ဝတ်ထားတဲ့အရောင်ကနေ သိရှိနိုင်တဲ့ သင့်ရဲ့စိတ်နေသဘောထား

အပြာရောင်

အပြာရောင်ကို နှစ်သက်တယ် ဆိုရင် အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေ အပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ဝန်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။

ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိန္ဒြေ သိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်စကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်.. သူဟာ ပတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည် ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

အနီရောင်

အနီရောင်ကို နှစ်သက်တယ် ဆိုရင် သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြောအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ် နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သား အပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။

သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာ၀ ရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်းခံ မနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ဝါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

အဖြူရောင်

အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်း တည်ငြိမ်တဲ့ သဘောရှိတယ်။ ဖြူစင် သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံး၀ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။

လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်းမြင်တတ်တယ်။ နေတာထိုင်တာ ဝတ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစ်တတ်တယ်။

အစိမ်းရောင်

အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့ နူးညံ့မယ်။ ဒေါသ ဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရ ဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထ မရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

အနက်ရောင်

အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့သူ ဖြစ်တယ်။

ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှိတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူ အပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

ခရမ်းရောင်

ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့။ ပြဿနာ ဖြစ်လာရင်တော့ ခေါင်းရှောင် သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ် လျှို့ဝှက်စွာ လုပ်ကိုင်လေ့ ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လို အခြေအနေ ပဲ ရောက်ရောက် ဘဝတိုးတက်ဖို့ အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူးဆန်းဆန်း စိတ်ဝင်စားလေ့ ရှိတယ်။

နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက် အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

လိမ္မော်ရောင်

လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် အရာရာမှာ တက်တက်ကြွကြွ ရှိမယ်။ နေတာ ထိုင်တာ ပြောတာဆိုတာက အစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။

ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလား မမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ်။

အဝါရောင်

အဝါရောင်ကို နှစ်သက်တယ် ဆိုရင် အများအကျိုးကို သယ်ပိုး ထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ဝါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ ရှိတယ်။ လူ့ပတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့် ရှိတယ်။

အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမားရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ဝါသနာပါပြီး ကိုယ်ချစ်သူ အပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

JACBA

For Zawgyi

ဝတ္ထားတဲ့အေရာင္ကေန သိရွိႏိုင္တဲ့ သင့္ရဲ႕စိတ္ေနသေဘာထား

အျပာေရာင္

အျပာေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ ေအးေအးေဆးေဆး ေနလိုသူ ျဖစ္တယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနလိုသူ ျဖစ္တယ္။ ဆရာသမားတို႔ မိတ္ေဆြ အေပါင္း အသင္းေတြ အေပၚမွာ သစၥာရွိတယ္။ လူတကာကို ေမတၱာထားတတ္သူေပါ့။ အမ်ားအက်ိဳးကို သယ္ပိုး႐ြက္ေဆာင္ေလ့ ရွိတယ္။ ေျပာရရင္ေတာ့ ပရဟိတ စိတ္ေပါ့။ လူမႈ႕ ဝန္ထမ္း စိတ္လည္း ရွိတယ္။ ေနာက္ၿပီး ရည္႐ြယ္ခ်က္ ျမင့္မားတယ္။

ကိုယ့္ရဲ စိတ္ခံစားခ်က္ကို ေၾကာင့္ ျဖစ္ေပၚလာတဲ့ စိတ္လႈပ္ရွားမႈ႕ကို ထိမ္းခ်ဳပ္ႏိုင္သူ တည္ၿငိမ္သူလည္း ျဖစ္တယ္။ အိေျႏၵ သိကၡာနဲ႔လည္း ျပည္စုံတယ္။ ဂတိစကား အလုပ္ကိုင္စကား နဲ႔ ပါတ္သက္လာရင္လဲ ယုံၾကည္ စိတ္ခ်ရတယ္။ ေနာက္... သူဟာ ပတ္ဝန္းက်င္နဲ႔လဲ အဆင္ေျပေျပ ျဖစ္ေအာင္ ေပါင္းသင္း ဆက္ဆံတတ္သူပါ။ ကိုယ့္ရဲ႕ ခ်စ္သူအေပၚမွာလဲ နားလည္ ခြင့္လႊတ္တတ္သူ၊ အခ်စ္ႀကီးသူ ျဖစ္တယ္။

အနီေရာင္

အနီေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ သူဟာ ထက္ျမက္တဲ့ ေတာက္ေျပာင္တဲ့ အရည္အခ်င္း အရည္အေသြးေတြ ပိုင္ဆိုင္ထားသူ ျဖစ္တယ္။ သူ႔ရဲ႕ အေနအထိုင္ အေျပာအဆို အျပဳအမူေတြဟာ သြက္လက္ေနတယ္။ ရမၼက္ေတာ့ ျပင္းထန္တယ္။ ေနာက္ၿပီး အေကာင္းေလးလဲ ႀကိဳက္တတ္တယ္။ သည္းခံစိတ္ နည္းၿပီး ေဒါသေတာ့ နည္းနည္း ႀကီးသလိုပဲ။ တစ္ကိုယ္ေကာင္း ဆန္တတ္ၿပီး လူတစ္ဖက္သား အေပၚ အႏိုင္ယူခ်င္တဲ့စိတ္က မ်ားေနတယ္။ သူ႔ရဲ႕ စိတ္ဓာတ္က ခိုင္မာမယ္။ ရဲစြမ္းသတၱိကေတာ့ အေတာ္ ရွိပါတယ္။

ေနာက္ၿပီး သူဟာ ဇြဲေတာ့ အေတာ္ ေကာင္းပါတယ္။ တစ္ခုခုကို မျဖစ္ျဖစ္ေအာင္ လုပ္တတ္တဲ့ သေဘာသဘာ၀ ရွိတယ္။ မဟုတ္ရင္ေတာ့ နည္းနည္းေလးမွကို သည္းခံ မေနတတ္ဘူး။ ေမွ်ာ္လင့္ခ်က္နဲ႔ ရည္႐ြယ္ခ်က္လည္း သူတို႔က ျမင့္ျမင့္မားမား စိတ္ကူးေလ့ ရွိတယ္။ စြန႔္စား လုပ္ကိုင္ ေဆာင္႐ြက္ရတဲ့ အလုပ္ကိစၥေတြကို ဝါသနာပါသူ ျဖစ္တယ္။ ဒါေၾကာင့္ မ်ားေသာအားျဖင့္ ထင္ေပၚေက်ာ္ၾကားသူေတြ ျဖစ္တယ္။ ေတာ္လွန္တတ္တယ္။ ပုန္ကန္တတ္တယ္။ တိုက္ခိုက္တတ္တယ္။

အျဖဴေရာင္

အျဖဴေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ ေအးခ်မ္း တည္ၿငိမ္တဲ့ သေဘာရွိတယ္။ ျဖဴစင္ သန႔္ရွင္းတဲ့ သေဘာရွိတယ္။ ႐ိုးသားတဲ့ သေဘာလည္း ရွိတယ္။ အဲဒီေတာ့ အျဖဴေရာင္ ႀကိဳက္သူတဲ့သူကေတာ့ ေအးေအးခ်မ္းခ်မ္း သာသာယာယာ ေနလိုသူ ျဖစ္တယ္။ သူဟာ သူတစ္ပါးကိုလည္း ဘယ္ေတာ့မွ နစ္နာေအာင္ မလုပ္တတ္ဘူး။ ကိုယ္မွာ ရွိသေလာက္ေလးနဲ႔ ေပ်ာ္႐ႊင္ေနတတ္တယ္။ လုံး၀ မႂကြားတတ္ဘူး။ ဟန္တစ္လုံး ပန္တစ္လုံးလည္း မေနတတ္ဘူး။

လူေတြနဲ႔ ဆက္ဆံတဲ့ အခါေတြဆိုရင္လည္း ဘယ္ေတာ့မွ ေမာက္ေမာက္မာမာ အထက္စီးက ဆက္ဆံေလ့ မရွိပဲ ကိုယ့္ကို အၿမဲ ႏွိမ္ခ် ဆက္ဆံတတ္သူ ျဖစ္တယ္။ ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ စည္းကမ္းေတာ့ ရွိတယ္။ သူေတြးလိုက္ရင္လည္း ႐ိုး႐ိုးရွင္းရွင္းပဲ ေတြးတယ္။ သစၥာတရားကို တန္ဖိုးထားတတ္တယ္၊ ျမတ္ႏိုးတယ္။ ဘာကိုပဲ ျဖစ္ျဖစ္ အရာရာကို အေကာင္းျမင္တတ္တယ္။ ေနတာထိုင္တာ ဝတ္တာ စားတာ အားလုံး သန႔္သန႔္ရွင္းရွင္း ေနတတ္ ထိုင္တတ္တယ္။ သူ႔ရဲ႕ စိတ္ထားျဖဴစင္မႈကို ျမင္ေနရတယ္။ ကိုယ့္ရဲ႕ ခ်စ္သူ ကိုလဲ ျဖဴျဖဴစင္စင္ ခ်စ္တတ္တယ္။

အစိမ္းေရာင္

အစိမ္းေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္မယ္။ ဂတိတည္မယ္။ သစၥာရွိတယ္။ သူတပါးကို ကူညီတတ္တယ္။ သိမ္ေမြ႕ ႏူးညံ့မယ္။ ေဒါသ ျဖစ္ခဲတယ္။ စိတ္ဆိုးခဲတယ္။ ကိုယ့္ခ်စ္သူ အေပၚမွာလဲ ေႏြးေထြးမႈ႕ မရွိပဲ ေအးစက္စက္ ျဖစ္ေနမယ္။ အား မလို အားမရ ျဖစ္ရမယ္။ ပြင့္ပြင့္လင္းလင္း မရွိဘူး။ အုံပုန္း ဆန္တာေပါ့။ ပတ္ဝန္းက်င္နဲ႔ ဆက္ဆံေရးကလည္း ခပ္ႀကဲႀကဲပဲ။ လူေတြနဲ႔ ေရာေရာေႏွာေႏွာ ေနေလ့ေနထ မရွိဘူး။ ဒါေၾကာင့္ သူလိုလူမွာ အေပါင္းအသင္း သိပ္မရွိတတ္ဘူး။

အနက္ေရာင္

အနက္ေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ ေသြးေအးတယ္။ အရာရာကို ေလးေလးနက္နက္ သေဘာထားၿပီး ေလးေလးနက္နက္ပဲ လုပ္ကိုင္ေလ့ ရွိတယ္။ သူလုပ္ရင္ ဘယ္ေတာ့မွ ထင္ထင္ေပၚေပၚ မလုပ္တတ္ဘူး။ အရာရာကို လွ်ိဳ႕ဝွက္စြာ လုပ္ကိုင္တတ္သူပါ။

တစ္ခုခုကို အၿမဲတမ္းလဲ ဖုံးကြယ္ထားတတ္သူ။ ေနာက္ၿပီး လူတကာထက္ ပိုၿပီး အစြဲအလန္း ႀကီးတဲ့သူ ျဖစ္တယ္။ ၿပီးေတာ့ မာနကလည္း အေတာ္ကို ႀကီးတာ။ ကိုယ့္ကိုကို ယုံၾကည္ခ်က္ကလည္း ျပင္းထန္လြန္းတယ္။ ငါလုပ္ရင္ ျဖစ္ကို ျဖစ္ရမယ္ဆိုတဲ့ စိတ္ ရွိတယ္။ ေခါင္းမာတယ္။ တယူသန္ႏိုင္တယ္။ တစ္ေယာက္ထဲ သီးသန႔္ ေနလိုစိတ္ ရွိတယ္။ မေကာင္းတာကို လုပ္ရရင္ ေပ်ာ္ေမြ႕တဲ့ စိတ္ရွိတယ္။ ကိုယ္ခ်စ္သူ အေပၚမွာေတာ့ ေလးေလးနက္နက္ စြဲစြဲလန္းလန္း အ႐ူးအမူး ခ်စ္မယ့္သူေပါ့။

ခရမ္းေရာင္

ခရမ္းေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ ဆြဲေဆာင္မႈ႕ေတာ့ ရွိတယ္။ ျပႆနာေတြ ဘာေတြေတာ့ မျဖစ္ေစနဲ႔။ ျပႆနာ ျဖစ္လာရင္ေတာ့ ေခါင္းေရွာင္ သြားလိမ့္မယ္။ ဘာပဲ လုပ္လုပ္ လွ်ိဳ႕ဝွက္စြာ လုပ္ကိုင္ေလ့ ရွိတယ္။ ကိုယ့္အတြက္ကေတာ့ အရမ္း သိတတ္တယ္။ ဘယ္လို အေျခအေန ပဲ ေရာက္ေရာက္ ဘဝတိုးတက္ဖို႔ အတြက္ကေတာ့ အၿမဲတမ္း ႀကိဳးစားအား ထုပ္ေနေလ့ ရွိတယ္။ ထူးဆန္းတာ တစ္ခုကေတာ့ ဂမၻီရ ပညာရပ္ေတြကို ထူးထူးဆန္းဆန္း စိတ္ဝင္စားေလ့ ရွိတယ္။

ေနာက္ၿပီး သူဟာ အလွအပတို႔ အႏုပညာတို႔ စာေပတို႔ကိုလည္း ျမတ္ႏိုးသူ ျဖစ္မယ္။ အဲဒါေတြသာ လုပ္တဲ့လူဆိုလို႔ ကေတာ့ ေသခ်ာေပါက္ ေအာင္ျမင္မယ္။ ဒါေၾကာင့္ စိတ္ကူးလဲ အရမ္း ယဥ္တတ္တယ္။ လက္ေတြ႕မက်တဲ့ အိပ္မက္ဆန္ဆန္ စိတ္ကူးေတြလဲ သူ႔မွာ အျပည့္ရွိတယ္။ ေနာက္ဆုံး ကိုယ္ခ်စ္သူကို ခ်စ္ရင္ေတာင္ သူူက စိတ္ကူးယဥ္ ဆန္ဆန္နဲ႔ ခ်စ္ခင္တတ္ပါတယ္။

လိေမၼာ္ေရာင္

လိေမၼာ္ေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ အရာရာမွာ တက္တက္ႂကြႂကြ ရွိမယ္။ ေနတာ ထိုင္တာ ေျပာတာဆိုတာက အစ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္ ထိုင္တတ္တယ္။ ေနာက္ၿပီး စကားအေျပာအဆို ေကာင္းသူလည္း ျဖစ္တယ္။ လူေတြကသာ သူ႔ကို ဂ႐ုစိုက္လို႔ကေတာ့ သူက အရမ္းႀကိဳက္။ ဒါေပမယ့္ သူဟာ ဘာပဲလုပ္လုပ္ ေပါ့ေပါ့တန္တန္ လုပ္တတ္တဲ့ သေဘာရွိတယ္။ ေျပာရရင္ေတာ့ ေပါ့ေပါ့ေန ေပါ့ေပါ့စားဆိုတာ သူလိုလူကို ေျပာသလိုပါပဲ။ အေပ်ာ္အပါးကေတာ့ ႀကိဳက္သလား မေမးနဲ႔။ ေနရာတကာမွာ ထင္ေပၚခ်င္တယ္ ေက်ာ္ၾကားခ်င္တယ္။ အခ်စ္ဆိုေသာ အရာကိုေတာ့ ေပါ့ေပါ့တန္တန္ သေဘာထားတတ္တယ္။

အဝါေရာင္

အဝါေရာင္ကို ႏွစ္သက္တယ္ ဆိုရင္ အမ်ားအက်ိဳးကို သယ္ပိုး ထမ္ေဆာင္လိုတဲ့သူ ျဖစ္တယ္။ ပရဟိတ လုပ္ငန္းေတြကို လုပ္ေဆာင္ရတာကို ဝါသနာ ပါတယ္။ လူေတြကို ဘယ္လို ကူညီေပး၇မလဲ ဆိုတာကိုပဲ စဥ္းစား ေနေလ့ ရွိတယ္။ လူ႔ပတ္ဝန္းက်င္နဲ႔ ေႏြးေႏြးေထြးေထြး ရင္းရင္းႏွီးႏွီး ေနထိုင္တတ္တဲ့ အက်င့္ ရွိတယ္။

အေျပာင္းအလဲကိုလည္း သေဘာက် လက္ခံတတ္တဲ့လူေပါ့။ သေဘာက် ႏွစ္ၿခိဳက္တတ္တဲ့ လူပါ။ သမား႐ိုးက် လမ္းေဟာင္းကို မလိုက္ဘူး လမ္းသစ္ ထြင္ေဖာက္ ေလွ်ာက္ခ်င္တဲ့ လူ။ လက္ေတြ႕ေတာ့ က်သား။ သူလည္း အႏုပညာကို ဝါသနာပါၿပီး ကိုယ္ခ်စ္သူ အေပၚလည္း ေႏြးေထြးစြာ ဆက္ဆံတတ္သူ ျဖစ္ပါတယ္။

JACBA

Post a Comment

0 Comments