လက်ကို upgrade တင်လိုက်ကြတဲ့ ဆွီဒင်နိုင်ငံသားများ
ဆွီဒင်နိုင်ငံသားတွေက ၂၀၁၈ ခုနှစ် နွေဦးရာသီက စပြီး chip ပြားတွေနဲ့ စမ်းသပ်မှုတွေ ပြုခဲ့ပါတယ်။ Chip ပြားကို လက်မနဲ့ လက်ညှိုးကြားမှာ ခွဲစိတ်ပြီး ထည့်သွင်းကြပါတယ်။ အမြဲတမ်း သယ်သွားရတဲ့ပစ္စည်းတွေဖြစ်တဲ့ ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဘဏ်ကတ်တွေ၊ သော့တွေ၊ တခြားအရာတွေ နေရာမှာ chip ပြားကို အစားထိုးဖို့ပဲ ဖြစ်ပါတယ်။
Chip ပြားတွေကို လက်မနဲ့ လက်ညှိုးကြားမှာ ခွဲစိတ်ပြီး ထည့်ထားလိုက်ရင် အဲဒီအရာတွေကို သပ်သပ်ယူနေစရာ မလိုတော့ပါဘူး။ လွန်ခဲ့တဲ့နှစ်က ဆွီဒင်နိုင်ငံက လူပေါင်း ၁၀၀ ကျော်က သူတို့ရဲ့လက်တွေထဲမှာ chip ပြားတွေကို ခွဲစိတ်ပြီး ထည့်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ လက်ထဲမှာ chip ပြားတွေ ခွဲစိတ်ထည့်ထားကြတဲ့ လူဦးရေဟာ ၄၀၀၀ တောင် ရှိနေပါပြီ။ Chip ပြားတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့
- electronic wallet တွေ၊ ဘဏ်ကတ်တွေ၊ ခရီးသွားကတ်တွေ၊ သော့တွေစတဲ့အရာတွေကို chip ပြားနဲ့ အစားထိုးဖို့ပါ။ လက်ထဲမှာ ခွဲစိတ်ထည့်ထားတဲ့ chip ပြားရဲ့ အစွန်းလေးကို ထိလိုက်ရုံပါပဲ။ အဲဒီအခါ ဘဏ်ကတ်တွေနဲ့ ငွေပေးချေတာ၊ electronic wallet တွေက ငွေပေးချေတာ၊ သော့ဖွင့်ပေးတာတွေကို chip လေးက ပြုလုပ်ပေးပါတယ်။
- Chip ရဲ့ အရွယ်အစားက စပါးစေ့တစ်စေ့စာလောက်ပဲ ရှိပါတယ်။
- Chip ရဲ့ တန်ဖိုးက အားလုံးအပြီးအစီးကိုမှ ဒေါ်လာ ၁၈၀ ပါ။ တချို့ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့ဝန်ထမ်းတွေကို လက်ထဲကို chip ခွဲစိတ်ပြီး ထည့်ထားဖို့ ကမ်းလှမ်းထားပါပြီ။
- Chipမှာ GPS လမ်းကြောင်း မပါတာကြောင့် ခြေရာခံလို့တော့ မရပါဘူး။
- Chip ပြားက ကိုယ်အသုံးပြုမယ့်အရာနဲ့ လက်မ အနည်းငယ်အကွာမှာပဲ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်တွေကို တခြားသူတွေ လွယ်လွယ်နဲ့ မရနိုင်ပါဘူး။
- Chip ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို သေသေချာချာ သိမ်းထားပေးနိုင်ပါတယ်။ ဒါပေမယ့် တခြား device တွေထဲက အချက်အလက်တွေကိုတော့ chip က အလုပ်မလုပ်ပါဘူး။
Chip ပြားလေးတွေက ဆွီဒင်နိုင်ငံမှာ နေထိုင်သူတွေအတွက် digital ခေတ်ရောက်အောင် ပို့ဆောင်ပေးတဲ့ တံခါးတစ်ချပ်လို့ သိပ္ပံပညာရှင်တွေက ထင်မြင်ကြပါတယ်။ ဒါ့အပြင် chip ပြားလေးတွေကြောင့် နေ့စဉ် ဘဝတွေက လွယ်ကူသွားပါတယ်။
Chip ပြားလေးရဲ့ အလုပ်လုပ်ပုံ
Chip ပြားလေးကို ထိလိုက်ရုံလေးပါပဲ ။ chipထဲမှာ ပါဝင်တဲ့ အချက်အလက်တွေက မယုံကြည်ရကြောင်း၊ မကြာခင်မှာ chip တွေထဲ GPS စနစ် ပါဝင်တော့မှာဖြစ်လို့ ခြေရာခံလို့ ရတော့မှာဖြစ်ကြောင်း တချို့တွေက ဝေဖန်ကြပါတယ်။
Zombie (Lovemedia)
For Zawgyi
ဘဏ္ကတ္ေတြ၊ ေသာ့ေတြကို အစားထိုးဖို႔ လက္ထဲမွာ chip ျပားထည့္လိုက္တဲ့ ဆြီဒင္သားမ်ား
လက္ကို upgrade တင္လိုက္ၾကတဲ့ ဆြီဒင္ႏိုင္ငံသားမ်ား
ဆြီဒင္ႏိုင္ငံသားေတြက ၂၀၁၈ ခုႏွစ္ ေႏြဦးရာသီက စၿပီး chip ျပားေတြနဲ႔ စမ္းသပ္မႈေတြ ျပဳခဲ့ပါတယ္။ Chip ျပားကို လက္မနဲ႔ လက္ညႇိဳးၾကားမွာ ခြဲစိတ္ၿပီး ထည့္သြင္းၾကပါတယ္။ အၿမဲတမ္း သယ္သြားရတဲ့ပစၥည္းေတြျဖစ္တဲ့ ပလက္စတစ္နဲ႔ျပဳလုပ္ထားတဲ့ ဘဏ္ကတ္ေတြ၊ ေသာ့ေတြ၊ တျခားအရာေတြ ေနရာမွာ chip ျပားကို အစားထိုးဖို႔ပဲ ျဖစ္ပါတယ္။
Chip ျပားေတြကို လက္မနဲ႔ လက္ညႇိဳးၾကားမွာ ခြဲစိတ္ၿပီး ထည့္ထားလိုက္ရင္ အဲဒီအရာေတြကို သပ္သပ္ယူေနစရာ မလိုေတာ့ပါဘူး။ လြန္ခဲ့တဲ့ႏွစ္က ဆြီဒင္ႏိုင္ငံက လူေပါင္း ၁၀၀ ေက်ာ္က သူတို႔ရဲ႕လက္ေတြထဲမွာ chip ျပားေတြကို ခြဲစိတ္ၿပီး ထည့္ခဲ့ၾကပါတယ္။ အခုဆိုရင္ေတာ့ လက္ထဲမွာ chip ျပားေတြ ခြဲစိတ္ထည့္ထားၾကတဲ့ လူဦးေရဟာ ၄၀၀၀ ေတာင္ ရွိေနပါၿပီ။ Chip ျပားေတြရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့
- electronic wallet ေတြ၊ ဘဏ္ကတ္ေတြ၊ ခရီးသြားကတ္ေတြ၊ ေသာ့ေတြစတဲ့အရာေတြကို chip ျပားနဲ႔ အစားထိုးဖို႔ပါ။ လက္ထဲမွာ ခြဲစိတ္ထည့္ထားတဲ့ chip ျပားရဲ႕ အစြန္းေလးကို ထိလိုက္႐ုံပါပဲ။ အဲဒီအခါ ဘဏ္ကတ္ေတြနဲ႔ ေငြေပးေခ်တာ၊ electronic wallet ေတြက ေငြေပးေခ်တာ၊ ေသာ့ဖြင့္ေပးတာေတြကို chip ေလးက ျပဳလုပ္ေပးပါတယ္။
- Chip ရဲ႕ အ႐ြယ္အစားက စပါးေစ့တစ္ေစ့စာေလာက္ပဲ ရွိပါတယ္။
- Chip ရဲ႕ တန္ဖိုးက အားလုံးအၿပီးအစီးကိုမွ ေဒၚလာ ၁၈၀ ပါ။ တခ်ိဳ႕ကုမၸဏီေတြဆိုရင္ သူတို႔ရဲ႕ဝန္ထမ္းေတြကို လက္ထဲကို chip ခြဲစိတ္ၿပီး ထည့္ထားဖို႔ ကမ္းလွမ္းထားပါၿပီ။
- Chipမွာ GPS လမ္းေၾကာင္း မပါတာေၾကာင့္ ေျခရာခံလို႔ေတာ့ မရပါဘူး။
- Chip ျပားက ကိုယ္အသုံးျပဳမယ့္အရာနဲ႔ လက္မ အနည္းငယ္အကြာမွာပဲ အလုပ္လုပ္ပါတယ္။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕လွ်ိဳ႕ဝွက္နံပါတ္ေတြကို တျခားသူေတြ လြယ္လြယ္နဲ႔ မရႏိုင္ပါဘူး။
- Chip ထဲမွာ ပါဝင္တဲ့ အခ်က္အလက္ေတြကို ေသေသခ်ာခ်ာ သိမ္းထားေပးႏိုင္ပါတယ္။ ဒါေပမယ့္ တျခား device ေတြထဲက အခ်က္အလက္ေတြကိုေတာ့ chip က အလုပ္မလုပ္ပါဘူး။
Chip ျပားေလးေတြက ဆြီဒင္ႏိုင္ငံမွာ ေနထိုင္သူေတြအတြက္ digital ေခတ္ေရာက္ေအာင္ ပို႔ေဆာင္ေပးတဲ့ တံခါးတစ္ခ်ပ္လို႔ သိပၸံပညာရွင္ေတြက ထင္ျမင္ၾကပါတယ္။ ဒါ့အျပင္ chip ျပားေလးေတြေၾကာင့္ ေန႔စဥ္ ဘဝေတြက လြယ္ကူသြားပါတယ္။
Chip ျပားေလးရဲ႕ အလုပ္လုပ္ပုံ
Chip ျပားေလးကို ထိလိုက္႐ုံေလးပါပဲ ။ chipထဲမွာ ပါဝင္တဲ့ အခ်က္အလက္ေတြက မယုံၾကည္ရေၾကာင္း၊ မၾကာခင္မွာ chip ေတြထဲ GPS စနစ္ ပါဝင္ေတာ့မွာျဖစ္လို႔ ေျခရာခံလို႔ ရေတာ့မွာျဖစ္ေၾကာင္း တခ်ိဳ႕ေတြက ေဝဖန္ၾကပါတယ္။
Zombie (Lovemedia)
0 Comments