လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီမမ (9) ဦး

ဆံပင်အရှည် လေးတွေနဲ့ အရမ်းကို လှပတဲ့ ဆယ်လီ မမတွေ ရှိပါတယ်။ သူတို့တွေဟာ လှပတဲ့ ရုပ်ရည်ကြောင့်တင် မဟုတ်ဘဲ ဆံကေသာ လှပသူတွေ အဖြစ် ချီးကျူးခံ ထားရသူတွေပါ။ ပရိသတ်တွေ ချစ်ကြတဲ့ ဆံပင်ရှည်လေး တွေကတော့

9) ယွန်းမီမီကျော်

ယွန်းမီမီကျော်ဟာ Miss People 2013 ၊ Miss Myanmar Universe 2014 first runner-up အလှမယ် တစ်ယောက် ဖြစ်ပါတယ်။ ဆံပင်လှပတဲ့ ဆယ်လီမမတွေထဲမှာ သူမကလည်း တစ်ယောက် အပါအဝင်ပါ။

8) နော်ဖောအယ်ထား

သူမကတော့ ချစ်စရာ ကောင်းတဲ့ မျက်နှာ လှလှလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာ အလှလေးနဲ့ အတူ လှပတဲ့ ဆံကေသာ အလှကိုပါ ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေးပါ။

7) မေမြင့်မိုရ်

နောက်ထပ် တစ်ယောက်ကတော့ MRTV-4 ရဲ့ ချစ်စရာ မင်းသမီးချောလေးပါ။ ပန်းနုသွေး ဇာတ်ကောင်မှာတည်းက ပရိသတ် တွေရဲ့ အားပေးမှုကို ရလာတဲ့ သူမဟာ အခုဆိုရင်တော့ ပြည်သူချစ် မင်းသမီးလေး အဖြစ်နဲ့ ရပ်တည်နေပါပြီ။ မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားသူပါ။

6) စုလှိုင်ဝင်း

နောက်ထပ် တစ်ယောက်ကတော့ Fb မှာ အက ဗီဒီယိုဖိုင်လေးတွေ၊ အမိုက်စား ဗီဒီယိုဖိုင်လေးတွေကို တင်ရင်း နာမည်ကြီးနေတဲ့ စုလှိုင်ဝင်းပါ။ အခု ဆိုရင်တော့ သူမကို ကြော်ငြာတွေမှာပါ မြင်တွေ့နေရပါပြီ။ ဆံကေသာ လှပတဲ့ ဆယ်လီတွေထဲမှာ သူမကလည်း တစ်ယောက် အပါအဝင်ပါ။

5) ဇွန်သံဇဉ်

Miss Universe Myanmar 2017 အလှမယ် တစ်ဦး ဖြစ်တဲ့ သူမမှာတော့ ဒီနေ့ခေတ်မှာ သိပ်မတွေ့ရတော့ တဲ့ ပိတုန်းရောင် ဆံကေသာ ရှိပါတယ်။ ဇွန်သံဇဉ်ရဲ့ ထူးခြားတဲ့ အလှတွေထဲမှာ သူမရဲ့ ဆံကေသာ အလှကလည်း တစ်ခု အပါအဝင်ပါ။

4) မအေးသောင်း

နောက်ထပ် တစ်ယောက်အနေနဲ့ကတော့ မြန်မာဝတ်စုံ လေးတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ မအေးသောင်းပါ။ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် သူမရဲ့ ပုံစံလေးက မြန်မာဝတ်စုံနဲ့ အရမ်းကို တင့်တယ် လိုက်ဖက် တာကိုတွေ့ရပါတယ်။

3) ရွှေအိမ်စည်

မော်ဒယ်တစ်ယောက် ဖြစ်သလို တစ်ချိန်က အလှမယ် သရဖူကို ဆွတ်ခူးခဲ့ဖူးတဲ့ သူမကတော့ လှပဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေကို ပိုင်ဆိုင်ထားသူပါ။ လက်ရှိ အချိန်ထိ ကာလာမဆိုးပဲ အနက်ရောင်အတိုင်း ရှိနေတာကို တွေ့ရပါတယ်။

2) ပန်းရောင်ခြယ်

လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ မြန်မာဆယ်လီ မိန်းကလေးလို့ ဆိုလိုက်တာနဲ့ ပရိသတ်တွေ ပြေးမြင်မိကြတဲ့ ထိပ်ဆုံး စာရင်းဝင်လေးပါ။ အုံထူ၊ ရှည်ပြီး လှပတဲ့ လှိုင်းတွန့် ဆံကေသာလေးက သူမရဲ့ အဓိက ဆွဲဆောင်မှုတွေ အထဲက တစ်ခုပါ။

1) ယွန်းယွန်း

ငယ်ငယ်လေး ကတည်းကနေ အခုချိန်ထိ တကယ့်ကို လှပကျော့ရှင်းတဲ့ ဆံပင်ရှည်ကြီးကို ထားပေးလာခဲ့တာ ဒီနေ့ အထိပါ။ ဖြောင့်စင်းပြီး လှပတဲ့ ဆံပင်ရှည်ကြီး နဲ့ အရမ်းကို လှပတဲ့ မင်းသမီးလေးပါ။

Photos from - အနုပညာရှင်များရဲ့ fb

For Zawgyi

လွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ထားတဲ့ ဆယ္လီမမ (9) ဦး

ဆံပင္အရွည္ ေလးေတြနဲ႔ အရမ္းကို လွပတဲ့ ဆယ္လီ မမေတြ ရွိပါတယ္။ သူတို႔ေတြဟာ လွပတဲ့ ႐ုပ္ရည္ေၾကာင့္တင္ မဟုတ္ဘဲ ဆံေကသာ လွပသူေတြ အျဖစ္ ခ်ီးက်ဴးခံ ထားရသူေတြပါ။ ပရိသတ္ေတြ ခ်စ္ၾကတဲ့ ဆံပင္ရွည္ေလး ေတြကေတာ့

9) ယြန္းမီမီေက်ာ္

ယြန္းမီမီေက်ာ္ဟာ Miss People 2013 ၊ Miss Myanmar Universe 2014 first runner-up အလွမယ္ တစ္ေယာက္ ျဖစ္ပါတယ္။ ဆံပင္လွပတဲ့ ဆယ္လီမမေတြထဲမွာ သူမကလည္း တစ္ေယာက္ အပါအဝင္ပါ။

8) ေနာ္ေဖာအယ္ထား

သူမကေတာ့ ခ်စ္စရာ ေကာင္းတဲ့ မ်က္ႏွာ လွလွေလးကို ပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာ အလွေလးနဲ႔ အတူ လွပတဲ့ ဆံေကသာ အလွကိုပါ ပိုင္ဆိုင္ထားတဲ့ ေမာ္ဒယ္မေလးပါ။

7) ေမျမင့္မိုရ္

ေနာက္ထပ္ တစ္ေယာက္ကေတာ့ MRTV-4 ရဲ႕ ခ်စ္စရာ မင္းသမီးေခ်ာေလးပါ။ ပန္းႏုေသြး ဇာတ္ေကာင္မွာတည္းက ပရိသတ္ ေတြရဲ႕ အားေပးမႈကို ရလာတဲ့ သူမဟာ အခုဆိုရင္ေတာ့ ျပည္သူခ်စ္ မင္းသမီးေလးအျဖစ္နဲ႔ ရပ္တည္ေနပါၿပီ။ မ်က္လုံး၊ မ်က္ခုံးေကာင္းေကာင္းနဲ႔ လွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ထားသူပါ။

6) စုလႈိင္ဝင္း

ေနာက္ထပ္ တစ္ေယာက္ကေတာ့ Fb မွာ အက ဗီဒီယိုဖိုင္ေလးေတြ၊ အမိုက္စား ဗီဒီယိုဖိုင္ေလးေတြကို တင္ရင္း နာမည္ႀကီးေနတဲ့ စုလႈိင္ဝင္းပါ။ အခု ဆိုရင္ေတာ့ သူမကို ေၾကာ္ျငာေတြမွာပါ ျမင္ေတြ႕ေနရပါၿပီ။ ဆံေကသာ လွပတဲ့ ဆယ္လီေတြထဲမွာ သူမကလည္း တစ္ေယာက္ အပါအဝင္ပါ။

5) ဇြန္သံဇဥ္

Miss Universe Myanmar 2017 အလွမယ္ တစ္ဦး ျဖစ္တဲ့ သူမမွာေတာ့ ဒီေန႔ေခတ္မွာ သိပ္မေတြ႕ရေတာ့ တဲ့ ပိတုန္းေရာင္ ဆံေကသာ ရွိပါတယ္။ ဇြန္သံဇဥ္ရဲ႕ ထူးျခားတဲ့ အလွေတြထဲမွာ သူမရဲ႕ ဆံေကသာ အလွကလည္း တစ္ခု အပါအဝင္ပါ။

4) မေအးေသာင္း

ေနာက္ထပ္ တစ္ေယာက္အေနနဲ႔ကေတာ့ ျမန္မာဝတ္စုံ ေလးေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ အရမ္းကို နာမည္ႀကီးေနတဲ့ မေအးေသာင္းပါ။ ဆံပင္ရွည္ရွည္ အရပ္ျမင့္ျမင့္ သူမရဲ႕ ပုံစံေလးက ျမန္မာဝတ္စုံနဲ႔ အရမ္းကို တင့္တယ္ လိုက္ဖက္ တာကိုေတြ႕ရပါတယ္။

3) ေ႐ႊအိမ္စည္

ေမာ္ဒယ္တစ္ေယာက္ ျဖစ္သလို တစ္ခ်ိန္က အလွမယ္ သရဖူကို ဆြတ္ခူးခဲ့ဖူးတဲ့ သူမကေတာ့ လွပေျဖာင့္စင္းတဲ့ ဆံပင္ရွည္ေတြကို ပိုင္ဆိုင္ထားသူပါ။ လက္ရွိ အခ်ိန္ထိ ကာလာမဆိုးပဲ အနက္ေရာင္အတိုင္း ရွိေနတာကို ေတြ႕ရပါတယ္။

2) ပန္းေရာင္ျခယ္

လွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ထားတဲ့ ျမန္မာဆယ္လီ မိန္းကေလးလို႔ ဆိုလိုက္တာနဲ႔ ပရိသတ္ေတြ ေျပးျမင္မိၾကတဲ့ ထိပ္ဆုံး စာရင္းဝင္ေလးပါ။ အုံထူ၊ ရွည္ၿပီး လွပတဲ့ လႈိင္းတြန႔္ ဆံေကသာေလးက သူမရဲ႕ အဓိက ဆြဲေဆာင္မႈေတြ အထဲက တစ္ခုပါ။

1) ယြန္းယြန္း

ငယ္ငယ္ေလး ကတည္းကေန အခုခ်ိန္ထိ တကယ့္ကို လွပေက်ာ့ရွင္းတဲ့ ဆံပင္ရွည္ႀကီးကို ထားေပးလာခဲ့တာ ဒီေန႔ အထိပါ။ ေျဖာင့္စင္းၿပီး လွပတဲ့ ဆံပင္ရွည္ႀကီး နဲ႔ အရမ္းကို လွပတဲ့ မင္းသမီးေလးပါ။

Photos from - အႏုပညာရွင္မ်ားရဲ႕ fb

Post a Comment

0 Comments