သစ္စာဖောက်ရဲသလား

(ဖတ်ပီးရင် ပြန်မျှဝေ စေလိုပါတယ် )

သင် ချစ်တဲ့သူကို သစ္စာဖောက် ချင်နေပြီလား.. ဒီအချက်တွေကို အရင်ဆုံး ထည့်တွေးလိုက်ပါ…

သင့် ချစ်သူကို သင်ထားသွားပြီးနောက်...

၁) သင်နဲ့ စာပို့နေကြအချိန် သူသင့်စာကို မျှော်နေလိမ့်မယ် ဆိုတာ မမေ့ပါနဲ့... သင့်စာကို မျှော်ရင်း တချိန်က သင် သိပ်ချစ်ခဲ့ရသူ အမှန်တကယ် ငိုကြွေးနေ ပါလိမ့်မယ် ။

၂) သင်နဲ့ ဖုန်းပြောနေကြ အချိန်တွေ ရောက်ရင် သင့် ဖုန်းနံပါတ်ကို ခေါ်ခွင့် မရတော့ပေမယ် သူအထပ်ထပ် ခေါ်နေလိမ့်မယ် ဆိုတာ မမေ့ပါနဲ့... သင် မကိုင်တော့တဲ့ ဖုန်းခေါ်သံကို နားထောင်ရင်း သူ့နှလုံးတွေ တအား နာကျင်ကြေကွဲ နေပါပြီ ။

၃) သင်နဲ့ သွားခဲ့လာခဲ့တဲ့ နေရာတွေ ရောက်ရင် သင်များ ရောက်နေမလား ဆိုတဲ့ အတွေးနဲ့ သူ လိုက်ရှာနေတယ် ဆိုတာ မမေ့ပါနဲ့... သင်ရောက်မလာတဲ့ အရင် တချိန်က အတူ ကြည်နူးခဲ့ကြတဲ့ နေရာလေးမှာ သူတစ်ယောက်ထဲ ငေးငိုင်ပြီး မျက်ရည်ကျနေမှာ အမှန်တကယ်ပါ ။

၄) သင်နဲ့ပတ်သက်လို့ နေ့ထူးနေ့မြတ်လေးတွေ ရောက်ရင် ( ဥပမာ - သင့် မွေးနေ့လိုမျိုး ) သူ မမေ့မလျော့ တစ်ခုခု လုပ်ပေးနေမယ် ဆိုတာ သိထားပါ... သူ့အနားမှာ သင် မရှိတော့ပေမယ့် သင်ဟာ သူ့နှလုံးသားထဲမှာ အမြဲ ရှိနေခဲ့တယ်လေ... သင်နဲ့ပတ်သက်လို့ မပြောင်းလဲတဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ အမှတ်တရနေ့တွေရောက်တိုင်း သူတစ်ယောက်ထဲ သွေးပျက်မတတ် ကျိတ်ပီး ခံစားနေရတယ် ဆိုတာ သိထားပေးလိုက်ပါ ။

၅) သင်နဲ့ အတူတူ အမှတ်တရ ပစ္စည်းလေးကို မဖျောက်ပစ်ပဲ သိမ်းထားပြီး သင့်ကို သတိရတိုင်း အမှတ်တရ ပစ္စည်းလေးတွေကို ကြည့်ပီး သင့်ကိုယ်စား စကားတွေ ပြောနေတတ်တယ် ဆိုတာ သိထားပါ... သူနဲ့ပတ်သက်လို့ သင်က အစားထိုးစရာ ရှိနေပေမယ့် သင့်နေရာမှာ ဘယ်သူ့မှ အစားမထိုးဘူး ဆိုတဲ့ မောပန်းစွာ သူ ရှင်သန်နေရရှာတယ် ဆိုတာ တကယ်ပါ ။

သင့်အပေါ် သိပ်ချစ်ခဲ့သူကို သင့်ဖက်က သစ္စာဖောက်ဖို့ ကြိုးစားနေပြီလား …?

သင့်စိတ်နဲ့ သင့်သမိုင်း ကြိုက်သလို လုပ်ခွင့် ရှိတယ်... ဘယ်သူမှလည်း တားခွင့် မရှိဘူးလေ...

ဒါပေမယ့်... လုပ်ချင်တာ လုပ်ပြီးရင် နောက်ဆက်တွဲ အဆိုးအကောင်းကို သင်ကိုယ်တိုင်ပဲ ပြန်ရိတ်သိမ်းရမယ် ဆိုတာ မမေ့ပါနဲ့ ။

သူတပါးကို အသဲခွဲဖူးရင် သင်လည်း အသဲပြန်ခွဲခံရမှာ ဧကံမလွဲဘူးလေ... သူတပါးကို မျက်ရည်ကျအောင် လုပ်ထားဖူးရင် သင့်မျက်ရည်ကိုလည်း အဆတစ်ရာမက ပြန်ပေးဆပ်ဖို့ တွေးထားပါ ။

လောကကြီးရဲ့ သဘာဝကိုက ဘယ်အရာမှ အလကား မရဘူး... တစ်ခု ယူထားဖူးရင် တစ်ခုပြန် ပေးဆပ်ရတာ ရှင်းနေတာပဲ ။ ကိုယ့်အလှည့်ကျရင် ခံနိုင်ရည် ရှိမရှိကိုသာ သစ္စာမဖောက်ခင်က ကြိုတွေးထားပါ ။

သင့်အပေါ် အနစ်နာခံပြီး သစ္စာရှိရှိ ချစ်ပေးသူ " သင်ဆိုးသမျှ အပြုံးမပျက် ချစ်နိုင်သူ " သင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး ဖေးဖေးမမရှိတဲ့ ချစ်သူအပေါ် ဘာအပြစ်မှ မရှိပဲ သစ္စာဖောက်တော့မယ် လို့တွေးမိလိုက်ချိန်တိုင်း...

" သင့်ထက်သာတဲ့ လူတွေကိုလည်း သင့်ချစ်သူအနား နတ်ကောင်း နတ်မြတ်တွေက ပို့ပေးနေပြီ ဆိုတာ

သတိချပ်လိုက်ပါ " ဝဋ်ဆိုတာ နောင်ဘဝထိ စောင့်နေစရာ မလိုဘူးလေ ။

အပြစ် မရှိတဲ့ ချစ်သူကို သစ္စာဖောက်ချင်လို့ ကိုယ့်အပေါ် စိတ်ကုန်သွားအောင် ဥပေက္ခာပညာတွေ ထုတ်သုံးနေပြီလား …? မျက်ရည်ကျအောင် နည်းမျိုးစုံနဲ့ စိတ်ဒုက္ခ ပေးမိနေပြီလား …?

" သင်မမေ့ပါနဲ့" လူတစ်ယောက်ကို ဒေါသအလျောက် ဓါးနဲ့ ခုတ်လိုက်တဲ့ ဝဋ်ကြွေးဆိုတာ နောက်ဘဝမှ ဆပ်ရမှာနော်.. လူတစ်ယောက်ရဲ့ စိတ်နှလုံးကို နာကျင်စေတဲ့ ဝဋ်ကြွေးဆိုတာ နေ့မကူးဘူး ။

ဒီစာလေးကို ဖတ်မိချိန် တိုက်ဆိုင်မှုရှိရင် သင့်ချစ်သူအပေါ် သစ္စာဖောက်မဲ့ အတွေးတွေကို ဒီနေရာတင် ရပ်တန့်ပြီး သင့်ချစ်သူကို အရင်အတိုင်း ပြန်ချစ်ကြည့်လိုက်.. သင်ပေးတဲ့ မေတ္တာတွေထက် အဆတစ်ရာမကတဲ့ ချစ်ခြင်းမေတ္တာတွေ သင့်ချစ်သူစီက ပြန်ရလာပါလိမ့်မယ် ။

သင်ကိုယ်တိုင်လည်း လူတွေကြားထဲမှာ လူမှုကျင့်ဝတ် " လူ့စည်းကမ်း " စာနာစိတ် အစရှိသဖြင့် စာရိတ္တကို အခြေခံထားတဲ့ " သစ္စာဖောက်လောက်ကောင် " မဖြစ်တော့ဘူးပေါ့ ။

" ပေးဆပ်မှုတိုင်းဟာ အရင်း ရှိသလို အကျိုးလည်း မယုတ်စေပါဘူး " " လောကကြီးထဲမှာ ယောကျ်ား မိန်းမ ပေါတယ်... ကိုယ့်ဘဝ အမှန်ကို လက်ခံနိုင်တဲ့ အေးအတူပူအမျှ သစ္စာရှိရှိ ချစ်နိုင်သူသာ ရှားပါးတာ ။

စေတနာများစွာဖြင့်...

MayNoe

For Zawgyi

သစၥာေဖာက္ရဲသလား

(ဖတ္ပီးရင္ ျပန္မွ်ေဝ ေစလိုပါတယ္ )

သင္ ခ်စ္တဲ့သူကို သစၥာေဖာက္ ခ်င္ေနၿပီလား... ဒီအခ်က္ေတြကို အရင္ဆံုး ထည့္ေတြးလိုက္ပါ…

သင့္ ခ်စ္သူကို သင္ထားသြားၿပီးေနာက္...

၁) သင္နဲ ့ စာပို ့ေနၾကအခ်ိန္ သူသင့္စာကို ေမွ်ာ္ေနလိမ့္မယ္ ဆိုတာ မေမ့ပါနဲ ့... သင့္စာကို ေမွ်ာ္ရင္း တခ်ိန္က သင္ သိပ္ခ်စ္ခဲ့ရသူ အမွန္တကယ္ င္ုိေၾကြးေန ပါလိမ့္မယ္ ။

၂) သင္နဲ ့ ဖုန္းေျပာေနၾက အခ်ိန္ေတြ ေရာက္ရင္ သင့္ ဖုန္းနံပါတ္ကို ေခၚခြင့္ မရေတာ့ေပမယ္ သူအထပ္ထပ္ ေခၚေနလိမ့္မယ္ ဆိုတာ မေမ့ပါနဲ ့... သင္ မကိုင္ေတာ့တဲ့ ဖုန္းေခၚသံကို နားေထာင္ရင္း သူ ့နွလံုးေတြ တအား နာက်င္ေၾကကြဲ ေနပါၿပီ ။

၃) သင္နဲ ့ သြားခဲ့လာခဲ့တဲ့ ေနရာေတြ ေရာက္ရင္ သင္မ်ား ေရာက္ေနမလား ဆိုတဲ့ အေတြးနဲ႔ သူ လိုက္ရွာေနတယ္ ဆိုတာ မေမ့ပါနဲ ့... သင္ေရာက္မလာတဲ့ အရင္ တခ်ိန္က အတူ ၾကည္နူးခဲ့ၾကတဲ့ ေနရာေလးမွာ သူတစ္ေယာက္ထဲ ေငးငိုင္ၿပီး မ်က္ရည္က်ေနမွာ အမွန္တကယ္ပါ ။

၄) သင္နဲ ့ပတ္သက္လို႔ ေန ့ထူးေန ့ျမတ္ေလးေတြ ေရာက္ရင္ ( ဥပမာ - သင့္ ေမြးေန ့လိုမ်ိဳး ) သူ မေမ့မေလ်ာ့ တစ္ခုခု လုပ္ေပးေနမယ္ ဆိုတာ သိထားပါ... သူ ့အနားမွာ သင္ မရွိေတာ့ေပမယ့္ သင္ဟာ သူ ့နွလံုးသားထဲမွာ အၿမဲ ရွိေနခဲ့တယ္ေလ... သင္နဲ ့ပတ္သက္လို ့ မေျပာင္းလဲတဲ့ ခ်စ္ျခင္း ေမတၱာေတြနဲ ့ အမွတ္တရေန ့ေတြေရာက္တိုင္း သူတစ္ေယာက္ထဲ ေသြးပ်က္မတတ္ က်ိတ္ပီး ခံစားေနရတယ္ ဆိုတာ သိထားေပးလိုက္ပါ ။

၅) သင္နဲ႔ အတူတူ အမွတ္တရ ပစၥည္းေလးကို မေဖ်ာက္ပစ္ပဲ သိမ္းထားၿပီး သင့္ကို သတိရတိုင္း အမွတ္တရ ပစၥည္းေလးေတြကို ၾကည့္ပီး သင့္ကိုယ္စား စကားေတြ ေျပာေနတတ္တယ္ ဆိုတာ သိထားပါ... သူနဲ ့ပတ္သက္လို႔ သင္က အစားထိုးစရာ ရွိေနေပမယ့္ သင့္ေနရာမွာ ဘယ္သူ ့မွ အစားမထိုးဘူး ဆိုတဲ့ ေမာပန္းစြာ သူ ရွင္သန္ေနရရွာတယ္ ဆိုတာ တကယ္ပါ ။

သင့္အေပၚ သိပ္ခ်စ္ခဲ့သူကို သင့္ဖက္က သစၥာေဖာက္ဖို ့ ျကိဳးစားေနျပီလား …?

သင့္စိတ္နဲ ့ သင့္သမိုင္း ျကိုက္သလို လုပ္ခြင့္ ရွိတယ္... ဘယ္သူမွလည္း တားခြင့္ မရွိဘူးေလ...

ဒါေပမယ့္... လုပ္ခ်င္တာ လုပ္ၿပီးရင္ ေနာက္ဆက္တြဲ အဆိုးအေကာင္းကို သင္ကိုယ္တိုင္ပဲ ျပန္ရိတ္သိမ္းရမယ္ ဆိုတာ မေမ့ပါနဲ ့ ။

သူတပါးကို အသဲခြဲဖူးရင္ သင္လည္း အသဲျပန္ခြဲခံရမွာ ဧကံမလြဲဘူးေလ... သူတပါးကို မ်က္ရည္က်ေအာင္ လုပ္ထားဖူးရင္ သင့္မ်က္ရည္ကိုလည္း အဆတစ္ရာမက ျပန္ေပးဆပ္ဖို ့ ေတြးထားပါ ။

ေလာကႀကီးရဲ့ သဘာဝကိုက ဘယ္အရာမွ အလကား မရဘူး... တစ္ခု ယူထားဖူးရင္ တစ္ခုျပန္ ေပးဆပ္ရတာ ရွင္းေနတာပဲ ။ ကိုယ့္အလွည့္က်ရင္ ခံနိုင္ရည္ ရွိမရွိကိုသာ သစၥာမေဖာက္ခင္က ျကိုေတြးထားပါ ။

သင့္အေပၚ အနစ္နာခံၿပီး သစၥာရွိရွိ ခ်စ္ေပးသူ " သင္ဆိုးသမွ် အၿပံဳးမပ်က္ ခ်စ္နိုင္သူ " သင့္ရဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းၿပီး ေဖးေဖးမမရွိတဲ့ ခ်စ္သူအေပၚ ဘာအျပစ္မွ မရွိပဲ သစၥာေဖာက္ေတာ့မယ္ လို ့ေတြးမိလိုက္ခ်ိန္တိုင္း...

" သင့္ထက္သာတဲ့ လူေတြကိုလည္း သင့္ခ်စ္သူအနား နတ္ေကာင္း နတ္ျမတ္ေတြက ပို ့ေပးေနၿပီ ဆိုတာ

သတိခ်ပ္လိုက္ပါ " ဝဋ္ဆိုတာ ေနာင္ဘဝထိ ေစာင့္ေနစရာ မလိုဘူးေလ ။

အျပစ္ မရွိတဲ့ ခ်စ္သူကို သစၥာေဖာက္ခ်င္လို ့ ကိုယ့္အေပၚ စိတ္ကုန္သြားေအာင္ ဥေပကၡာပညာေတြ ထုတ္သံုးေနျပီလား …? မ်က္ရည္က်ေအာင္ နည္းမ်ိဳးစံုနဲ ့ စိတ္ဒုကၡ ေပးမိေနျပီလား …?

" သင္မေမ့ပါနဲ ့" လူတစ္ေယာက္ကို ေဒါသအေလ်ာက္ ဓါးနဲ ့ ခုတ္လိုက္တဲ့ ဝဋ္ေျကြးဆိုတာ ေနာက္ဘဝမွ ဆပ္ရမွာေနာ္.. လူတစ္ေယာက္ရဲ့ စိတ္နွလံုးကို နာက်င္ေစတဲ့ ဝဋ္ေျကြးဆိုတာ ေန ့့မကူးဘူး ။

ဒီစာေလးကို ဖတ္မိခ်ိန္ တိုက္ဆိုင္မႈရွိရင္ သင့္ခ်စ္သူအေပၚ သစၥာေဖာက္မဲ့ အေတြးေတြကို ဒီေနရာတင္ ရပ္တန္ ့ၿပီး သင့္ခ်စ္သူကို အရင္အတိုင္း ျပန္ခ်စ္ၾကည့္လိုက္.. သင္ေပးတဲ့ ေမတၱာေတြထက္ အဆတစ္ရာမကတဲ့ ခ်စ္ျခင္းေမတၱာေတြ သင့္ခ်စ္သူစီက ျပန္ရလာပါလိမ့္မယ္ ။

သင္ကိုယ္တိုင္လည္း လူေတြၾကားထဲမွာ လူမႈက်င့္ဝတ္ " လူ ့စည္းကမ္း " စာနာစိတ္ အစရွိသျဖင့္ စာရိတၱကို အေျခခံထားတဲ့ " သစၥာေဖာက္ေလာက္ေကာင္ " မျဖစ္ေတာ့ဘူးေပါ့ ။

" ေပးဆပ္မႈတိုင္းဟာ အရင္း ရွိသလို အက်ိဳးလည္း မယုတ္ေစပါဘူး " " ေလာကႀကီးထဲမွာ ေယာက်္ား မိန္းမ ေပါတယ္... ကိုယ့္ဘဝ အမွန္ကို လက္ခံနိုင္တဲ့ ေအးအတူပူအမွ် သစၥာရွိရွိ ခ်စ္နိုင္သူသာ ရွားပါးတာ ။

ေစတနာမ်ားစြာျဖင့္...

MayNoe

Post a Comment

0 Comments