မိုးသည်းထဲမှာ မိခင်စိတ်အပြည့်နဲ့ သားသမီးတွေကို ကာကွယ်ပေးခဲ့တဲ့ ကြောင်မေမေ

အမေတွေရဲ့ မေတ္တာက အဆုံး မရှိပါဘူး။ Japan နိုင်ငံ၊ Kyushu ကျွန်းက ကြောင်တစ်ကောင်က ကြောင်ပေါက်စလေးတွေကို မိုးဒဏ်ကနေ အကောင်းဆုံး ကာကွယ်ပေးခဲ့ပါတယ်။ Kyushu ကျွန်းမှာ မကြာသေးခင်က မိုးသည်းကြီးမည်းကြီး ရွာသွန်းခဲ့ပါတယ်။

ရေကြီးမှုကြောင့် အိမ်တွေလည်း ဆုံးရှုံးပျက်စီးသွားပါတယ်။ လူတွေသာမက တိရစ္ဆာန်လေးတွေပါ ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရပါတယ်။ တိရစ္ဆာန်လေးတွေက မိုးနဲ့ရေကြီးမှု ဒဏ်ကနေ ရှောင်ပြေးခဲ့ရပါတယ်။

ဂျပန်နိုင်ငံက Twitter အသုံးပြုသူ Babariku က ကျောင်းသွားတဲ့ လမ်းပေါ်မှာ တွေ့ခဲ့တဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးခဲ့ ပါတယ်။ မိုးကြီးမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ကျောင်းတွေကို ပိတ်ထားခဲ့ ရပါတယ်။

Babariku ကိစ္စတစ်ခုကြောင့် ကျောင်းကို သွားရပါတယ်။ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်က ဆိုင်ကယ်တစ်စီးရဲ့ အောက်မှာ မိုးခိုနေတာကို သူ တွေ့သွားပါတယ်။ Babariku က အရမ်း သိချင်သွားပြီး အနားကပ် ကြည့်လိုက် ပါတယ်။

ကြောင်တစ်ကောင်က သူရဲ့ကြောင်ကလေးလေးတွေကို မိုးမမိအောင် ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးနေတာကို Babariku တွေ့သွားပါတယ်။ ကြောင်လေးတွေ ဘယ်လောက်တောင် ကြောက်နေမလဲနော်။

Babariku က ဒီဓာတ်ပုံလေးတွေကို Twitter မှာ တင်လိုက်တဲ့အခါ like ပေါင်း 784k ရခဲ့ပြီး Retweet က 180 k ရရှိခဲ့ ပါတယ် ။ အင်တာနက် အသုံးပြုတွေက ကြောင်မေမေကြီးရဲ့ မေတ္တာကို ချီးကျူးနေကြပြီး သူ့ရဲ့ကြောင်ကလေးလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာမယ် လို့လည်း ယုံကြည်နေကြ ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments