စိတ်ဓါတ်ကျတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပျက်လာမယ့်အရာများ

စိတ်ဓါတ်ကျတာကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူဦးရေပေါင်း ၂၆၄ သန်းမှာ ခံစားနေရပါတယ်။ စိတ်ဓါတ်ကျတာက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေရုံတင် မကပါဘူး။ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေပါတယ်။ စိတ်ဓါတ်ကျတာက တစ်ဆင့် ပြင်းထန်တဲ့ ရောဂါတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၁။ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဦးနှောက်က အစာအိမ်အူလမ်းကြောင်းနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။ စိတ်ထိခိုက် ခံစားရတဲ့အခါအစာအိမ် အူလမ်းကြောင်းမှာ နေထိုင်မကောင်း ဖြစ်လာပါတယ်။ အဲဒါကြောင့် အချို့တွေမှာ အလွန်အမင်း စိတ်ခံစားရတဲ့အခါ အစာအိမ်ရောင်တာ၊ အောင့်တာတွေ ခံစားရတာပါ။

၂။ ကျောက်ကပ်၏ လုပ်ငန်းများ ကျဆင်းခြင်း

စိတ်ဓါတ်ကျတာက နာတာရှည် ကျောက်ကပ် ရောဂါရှိသူရော၊ ကျောက်ကပ် ကျန်းမာရေး ကောင်းသူရောကိုပါ ထိခိုက်စေပါတယ်။ ဖျားနာမှုကိုလည်း စိတ်ဓါတ်ကျတာက အရှိန်တင်ပေး လိုက်သလိုပါပဲ။

၃။ ဆီးချို

စိတ်ဓါတ်ကျတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို မြင့်စေပြီး သွေးတွင်းသကြားဓါတ်နဲ့ အင်ဆူလင်ကို ထိခိုက်စေပါတယ်။ ဆီးချိုနဲ့ စိတ်ဓါတ်ကျတာက အပြန်အလှန် ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါ ရှိသူတွေကလည်း စိတ်ဓါတ်ကျသလို စိတ်ဓါတ်ကျလို့လည်း ဆီးချိုတက် လာပါတယ်။

၄။ နှလုံးရောဂါ

စိတ်ဓါတ်ကျသူတွေက သွေးဖိအားတွေမြင့်လာပြီးသွေးခုန်နှုန်းတွေ မြင့်လာပါတယ်။ အဲဒီကနေ အမျိုးမျိုးသော နှလုံးရောဂါတွေကို ဖြစ်စေပါတယ်။

၅။ သွေးကြောတွေကို ထိခိုက်စေခြင်း

နှလုံးအတွက် သွေးကြောနဲ့ စိတ်ဓါတ်ကျတာက ဆက်စပ်နေသလို အန္တရာယ်လည်း ရှိပါတယ်။ သွေးဖိအားတွေ များလာရင် သွေးကြောထဲက သွေးစီးဆင်းမှုတွေ နည်းသွားပါတယ်။ အဲဒီအခါ သွေးကြောတွေက ကျုံ့သွားပြီး ဆဲလ်နဲ့ တစ်ရှူးတွေအတွက် အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက် မရတော့ပါဘူး။

၆။ ကျောနာ ကျောအောင့်ခြင်း

ကျောနာကျောအောင့်တာနဲ့ စိတ်ဓါတ်ကျတာက အမြဲ မဆက်စပ်နေပါဘူး။ ကြွက်သားတွေ အားနည်းတာနဲ့ အနေအထား မှားတာကြောင့်သာ ကျောနာကျောအောင့်တာပါ။ ဒါပေမယ့် စိတ်ဓါတ်ကျတာက ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေပြီး ရှိလက်စ ကျောနာကျောအောင့်တာကို ပိုဆိုးသွားစေပါတယ်။

၇။ မှတ်ဉာဏ်ကို ထိခိုက်စေခြင်း

စိတ်ဓါတ်ကျတာက ရေတို မှတ်ဉာဏ်ကို ပျောက်ဆုံးသွားစေပါတယ်။ မကြာခဏ စိတ်ဖိစီးသူတွေက အကြောင်းအရာတွေကို မေ့လွယ်ကြပြီး အာရုံစိုက်တဲ့နေရာမှာ အားနည်းလာကြပါတယ်။ အဲဒီကနေ ခေါင်းက တဆစ်ဆစ် ကိုက်လာပါတော့တယ်။ တစ်ခါတရံ မျက်ရိုးတွေအထိပါ ကိုက်လာပါတယ်။

၈။ အဆစ်ရောင်နာ

စိတ်ဓါတ်ကျခြင်းကြောင့် အဆစ်ရောင်နာဖြစ်သလို အဆစ်ရောင်နာဖြစ်သူတွေကလည်း စိတ်ဓါတ်ကျ ဝေဒနာကို ခံစားရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ စိတ်ဓါတ်ကျတာက ရောင်ရမ်းတာတွေကို ပိုတိုးစေလို့ပါ။

စိတ်ဓါတ်ကျတယ် ဆိုတာ လူတိုင်းနဲ့ကင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ခဏခဏ စိတ်ဓါတ်ကျနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

စိတ္ဓါတ္က်တဲ့အခါ ခႏၶာကိုယ္မွာ ျဖစ္ပ်က္လာမယ့္အရာမ်ား

စိတ္ဓါတ္က်တာကို ကမာၻေပၚမွာ ရွိတဲ့ လူဦးေရေပါင္း ၂၆၄ သန္းမွာ ခံစားေနရပါတယ္။ စိတ္ဓါတ္က်တာက စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစ႐ုံတင္ မကပါဘူး။ ခႏၶာကိုယ္ကိုလည္း ထိခိုက္ေစပါတယ္။ စိတ္ဓါတ္က်တာက တစ္ဆင့္ ျပင္းထန္တဲ့ ေရာဂါေတြကိုပါ ျဖစ္ေပၚေစပါတယ္။

၁။ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ျပႆနာမ်ား

ဦးေႏွာက္က အစာအိမ္အူလမ္းေၾကာင္းနဲ႔ နီးနီးကပ္ကပ္ ဆက္စပ္ေနပါတယ္။ စိတ္ထိခိုက္ ခံစားရတဲ့အခါအစာအိမ္ အူလမ္းေၾကာင္းမွာ ေနထိုင္မေကာင္း ျဖစ္လာပါတယ္။ အဲဒါေၾကာင့္ အခ်ိဳ႕ေတြမွာ အလြန္အမင္း စိတ္ခံစားရတဲ့အခါ အစာအိမ္ေရာင္တာ၊ ေအာင့္တာေတြ ခံစားရတာပါ။

၂။ ေက်ာက္ကပ္၏ လုပ္ငန္းမ်ား က်ဆင္းျခင္း

စိတ္ဓါတ္က်တာက နာတာရွည္ ေက်ာက္ကပ္ ေရာဂါရွိသူေရာ၊ ေက်ာက္ကပ္က်န္းမာေရး ေကာင္းသူေရာကိုပါ ထိခိုက္ေစပါတယ္။ ဖ်ားနာမႈကိုလည္း စိတ္ဓါတ္က်တာက အရွိန္တင္ေပး လိုက္သလိုပါပဲ။

၃။ ဆီးခ်ိဳ

စိတ္ဓါတ္က်တာက စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းကို ျမင့္ေစၿပီး ေသြးတြင္းသၾကားဓါတ္နဲ႔ အင္ဆူလင္ကို ထိခိုက္ေစပါတယ္။ ဆီးခ်ိဳနဲ႔ စိတ္ဓါတ္က်တာက အျပန္အလွန္ ဆက္စပ္ေနပါတယ္။ ဆီးခ်ိဳေရာဂါ ရွိသူေတြကလည္း စိတ္ဓါတ္က်သလို စိတ္ဓါတ္က်လို႔လည္း ဆီးခ်ိဳတက္ လာပါတယ္။

၄။ ႏွလုံးေရာဂါ

စိတ္ဓါတ္က်သူေတြက ေသြးဖိအားေတြျမင့္လာၿပီးေသြးခုန္ႏႈန္းေတြ ျမင့္လာပါတယ္။ အဲဒီကေန အမ်ိဳးမ်ိဳးေသာ ႏွလုံးေရာဂါေတြကို ျဖစ္ေစပါတယ္။

၅။ ေသြးေၾကာေတြကို ထိခိုက္ေစျခင္း

ႏွလုံးအတြက္ ေသြးေၾကာနဲ႔ စိတ္ဓါတ္က်တာက ဆက္စပ္ေနသလို အႏၲရာယ္လည္း ရွိပါတယ္။ ေသြးဖိအားေတြ မ်ားလာရင္ ေသြးေၾကာထဲက ေသြးစီးဆင္းမႈေတြ နည္းသြားပါတယ္။ အဲဒီအခါ ေသြးေၾကာေတြက က်ဳံ႕သြားၿပီး ဆဲလ္နဲ႔ တစ္ရႉးေတြအတြက္ ေအာက္ဆီဂ်င္နဲ႔ အာဟာရဓါတ္ေတြ လုံလုံေလာက္ေလာက္ မရေတာ့ပါဘူး။

၆။ ေက်ာနာ ေက်ာေအာင့္ျခင္း

ေက်ာနာေက်ာေအာင့္တာနဲ႔ စိတ္ဓါတ္က်တာက အၿမဲ မဆက္စပ္ေနပါဘူး။ ႂကြက္သားေတြ အားနည္းတာနဲ႔ အေနအထား မွားတာေၾကာင့္သာ ေက်ာနာေက်ာေအာင့္တာပါ။ ဒါေပမယ့္ စိတ္ဓါတ္က်တာက ျပင္းထန္တဲ့ နာက်င္မႈကို ျဖစ္ေစၿပီး ရွိလက္စ ေက်ာနာေက်ာေအာင့္တာကို ပိုဆိုးသြားေစပါတယ္။

၇။ မွတ္ဉာဏ္ကို ထိခိုက္ေစျခင္း

စိတ္ဓါတ္က်တာက ေရတို မွတ္ဉာဏ္ကို ေပ်ာက္ဆုံးသြားေစပါတယ္။ မၾကာခဏ စိတ္ဖိစီးသူေတြက အေၾကာင္းအရာေတြကို ေမ့လြယ္ၾကၿပီး အာ႐ုံစိုက္တဲ့ေနရာမွာ အားနည္းလာၾကပါတယ္။ အဲဒီကေန ေခါင္းက တဆစ္ဆစ္ ကိုက္လာပါေတာ့တယ္။ တစ္ခါတရံ မ်က္႐ိုးေတြအထိပါ ကိုက္လာပါတယ္။

၈။ အဆစ္ေရာင္နာ

စိတ္ဓါတ္က်ျခင္းေၾကာင့္ အဆစ္ေရာင္နာျဖစ္သလို အဆစ္ေရာင္နာျဖစ္သူေတြကလည္း စိတ္ဓါတ္က် ေဝဒနာကို ခံစားရပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ စိတ္ဓါတ္က်တာက ေရာင္ရမ္းတာေတြကို ပိုတိုးေစလို႔ပါ။

စိတ္ဓါတ္က်တယ္ ဆိုတာ လူတိုင္းနဲ႔ကင္းတဲ့အရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ခဏခဏ စိတ္ဓါတ္က်ေနတယ္ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments