သမီးရည်းစားတွေ ဘာ့ကြောင့် ခဏခဏ ပြတ်နေကြတာလဲ

ဒီခေတ်မှာ ချစ်သူရည်းစား သက်တမ်း 2 နှစ်ကျော် မြဲဖို့က မလွယ်ပါဘူး ။ 5 နှစ် အထက် အတူ ဖြတ်သန်းသွားဖို့ ဆိုတာ ပိုလို့တောင် မလွယ်ကူတဲ့ ကိစ္စပါ ။ သံယောဇဉ်တွေနဲ့ ချည်နှောင် ထားလည်း အလကား ပါပဲ ။ မိဘအသိုင်းအဝိုင်းနဲ့ Peace ဖြစ်ထားလည်း အပိုပါပဲ ။ ဘုရားစူး မိုးကြိုးပစ် ကျိန်ထားလည်း သစ္စာမဲ့တာ ပါပဲ ။ Public အထိ ချပြထားခဲ့လည်း ဝေးရတာပါပဲ ။ နှစ်တွေ မနည်းဘူး အတူရှိခဲ့ကြလည်း ပြတ်တာပါပဲ ။

ညလုံးပေါက် ဖုန်းတွေပြောခဲ့ Chat ခဲ့ကြတယ် ။ ဘယ်နေရာ သွားသွား သော့ချိတ်လို ကပ်ပါ ခဲ့ကြတယ် ။ ကိုကိုတွေ အသဲတခြမ်းတွေ ချစ်စနိုးနဲ့ ခေါ်ခဲ့ကြတယ် ။ ဖုန်း Screen မှာ Couple ပုံ တင်ထားခဲ့ကြတယ် ။ ဘဝအတွက် Plan တွေ အတူ ချမှတ်ခဲ့ ကြတယ် ။ ရေစက် ကုန်တော့လည်း လက်ပြ နှုတ်ဆက်ကြတာ ပါပဲ ။

လူတွေက အပြောင်းအလဲတွေ မြန်လာကြတယ် ။ ကတိကို ထမင်းစား ရေသောက် လွယ်လွယ် ပေးလာကြတယ် ။ အချိန်မရွေး ဖေါက်ပြန်ဖို့ စဉ်းစားတတ်လာ ကြတယ် ။

ရည်းစား ရှိတဲ့သူ ကိုမှ အသေအလဲ လိုက်ဆွဲချင် ကြတယ် ။ သူများ အတွဲပြတ်မှ စားဝင် အိပ်ပျော်လာ တတ်ကြတယ် ။ ပွဲလန့်တုန်း ဖျာဝင်ခင်း ၊ အချောင်ဝင်နှိုက် မြည်းချင်လာ ကြတယ် ။

ချစ်သူ ရှိရက်နဲ့ နောက်ထပ် အသစ် ထပ်ထားချင်ကြတယ် ။ နှလုံးသား Storage က 256 GB အထိ ဆံ့လာကြတယ် ။ ဖေါက်ပြန်ချင်တာနဲ့ပဲ အသံတိတ် နှိပ်စက်လာ ကြတယ် ။

တချို့ဆို Anni တောင် မလုပ်လိုက်ရဘူး ။ ပြဿနာတွေ တက် ၊ တာ့တာ bye bye လုပ်ရပြီ ။ တချို့ကျပြန်တော့ လပိုင်းလောက်ပဲ ကြာလိုက်တာ ။ မခေါ်မပြောတွေ ဖြစ်ပြီး ကိုယ့်လမ်း ကိုယ်ဆက်လျှောက်ရပြီ ။ တချို့တွေက ရက်သတ္တပတ်ပဲ တွဲရသေး ရွေးချယ်မှု မှားမှန်း သိပြီး မသိမသာလေး ပြတ်သွားကြရော ။

တကယ်ဆို ချစ်သူ ရည်းစားတွေ ဖြစ်လာတာက တယောက်ကို တယောက် ချစ်လို့ပဲ မဟုတ်လား ?

ဘာ့ကြောင့် ရန်ဖြစ် စကားများတိုင်း လမ်းခွဲချင်နေ ရတာလဲ ? မာနတွေ အပြိုင်အဆိုင်ထား အနိုင်ယူချင်နေရတာလဲ ? Lotteria က ကြက်ကြော်ကို မေ့ပြီး လမ်းဘေးက ဘယာကြော်ကို စိတ်ရောက်နေရ တာလဲ ?

နှစ်ပေါင်း မနည်းဘူး အခက်အခဲ ပေါင်းစုံ ကျော်လွှား ဖြတ်သန်းလာခဲ့တဲ့ အချစ်ရေး တခု မိနစ်ပိုင်းလောက် အသေးအဖွဲ့ Case လေးကြောင့် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် အဆုံးရှုံး မခံလိုက်ပါနဲ့ ။

လက်ရှိ ကိုယ့်ဘေးက ချစ်သူလောက် ဘယ်သူကမှ ဒီကမ္ဘာမှာ သင့်ကို ချစ်ပေးနိုင်မှာ မဟုတ်သလို သင့်ရဲ့စိတ်ကိုလည်း Scan ဖတ်ပေးနိုင်မှာ မဟုတ်ဘူးလေ ။

Crd

For Zawgyi

သမီးရည္းစားေတြ ဘာ့ေၾကာင့္ ခဏခဏ ျပတ္ေနၾကတာလဲ

ဒီေခတ္မွာ ခ်စ္သူရည္းစား သက္တမ္း 2 ႏွစ္ေက်ာ္ ၿမဲဖို႔က မလြယ္ပါဘူး ။ 5 ႏွစ္ အထက္ အတူ ျဖတ္သန္းသြားဖို႔ ဆိုတာ ပိုလို႔ေတာင္ မလြယ္ကူတဲ့ ကိစၥပါ ။ သံေယာဇဥ္ေတြနဲ႔ ခ်ည္ေႏွာင္ ထားလည္း အလကား ပါပဲ ။ မိဘအသိုင္းအဝိုင္းနဲ႔ Peace ျဖစ္ထားလည္း အပိုပါပဲ ။ ဘုရားစူး မိုးႀကိဳးပစ္ က်ိန္ထားလည္း သစၥာမဲ့တာ ပါပဲ ။ Public အထိ ခ်ျပထားခဲ့လည္း ေဝးရတာပါပဲ ။ ႏွစ္ေတြ မနည္းဘူး အတူ ရွိခဲ့ၾကလည္း ျပတ္တာပါပဲ ။

ညလုံးေပါက္ ဖုန္းေတြေျပာခဲ့ Chat ခဲ့ၾကတယ္ ။ ဘယ္ေနရာ သြားသြား ေသာ့ခ်ိတ္လို ကပ္ပါ ခဲ့ၾကတယ္ ။ ကိုကိုေတြ အသဲတျခမ္းေတြ ခ်စ္စႏိုးနဲ႔ ေခၚခဲ့ၾကတယ္ ။ ဖုန္း Screen မွာ Couple ပုံ တင္ထားခဲ့ၾကတယ္ ။ ဘဝအတြက္ Plan ေတြ အတူ ခ်မွတ္ခဲ့ ၾကတယ္ ။ ေရစက္ ကုန္ေတာ့လည္း လက္ျပ ႏႈတ္ဆက္ၾကတာ ပါပဲ ။

လူေတြက အေျပာင္းအလဲေတြ ျမန္လာၾကတယ္ ။ ကတိကို ထမင္းစား ေရေသာက္ လြယ္လြယ္ ေပးလာၾကတယ္ ။ အခ်ိန္မေ႐ြး ေဖါက္ျပန္ဖို႔ စဥ္းစားတတ္လာ ၾကတယ္ ။

ရည္းစား ရွိတဲ့သူ ကိုမွ အေသအလဲ လိုက္ဆြဲခ်င္ ၾကတယ္ ။ သူမ်ား အတြဲျပတ္မွ စားဝင္ အိပ္ေပ်ာ္လာ တတ္ၾကတယ္ ။ ပြဲလန႔္တုန္း ဖ်ာဝင္ခင္း ၊ အေခ်ာင္ဝင္ႏႈိက္ ျမည္းခ်င္လာ ၾကတယ္ ။

ခ်စ္သူ ရွိရက္နဲ႔ ေနာက္ထပ္ အသစ္ ထပ္ထားခ်င္ၾကတယ္ ။ ႏွလုံးသား Storage က 256 GB အထိ ဆံ့လာၾကတယ္ ။ ေဖါက္ျပန္ခ်င္တာနဲ႔ပဲ အသံတိတ္ ႏွိပ္စက္လာ ၾကတယ္ ။

တခ်ိဳ႕ဆို Anni ေတာင္ မလုပ္လိုက္ရဘူး ။ ျပႆနာေတြ တက္ ၊ တာ့တာ bye bye လုပ္ရၿပီ ။ တခ်ိဳ႕က်ျပန္ေတာ့ လပိုင္းေလာက္ပဲ ၾကာလိုက္တာ ။ မေခၚမေျပာေတြ ျဖစ္ၿပီး ကိုယ့္လမ္း ကိုယ္ဆက္ေလွ်ာက္ရၿပီ ။ တခ်ိဳ႕ေတြက ရက္သတၱပတ္ပဲ တြဲရေသး ေ႐ြးခ်ယ္မႈ မွားမွန္း သိၿပီး မသိမသာေလး ျပတ္သြားၾကေရာ ။

တကယ္ဆို ခ်စ္သူ ရည္းစားေတြ ျဖစ္လာတာက တေယာက္ကို တေယာက္ ခ်စ္လို႔ပဲ မဟုတ္လား ?

ဘာ့ေၾကာင့္ ရန္ျဖစ္ စကားမ်ားတိုင္း လမ္းခြဲခ်င္ေန ရတာလဲ ? မာနေတြ အၿပိဳင္အဆိုင္ထား အႏိုင္ယူခ်င္ေနရတာလဲ ? Lotteria က ၾကက္ေၾကာ္ကို ေမ့ၿပီး လမ္းေဘးက ဘယာေၾကာ္ကို စိတ္ေရာက္ေနရ တာလဲ ?

ႏွစ္ေပါင္း မနည္းဘူး အခက္အခဲ ေပါင္းစုံ ေက်ာ္လႊား ျဖတ္သန္းလာခဲ့တဲ့ အခ်စ္ေရး တခု မိနစ္ပိုင္းေလာက္ အေသးအဖြဲ႕ Case ေလးေၾကာင့္ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ အဆုံးရႈံး မခံလိုက္ပါနဲ႔ ။

လက္ရွိ ကိုယ့္ေဘးက ခ်စ္သူေလာက္ ဘယ္သူကမွ ဒီကမာၻမွာ သင့္ကို ခ်စ္ေပးႏိုင္မွာ မဟုတ္သလို သင့္ရဲ႕စိတ္ကိုလည္း Scan ဖတ္ေပးႏိုင္မွာ မဟုတ္ဘူးေလ ။

Crd

Post a Comment

0 Comments