သူဆင်းရဲကို မယူပါနဲ့သမီး

သမီးရေ.. သမီးကို သူဆင်းရဲ မယူနဲ့ လို့ အဖေ ဘာကြောင့် ပြောရသလဲ... အဲဒီနေ့က သမီးက သမီးချစ်သူကို အိမ်ခေါ် လာပြီး..

" အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့ လက်ထပ်မယ် " လို့ ပြောခဲ့တယ်နော် ။

နောက်တော့ သမီးကို အဲဒီလူနဲ့ သဘော မတူနိုင်ဘူး လို့ အဖေ ပြောခဲ့တယ် ။ ဘာကြောင့်လဲ လို့ သမီးမေးတော့

" ဆင်းရဲလို့ " လို့ အဖေ ဖြေတယ် ။

အဲဒီတုန်းက အဖေ့ကို ကြည့်တဲ့ သမီးရဲ့ အကြည့်ကို အဖေ မမေ့ခဲ့ပါဘူး ။ သမီးရဲ့ အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ ၊ ကြီးကျယ်လိုက်တာ ဆိုတာ ပါနေတယ် ။

အဖေ ဘယ်လို ရှင်းပြရမလဲ.. ကိုယ့်သမီး အထင် လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး ..

" သူ ပိုက်ဆံ မရှိလို့ပေါ့ ဟုတ်လား .. ဖေဖေ " လို့ သမီးပြန်မေးခဲ့တယ်နော် ။

မဟုတ်ဘူး သမီး.. သူဆင်းရဲတာက ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး.. သူဆင်းရဲတဲ့ အချက် (၄) ချက် ကို အဖေ တွေ့လိုက်တယ် ။

(1) ရည်မှန်းချက် ဆင်းရဲတယ်

အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့အချိန် သမီးဘေးမှာ ရပ်နေတဲ့သူက မျက်စိ ကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ် မခိုင်သလို ပါပဲ ။ သမီးတို့ရဲ့ အနာဂတ် အကြောင်း အဖေ မေးတော့ သူ့မှာ စကားထစ်ထစ် အအ နဲ့ ဦးတည်ရာ မရှိခဲ့ဘူး ။

အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံ မရှိတာမို့ အဖေ သူ့ကို မလိုလားမှာ စိုးတယ် လို့ သူပြောတယ် ။ တကယ်တမ်း ပြောရရင် သူ့ပိုက်ဆံမရှိလို့ သူ့ကို အဖေမလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာ ရှာဖို့ " ရည်မှန်းချက် မရှိ " တာကို အဖေ မလိုလားတာပါ ။

သူဌေးသား တယောက်နဲ့ တောင်သူ လယ်သမား ဆင်းရဲသား တယောက် ဘယ်သူ့ကို ရွေးမှာလဲ လို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေ မဖြေတတ်ဘူး ။ ဆင်းရဲတော့ ဘာဖြစ်လဲ .. လူတိုင်း ဆင်းရဲဖူးတာပဲ... ဒါပေမယ့် အသက် ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက် ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရဘူး ။

လူတိုင်းက ဖြူစင်လှပတဲ့ အချစ်တခုကို ပိုင်ဆိုင်ချင်ကြတာ ပါပဲ ။ ဒါပေမယ့် ဘဝ တခုကို ထူထောင်တဲ့ အခါ သူနဲ့ အတူ ထမင်းရည်လျှက်၊ တဲအိုပျက်မှာ သမီး တသက် မနေနိုင်ပါဘူး ။ ဘဝတခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရ မှာပါပဲ။

(2) အတွေးအခေါ် ဆင်းရဲတယ်

လူ့ဘဝရဲ့ ဒီတစ်သက်မှာ လူ ဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး ။ ယောက်ျားလေး ဆိုတဲ့ မျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ် ။ သမီးက အရွယ် မရောက်ခင် ကတည်းက အရာရာသိတတ်နေပြီ ။

သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို အဖေ ယောင်လို့တောင် မတွေးရဲ ခဲ့ဘူး ။ သူက ကွန်ပျူတာဂိမ်း ဆော့တာ ကြိုက်တယ်တဲ့ .. ဒါက ဘာမှတော့ မဟုတ်ပါဘူး .. အဖေလည်း ဂိမ်းဆော့တာပဲလေ ။

ဒါပေမယ့် အလုပ်က ပြန်ရောက်တာနဲ့ ဖိနပ် တဘက်၊ ခြေအိတ်တဘက် ပစ်ထုတ်ပြီး ဘာအရေး အကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲ ထိုးဝင်သွားတာမျိုးက မရဘူး ။ သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်းပေးနေရ ဦးမှာ ။

သမီးက စာဖတ်တာကို ကြိုက်တယ် .. ထက်တယ် ။ လူကြီး သူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့်ပြောဆိုနိုင်တယ် ။ လူတိုင်းက သမီးကို သွက်သွက် လက်လက် ရှိတယ်လို့ ပြောကြတယ် ။ ဟိုနေ့က အဖေ့ ရှေ့မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်း ပြောရရင် ခေါင်းဗလာ ၊ ဦးနှောက်ဗလာ ၊ စကား လုံးဗလာပဲ သမီး ။

ဘဝဆိုတာ သမီး ရည်းစားတုန်း ကလို ပျော်ရွှင်နေမှာ မဟုတ်ဘူး သမီး ။ ပျင်းရိ ငြီးငွေ့ဖွယ်ရာပါ ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင် လှုပ်ရှားဖို့ ဆိုတာ လူတဦး တယောက်တည်းရဲ့ အတွေးအခေါ်နဲ့ မရဘူး သမီး ။သူ့အတွေး ၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ ။

အဖေ မှတ်မိပါသေးတယ် ။ အမေ့ ဝမ်းထဲကနေ ထွက်လာတုန်းက တခြား ခလေးတွေက ငိုပေမယ့် သမီးကပြုံးရယ်ပြီး ထွက်လာတယ် ။ သမီးက ငယ်ငယ်လေးတည်းက အရယ်သန်တယ် ။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ် ။ သမီး တစ်သက်လုံး ပြုံးပျော် ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး...

(3) အသိပညာဆင်းရဲတယ်

သူသုံးတဲ့ ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ ။ သူ့အခု ဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့ အရာတွေကို ဝယ်သုံးရ သလဲ ... မူလဇစ်မြစ်က အရေး ပါတယ်တဲ့ ။ ဟုတ်ပါတယ် .. မူလဇစ်မြစ်ကောင်းတိုင်း အရာရာ ကောင်းသွားတာတော့ မဟုတ်ဘူး ။

အဖေ အသက် ၅ဝ ကျော် အတွေ့အကြုံအရ လူတယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ သက်ရောက်စေနိုင်တယ် ဆိုတာ ပါပဲ ။ သူ့ကိုယ်ပေါ်မှာ အဲဒီအတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး.. အသိပညာဆင်းရဲတဲ့အပြင် " အတွေ့အမြင်လည်း ဆင်းရဲ " တာမို့ သူဟာ အသက် ၂ဝ ကျော်တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး...

(4) အမျှော်အမြင် ဆင်းရဲတယ်

သူ့အိမ်က ဆင်းရဲတာ အဖေသိတယ် ။ ဒါက ကိစ္စမရှိပါဘူး ။ ဒီခေတ် ဒီအခါက လူငယ်တွေကို အခွင့်အရေး တော်တော် များများ ပေးထား ပါတယ်။ ကြိုးစားလိုစိတ်ရှိရင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ် ။

ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ် ပေးမလုပ်တော့ဘူး ။ အိမ်မှာပဲ လင်မွေး သားမွေး ၊ ထိန်းကျောင်း ပြုစုခိုင်းမယ် လို့ ပြောတယ် ။ အဖေ တယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး ။

ငယ်ငယ်လေးတည်းက သမီးကို အဖေကျောင်းပို့၊ ငွေကြေးတွေ ကုန်ကျပြီး ဟိုသင်တန်းတက်ခိုင်း ၊ ဒီသင်တန်းတက်ခိုင်းနဲ့ သမီးကို ဘာမှ မခိုင်းခဲ့ဘူး ။ ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တသက် မကုန်ဆုံးစေချင်ဘူး ။

ဘဝဆိုတဲ့ ပိုက်ကွန်ကို သမီးအအုပ် ခံပြီး လင်ကျွေးသားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တစ်နှစ်ပြီးတစ်နှစ် သမီး ကုန်ဆုံးနေမယ် ဆိုရင် သမီးကို အဖေ အိမ်ထောင် မပြုစေချင်ဘူး သမီး ။ သမီးကို တစ်သက်လုံး ကျွေးမွေးထားရမယ် ဆိုရင်တောင် ဒီလို အသက် ငယ်ငယ် ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွှတ် ခါးမကုန်းစေချင်ဘူး သမီး ။

သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ ၊ သမီးကို ပိုထူးချွန်ထက်မြက်သူ ဖြစ်စေခဲ့တာဟာ အနာဂတ်ကောင်း တခုကို သမီး ပိုင်ဆိုင်နိုင်ဖို့ပါ ။

သမီးကို သမီးချစ်သူနဲ့ အဖေ သဘောမတူတာဟာ ဒီအချက် (၄) ချက်ကြောင့်ပဲ သမီး ။ သမီး ၄ နှစ်အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကို ယူမလဲလို့ မေးတုန်းက သမီးက " ဖေဖေလိုလူမျိုးကို ယူမယ် " လို့ ပြောခဲ့တယ်နော် ။ အဖေ့လို လူမျိုး သမီးကို မယူစေချင်တာ သမီး မသိခဲ့ဘူး မဟုတ်လား ။ အဖေနဲ့ ယူလို့ သမီးအမေ တော်တော် ပင်ပန်းခဲ့ရတယ် သမီး ။

သမီးဟာ အဖေ့ရဲ့ ထာဝရ နတ်သမီးလေးပါ ။ တနေ့နေ့မှာ အဖေ ခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့ချိန် ရောက်တဲ့ အထိ၊ စကားပြော မပီသတော့တဲ့ အချိန် ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့ နတ်သမီးပါပဲ ။

အဖေ့ ဒီတစ်သက်မှာ ကောင်းတာ ဆိုးတာ ၊ လည်တာ စားတာတွေ တော်တော် များများ လုပ်ခဲ့ပြီးပြီ။ အောင်မြင်တာ ကျရှုံးတာ ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ ပြီးပြီ ။ မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာသွားရမယ် ဆိုရင်တောင် အဖေ့မှာ နောင်တ မရှိဘူး သမီး ။

- အဖေ ငွေမက်တာ မဟုတ်ဘူး ကြီးကျယ်တာ မဟုတ်ဘူး သမီး ။ သမီး ကောင်းမွန် ပျော်ရွှင်နေဖို့ ကိုပဲ အဖေမျှော်လင့်ခဲ့တာပါ ။

- ဒီအဖေ စိတ်ပူတာက ငွေကြေး မချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ပါဘူး ။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကို စိုးရိမ်တာပါ ။

အရွယ်ရှိချိန်မှာ ငွေကြေး မချမ်းသာရင် ကြိုးစား ရှာဖွေလို့ ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေ သဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ပြုပြင်လို့ရမှာ ဖြစ်ပါတယ် ။

ဒီစာကို ဖတ်ပြီး ဒီလို ဆင်းရဲမျိုးကို သင်ရော လက်ခံနိုင်မလား...

မူရင်းရေးသားသူ

For Zawgyi

သူဆင္းရဲကို မယူပါနဲ႔သမီး

သမီးေရ.. သမီးကို သူဆင္းရဲ မယူနဲ႔ လို႔ အေဖ ဘာေၾကာင့္ ေျပာရသလဲ... အဲဒီေန႔က သမီးက သမီးခ်စ္သူကို အိမ္ေခၚ လာၿပီး

" အေဖ.. ဒါ သမီးခ်စ္သူ သမီး သူနဲ႔ လက္ထပ္မယ္ " လို႔ ေျပာခဲ့တယ္ေနာ္ ။

ေနာက္ေတာ့ သမီးကို အဲဒီလူနဲ႔ သေဘာ မတူႏိုင္ဘူး လို႔ အေဖ ေျပာခဲ့တယ္ ။ ဘာေၾကာင့္လဲ လို႔ သမီးေမးေတာ့

" ဆင္းရဲလို႔ " လို႔ အေဖ ေျဖတယ္ ။

အဲဒီတုန္းက အေဖ့ကို ၾကည့္တဲ့ သမီးရဲ႕ အၾကည့္ကို အေဖ မေမ့ခဲ့ပါဘူး ။ သမီးရဲ႕ အၾကည့္ထဲမွာ ငါ့အေဖက ေငြမက္လိုက္တာ ၊ ႀကီးက်ယ္လိုက္တာ ဆိုတာ ပါေနတယ္ ။

အေဖ ဘယ္လို ႐ွင္းျပရမလဲ.. ကိုယ့္သမီး အထင္ လဲြသြားတာေလာက္ ခံစားရတာ မ႐ွိပါဘူး သမီး ..

" သူ ပိုက္ဆံ မ႐ွိလို႔ေပါ့ ဟုတ္လား .. ေဖေဖ " လို႔ သမီးျပန္ေမးခဲ့တယ္ေနာ္ ။

မဟုတ္ဘူး သမီး.. သူဆင္းရဲတာက ပိုက္ဆံ ဆင္းရဲတာ မဟုတ္ဘူး.. သူဆင္းရဲတဲ့ အခ်က္ (၄) ခ်က္ ကို အေဖ ေတြ႔လိုက္တယ္ ။

(1) ရည္မွန္းခ်က္ ဆင္းရဲတယ္

အဲဒီေန႔က အေဖ့ေ႐ွ႕မွာ သမီးတို႔ ရပ္ေနတဲ့အခ်ိန္ သမီးေဘးမွာ ရပ္ေနတဲ့သူက မ်က္စိ ကလယ္ကလယ္နဲ႔ ၾကည့္ရတာ စိတ္ဓာတ္ မခိုင္သလို ပါပဲ ။ သမီးတို႔ရဲ႕ အနာဂတ္ အေၾကာင္း အေဖ ေမးေတာ့ သူ႔မွာ စကားထစ္ထစ္ အအ နဲ႔ ဦးတည္ရာ မ႐ွိခဲ့ဘူး ။

အခုခ်ိန္မွာ သူ႔မွာ အိမ္ဝယ္ ကားဝယ္ဖို႔ ပိုက္ဆံ မ႐ွိတာမို႔ အေဖ သူ႔ကို မလိုလားမွာ စိုးတယ္ လို႔ သူေျပာတယ္ ။ တကယ္တမ္း ေျပာရရင္ သူ႔ပိုက္ဆံမ႐ွိလို႔ သူ႔ကို အေဖမလိုလားတာ မဟုတ္ဘူး။ သူ႔မွာ ေငြေၾကးဥစၥာ ႐ွာဖို႔ " ရည္မွန္းခ်က္ မရွိ " တာကို အေဖ မလိုလားတာပါ ။

သူေဌးသား တေယာက္နဲ႔ ေတာင္သူ လယ္သမား ဆင္းရဲသား တေယာက္ ဘယ္သူ႔ကို ေ႐ြးမွာလဲ လို႔ အေဖ့ကို သမီးေမးခဲ့ရင္ အေဖ မေျဖတတ္ဘူး ။ ဆင္းရဲေတာ့ ဘာျဖစ္လဲ .. လူတိုင္း ဆင္းရဲဖူးတာပဲ... ဒါေပမယ့္ အသက္ ငယ္႐ြယ္ခ်ိန္မွာ ဘဝကို ျဖစ္သလို ေရလိုက္ ငါးလိုက္ပဲ ျဖတ္သန္းခ်င္တဲ့ စိတ္ဆႏၵ မ႐ွိရဘူး ။

လူတိုင္းက ျဖဴစင္လွပတဲ့ အခ်စ္တခုကို ပိုင္ဆိုင္ခ်င္ၾကတာ ပါပဲ ။ ဒါေပမယ့္ ဘဝ တခုကို ထူေထာင္တဲ့ အခါ သူနဲ႔ အတူ ထမင္းရည္လွ်က္၊ တဲအိုပ်က္မွာ သမီး တသက္ မေနႏိုင္ပါဘူး ။ ဘဝတခုကို သမီးတို႔ လက္ေတြ႔က်က် ရင္ဆိုင္ၾကရ မွာပါပဲ။

(2) အေတြးအေခၚ ဆင္းရဲတယ္

လူ႔ဘဝရဲ႕ ဒီတစ္သက္မွာ လူ ဆင္းရဲေပမယ့္ အေတြးအေခၚ မဆင္းရဲရဘူး သမီး ။ ေယာက္်ားေလး ဆိုတဲ့ မ်ဳိးက နဂိုတည္းက ေနာက္က်မွ ရင့္က်က္ၾကတယ္ ။ သမီးက အ႐ြယ္ မေရာက္ခင္ ကတည္းက အရာရာသိတတ္ေနၿပီ ။

သမီးတို႔ ႏွစ္ေယာက္ အိမ္ေထာင္ဘဝ ထူေထာင္ၾကမယ့္ အျဖစ္ကို အေဖ ေယာင္လို႔ေတာင္ မေတြးရဲ ခဲ့ဘူး ။ သူက ကြန္ပ်ဴတာဂိမ္း ေဆာ့တာ ႀကိဳက္တယ္တဲ့ .. ဒါက ဘာမွေတာ့ မဟုတ္ပါဘူး .. အေဖလည္း ဂိမ္းေဆာ့တာပဲေလ ။

ဒါေပမယ့္ အလုပ္က ျပန္ေရာက္တာနဲ႔ ဖိနပ္ တဘက္၊ ေျခအိတ္တဘက္ ပစ္ထုတ္ၿပီး ဘာအေရး အေၾကာင္းကိစၥမွ စိတ္မဝင္စားေတာ့ဘဲ ဂိမ္းထဲ ထိုးဝင္သြားတာမ်ဳိးက မရဘူး ။ သူ႔အတြက္ သမီးက ထမင္းကမ္း ေရကမ္းေပးေနရ ဦးမွာ ။

သမီးက စာဖတ္တာကို ႀကိဳက္တယ္ .. ထက္တယ္ ။ လူႀကီး သူမ ေတြ႔ဆံုပဲြေတြမွာ သူတို႔နဲ႔ သမီး စကားဝင္ဆန္႔ေျပာဆိုႏိုင္တယ္ ။ လူတိုင္းက သမီးကို သြက္သြက္ လက္လက္ ႐ွိတယ္လို႔ ေျပာၾကတယ္ ။ ဟိုေန႔က အေဖ့ ေ႐ွ႕မွာထိုင္ေနတဲ့ အဲဒီေကာင္ေလးက အမွန္အတိုင္း ေျပာရရင္ ေခါင္းဗလာ ၊ ဦးေႏွာက္ဗလာ ၊ စကား လံုးဗလာပဲ သမီး ။

ဘဝဆိုတာ သမီး ရည္းစားတုန္း ကလို ေပ်ာ္႐ႊင္ေနမွာ မဟုတ္ဘူး သမီး ။ ပ်င္းရိ ၿငီးေငြ႔ဖြယ္ရာပါ ။ ဘဝကို ေပ်ာ္႐ႊင္ေစဖို႔၊ သက္ဝင္ လႈပ္႐ွားဖို႔ ဆိုတာ လူတဦး တေယာက္တည္းရဲ႕ အေတြးအေခၚနဲ႔ မရဘူး သမီး ။သူ႔အေတြး ၊ ကိုယ့္အေတြးေတြ ဖလွယ္မွ်ေဝၾကမွ ဘဝက စိတ္ဝင္စားစရာေကာင္းတာ ။

အေဖ မွတ္မိပါေသးတယ္ ။ အေမ့ ဝမ္းထဲကေန ထြက္လာတုန္းက တျခား ခေလးေတြက ငိုေပမယ့္ သမီးကၿပံဳးရယ္ၿပီး ထြက္လာတယ္ ။ သမီးက ငယ္ငယ္ေလးတည္းက အရယ္သန္တယ္ ။ ဘယ္ေရာက္ေရာက္ လူတကာ ႏွစ္သက္တာကို ခံရတယ္ ။ သမီး တစ္သက္လံုး ၿပံဳးေပ်ာ္ ရယ္ေမာႏိုင္ဖို႔ အေဖေမွ်ာ္လင့္တယ္ သမီး...

(3) အသိပညာဆင္းရဲတယ္

သူသံုးတဲ့ ဖုန္းနဲ႔ ကြန္ပ်ဴတာက ေနာက္ဆံုးေပၚေတြ ။ သူ႔အခု ဝင္ေငြေလာက္နဲ႔ ဘာလို႔ ကိုယ္မတတ္ႏိုင္ေလာက္တဲ့ အရာေတြကို ဝယ္သံုးရ သလဲ ... မူလဇစ္ျမစ္က အေရး ပါတယ္တဲ့ ။ ဟုတ္ပါတယ္ .. မူလဇစ္ျမစ္ေကာင္းတိုင္း အရာရာ ေကာင္းသြားတာေတာ့ မဟုတ္ဘူး ။

အေဖ အသက္ ၅ဝ ေက်ာ္ အေတြ႔အႀကံဳအရ လူတေယာက္ရဲ႕ မိသားစုဟာ အဲဒီလူရဲ႕ အက်င့္စ႐ိုက္နဲ႔ မိသားစု အေတြးအျမင္ကို အနည္းအမ်ား သက္ေရာက္ေစႏိုင္တယ္ ဆိုတာ ပါပဲ ။ သူ႔ကိုယ္ေပၚမွာ အဲဒီအေတြးအျမင္မ်ဳိးကို စျမင္ေနရၿပီ သမီး.. အသိပညာဆင္းရဲတဲ့အျပင္ " အေတြ႔အျမင္လည္း ဆင္းရဲ " တာမို႔ သူဟာ အသက္ ၂ဝ ေက်ာ္တာေတာင္ ဘာမွ မျဖစ္ထြန္းေသးတာ မဆန္းေတာ့ပါဘူး သမီး...

(4) အေမွ်ာ္အျမင္ ဆင္းရဲတယ္

သူ႔အိမ္က ဆင္းရဲတာ အေဖသိတယ္ ။ ဒါက ကိစၥမ႐ွိပါဘူး ။ ဒီေခတ္ ဒီအခါက လူငယ္ေတြကို အခြင့္အေရး ေတာ္ေတာ္ မ်ားမ်ား ေပးထား ပါတယ္။ ႀကိဳးစားလိုစိတ္႐ွိရင္ သမီးတို႔မွာလည္း အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္မယ္ဆိုတာကို အေဖယံုတယ္ ။

ဒါေပမယ့္ သမီးတို႔ မဂၤလာေဆာင္ၿပီးရင္ သူက သမီးကို အလုပ္ ေပးမလုပ္ေတာ့ဘူး ။ အိမ္မွာပဲ လင္ေမြး သားေမြး ၊ ထိန္းေက်ာင္း ျပဳစုခိုင္းမယ္ လို႔ ေျပာတယ္ ။ အေဖ တေယာက္ျဖစ္တဲ့ အေဖဟာ သူတို႔ရဲ႕အယူအဆေတြကို နားမလည္ခဲ့ဘူး သမီး ။

ငယ္ငယ္ေလးတည္းက သမီးကို အေဖေက်ာင္းပို႔၊ ေငြေၾကးေတြ ကုန္က်ၿပီး ဟိုသင္တန္းတက္ခိုင္း ၊ ဒီသင္တန္းတက္ခိုင္းနဲ႔ သမီးကို ဘာမွ မခိုင္းခဲ့ဘူး ။ ဒါေပမယ့္ ဒီလိုနဲ႔ပဲ သမီးကို တသက္ မကုန္ဆံုးေစခ်င္ဘူး ။

ဘဝဆိုတဲ့ ပိုက္ကြန္ကို သမီးအအုပ္ ခံၿပီး လင္ေကၽြးသားေမြး အိမ္ေဝယ်ာဝစၥေတြနဲ႔ ေရာဂါေတြေမြး တစ္ႏွစ္ၿပီးတစ္ႏွစ္ သမီး ကုန္ဆံုးေနမယ္ ဆိုရင္ သမီးကို အေဖ အိမ္ေထာင္ မျပဳေစခ်င္ဘူး သမီး ။ သမီးကို တစ္သက္လံုး ေကၽြးေမြးထားရမယ္ ဆိုရင္ေတာင္ ဒီလို အသက္ ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ ဘဝကို သမီး ဦးညႊတ္ ခါးမကုန္းေစခ်င္ဘူး သမီး ။

သမီးကို အေဖ ေကၽြးေမြးလာခဲ့တာ၊ သမီးကို အဘက္ဘက္က ပညာေတြ သင္ယူေစခဲ့တာ ၊ သမီးကို ပိုထူးခၽြန္ထက္ျမက္သူ ျဖစ္ေစခဲ့တာဟာ အနာဂတ္ေကာင္း တခုကို သမီး ပိုင္ဆိုင္ႏိုင္ဖို႔ပါ ။

သမီးကို သမီးခ်စ္သူနဲ႔ အေဖ သေဘာမတူတာဟာ ဒီအခ်က္ (၄) ခ်က္ေၾကာင့္ပဲ သမီး ။ သမီး ၄ ႏွစ္အ႐ြယ္တုန္းက လူႀကီးေတြက စေနာက္ၿပီး ႀကီးလာရင္ ဘယ္လိုလူမ်ဳိးကို ယူမလဲလို႔ ေမးတုန္းက သမီးက " ေဖေဖလိုလူမ်ဳိးကို ယူမယ္ " လို႔ ေျပာခဲ့တယ္ေနာ္ ။ အေဖ့လို လူမ်ဳိး သမီးကို မယူေစခ်င္တာ သမီး မသိခဲ့ဘူး မဟုတ္လား ။ အေဖနဲ႔ ယူလို႔ သမီးအေမ ေတာ္ေတာ္ ပင္ပန္းခဲ့ရတယ္ သမီး ။

သမီးဟာ အေဖ့ရဲ႕ ထာဝရ နတ္သမီးေလးပါ ။ တေန႔ေန႔မွာ အေဖ ခါးကုန္းလို႔၊ ေျခလွမ္းေတြလည္း ေႏွးလာတဲ့ခ်ိန္ ေရာက္တဲ့ အထိ၊ စကားေျပာ မပီသေတာ့တဲ့ အခ်ိန္ ေရာက္တဲ့အထိ သမီးဟာ အေဖ့ရဲ႕ နတ္သမီးပါပဲ ။

အေဖ့ ဒီတစ္သက္မွာ ေကာင္းတာ ဆိုးတာ ၊ လည္တာ စားတာေတြ ေတာ္ေတာ္ မ်ားမ်ား လုပ္ခဲ့ၿပီးၿပီ။ ေအာင္ျမင္တာ က်႐ႈံးတာ ၊ ခ်ဳိၿမိန္တာ ခါးသက္တာေတြလည္း ျမည္းစမ္းခဲ့ ၿပီးၿပီ ။ မနက္ျဖန္ပဲ ေလာကႀကီးကေန ထြက္ခြာသြားရမယ္ ဆိုရင္ေတာင္ အေဖ့မွာ ေနာင္တ မ႐ွိဘူး သမီး ။

- အေဖ ေငြမက္တာ မဟုတ္ဘူး ႀကီးက်ယ္တာ မဟုတ္ဘူး သမီး ။ သမီး ေကာင္းမြန္ ေပ်ာ္႐ႊင္ေနဖို႔ ကိုပဲ အေဖေမွ်ာ္လင့္ခဲ့တာပါ ။

- ဒီအေဖ စိတ္ပူတာက ေငြေၾကး မခ်မ္းသာလို႔ ဆင္းရဲတာကို မဟုတ္ပါဘူး ။ ရည္မွန္းခ်က္၊ အေတြးအေခၚ၊ အသိပညာ၊ အေမွ်ာ္အျမင္ေတြ ဆင္းရဲမွာကို စိုးရိမ္တာပါ ။

အ႐ြယ္႐ွိခ်ိန္မွာ ေငြေၾကး မခ်မ္းသာရင္ ႀကိဳးစား ႐ွာေဖြလို႔ ရႏိုင္ေပမယ့္ စိတ္ဓာတ္နဲ႔ စိတ္ေန သေဘာထားေတြ ဆင္းရဲရင္ေတာ့ ကိုယ့္အသိစိတ္နဲ႔ ကိုယ္ပဲ ျပဳျပင္လို႔ရမွာ ျဖစ္ပါတယ္ ။

ဒီစာကို ဖတ္ၿပီး ဒီလို ဆင္းရဲမ်ဳိးကို သင္ေရာ လက္ခံႏိုင္မလား...

မူရင္းေရးသားသူ

Post a Comment

0 Comments