လှည့်နေပြန်ပါတယ်။ လူအများကတော့ သူရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိတ်တိုနေကြပါတယ်။ ဒီ video က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာပြည်နယ်က ဖြစ်ပါတယ်။ အာဏာပိုင်တွေက ဒီဘတ်စ်ကားဆရာကို တွေ့အောင်ရှာပြီး ကားမောင်းခွင့်ကို ပိတ်သင့်ကြောင်း ပြောနေကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

ဘတ္စ္ကားကို ေျခေထာက္တစ္ဖက္နဲ႔ေမာင္းပီး ကေနတဲ့ ကားသမား (႐ုပ္သံ)

တခ်ိဳ႕ ဘတ္စ္ကားေမာင္းသူေတြက ကားကို ပုံမွန္အျမန္ေမာင္းတာေၾကာင့္ စြန႔္စားခန္းႀကီး ထြက္ေနရသလို ခံစားရတတ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြကဆိုရင္ ဘတ္စ္ကား မေတာ္တဆထိခိုက္မႈေတြကို မၾကာခဏၾကားရပါတယ္။ ဒါေပမယ့္ နည္းပညာ ေက်းဇူးေတြေၾကာင့္ ဘယ္ေနရာမွာ ဘာျဖစ္ေနၿပီ ဆိုတာကို ခ်က္ခ်င္းသိႏိုင္ပါတယ္။

Social media မွာ ဘတ္စ္ကားဆရာ တစ္ေယာက္ရဲ႕ ကားေမာင္းေနပုံ video က နာမည္ႀကီးေနပါတယ္။ သူ႔ကိုၾကည့္ရတာ ဘတ္စ္ကားေမာင္းေနတာကို သိပ္ၿပီး စိုးရိမ္ေနပုံမေပၚပါဘူး။ ဒီ video က facebook page ေတြမွာ ပ်ံ႕ႏွံ႔သြားၿပီး share သူေပါင္း ၅၀၀ ေက်ာ္နဲ႔ ၾကည့္ရႈသူေပါင္း ၁၆ k အထိ ရွိသြားခဲ့ပါၿပီ။

ဒီ video ရဲ႕ captionကို kratom လို႔ ေရးထားပါတယ္။ Kratom က အၿမဲစိမ္းသစ္ပင္ အမ်ိဴးအစားတစ္ခုျဖစ္ၿပီး ေကာ္ဖီမ်ိဳးႏြယ္ထဲမွာ ပါဝင္ပါတယ္။ အပူပိုင္းသစ္ေတာထဲမွာ ေပါက္ေရာက္တဲ့အပင္ပါ။ Kratom ကို နာက်င္မႈကို သက္သာေအာင္ကုသတဲ့ေနရာမွာ သုံးၾကပါတယ္။ caption ရဲ႕ဆိုလိုရင္းကေတာ့ ေဆးေၾကာင္ၿပီး ေမာင္းေနတဲ့သူလို႔ ေျပာခ်င္တာျဖစ္ပါတယ္။

ဘတ္စ္ကားဆရာက ေမာင္းသူထိုင္ခုံေနရာမွာ ရွိေနၿပီး စတီယာရင္ဘီးကို ေျခေထာက္နဲ႔လွည့္ေနပါတယ္။ သူ႔ရဲ႕ညာဘက္လက္မွာ စီးကရက္ကို ကိုင္ထားပုံပါပဲ။ သီခ်င္းကိုလည္း အက်ယ္ႀကီးဖြင့္ထားပါေသးတယ္။ ကင္မရာကိုလည္း လမ္းဘက္ကို လွည့္ထားပါတယ္။ ကင္မရာက ဘတ္စ္ကားဆရာဘက္ကို လွည့္လိုက္တဲ့အခါမွာ သူက ထိုင္ခုံေပၚမွာ မတ္တပ္ရပ္ေနၿပီး ဂစ္တာတီးေနတဲ့ပုံစံ လုပ္ေနပါတယ္။

ေနာက္ေတာ့ ေျခေထာက္က စတီယာရင္ဘီးေပၚကို ျပန္ေရာက္သြားၿပီး ေျခေထာက္နဲ႔ လွည့္ေနျပန္ပါတယ္။ လူအမ်ားကေတာ့ သူရဲ႕အျပဳအမူနဲ႔ ပတ္သက္ၿပီး စိတ္တိုေနၾကပါတယ္။ ဒီ video က အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာျပည္နယ္က ျဖစ္ပါတယ္။ အာဏာပိုင္ေတြက ဒီဘတ္စ္ကားဆရာကို ေတြ႕ေအာင္ရွာၿပီး ကားေမာင္းခြင့္ကို ပိတ္သင့္ေၾကာင္း ေျပာေနၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments