ကားထဲမှာ ကလေးတွေကို အချိန်အကြာကြီး ထားခဲ့တာက သိပ်ကို အန္တရာယ်များပါတယ်။ မလေးရှားနိုင်ငံ၊ Indera Mahkota မြို့မှာ အလွန် စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒါကတော့ တနှစ်အရွယ် ကလေးလေး တယောက်ကို အဖေဖြစ်သူရဲ့ ကားထဲမှာ သေဆုံးလျက်သား တွေ့ရှိရတာပါ။ ကလေးအဖေက ကလေးကို ကားထဲမှာ တနေကုန် ထားခဲ့ပြီး အလုပ်လုပ် နေခဲ့ပါတယ်။ ကလေးအဖေက အလုပ်ဆင်းတော့ ကားဆီကို ပြန်လာရာမှာ ကလေးလေး သေဆုံးနေတာကို တွေ့လိုက်ရပါတော့တယ်။
ကလေးကို ဆေးရုံကို ခေါ်သွားတဲ့အခါ ဆရာဝန်တွေက ကလေးအသက် မရှိတော့ကြောင်း ပြောပြလိုက်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အချိန်ကြာကြာကားထဲမှာ ဘယ်တော့မှ မထားခဲ့သင့်တဲ့အကြောင်း ဒီအဖြစ်အပျက်လေးက သက်သေပြနေပါတယ်။
Zombie (Lovemedia)
Ref worldofbuzz
For Zawgyi
တနှစ်အရွယ်ကလေးကို ကားထဲမှာ တနေ့လုံး ထားခဲ့တာကြောင့် သေဆုံးသွားတဲ့အဖြစ်
Zombie (Lovemedia)
Ref worldofbuzz
0 Comments