အိမ်ထောင်ရှင်မတွေ မှတ်သားသင့်တဲ့ အချက် (၃၀)

၁ ။ မိမိ ခင်ပွန်းကို ဘယ်တော့မှ မဟောက်ပါနဲ့၊ မအော်ပါနဲ့။ သူ့ကို မရိုသေခြင်း လက္ခဏာပါ ။

၂ ။ အမူအရာ၊ အစောင်းအမြောင်းတွေနဲ့ မိမိခင်ပွန်းကို မဆက်ဆံပါနဲ့၊ (သူ ဘယ်လို အထာကောက် သွားမလဲ ဆိုတာ မသိနိင်ဘူး) အမြဲတမ်း ပြန်ခံပြောတက်တဲ့ အမျိုးသမီးတွေဟာ ပျော်ရွှင်တဲ့အိမ်ကို မပိုင်ဆိုင်ရကြဘူး။

၃ ။ မိမိခင်ပွန်းကို တစ်ခြား ယောင်္ကျားတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ (သူတို့ရဲ့ ဘဝအခြေအနေ အားလုံးကို ကိုယ်က မသိနိုင်ပါဘူး။) ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကို စော်ကားမိရင် ကိုယ့်အပေါ် သူထားတဲ့ ချစ်ခြင်းမေတ္တာလည်း လျေ့ာနည်းသွား ပါလိမ့်မယ် ။

၄ ။ မိမိ ခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေကို မပြောပြပါနဲ့။ လင်မယား ဆိုတာ တစ်ဦးအကြောင်းတစ်ဦး ထိန်းသိမ်းဖို့ လိုအပ်ပါတယ် ။

၅ ။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ ဆိုတိုင်း မလေးမစား မဆက်ဆံပါနဲ့ ။ သူတို့တွေကို ရှောင်ဖယ် တတ်အောင် သင့်ခင်ပွန်းအား ပြောပြထားပါ။

၆ ။ မိမိခင်ပွန်းက လက်ထပ်ထားသူဟာ သင့်ကိုပါ။ (အိမ်အကူကို မဟုတ်ဘူး။ တစ်ခြားသူကို မဟုတ်ဘူး) အိမ်ရှင်မ တာဝန်တွေကို မိမိကိုယ်တိုင် ဆောင်ရွက်ပါ။

၇ ။ သင့် ခင်ပွန်းသည်ကို ဂရုစိုက်ရမဲ့ တာဝန်အား တစ်ခြားသူကို မပေးပါနဲ့။ ကိုယ့်ခင်ပွန်းရဲ့ ကိစ္စတိုင်းဟာ ဇနီးသည်ရဲ့ တာဝန်ဖြစ်ပါတယ် ။

၈ ။ ခင်ပွန်းသည်အိမ်ကို လက်ချည်းသက်သက်နဲ့ ပြန်လာခဲ့ရင် အပြစ်မတင်ပါနဲ့ ။ အားပေးစကား ပြောပေးပါ။

၉ ။ အသုံး၊အဖြုန်းကြီးတဲ့ ဇနီး မဖြစ်ပါစေနဲ့။ ခင်ပွန်းသည်ရဲ့ ချွေးစက်တိုင်းဟာ အဖိုးတန်လို့ပါ။

၁၀ ။ အများရှေ့မှာ ခင်ပွန်းကိုယ်စား ဖြေကြားခြင်း မပြုပါနဲ့။ သူကိုယ်တိုင် ဖြေရှင်းပါစေ ။

၁၁ ။ ကိုယ့်သူငယ်ချင်းတွေကို မိမိခင်ပွန်းနဲ့ အနီးကပ် မလွန်ပါစေနဲ့။

၁၂ ။ ခင်ပွန်းရဲ့ သွေးသား ဆန္ဒ မဖြည့်ဆည်းပေးချင်လို့ နေမကောင်းချင် ယောင်ဆောင်တာမျိုး မလုပ်ပါနဲ့။ သူ့အလို လိုက်လျောပါ။ (တစ်ခြား တစ်ယောက် သင့်နေရာ မယူပါစေနဲ့) ယောက်ကျားတိုင်း သွေးသားဆာလောင်မှုကို ကြာကြာ မခံစားနိင်ကြပါဘူး။

၁၃ ။ ခင်ပွန်းသည်ကို သင့်ရည်းစားဟောင်း (သို့မဟုတ်) သင် တွဲခဲ့ဖူးသူတွေနဲ့ နှိုင်းယှဉ်ခြင်း လုံးဝ မလုပ်ပါနဲ့ ၊ သင် ရဲ့ အိမ်ထောင်ရေး အဖတ်ဆည်မရ ဖြစ်သွားပါလိမ့်မယ် ။

၁၄ ။ ကလေးတွေရှေ့မှာ မိမိခင်ပွန်းကို အော်ဟစ်ခြင်း၊ စိန်ခေါ်ခြင်း မပြုပါနဲ့။ ပညာရှိ အမျိုးသမီးတွေဟာ ဘယ်တော့မှ အဲဒီလို မလုပ်ကြပါဘူး။

၁၅ ။ ခင်ပွန်းသည်ရဲ့ ထက်မြတ်မှုကို သူကိုယ်တိုင်မသိခင် သင် သိမြင်တတ်ပါစေ ။

၁၆ ။ ရေချိုးခန်းနဲ့ မှန်တင်ခုံရှေ့မှာ မလောပါနဲ့။ (အချိန်ယူသင့်သလောက် ယူပြီး ပြင်ပြင်ဆင်ဆင်နေပါ) အပြင်မှာ လှလှပပဖြစ်ဖို့ အချိန်ပေးထား သူတွေ သင့်ခင်ပွန်းဘေးမှာ ဝိုင်းဝိုင်းလည်နေတယ် ဆိုတာ သိထားပါ။

၁၇ ။ သင့်မိဘ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သင့်ရဲ့ အိမ်ထောင်ရေးမှာ အဆုံးအဖြတ် မပေးနိင်ပါဘူး ။ အချိန်ကုန်ခံ မေးမနေပါနဲ့ မိမိကိုယ်တိုင် ပြတ်သားစွာ ဆုံးဖြတ်ပါ။

၁၈ ။ ချစ်ခြင်းမေတ္တာကို ငွေကြေးပေါ် အခြေခံ မထားပါနဲ့။ မဟုတ်ရင် သင်သူ့ထက် ငွေပိုရှာနိင်တဲ့ တနေ့ သူ့ကို အရင်လို သင်နာခံနိုင်ပါ့ ဦးမလား?

၁၉ ။ သင့်ခင်ပွန်းသည်ဟာ ဂရုစိုက်မှုနဲ့ နားထောင်ပေးမဲ့သူ လိုအပ်တယ်။ သူ့ကို အချိန်မပေး နိင်လောက်အောင် အလုပ် မများမိပါစေနဲ့။ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ အိမ်ထောင်ပျော်ရွှင်ဖို့ အဓိက ကျပါတယ်။

၂၀ ။ မယ်မယ်ရရ ချက်ကျွေးပါ။ အစားအသောက်ကို ပေါ့ပျက်ပျက် သဘောထားတတ်တဲ့ ယောက်ကျား မရှိပါဘူး။

၂၁ ။ ကိုယ့်အကြံအစည်က သူ့ထက် ပိုကောင်းခဲ့ရင်တောင်မှ သူနဲ့မယှဉ်ပါနဲ့ ။ သူနဲ့ကိုယ်က တစ်ဖွဲ့တည်းမို့ပါ။

၂၂ ။ သူ့အပေါ် အပြစ်တင် မစောပါစေနဲ့။ တဗျစ်တောက်တောက် လုပ်နေတဲ့ အိမ်ရှင်မကို ဘယ်သူမှ အလိုမရှိကြပါဘူး။

၂၃ ။ ပျင်းရိတဲ့ ဇနီးဟာ ဂရုမစိုက်တဲ့ ဇနီးပါပဲ။ ( ကိုယ်ရေချိုးဖို့တောင် မေ့နေတက်တဲ့ သူမျိုးပေါ့)

၂၄ ။ အိမ်ထောင်ဆိုတာ ကိုယ်တန်ဖိုးထားရင် ထားသလောက် အဖိုးတန်တဲ့ အရာပါ။ ပေါ့ပျက်ပျက် မထားသင့်ပါဘူး။

၂၅ ။ ပြင်းထန်စွာ တောင်းဆိုမှုမျိုး မပြုပဲ အချိန်တိုင်း ပျော်မွေ့စွာနေပါ။

၂၆ ။ ခင်ပွန်းသည် အပါအဝင် အိမ်ကို လာတဲ့သူတိုင်းကို ရေပူ၊ ရေအေးကမ်းပီး ကြိုဆိုပါ။ ချိုသာတဲ့ စရိုက်ဟာ စစ်မှန်တဲ့ အလှတစ်ပါးပါ။

၂၇ ။ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး အဆိုးမြင်ဝါဒ ရှိသူတွေနဲ့ မပေါင်းဖက်ပါနဲ့။

၂၈ ။ ရင်သွေးလေးတွေကို ချစ်ခင်ပါ။ ကောင်းမွန်စွာ ဂရုစိုက်၊ သွန်သင် ဆုံးမပေးထားပါ။

၂၉ ။ ဘယ်အကြောင်းနဲ့မှ အိမ်ထောင်အပေါ် ကိုယ်ရဲ့ ဂရုစိုက်မှုကို မလျှော့စေပါနဲ့။ ဘယ်အသက်အရွယ် ရောက်ရောက် ဂရုစိုက်မှုက လွှမ်းမိုးထားနိုင် လို့ပါ။

၃၀ ။ ဘုရား၊ တရားသိတဲ့ ဇနီးသည်ဟာ မိမိ မိသားစုအတွက် အကောင်းမွန်ဆုံး အားအင်ပါ။ ဒါကြောင့် ခင်ပွန်းအတွက်၊ အိမ်ထောင် အတွက် အမြဲတမ်း ဆုတောင်းပေးပါ။

crd

Post a Comment

0 Comments