ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူများဟာ စိတ်ဓာတ်ခိုင်မာသူများဖြစ်

Hachi: A dog's half, The notebook လိုမျိုး ရုပ်ရှင်တွေကို ကြည့်ရင် အနည်းဆုံး တစ်ခါတော့ ငိုဖူးကြမှာပါ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ရင်းနဲ့ ငိုတာက အားငယ်တတ်တဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။

ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့သူတွေက ပိုပြီးစာနာ နားလည်ပေးတတ်ကြောင်း၊ ခံစားချက်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ နားလည်ကြောင်း၊ နေ့စဉ်ကြုံရတဲ့ ပြဿနာတွေ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီးစိတ်ဓာတ်မာကြောကြောင်း Claremont Graduate တက္ကသိုလ်က အာရုံကြောပညာရှင် Paul J.Zak က ပြောပါတယ်။ သင်က ရုပ်ရှင်ကြည့်ရင်းနဲ့ ငိုတတ်တဲ့သူဖြစ်ရင် ကိုယ်ချင်းစာတရားရှိပြီး စိတ်ဓာတ်ခိုင်မာလို့ပါ။

1. ရုပ်ရှင်ဆိုတာ စိတ်ကူးယဉ်ခြင်းလို့ နားလည်ပေမယ့် သူတို့ခံစားချက်ကို မျိုသိပ်မထားနိုင်သူများ ဖြစ်ကြပါတယ်။

ရုပ်ရှင်ဆိုတာ တကယ်လက်တွေ့မဟုတ်တာကို သိပေမယ့်၊ screen ပေါ် စိတ်ကူးယဉ်ခြင်းလို့ နားလည်ပေမယ့် ဝမ်းနည်းရတဲ့ ဇာတ်ဝင်ခန်းကို ကြည့်မိရင်တော့ ငိုမိတာဟာ ကိုယ်ချင်းစာတတ်သူ ဖြစ်နေလို့ပါ။

2. Oxytocin ဟော်မုန်းကြောင့် ရုပ်ရှင်ကြည့်ရင်း ငိုကြတာပါ။

Oxytocin ဟော်မုန်းက ကြွက်သားအာရုံကြောတွေကို လှုံ့ဆော်ပေးတာကြောင့် စိတ်ထိခိုက်စရာ ဇာတ်ဝင်ခန်းတွေဆိုရင် ဝမ်းနည်းလာစေပါတယ်။ Oxytocin ဟော်မုန်းက ကိုယ်ချင်းစာစိတ် ရှိလာအောင် လုပ်ပေးပြီး ပြင်ပလောကကို လက်ခံနိုင်လာအောင်၊ အကောင်းမြင်လာအောင်၊ ပျော်ရွှင်လာအောင် လုပ်ပေးနိုင်ပါတယ်။

3. စိတ်ခံစားချက်တွေကို ဖော်ပြဖို့ ဝန်မလေးကြလို့ပါ။

တကယ်တော့ ရုပ်ရှင်ကြည့်ရင်း ငိုဖို့ ရှက်ရွံ့မနေတတ်သူတွေက ခံစားချက်တွေကို ဖုံးကွယ်နေသူတွေထက် ပိုပြီး စိတ်ဓာတ်မာပါတယ်။ သူတို့ရဲ့ ခံစားချက် အမှန်အကန်တွေကို ဖော်ပြဖို့ သတ္တိရှိနေကြပါတယ်။ သူတို့ကို လာဝေဖန်မှာ၊ အပြစ်ရှာမှာလည်း မကြောက်ပါဘူး။ နားလည်ပေးနိုင်မယ့်သူ ရှိမယ်ဆိုရင် လူတွေက သူတို့အတွေးအခေါ်တွေကို ဖော်ပြဖို့ ဝန်မလေးကြပါဘူး။

4. မျက်ရည်လွယ်တတ်သူလည်း ဖြစ်နေလို့ပါ။

ငိုတတ်ခြင်းက လူတွေနဲ့ပိုပြီး ရင်းနှီးသွားစေပါတယ်။ ငိုလိုက်တဲ့အခါ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အကောင်းအဆိုး အခြေအနေတွေကို ခွဲခြားနိုင်သွားပါတယ်။ ပိုပြီးတော့လည်း ခံနိုင်ရည်ရှိလာ ပါတယ်။

5. အမြဲငိုနေတာက စိတ်ခံစားမှုတွေကနေ ထွက်ပြေးနေတာ မဟုတ်ပါဘူး။

ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့သူတွေက လက်တွေ့ဘဝကို အရှိကို အရှိအတိုင်း လက်ခံလာတတ်ကြပါတယ်။ လက်တွေ့ဘဝမှာ ကြီးကြီးမားမား စိတ်ထိခိုက်စရာ ကြုံလာရင်လည်း တည်တည် ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်သွားပါတယ်။

6. ငိုခြင်းမှာ အမျိုးသား၊ အမျိုးသမီး မရှိပါဘူး။

အမျိုးသားတွေက သိပ်မငိုတတ်ကြဘူးလို့ လူအများက ယူဆကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့သူတွေက ပွင့်လင်းပြီး ရိုးသားလို့ပါ။ အဲဒါကြောင့် ငိုတယ်ဆိုတာ မိန်းကလေးတွေပဲ တတ်တဲ့အရာ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေက ရုပ်ရှင်ကြည့်ရင်း ငိုလို့လည်း စိတ်ဓာတ်ပျော့လိုက်တာလို့ ယူဆလို့ မရပြန်ပါဘူး။

7. ရုပ်ရှင်ကနေ ဘဝအတွက် အတွေ့အကြုံ အများကြီး ရသွားကြပါတယ်။

Oxytocin ဟော်မုန်းက လူတွေကို ပိုယုံကြည်လာအောင် လုပ်ပေးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့သူတွေက တခြားသူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံသွားတတ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္သူမ်ားဟာ စိတ္ဓာတ္ခိုင္မာသူမ်ားျဖစ္

Hachi: A dog's half, The notebook လိုမ်ိဳး ႐ုပ္ရွင္ေတြကိုၾကည့္ရင္ အနည္းဆုံး တစ္ခါေတာ့ ငိုဖူးၾကမွာပါ။ ဒါေပမယ့္ ႐ုပ္ရွင္ၾကည့္ရင္းနဲ႔ ငိုတာက အားငယ္တတ္တဲ့ လကၡဏာတစ္ခုေတာ့ မဟုတ္ပါဘူး။

႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္တဲ့သူေတြက ပိုၿပီးစာနာ နားလည္ေပးတတ္ေၾကာင္း၊ ခံစားခ်က္ကို ဘယ္လို ထိန္းခ်ဳပ္ရမလဲဆိုတာ နားလည္ေၾကာင္း၊ ေန႔စဥ္ႀကဳံရတဲ့ ျပႆနာေတြ႕ ရင္ဆိုင္ရတဲ့အခါ ပိုၿပီးစိတ္ဓာတ္မာေၾကာေၾကာင္း Claremont Graduate တကၠသိုလ္က အာ႐ုံေၾကာပညာရွင္ Paul J.Zak က ေျပာပါတယ္။ သင္က ႐ုပ္ရွင္ၾကည့္ရင္းနဲ႔ ငိုတတ္တဲ့သူျဖစ္ရင္ ကိုယ္ခ်င္းစာတရားရွိၿပီး စိတ္ဓာတ္ခိုင္မာလို႔ပါ။

1. ႐ုပ္ရွင္ဆိုတာ စိတ္ကူးယဥ္ျခင္းလို႔ နားလည္ေပမယ့္ သူတို႔ခံစားခ်က္ကို မ်ိဳသိပ္မထားႏိုင္သူမ်ား ျဖစ္ၾကပါတယ္။

႐ုပ္ရွင္ဆိုတာ တကယ္လက္ေတြ႕မဟုတ္တာကို သိေပမယ့္၊ screen ေပၚ စိတ္ကူးယဥ္ျခင္းလို႔ နားလည္ေပမယ့္ ဝမ္းနည္းရတဲ့ ဇာတ္ဝင္ခန္းကို ၾကည့္မိရင္ေတာ့ ငိုမိတာဟာ ကိုယ္ခ်င္းစာတတ္သူ ျဖစ္ေနလို႔ပါ။

2. Oxytocin ေဟာ္မုန္းေၾကာင့္ ႐ုပ္ရွင္ၾကည့္ရင္း ငိုၾကတာပါ။

Oxytocin ေဟာ္မုန္းက ႂကြက္သားအာ႐ုံေၾကာေတြကို လႈံ႕ေဆာ္ေပးတာေၾကာင့္ စိတ္ထိခိုက္စရာ ဇာတ္ဝင္ခန္းေတြဆိုရင္ ဝမ္းနည္းလာေစပါတယ္။ Oxytocin ေဟာ္မုန္းက ကိုယ္ခ်င္းစာစိတ္ ရွိလာေအာင္ လုပ္ေပးၿပီး ျပင္ပေလာကကို လက္ခံႏိုင္လာေအာင္၊ အေကာင္းျမင္လာေအာင္၊ ေပ်ာ္႐ႊင္လာေအာင္ လုပ္ေပးႏိုင္ပါတယ္။

3. စိတ္ခံစားခ်က္ေတြကို ေဖာ္ျပဖို႔ ဝန္မေလးၾကလို႔ပါ။

တကယ္ေတာ့ ႐ုပ္ရွင္ၾကည့္ရင္း ငိုဖို႔ ရွက္႐ြံ႕မေနတတ္သူေတြက ခံစားခ်က္ေတြကို ဖုံးကြယ္ေနသူေတြထက္ ပိုၿပီး စိတ္ဓာတ္မာပါတယ္။ သူတို႔ရဲ႕ ခံစားခ်က္ အမွန္အကန္ေတြကို ေဖာ္ျပဖို႔ သတၱိရွိေနၾကပါတယ္။ သူတို႔ကို လာေဝဖန္မွာ၊ အျပစ္ရွာမွာလည္း မေၾကာက္ပါဘူး။ နားလည္ေပးႏိုင္မယ့္သူ ရွိမယ္ဆိုရင္ လူေတြက သူတို႔အေတြးအေခၚေတြကို ေဖာ္ျပဖို႔ ဝန္မေလးၾကပါဘူး။

4. မ်က္ရည္လြယ္တတ္သူလည္း ျဖစ္ေနလို႔ပါ။

ငိုတတ္ျခင္းက လူေတြနဲ႔ပိုၿပီး ရင္းႏွီးသြားေစပါတယ္။ ငိုလိုက္တဲ့အခါ ပတ္ဝန္းက်င္မွာ ရွိေနတဲ့ အေကာင္းအဆိုး အေျခအေနေတြကို ခြဲျခားႏိုင္သြားပါတယ္။ ပိုၿပီးေတာ့လည္း ခံႏိုင္ရည္ရွိလာ ပါတယ္။

5. အၿမဲငိုေနတာက စိတ္ခံစားမႈေတြကေန ထြက္ေျပးေနတာ မဟုတ္ပါဘူး။

႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္တဲ့သူေတြက လက္ေတြ႕ဘဝကို အရွိကို အရွိအတိုင္း လက္ခံလာတတ္ၾကပါတယ္။ လက္ေတြ႕ဘဝမွာ ႀကီးႀကီးမားမား စိတ္ထိခိုက္စရာ ႀကဳံလာရင္လည္း တည္တည္ ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းႏိုင္သြားပါတယ္။

6. ငိုျခင္းမွာ အမ်ိဳးသား၊ အမ်ိဳးသမီး မရွိပါဘူး။

အမ်ိဳးသားေတြက သိပ္မငိုတတ္ၾကဘူးလို႔ လူအမ်ားက ယူဆၾကပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္တဲ့သူေတြက ပြင့္လင္းၿပီး ႐ိုးသားလို႔ပါ။ အဲဒါေၾကာင့္ ငိုတယ္ဆိုတာ မိန္းကေလးေတြပဲ တတ္တဲ့အရာ မဟုတ္ပါဘူး။ ေယာက်္ားေလးေတြက ႐ုပ္ရွင္ၾကည့္ရင္း ငိုလို႔လည္း စိတ္ဓာတ္ေပ်ာ့လိုက္တာလို႔ ယူဆလို႔ မရျပန္ပါဘူး။

7. ႐ုပ္ရွင္ကေန ဘဝအတြက္ အေတြ႕အႀကဳံ အမ်ားႀကီး ရသြားၾကပါတယ္။

Oxytocin ေဟာ္မုန္းက လူေတြကို ပိုယုံၾကည္လာေအာင္ လုပ္ေပးႏိုင္ပါတယ္။ ႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္တဲ့သူေတြက တျခားသူေတြနဲ႔ အဆင္ေျပေျပ ဆက္ဆံသြားတတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments