ယောက်ျားကောင်းတွေ ရှားလာတဲ့ခေတ်မှာ မိန်းခလေးတွေ ကြုံတွေ့နေရတဲ့ ပြသနာများ
ယောကျ်ားတွေ ရှားပါးနေတယ် ဆိုပေမယ့် တကယ်တော့ သိပ်မရှားပါးသေး ပါဘူး ။ တကယ် ရှားပါးလာတာ ကတော့ ယောက်ျားကောင်းတွေပါ ။ ဒီလို ယောက်ျားကောင်း ၊ ခင်ပွန်းကောင်းတွေ ရှားလာတဲ့ ခေတ်ကြီးမှာ မိန်းခလေးများ ကြုံနေရတဲ့ ပြဿနာတွေ အများကြီး ရှိပါတယ် ။
ယေဘုယျ အားဖြင့် အဲ့ဒီ ပြသနာတွေ ကတော့
(1) ချမ်းသာသူကို ရွေးမယ် ဆိုတော့လည်း လေးစားစရာက မကောင်းဘူး ဖြစ်နေပြန်တယ် ။
(2) သာမန်လူကို ရွေးမယ် ဆိုတော့လည်း ကြိုးစားချင်စိတ်က မရှိ ဖြစ်နေတယ် ။
(3) ရုပ်လေး ချောတဲ့သူကို ရွေးမယ် ဆိုတော့လည်း အမျှော်အမြင်က နည်းပါး နေတယ် ။
(4) အရည်အချင်း တော်တဲ့သူကို ရွေးမယ် ဆိုတော့လည်း ဇီဇာ ကြောင်လွန်း တယ် ။
(5) အလုပ် ကြိုးစားသူကို ရွေးမယ် ဆိုတော့လည်း သူ့မှာ ကိုယ့်အတွက် ပေးစရာ အချိန်မရှိ ဖြစ်နေတယ် ။
(6) တာဝန်ယူတတ်တဲ့လူကို ရွေးမယ် ဆိုတော့လည်း အချစ်ကို စိတ်ကူးမယဉ်တတ်သူ ဖြစ်နေတယ် ။
(7) စိတ်နှလုံး နူးညံ့တဲ့သူကို ရွေးမယ် ဆိုတော့လည်း သူ့ရည်းစားဟောင်းနဲ့က အမြဲ အမျှင်တန်းနေတယ် ။
(8) ပညာတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း နေရာတကာ သူသိ သူတတ် နဲ့ အမြဲတမ်း ဆရာ လုပ်နေတယ် ။
(9) အဲ့ဒါဆို ပညာ မတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း အမှား ပြင်ဆင်ပေးတိုင်း ဒေါသထွက် ခံရတယ် ။
(10) ဟန်ပန်နဲ့ စမတ်ကျကျ နေတတ်သူကို ရွေးမယ် ဆိုတော့လည်း အများစုက လိမ်ညာတတ် ကြတယ် ။
တကယ်တော့ လောကကြီးမှာ Perfect ဖြစ်တဲ့သူ ဆိုတာ မရှိပါဘူး ။ ချစ်သူတွေ တယောက်ကို တယောက် ဖြည့်ဆည်းပေး ၊ နားလည်မှုပေးပြီး ပျော်ပျော် ရွှင်ရွှင် လက်တွဲသွားနိုင်ဖို့သာ အဓိကပါပဲ... ။
crd
For Zawgyi
crd
Post a Comment
0 Comments