ကော်ဖီကို နေ့စဉ်သောက်လျင် ရရှိလာမယ့် အကျိုးကျေးဇူးများ

တရက်ကို ကော်ဖီနှစ်ခွက် သောက်ခြင်းက အသက်ရှည်စေနိုင်

ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သူတွေက အသက်ရှည်နိုင်ကြောင်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ သင်က အလွန်ပျင်းသူဆိုရင်တောင် မနက်တိုင်း ကော်ဖီတစ်ခွက် သောက်ဖို့တော့ မမေ့ပါနဲ့နော်။ ဒါပေမယ့် အရောအနှောတွေ မပါဝင်တဲ့ ကော်ဖီစစ်စစ်ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ကော်ဖီကို တစ်နေ့ ၂ ခွက်ထက် ပိုသောက်တဲ့အခါ အနည်းဆုံး နှစ်နှစ်ခန့် အသက်ရှည်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ကော်ဖီရဲ့ကောင်းကျိုးတွေက သင်ထင်ထားတာထက် ပိုပါတယ်။

၁။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း

ကော်ဖီကို တစ်နေ့ ၃ ခွက်ထက် ပိုပြီး သောက်တဲ့သူတွေက ကော်ဖီလုံးဝ မသောက်သူတွေထက် သွေးလွှတ်ကြော ရောင်ရမ်းမှုနည်းပါးလာတာကို တွေ့ရပါတယ်။ ကော်ဖီက သွေးလည်ပတ်မှုကို ကောင်းစေလို့ နှလုံးရောဂါကို ကာကွယ်ပြီးသားပါ။

၂။ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

ကော်ဖီက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးကြောင်း လေ့လာချက်အများအပြားမှာ ဖော်ပြထားပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ beta-amyloid ကို ကော်ဖီက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တစ်နေ့ကို ကော်ဖီ ၃ ခွက် သောက်တဲ့အခါ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကိုလည်း ကာကွယ်ပေးပါတယ်။

၃။ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း

တစ်ပတ်ကို ကော်ဖီ ၆ ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါဖြစ်နိုင်ချေ ၂၂ % အထိ လျော့ကျသွားကြောင်း Minnesota တက္ကသိုလ်က လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ကော်ဖီမှာ သတ္ထုဓါတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

၄။ အသည်းအရွတ်ရောဂါကို ကာကွယ်ပေးခြင်း

အရက်သောက်ပြီးတိုင်း ကော်ဖီသောက်ဖို့လည်း မမေ့သင့်ပါဘူးနော်။ လူပေါင်း ၄၃၀၀၀၀ ပါဝင်တဲ့ လေ့လာချက် ၉ ခုမှာ တစ်နေ့ကို ကော်ဖီ ၂ ခွက်ထပ် ပိုသောက်သူတွေက အသည်းရွတ်ရောဂါကို ၄၄ % ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

၅။ စိတ်ဓါတ်ကျမှုကို ကာကွယ်ပေးခြင်း

တစ်ပတ်ကို ကော်ဖီ ၄ ခွက်ထပ် ပိုသောက်တဲ့ အမျိုးသမီးတွေက စိတ်ဓါတ်ကျမှု ၂၀ % လျော့နည်းသွားကြောင်း Harvard School of Public Health မှာ ဖော်ပြထားပါတယ်။

၆။ Parkinson ရောဂါကို ကာကွယ်ပေးခြင်း

မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် Parkinson ရောဂါဖြစ်နိုင်ချေရှိရင်တောင် ကော်ဖီသောက်ခြင်းက Parkinson ရောဂါကို ကာကွယ်ပြီးသားဖြစ်စေတယ်လို့ ဆွီဒင်နိုင်ငံက Linköping တက္ကသိုလ်က သုတေသနပညာရှင်တွေက ဖော်ပြထားပါတယ်။

၇။ အသားမျှင်ခက်မာသွားခြင်းကို လျှော့ချပေးခြင်း

ကော်ဖီသောက်ခြင်းက အာရုံကြောနဲ့ပတ်သက်ပြီး ရောင်ရမ်းမှုတွေကို သက်သာသွားစေပါတယ်။ အာရုံကြောနဲ့ပတ်သက်ပြီး ရောင်ရမ်းမှုတွေက အသားမျှင်ခက်မာခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုတော့ပါဘူး။ တစ်နေ့ကို ကော်ဖီ ၄ ခွက်ခန့် သောက်မယ်ဆိုရင် အဆင်ပြေသွားပါပြီ။

၈။ အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါကို ကာကွယ်ပေးခြင်း

ကော်ဖီကြိုက်တတ်တဲ့ အမျိုးသားတွေအတွက် ကတော့ သတင်းကောင်းပါပဲ။ ကော်ဖီသောက်ခြင်းက အမျိူးသားတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမျက်ရောင်ရောဂါကိုလည်း ကာကွယ်ပေးပါသေးတယ်။

၉။ အသည်းကင်ဆာကို ကာကွယ်ပေးခြင်း

တစ်ပတ်ကို ကော်ဖီ တစ်ခွက်ကနေ သုံးခွက်အထိသောက်တဲ့ သူတွေက အသည်းကင်ဆာဖြစ်ဖို့ အလားအလာတွေ နည်းသွားပါတယ်။ ကော်ဖီမှာ ကာဖိန်းဓါတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အာနိသင်က အတူတူပါပဲ။

Bonus

တပတ်ကို ဘီယာ ၅ ပိုင့်ထက် ပိုသောက်သူတွေက အသက် ၂ နှစ် ကနေ ၅ နှစ်အထိ တိုစေပါတယ်။ အဲဒါကြောင့် ကျန်းမာရေးအတွက် အကျိူးရှိတဲ့ ကော်ဖီကို ရွေးချယ်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

တရက္ကို ေကာ္ဖီႏွစ္ခြက္ေသာက္ျခင္းက အသက္ရွည္ေစႏိုင္

ေကာ္ဖီကို ေန႔စဥ္ပုံမွန္ေသာက္သူေတြက အသက္ရွည္ႏိုင္ေၾကာင္း ေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ သင္က အလြန္ပ်င္းသူဆိုရင္ေတာင္ မနက္တိုင္း ေကာ္ဖီတစ္ခြက္ေသာက္ဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။ ဒါေပမယ့္ အေရာအေႏွာေတြ မပါဝင္တဲ့ ေကာ္ဖီစစ္စစ္ျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။

ေကာ္ဖီကို တစ္ေန႔ ၂ ခြက္ထက္ ပိုေသာက္တဲ့အခါ အနည္းဆုံး ႏွစ္ႏွစ္ခန႔္ အသက္ရွည္တယ္လို႔ ပညာရွင္ေတြက ခန႔္မွန္းၾကပါတယ္။ ေကာ္ဖီရဲ႕ေကာင္းက်ိဳးေတြက သင္ထင္ထားတာထက္ ပိုပါတယ္။

၁။ ႏွလုံးေရာဂါကို ကာကြယ္ေပးျခင္း

ေကာ္ဖီကို တစ္ေန႔ ၃ ခြက္ထက္ ပိုၿပီး ေသာက္တဲ့သူေတြက ေကာ္ဖီလုံးဝ မေသာက္သူေတြထက္ ေသြးလႊတ္ေၾကာ ေရာင္ရမ္းမႈနည္းပါးလာတာကို ေတြ႕ရပါတယ္။ ေကာ္ဖီက ေသြးလည္ပတ္မႈကို ေကာင္းေစလို႔ ႏွလုံးေရာဂါကို ကာကြယ္ၿပီးသားပါ။

၂။ အယ္လ္ဇိုင္းမားေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးျခင္း

ေကာ္ဖီက အယ္လ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးေၾကာင္း ေလ့လာခ်က္အမ်ားအျပားမွာ ေဖာ္ျပထားပါတယ္။ အယ္လ္ဇိုင္းမားေရာဂါကို အဓိကျဖစ္ေစတဲ့ beta-amyloid ကို ေကာ္ဖီက ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ တစ္ေန႔ကို ေကာ္ဖီ ၃ ခြက္ ေသာက္တဲ့အခါ ဦးေႏွာက္ထိခိုက္ဒဏ္ရာရမႈကိုလည္း ကာကြယ္ေပးပါတယ္။

၃။ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးျခင္း

တစ္ပတ္ကို ေကာ္ဖီ ၆ ခြက္ထက္ ပိုေသာက္တဲ့ အမ်ိဳးသမီးေတြက ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ် ၂၂ % အထိ ေလ်ာ့က်သြားေၾကာင္း Minnesota တကၠသိုလ္က ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ေကာ္ဖီမွာ သတၳဳဓါတ္နဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္ပါတယ္။

၄။ အသည္းအ႐ြတ္ေရာဂါကို ကာကြယ္ေပးျခင္း

အရက္ေသာက္ၿပီးတိုင္း ေကာ္ဖီေသာက္ဖို႔လည္း မေမ့သင့္ပါဘူးေနာ္။ လူေပါင္း ၄၃၀၀၀၀ ပါဝင္တဲ့ ေလ့လာခ်က္ ၉ ခုမွာ တစ္ေန႔ကို ေကာ္ဖီ ၂ ခြက္ထပ္ ပိုေသာက္သူေတြက အသည္း႐ြတ္ေရာဂါကို ၄၄ % ကာကြယ္ၿပီးသား ျဖစ္သြားပါတယ္။

၅။ စိတ္ဓါတ္က်မႈကို ကာကြယ္ေပးျခင္း

တစ္ပတ္ကို ေကာ္ဖီ ၄ ခြက္ထပ္ ပိုေသာက္တဲ့ အမ်ိဳးသမီးေတြက စိတ္ဓါတ္က်မႈ ၂၀ % ေလ်ာ့နည္းသြားေၾကာင္း Harvard School of Public Health မွာ ေဖာ္ျပထားပါတယ္။

၆။ Parkinson ေရာဂါကို ကာကြယ္ေပးျခင္း

မ်ိဳး႐ိုးဗီဇနဲ႔ ပတ္ဝန္းက်င္ အေျခအေနေတြေၾကာင့္ Parkinson ေရာဂါျဖစ္ႏိုင္ေခ်ရွိရင္ေတာင္ ေကာ္ဖီေသာက္ျခင္းက Parkinson ေရာဂါကို ကာကြယ္ၿပီးသားျဖစ္ေစတယ္လို႔ ဆြီဒင္ႏိုင္ငံက Linköping တကၠသိုလ္က သုေတသနပညာရွင္ေတြက ေဖာ္ျပထားပါတယ္။

၇။ အသားမွ်င္ခက္မာသြားျခင္းကို ေလွ်ာ့ခ်ေပးျခင္း

ေကာ္ဖီေသာက္ျခင္းက အာ႐ုံေၾကာနဲ႔ပတ္သက္ၿပီး ေရာင္ရမ္းမႈေတြကို သက္သာသြားေစပါတယ္။ အာ႐ုံေၾကာနဲ႔ပတ္သက္ၿပီး ေရာင္ရမ္းမႈေတြက အသားမွ်င္ခက္မာျခင္းကို ျဖစ္ေစပါတယ္။ ဒါေပမယ့္ စိတ္ပူစရာမလိုေတာ့ပါဘူး။ တစ္ေန႔ကို ေကာ္ဖီ ၄ ခြက္ခန႔္ ေသာက္မယ္ဆိုရင္ အဆင္ေျပသြားပါၿပီ။

၈။ အမ်ိဳးသားမ်ားတြင္ အဆစ္အမ်က္ေရာင္ေရာဂါကို ကာကြယ္ေပးျခင္း

ေကာ္ဖီႀကိဳက္တတ္တဲ့ အမ်ိဳးသားေတြအတြက္ ကေတာ့ သတင္းေကာင္းပါပဲ။ ေကာ္ဖီေသာက္ျခင္းက အမ်ိဴးသားေတြမွာ ျဖစ္တတ္တဲ့ အဆစ္အမ်က္ေရာင္ေရာဂါကိုလည္း ကာကြယ္ေပးပါေသးတယ္။

၉။ အသည္းကင္ဆာကို ကာကြယ္ေပးျခင္း

တစ္ပတ္ကို ေကာ္ဖီ တစ္ခြက္ကေန သုံးခြက္အထိေသာက္တဲ့ သူေတြက အသည္းကင္ဆာျဖစ္ဖို႔ အလားအလာေတြ နည္းသြားပါတယ္။ ေကာ္ဖီမွာ ကာဖိန္းဓါတ္ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ အာနိသင္က အတူတူပါပဲ။

Bonus

တပတ္ကို ဘီယာ ၅ ပိုင့္ထက္ ပိုေသာက္သူေတြက အသက္ ၂ ႏွစ္ ကေန ၅ ႏွစ္အထိ တိုေစပါတယ္။ အဲဒါေၾကာင့္ က်န္းမာေရးအတြက္ အက်ိဴးရွိတဲ့ ေကာ္ဖီကို ေ႐ြးခ်ယ္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments