၁၂ နှစ်ပြည့်မွေးနေ့မှာ ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ BMW ကား ဝယ်လိုက်တဲ့ မိတ်ကပ်ပညာရှင်လေး

သာမန်ဈေးရှိတဲ့ကားကို ဝယ်နိုင်ဖို့ အတွက် လူအများစုက ရုန်းကန်နေရတဲ့ အချိန်မှာ ထိုင်းနိုင်ငံက အသက် (12) နှစ်အရွယ်မိန်းကလေးက BMW ဇိမ်ခံကားကြီးကို ဝယ်နိုင်လိုက်ပါပြီ။ ဒါပေမယ့် သူမက ကားတော့ မမောင်းတတ် သေးပါဘူး။

Natthanab က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး မိတ်ကပ်ပညာနဲ့ ကျော်ကြားလာသူဖြစ်ပါတယ်။ အသက် 7 နှစ်အရွယ်ကတည်းက မိတ်ကပ်ပညာကို အလွန်အမင်း စိတ်ဝင်စားခဲ့ပြီး မိတ်ကပ် tutorial လေးတွေကို social media မှာ တင်ခဲ့ပါတယ်။

Natthanan က 2018 ခုနှစ်မှာ BBC နဲ့ ရိုက်ကူးမှု ပြုလုပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Natthanan က London Fashion Week 2018 မှာ မိတ်ကပ်ပညာရှင်တစ်ယောက် အဖြစ် အရွေးချယ် ခံရပြီးနောက်မှာ ပိုပြီးထင်ရှားလာပါတယ်။


ဒီလိုရွေးချယ်ခံရခြင်းက သူမရဲ့ဂုဏ်သတင်းကို ပိုပြီး ပေါ်လွင်လာစေပါတယ်။ အခုဆိုရင် သူမရဲ့ Facebook page မှာ follower ပေါင်း 800,000 ရှိနေပါပြီ။ Natthnan က London Fashion Week 2018 ရဲ့ အငယ်ဆုံး မိတ်ကပ်ပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။


Natthnanက 12 နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မဖြစ် BMW sedan ကားတစ်စီးကို ဝယ်လိုက်ပါပြီ။ သူမရဲ့ post မှာလည်း ဆုတောင်းပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။


လူအများစုက အသက် 20 အရွယ်မှာတောင် ဇိမ်ခံကားကို မဝယ်နိုင်လို့ Natthan ကို အားကျနေကြပါတယ်။ အသက် 12 နှစ် အရွယ်ဆိုရင် ဂေါ်လီပစ်၊ အရုပ်ဆော့နဲ့ ကစားလို့ ကောင်းတုန်းပါပဲ။ သူမရဲ့ အောင်မြင်မှုအတွက် လူအများစုက ချီးကျူးဂုဏ်ပြုခဲ့ကြ ပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

For Zawgyi








Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments