သိပ္ပံနည်းအရ လူသားတိုင်း မပြုလုပ်နိုင်တဲ့ အရာ (၁၂) ခု
လူသားတွေက စံချိန်များစွာကို ချိုုးနိုင်ခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမယ့် သိပ္ပံနည်းအရ တချို့ အရာတွေ ကိုတော့ လူတိုင်းနီးပါး မပြုလုပ်နိုင်ပါဘူး။
1. A4 စာရွက်ကို 7 ခေါက်ထက် ပိုပြီး ခေါက်လို့ မရပါဘူး။
အလွန်ကြီးမားတဲ့ စာရွက်ကြီး ကိုတောင်မှ 7 ခေါက်ထက် ပိုပြီး ခေါက်လို့ မရနိုင်ပါဘူး။
2. လက်သူကြွယ် မရွေ့ဘဲ လက်သန်းကို ကွေးလို့ မရပါဘူး။
လက်ချောင်းတွေရဲ့ အရွတ်တွေက ဆက်သွယ်နေ တာကြောင့် လက်တစ်ချောင်း ကွေးရင် ကပ်ရပ်လက်ချောင်းကပါ အနည်းငယ် လိုက်ကွေးပါတယ်။
3. လျှာကို ခက်ခက်ခဲခဲ လိပ်ခြင်း
လျှာကို ပြန်တစ်ခုလို လိပ်ခြင်းက လူအနည်းငယ်ပဲ လုပ်နိုင်ပါတယ်။
4. နားကို တွန့်ခြင်း
နားကို တွန့်ဖို့ဆိုရင် နားရှေ့၊ နားနောက်၊ နားအပေါ်က ကြွက်သား3မျိုးလုံးကို သုံးဖို့လိုပါတယ်။
5. ပါးစပ်ထဲကို လက်သီးဆုပ် ထည့်မယ် ဆိုရင် ပါးစပ်ကြီးပြီး လက်သီးဆုပ် သေးဖို့ လိုပါတယ်။
အရွယ်ရောက်ပြီး သူတွေရဲ့ လက်က 6 လက်မ (15.2cm) နဲ့ 11လက်မ ( 27.9cm) ကြားမှာ ရှိပါတယ်။ပုံမှန်ပါးစပ်က 2.75 လက်မ (7cm) ရှိပါတယ်။
6. တံတောင်ဆစ် ကို လျှာနဲ့ ထိလို့ မရပါဘူး။
လက်မောင်းက တိုပြီး သာမန် မဟုတ်တဲ့ လျှာအရှည်ကြီး ဆိုရင်တော့ ထိလို့ ရလောက်ပါတယ်။
7. အသက်ရှူ သွင်းနေစဉ် စကားပြောခြင်း
အသက်ရှူသွင်းနေတဲ့ အချိန်မှာ စကားပြောရင် အသံက ပုံမှန်ပြောနေကျ အသံနဲ့ မတူပါဘူး။
8. သစ်ကြံပိုးမှုန့်ကို တစ်ဇွန်း အပြည့် မျိုချခြင်း
သစ်ကြံပိုးခေါက်မှာ ပါးစပ်ကို ဆို့သွားစေတဲ့ အရာတွေ ပါဝင်ပါတယ်။ ဒီနည်းကို မစမ်းသပ်သင့် ပါဘူးနော်။
9. ကိုယ့်ကိုယ်ကို ကလိထိုးခြင်း
မထင်မှတ်ထားတဲ့ ထိတွေ့ခြင်းနဲ့ ကြိုသိနေတဲ့ ထိတွေ့ခြင်းကို ဦးနှောက်က ခွဲခြား သိပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ကလိထိုးရင် မယားပါဘူး။
10. အသက်အောင့် ထားကြည့်ပါ။
အသက်ရှူမသွင်းမိပေမယ့် အသက်ရှုထုတ် မိနေပါတယ်။ အသက်ရှူလို့မရအောင် အသက်အောင့်လို့ ရပေမယ့် အသက်မရှုထုတ် ဘဲတော့ မနေနိုင်ပါဘူး။ အောက်ဆီဂျင်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် အတွက် လိုအပ်ပြီး အာရုံခံစားမှု စနစ်ကလည်း ကာဗွန်ဒိုက်အောက်ဆိုက်ကို တိုင်းတာနေ တာဖြစ်လို့ အသက်ရှူဖို့ လှုံ့ဆော် ပါတယ်။
11. လက်ကို တချိန်တည်းမှာပဲ စက်ဝိုင်းပုံစံ မြန်မြန်လှည့်ကြည့်ပါ။
ညာလက်က ဘယ်လက်ထက် ပိုပြီး အားကောင်းပါတယ်။ အဲဒါကြောင့် ညာလက်က မြန်မြန် လှုပ်ရှားနိုင်ပြီး စက်ဝိုင်းကြီးကြီး ဖြစ်အောင် ပိုလှည့်နိုင်ပါတယ်။
12. ကြက်ဥရဲ့ ထိပ်နဲ့အောက်ခြေကို ကိုင်ပြီး ခွဲကြည့်ပါ။
ကြက်ဥကို လက်ငါးချောင်းလုံးနဲ့ ဖိကြည့်တဲ့ အခါ ဖိအားတွေက ကြက်ဥ တစ်ခုလုံးရဲ့ မျက်နှာပြင်ကို ပျံ့နှံ့သွားပါတယ်။ ကြက်ဥ တစ်လုံးလုံးမှာ တူညီတဲ့ ဖိအားတွေ ရှိရင် ကြက်ဥခွံပေါ်မှာ တင်းအားပိုနည်း သွားမှာပါ။
Zombie (Lovemedia)
For Zawgyi
4. နားကို တွန့်ခြင်း
နားကို တွန့်ဖို့ဆိုရင် နားရှေ့၊ နားနောက်၊ နားအပေါ်က ကြွက်သာ3းမျိုးလုံးကို သုံးဖို့လိုပါတယ်။
Zombie (Lovemedia)
Post a Comment
0 Comments