မချစ်ပါနဲ့
ကိုယ့်ကို ဂရုစိုက်ပေးပါ.. လို့ ခခယယ ပြောတာတောင် အကြောင်းပြချက် အမျိုးမျိုးပေးပီး ရှောင်ဖယ်တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ့ဘက်က တကယ်ချစ်ရင် ကိုယ် တောင်းဆိုစရာ မလိုဘဲ အသေးအမွှားလေးက အစ ဂရုစိုက်ပေး မှာပါ ။
သတိရလို့ လာတွေ့ပါ့လား ပြောတာတောင် နေပူလို့ မိုးရွာလို့ ဆိုပြီး နေ့ည ရွေ့တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ်ချစ်ရင် ဘယ်လို ရာသီဥတုမျိုးပဲ ဖြစ်ဖြစ် ချစ်သူ မျက်နှာမြင်ရဖို့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ အပြေး လာတွေ့မှာပါ ။
ကိုယ်က စိတ်ကောက်တဲ့အခါ နားလည် မပေးပဲ ကိုယ်နဲ့အပြိုင် စိတ်ကောက်တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် ကိုယ် ဘယ်လောက် စိတ်ဆိုးဆိုး ဘယ်လောက် စိတ်ကောက်ကောက် စိတ်ရှည်လက်ရှည် ချော့မှာပါ ။
သူရောက်တဲ့ နေရာက ကိုယ်ရှိနေမှန်း သိရက်နဲ့ လာမတွေ့နိုင် အားတဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ်ချစ်ရင် ဘယ်လောက် အလုပ် ရှုပ်ရှုပ် ကိုယ့်အတွက် အချိန် ပေးပြီး လာတွေ့မှာပါ ။
တခုခု တောင်းဆိုတဲ့ အခါ တာဝန်အရ လုပ်ပေးရမှာပေါ့ ဆိုတဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် ပြောစရာ မလိုဘဲ အလိုက်တသိနဲ့ လုပ်ပေးမှာပါ ။
တခုခုမှားရင် ပြင်မပေးဘဲ အပြစ် ရှာတတ်တဲ့ ၊ ပြသနာ ရှာတတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် အမှားကို အမှန် ပြင်ပေးပြီး ခွင့်လွှတ် နားလည်ပေးမှာပါ ။
အကြောင်းပြချက် အမျိုးမျိုးပေးပြီး ပစ်ထားတတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူသာ တကယ်ချစ်ရင် ကိုယ့်ကို အချိန်ပေးမှာပါ ။
သူ တကယ် ချစ်မချစ် ဆိုတာ အပြုအမူ အပြောအဆိုတွေ ကနေ သိနိုင်ပါတယ် ။ ကိုယ့်အတွက် အချိန်မပေး နိုင်တဲ့သူ ၊ ကိုယ့်ဟာ သူ့အတွက် အရေးမပါတဲ့ လူတယောက် အနေနဲ့ ခံစားနေရရင် အချိန်ပြည့် စိတ်ဆင်းရဲနေမယ့် အစား လမ်းခွဲလိုက်ပါ ။ ပိုပြီး ပြီးပြည့်စုံတဲ့ ဘဝမျိုး ရရှိနိုင်မှာပါ ။
Eiphookhinkhin
For Zawgyi
မချစ်ပါနဲ့
Eiphookhinkhin
Post a Comment
0 Comments