လက်သည်းပေါ်က လခြမ်းလေးတွေ သတိပေးနေတဲ့ သင့်ကျန်းမာရေး (ရုပ်သံ)

လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းရဲ့ အောက်ဖက် လခြမ်းပုံလေး တွေကို သင်သတိထားမိ မှာပါ။ လက်သည်းပေါ်က လခြမ်းလေးတွေရဲ့ အရောင်၊ ပုံသဏ္ဍာန်၊ အရွယ်အစားက ရောဂါတစ်ခုရဲ့ လက်ရှိ အခြေအနေကို ညွှန်ပြပေးနိုင်ရုံ မကပဲ ရောဂါရဲ့ပင်ကို သဘောကိုပါ ဖော်ပြပေးနိုင်ပါတယ်။

လက်သည်းပေါ်က လခြမ်းလေးကို လုံးဝမမြင်ရတာ၊ မရှိတာက ကျန်းမာရေး ပုံမှန်ဖြစ်တဲ့ လက္ခဏာပါ။

- လက်သန်းပေါ်က လခြမ်းလေးက ကျောက်ကပ်၊ အူသိမ်၊ နှလုံးတို့ရဲ့ အလုပ်လုပ်ပုံနဲ့ ဆက်စပ်နေပါတယ်။ လခြမ်းပိုပြီး ပေါ်လွင်လာခြင်းက သွေးတိုးခြင်းရဲ့ ရလဒ်ပါပဲ။

- လက်သူကြွယ်က မျိုးပွားခြင်းနဲ့ သွေးဖြူဥစနစ် တွေရဲ့ အလုပ် လုပ်ပုံနဲ့ ဆက်စပ်နေ ပါတယ်။ လက်သူကြွယ်ပေါ်က လခြမ်းကို မြင်ရခဲ ပါတယ်။မြင်ရရင်တော အစာခြေမှု စနစ်နဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့ပါ။

- လက်ခလယ်က ဦးနှောက်နဲ့ နှလုံးသွေးကြောစနစ် အလုပ် လုပ်ပုံနဲ့ ဆက်စပ်နေ ပါတယ်။ လက်သူကြွယ်ပေါ်မှာ လခြမ်း မရှိခြင်းက သွေးကြောတွေမှာ ပြဿနာ ရှိနေပြီး သွေးဖိအား များနေတာကို ဖော်ပြတာပါ။

- လက်ညှိုးပေါ်က လခြမ်း မရှိတော့ရင်၊ ဒါမှမဟုတ် အတော်ကို သေးသွားရင် အူ၊ ပန်ကရိယ၊ နား၊ နှာခေါင်း၊ လည်ချောင်းတို့ အလုပ် လုပ်ပုံ မမှန်လို့ပါ။

- လက်မပေါ်က လခြမ်းက အဆုတ်နဲ့ သရက်ရွက်တို့ရဲ အလုပ်လုပ်ပုံ ကောင်းမွန် လို့ပါ။ လက်မပေါ်က လခြမ်းက အထင်ရှားဆုံး ဖြစ်ပြီး လက်မရဲ့ 25 ရာခိုင်နှုန်းထက် ပိုမကြီးသင့် ပါဘူး။ သွေးလွှတ်ကြောမှာ သွေးတိုးလာတဲ့ အခါ လက်မပေါ်က လခြမ်းက သိသိသာသာ သေးသွားသလို သိသိသာသာ ကြီးလာတတ် ပါတယ်။

လခြမ်းများ အလွန်ကြီးလာခြင်း

လခြမ်းတွေက လက်ချောင်းပေါ်မှာ အလွန်ကြီးလာခြင်းက နှလုံးသွေးကြောစနစ်၊ နှလုံးခုန်ခြင်း၊ သွေးဖိအားနည်းခြင်း ပြဿနာ ရှိနေတာကို ဖော်ပြတာပါ။ လက်သည်းပေါ်က လခြမ်းကြီးတွေကို အားကစားသမားတွေ၊ ကိုယ်ကာယသုံးပြီး အလုပ် လုပ်ရသူတွေမှာ တွေ့ရတတ်ပါတယ်။ အားကစားသမားမဟုတ်ဘဲ လက်သည်းပေါ်မှာ လခြမ်းအကြီးကြီး တွေ့ရရင်တော့ စိတ်ဖိစီးမှု များနေလို့ပါ။

လခြမ်းများ သေးသွားခြင်း

လက်သည်းရဲ့အောက်ဘက်မှာ လခြမ်းပုံသေးသေးလေးမြင်ရရင် သွေးဖိအားနည်းပြီး သွေးလည်ပတ်မှု မမှန်ကန်လို့ပါ။ ကိုယ်ခံအား နည်းတဲ့ အခါ သွေးတွင်း သကြားဓာတ်နဲ့ ပတ်သက်ပြီး ပြဿနာရှိတဲ့အခါ၊ ဆီးချိုရောဂါ ပိုတိုးလာတဲ့ အခါ လက်သည်းပေါ်မှာ လခြမ်းသေးသေးလေးကို မြင်ရတတ်ပါတယ်။

လခြမ်းများကို လုံးဝမမြင်ရခြင်း

ကလေးတွေရဲ့လက်သည်းပေါ်မှာ လခြမ်းလေးတွေ မမြင်ရတဲ့အခါ အရမ်းကြီး လန့်မသွားပါနဲ့ဦး။ ကလေးတွေမှာ တစ်ခါတလေ လက်သည်းရဲ့ လခြမ်းလေးတွေ မမြင်ရတာ၊ အချိန်ကြာမှ ပေါ်လာတတ်တာလည်း ရှိပါတယ်။ တချို့သူတွေမှာကျတော့ လက်သည်းရဲ့ဖွဲ့စည်းပုံထူးခြားမှု ကြောင့်လည်း လခြမ်း မပေါ်တတ်ပါဘူး။ ဒါပေမယ့် လက်သည်းမှာ ရုတ်တရက် လခြမ်းပျောက်သွားခြင်းက သွေးလည်ပတ်မှု မမှန်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

လက်သည်းပေါ်က လခြမ်းအရောင်ပြောင်းခြင်း

1. အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ အစာချေမှု ကမောက်ကမဖြစ်ခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းတို့ ဖြစ်တဲ့အခါ ခဲရောင်လခြမ်းလေး ပေါ်လာတတ်ပါတယ်။

2. ကျန်းမာတဲ့အခါ လက်သည်းပေါ်မှာ အဖြူရောင် လခြမ်းလေး ပေါ်လာတတ်ပါတယ်။

3. သွေးလည်ပတ်မှု အားနည်းတဲ့အခါ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေမှာ အောက်ဆီဂျင်ချို့တဲ့တဲ့အခါ ခရမ်းရောင် လခြမ်းလေး ပေါ်လာတတ်ပါတယ်။ မူးခြင်းနဲ့ ခေါင်းကိုက်ခြင်း လည်း ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။

4. ပန်းရောင်(အနီရောင်)လခြမ်းက အဆုတ်မှာ ပြဿနာရှိနေတဲ့ အခါ ပေါ်လာတတ်ပါတယ်။

5. အနက်ရောင် လခြမ်းကို တွေ့ရင်တော့ လုံးဝကို အန္တရာယ် ရှိနေတဲ့ လက္ခဏာပါပဲ။ အားပြင်းတဲ့သတ္ထု အဆိပ်သင့်တဲ့ အခါလည်း ပေါ်လာတတ်ပါတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

လက္သည္းေပၚက လျခမ္းေလးေတြ သတိေပးေနတဲ့ သင့္က်န္းမာေရး (႐ုပ္သံ)

လက္ေခ်ာင္းေလးေတြကို ၾကည့္တဲ့အခါ လက္သည္းရဲ႕ ေအာက္ဖက္ လျခမ္းပုံေလး ေတြကို သင္သတိထားမိ မွာပါ။ လက္သည္းေပၚက လျခမ္းေလးေတြရဲ႕ အေရာင္၊ ပုံသ႑ာန္၊ အ႐ြယ္အစားက ေရာဂါတစ္ခုရဲ႕ လက္ရွိ အေျခအေနကို ၫႊန္ျပေပးႏိုင္႐ုံမကပဲ ေရာဂါရဲ႕ပင္ကို သေဘာကိုပါ ေဖာ္ျပေပးႏိုင္ပါတယ္။

လက္သည္းေပၚက လျခမ္းေလးကို လုံးဝမျမင္ရတာ၊ မရွိတာက က်န္းမာေရး ပုံမွန္ျဖစ္တဲ့ လကၡဏာပါ။

- လက္သန္းေပၚက လျခမ္းေလးက ေက်ာက္ကပ္၊ အူသိမ္၊ ႏွလုံးတို႔ရဲ႕ အလုပ္လုပ္ပုံနဲ႔ ဆက္စပ္ေနပါတယ္။ လျခမ္းပိုၿပီး ေပၚလြင္လာျခင္းက ေသြးတိုးျခင္းရဲ႕ ရလဒ္ပါပဲ။

- လက္သူႂကြယ္က မ်ိဳးပြားျခင္းနဲ႔ ေသြးျဖဴဥစနစ္ ေတြရဲ႕ အလုပ္ လုပ္ပုံနဲ႔ ဆက္စပ္ေန ပါတယ္။ လက္သူႂကြယ္ေပၚက လျခမ္းကို ျမင္ရခဲ ပါတယ္။ျမင္ရရင္ေတာ အစာေျခမႈ စနစ္နဲ႔ ပတ္သက္ၿပီး ျပႆနာ ရွိလို႔ပါ။

- လက္ခလယ္က ဦးေႏွာက္နဲ႔ ႏွလုံးေသြးေၾကာစနစ္ အလုပ္ လုပ္ပုံနဲ႔ ဆက္စပ္ေန ပါတယ္။ လက္သူႂကြယ္ေပၚမွာ လျခမ္း မရွိျခင္းက ေသြးေၾကာေတြမွာ ျပႆနာ ရွိေနၿပီး ေသြးဖိအား မ်ားေနတာကို ေဖာ္ျပတာပါ။

- လက္ညႇိဳးေပၚက လျခမ္း မရွိေတာ့ရင္၊ ဒါမွမဟုတ္ အေတာ္ကို ေသးသြားရင္ အူ၊ ပန္ကရိယ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းတို႔ အလုပ္ လုပ္ပုံ မမွန္လို႔ပါ။

- လက္မေပၚက လျခမ္းက အဆုတ္နဲ႔ သရက္႐ြက္တို႔ရဲ အလုပ္လုပ္ပုံ ေကာင္းမြန္ လို႔ပါ။ လက္မေပၚက လျခမ္းက အထင္ရွားဆုံး ျဖစ္ၿပီး လက္မရဲ႕ 25 ရာခိုင္ႏႈန္းထက္ ပိုမႀကီးသင့္ ပါဘူး။ ေသြးလႊတ္ေၾကာမွာ ေသြးတိုးလာတဲ့ အခါ လက္မေပၚက လျခမ္းက သိသိသာသာ ေသးသြားသလို သိသိသာသာ ႀကီးလာတတ္ ပါတယ္။

လျခမ္းမ်ား အလြန္ႀကီးလာျခင္း

လျခမ္းေတြက လက္ေခ်ာင္းေပၚမွာ အလြန္ႀကီးလာျခင္းက ႏွလုံးေသြးေၾကာစနစ္၊ ႏွလုံးခုန္ျခင္း၊ ေသြးဖိအားနည္းျခင္း ျပႆနာ ရွိေနတာကို ေဖာ္ျပတာပါ။ လက္သည္းေပၚက လျခမ္းႀကီးေတြကို အားကစားသမားေတြ၊ ကိုယ္ကာယသုံးၿပီး အလုပ္ လုပ္ရသူေတြမွာ ေတြ႕ရတတ္ပါတယ္။ အားကစားသမားမဟုတ္ဘဲ လက္သည္းေပၚမွာ လျခမ္းအႀကီးႀကီး ေတြ႕ရရင္ေတာ့ စိတ္ဖိစီးမႈ မ်ားေနလို႔ပါ။

လျခမ္းမ်ား ေသးသြားျခင္း

လက္သည္းရဲ႕ေအာက္ဘက္မွာ လျခမ္းပုံေသးေသးေလးျမင္ရရင္ ေသြးဖိအားနည္းၿပီး ေသြးလည္ပတ္မႈ မမွန္ကန္လို႔ပါ။ ကိုယ္ခံအား နည္းတဲ့ အခါ ေသြးတြင္း သၾကားဓာတ္နဲ႔ ပတ္သက္ၿပီး ျပႆနာရွိတဲ့အခါ၊ ဆီးခ်ိဳေရာဂါ ပိုတိုးလာတဲ့ အခါ လက္သည္းေပၚမွာ လျခမ္းေသးေသးေလးကို ျမင္ရတတ္ပါတယ္။

လျခမ္းမ်ားကို လုံးဝမျမင္ရျခင္း

ကေလးေတြရဲ႕လက္သည္းေပၚမွာ လျခမ္းေလးေတြ မျမင္ရတဲ့အခါ အရမ္းႀကီး လန႔္မသြားပါနဲ႔ဦး။ ကေလးေတြမွာ တစ္ခါတေလ လက္သည္းရဲ႕ လျခမ္းေလးေတြ မျမင္ရတာ၊ အခ်ိန္ၾကာမွ ေပၚလာတတ္တာလည္း ရွိပါတယ္။ တခ်ိဳ႕သူေတြမွာက်ေတာ့ လက္သည္းရဲ႕ဖြဲ႕စည္းပုံထူးျခားမႈ ေၾကာင့္လည္း လျခမ္း မေပၚတတ္ပါဘူး။ ဒါေပမယ့္ လက္သည္းမွာ ႐ုတ္တရက္ လျခမ္းေပ်ာက္သြားျခင္းက ေသြးလည္ပတ္မႈ မမွန္ျခင္းေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

လက္သည္းေပၚက လျခမ္းအေရာင္ေျပာင္းျခင္း

1. အလြန္အမင္း ပင္ပန္းႏြမ္းနယ္ျခင္း၊ အစာေခ်မႈ ကေမာက္ကမျဖစ္ျခင္း၊ အာဟာရဓာတ္ ခ်ိဳ႕တဲ့ျခင္းတို႔ ျဖစ္တဲ့အခါ ခဲေရာင္လျခမ္းေလး ေပၚလာတတ္ပါတယ္။

2. က်န္းမာတဲ့အခါ လက္သည္းေပၚမွာ အျဖဴေရာင္ လျခမ္းေလး ေပၚလာတတ္ပါတယ္။

3. ေသြးလည္ပတ္မႈ အားနည္းတဲ့အခါ၊ ကိုယ္အဂၤါ အစိတ္အပိုင္းေတြနဲ႔ တစ္ရႉးေတြမွာ ေအာက္ဆီဂ်င္ခ်ိဳ႕တဲ့တဲ့အခါ ခရမ္းေရာင္ လျခမ္းေလး ေပၚလာတတ္ပါတယ္။ မူးျခင္းနဲ႔ ေခါင္းကိုက္ျခင္း လည္း ရံဖန္ရံခါ ျဖစ္တတ္ပါတယ္။

4. ပန္းေရာင္(အနီေရာင္)လျခမ္းက အဆုတ္မွာ ျပႆနာရွိေနတဲ့ အခါ ေပၚလာတတ္ပါတယ္။

5. အနက္ေရာင္ လျခမ္းကို ေတြ႕ရင္ေတာ့ လုံးဝကို အႏၲရာယ္ ရွိေနတဲ့ လကၡဏာပါပဲ။ အားျပင္းတဲ့သတၳဳ အဆိပ္သင့္တဲ့ အခါလည္း ေပၚလာတတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments