လက်သည်းပေါ်က အစင်းကြောင်းကို လျစ်လျူရှုမိရာက ရှားပါးအရေပြားကင်ဆာဖြစ်သွားတဲ့ အမျိုးသမီး

တစ်ခါတရံမှာ ခန္ဓာကိုယ်က ကိုယ်သတိမထားမိတဲ့ အရာတွေက အန္တရာယ် အကြီးကြီး ပေးနေတတ်ပါတယ်။ Alana Severs ဆိုတဲ့ အမျိုးသမီးက သူ့လက်သည်းပေါ်မှာ အစင်းကြောင်းကြီးတစ်ခုကို တွေ့ပြီးနောက် လက်သည်းကို ဆေးဆိုးလိုက်ပါတယ်။ လက်သည်းပေါ်က အစင်းကြောင်းက သူမရဲ့ လက်သည်းပေါ်မှာ ၃ နှစ်လုံး ရှိနေခဲ့တာပါ။

သူမဟာ အွန်လိုင်းကနေ ဆောင်းပါးတစ်ပုဒ် ဖတ်ပြီးနောက်မှာတော့ လက်သည်းပေါ်က အစင်းကြောင်းရာက အန္တရာယ်များမှန်း သိသွားပါတော့တယ်။ အွန်လိုင်းပေါ်က တွေ့တဲ့ ဆောင်းပါးနဲ့ သူ့ရဲ့လက်သည်းပေါ်က အစင်းကြောင်းနဲ့က တစ်ထပ်တည်း ဖြစ်နေတာကြောင့် အရမ်းကို ထိတ်လန့်သွားပါတယ်။


လက်သည်းပေါ်က အစင်းကြောင်းလေးက သေလောက်တဲ့အထိ ဒုက္ခပေးနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ပါဘူး။ လက်သည်းပေါ်က အစင်းကြောင်းကလည်း တဖြည်းဖြည်း ကြီးကြီးလာပါတယ်။ တကယ်တော့ သူမမှာ melanoma ဆိုတဲ့ အရေပြားကင်ဆာဖြစ်နေတာပါ။

Portsmouth မှာရှိတဲ့ Queen Alexandra ဆေးရုံက ခွဲစိတ်ဆရာဝန်တွေ ကင်ဆာတစ်ရှူးတွေရှိနေတဲ့ လက်သည်းတစ်ခုလုံးကို ဖယ်ရှားပစ် လိုက်ပါတယ်။ ကင်ဆာဆဲလ်တွေ ထပ်ပြီးမပြန့်နှံ့ခင်မှာ အခုလိုကုသမှုခံယူလိုက်တာက အရမ်းကို ကံကောင်းသွားပါတယ်။ အခုတော့ Alana က ကင်ဆာ အရမ်းမဆိုးခင် လက်သည်းကို ဖြတ်နိုင်လို့ ဝမ်းသာနေပါပြီ။


လက်သည်း မရှိတော့ကြောင့် Alana က လက်မောင်းက အသားစကို လက်သည်းမှာ လာဖုံးအုပ်ဖို့တော့ လိုအပ်ပါတယ်။ တကယ်တော့ Alana ရဲ့ဘဝက ဆောင်းပါးတစ်ပုဒ် ဖတ်ပြီးမှ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တာပါ။

Zombie (Lovemedia)

For Zawgyi

လက္သည္းေပၚက အစင္းေၾကာင္းကို လ်စ္လ်ဴရႈမိရာက ရွားပါးအေရျပားကင္ဆာျဖစ္သြားတဲ့ အမ်ိဳးသမီး

တစ္ခါတရံမွာ ခႏၶာကိုယ္က ကိုယ္သတိမထားမိတဲ့အရာေတြက အႏၲရာယ္အႀကီးႀကီးေပးေနတတ္ပါတယ္။ Alana Severs ဆိုတဲ့အမ်ိဳးသမီးက သူ႔လက္သည္းေပၚမွာ အစင္းေၾကာင္းႀကီးတစ္ခုကို ေတြ႕ၿပီးေနာက္ လက္သည္းကို ေဆးဆိုးလိုက္ပါတယ္။ လက္သည္းေပၚက အစင္းေၾကာင္းက သူမရဲ႕လက္သည္းေပၚမွာ ၃ ႏွစ္လုံး ရွိေနခဲ့တာပါ။

သူမဟာ အြန္လိုင္းကေန ေဆာင္းပါးတစ္ပုဒ္ ဖတ္ၿပီးေနာက္မွာေတာ့ လက္သည္းေပၚက အစင္းေၾကာင္းရာက အႏၲရာယ္မ်ားမွန္း သိသြားပါေတာ့တယ္။ အြန္လိုင္းေပၚက ေတြ႕တဲ့ေဆာင္းပါးနဲ႔ သူ႔ရဲ႕လက္သည္းေပၚက အစင္းေၾကာင္းနဲ႔က တစ္ထပ္တည္း ျဖစ္ေနတာေၾကာင့္ အရမ္းကို ထိတ္လန႔္သြားပါတယ္။

လက္သည္းေပၚက အစင္းေၾကာင္းေလးက ေသေလာက္တဲ့အထိ ဒုကၡေပးႏိုင္လိမ့္မယ္လို႔ တစ္ခါမွ မထင္ခဲ့ပါဘူး။ လက္သည္းေပၚက အစင္းေၾကာင္းကလည္း တျဖည္းျဖည္းႀကီးႀကီးလာပါတယ္။ တကယ္ေတာ့ သူမမွာ melanoma ဆိုတဲ့ အေရျပားကင္ဆာျဖစ္ေနတာပါ။

Portsmouth မွာရွိတဲ့ Queen Alexandra ေဆး႐ုံက ခြဲစိတ္ဆရာဝန္ေတြ ကင္ဆာတစ္ရႉးေတြရွိေနတဲ့ လက္သည္းတစ္ခုလုံးကို ဖယ္ရွားပစ္လိုက္ပါတယ္။ ကင္ဆာဆဲလ္ေတြ ထပ္ၿပီးမျပန႔္ႏွံ႔ခင္မွာ အခုလိုကုသမႈခံယူလိုက္တာက အရမ္းကို ကံေကာင္းသြားပါတယ္။ အခုေတာ့ Alana က ကင္ဆာအရမ္းမဆိုးခင္ လက္သည္းကို ျဖတ္ႏိုင္လို႔ ဝမ္းသာေနပါၿပီ။

လက္သည္းမရွိေတာ့ေၾကာင့္ Alana က လက္ေမာင္းက အသားစကို လက္သည္းမွာ လာဖုံးအုပ္ဖို႔ေတာ့ လိုအပ္ပါတယ္။ တကယ္ေတာ့ Alana ရဲ႕ဘဝက ေဆာင္းပါးတစ္ပုဒ္ ဖတ္ၿပီးမွ အေျပာင္းလဲႀကီး ေျပာင္းလဲသြားခဲ့တာပါ။

Zombie (Lovemedia)

Post a Comment

0 Comments