သခင်ပြန်အလာကို ဆေးရုံရှေ့ကနေ နေ့တိုင်း စောင့်မျော်နေရှာတဲ့ ခွေးလေး

သခင် ဆေးရုံတက်နေတဲ့အချိန်မှာ အပြင်ကနေ စိုးရိမ်တကြီးနဲ့စောင့်နေခဲ့တဲ့ ခွေးလေး

သံယောဇဉ်ဆိုတာက လူသားတွေမှာမှရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်း သံယောဇဉ် တွယ်တတ်ပါတယ်။ အကောင်ကြီးသလောက် ချစ်စရာကောင်းတဲ့ ခွေးလေးတွေလဲရှိသလို ခန္ဒာကိုယ်က ပုတုတုနဲ့အရမ်းစွာတဲ့ ခွေးလေးတွေလည်း ရှိပါတယ်။ ဒီနေ့မှာတော့ သခင်ကိုအရမ်းချစ်ပြီး အရမ်းစိုးရိမ်တတ်တဲ့ ခွေးလေးအကြောင်းကို ပြောပြပေးသွားပါမယ်။

တူရကီမှာ နေတဲ့ Cemal Sentur ဆိုသူ အမျိူးသားဟာ ရောဂါအခြေအနေ တစ်ခုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံကားက လာခေါ်ပြီး ဆေးရုံသွားလမ်းမှာ ခွေးလေးဟာ နောက်ကနေ ပြေးလိုက်လာခဲ့ပါတယ်။ ဆေးရုံနဲ့အိမ်က သိပ်မဝေးပါဘူး။ ဒါပေမယ့်လည်း သခင်ဇောကြောင့် ဆေးရုံကားနောက်ကနေ မရရအောင်ပြေးလိုက်ခဲ့တာပါ။

ခွေးလေးနာမည်ကတော့ Boncuk ဖြစ်ပါတယ်။ သူဟာ သူ့သခင်ဆေးရုံ တက်နေတဲ့အချိန်မှာ တံခါးဝလေးကနေ ထိုင်မျှော်နေခဲ့ပါတယ်။ ဆေးရုံဖြစ်နေတာကြောင့်လည်း ခွေးလေးကို အထဲပေးမဝင်ခဲ့ပါဘူး။ မဝင်ရပေမယ့်လည်း ခွေးလေးကတော့ အပေါက်ဝကနေ စောင့်မြဲစောင့်နေခဲ့ပါတယ်။

မိသားစုဝင်တွေကလည်း ခွေးလေးကို စိတ်ပူတာကြောင့် အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ခွေးလေးက အိမ်ကနေ ပြန်ပြန်လာပြီးတော့ ဆေးရုံရှေ့မှာ တစ်ချိန်လုံး ထိုင်စောင့်နေပါတယ်။ ခွေးလေးကို အိမ်ပြန်ပို့တိုင်း ဆေးရုံကိုပဲ ပြန်ပြန်လာနေပါတယ်။

ခွေးလေးက ပြူတင်းပေါက် နားကနေပြီးတော့ သူ့ရဲ့သခင်ဖြစ်သူကို လိုက်ရှာခဲ့ပါသေးတယ်။ သခင်ကို တွေ့တဲ့အခါမှာတော့ သူရှိကြောင်းကို သခင်ကို အမူအရာလေးတွေလည်း လုပ်ပြခဲ့ပါသေးတယ်။

ရက်တွေ ကြာလာတဲ့အခါမှာတော့ ဆရာဝန်နဲ့ သူနာပြုတွေက ခွေးလေးကို သနားတာကြောင့် သခင်ဖြစ်သူနဲ့ ပေးတွေ့ခဲ့ပါတယ်။ ခွေးလေးက သခင်ဖြစ်သူအနီးအနားကနေကို မခွာခဲ့ပါဘူး။

၆ ရက်ပြည့်တဲ့အခါမှာတော့ ဆေးရုံဆင်းခွင့်ရခဲ့ပြီး ခွေးလေးကပဲ ဦးစွာလာကြို စောင့်နေပါတယ်။ Boncuk ဟာ ခွေးလေးတစ်ကောင် ဖြစ်နေပေမယ့်လည်း သခင်ပေါ်ကို အရမ်းချစ်တတ် စိုးရိမ်တတ်ပါတယ်။

သင့်ရဲ့ခွေးလေးကရော သင်နေမကောင်းတဲ့အခါ ဘယ်လိုတွေပြုမှုလဲဆိုတာ comment မှာရေးသွားခဲ့ဦးနော်။

Zombie (Lovemedia)

သခင္ေဆး႐ုံတက္ေနတဲ့အခ်ိန္မွာ အျပင္ကေန စိုးရိမ္တႀကီးနဲ႔ေစာင့္ေနခဲ့တဲ့ ေခြးေလး

သံေယာဇဥ္ဆိုတာက လူသားေတြမွာမွရွိတာ မဟုတ္ပါဘူး။ တိရစာၦန္ေလးေတြမွာလည္း သံေယာဇဥ္ တြယ္တတ္ပါတယ္။ အေကာင္ႀကီးသေလာက္ ခ်စ္စရာေကာင္းတဲ့ ေခြးေလးေတြလဲရွိသလို ခႏၵာကိုယ္က ပုတုတုနဲ႔အရမ္းစြာတဲ့ ေခြးေလးေတြလည္း ရွိပါတယ္။ ဒီေန႔မွာေတာ့ သခင္ကိုအရမ္းခ်စ္ၿပီး အရမ္းစိုးရိမ္တတ္တဲ့ ေခြးေလးအေၾကာင္းကို ေျပာျပေပးသြားပါမယ္။

တူရကီမွာ ေနတဲ့ Cemal Sentur ဆိုသူ အမ်ိဴးသားဟာ ေရာဂါအေျခအေန တစ္ခုေၾကာင့္ ေဆး႐ုံတက္ခဲ့ရပါတယ္။ ေဆး႐ုံကားက လာေခၚၿပီး ေဆး႐ုံသြားလမ္းမွာ ေခြးေလးဟာ ေနာက္ကေန ေျပးလိုက္လာခဲ့ပါတယ္။ ေဆး႐ုံနဲ႔အိမ္က သိပ္မေဝးပါဘူး။ ဒါေပမယ့္လည္း သခင္ေဇာေၾကာင့္ ေဆး႐ုံကားေနာက္ကေန မရရေအာင္ေျပးလိုက္ခဲ့တာပါ။

ေခြးေလးနာမည္ကေတာ့ Boncuk ျဖစ္ပါတယ္။ သူဟာ သူ႔သခင္ေဆး႐ုံ တက္ေနတဲ့အခ်ိန္မွာ တံခါးဝေလးကေန ထိုင္ေမွ်ာ္ေနခဲ့ပါတယ္။ ေဆး႐ုံျဖစ္ေနတာေၾကာင့္လည္း ေခြးေလးကို အထဲေပးမဝင္ခဲ့ပါဘူး။ မဝင္ရေပမယ့္လည္း ေခြးေလးကေတာ့ အေပါက္ဝကေန ေစာင့္ၿမဲေစာင့္ေနခဲ့ပါတယ္။

မိသားစုဝင္ေတြကလည္း ေခြးေလးကို စိတ္ပူတာေၾကာင့္ အိမ္ျပန္ပို႔ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ေခြးေလးက အိမ္ကေန ျပန္ျပန္လာၿပီးေတာ့ ေဆး႐ုံေရွ႕မွာ တစ္ခ်ိန္လုံး ထိုင္ေစာင့္ေနပါတယ္။ ေခြးေလးကို အိမ္ျပန္ပို႔တိုင္း ေဆး႐ုံကိုပဲ ျပန္ျပန္လာေနပါတယ္။

ေခြးေလးက ျပဴတင္းေပါက္ နားကေနၿပီးေတာ့ သူ႔ရဲ႕သခင္ျဖစ္သူကို လိုက္ရွာခဲ့ပါေသးတယ္။ သခင္ကို ေတြ႕တဲ့အခါမွာေတာ့ သူရွိေၾကာင္းကို သခင္ကို အမူအရာေလးေတြလည္း လုပ္ျပခဲ့ပါေသးတယ္။

ရက္ေတြ ၾကာလာတဲ့အခါမွာေတာ့ ဆရာဝန္နဲ႔ သူနာျပဳေတြက ေခြးေလးကို သနားတာေၾကာင့္ သခင္ျဖစ္သူနဲ႔ ေပးေတြ႕ခဲ့ပါတယ္။ ေခြးေလးက သခင္ျဖစ္သူအနီးအနားကေနကို မခြာခဲ့ပါဘူး။

၆ ရက္ျပည့္တဲ့အခါမွာေတာ့ ေဆး႐ုံဆင္းခြင့္ရခဲ့ၿပီး ေခြးေလးကပဲ ဦးစြာလာႀကိဳ ေစာင့္ေနပါတယ္။ Boncuk ဟာ ေခြးေလးတစ္ေကာင္ ျဖစ္ေနေပမယ့္လည္း သခင္ေပၚကို အရမ္းခ်စ္တတ္ စိုးရိမ္တတ္ပါတယ္။

သင့္ရဲ႕ေခြးေလးကေရာ သင္ေနမေကာင္းတဲ့အခါ ဘယ္လိုေတြျပဳမႈလဲဆိုတာ comment မွာေရးသြားခဲ့ဦးေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments