သင်မြင်ဖူးမှာမဟုတ်တဲ့ ဂျပန်ရထားတွေရဲ့ အံ့အားသင့်စရာ အချက်များ

ဂျပန်နိုင်ငံမှာ ခရီးသည်တွေ အတွက် အဓိက သယ်ယူပို့ဆောင်ရေး ကတော့ ရထားတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလုပ်အများဆုံး ဘူတာ 51 ခုမှာ ဂျပန်နိုင်ငံက ဘူတာ 45 ခု ပါဝင် ပါတယ်။ ဂျပန်နိုင်ငံရဲ့ တိုးတက်တဲ့ နည်းပညာတွေက ဂျပန်နိုင်ငံသားတွေရဲ့ ဘဝကို အကျိုးများစွာ ရှိစေပါတယ်။ ဂျပန်နိုင်ငံက ရထားတွေဟာ သက်တောင့်သက်သာဖြစ်တဲ့ နေရာမှာ စံထားရလောက် ပါတယ်။

1. Sunrise Express

Sunrise Expressက အိပ်စင်တွေ ပါဝင်တဲ့ ရထားလိုင်း ဖြစ်ပါတယ်။ Sunrise Express မှာ Windows Izumo နဲ့ Sunrise Seto ဆိုပြီး ရထားနှစ်စီး ရှိပါတယ်။ ဒီရထားနှစ်စီးပဲ Tokyo ကနေ Okayama အထိ အတူတူ ပြေးဆွဲပြီး လမ်းခွဲသွား ပါတယ်။ Sunrise Izumo က Izumoshi ကို သွားနေတဲ့ အချိန်မှာ Sunrise Seto က Takamatsu ကို သွားပါတယ်။

အပြန်ခရီးမှာ ရထားနှစ်စီးမှာ Okayamaမှာ ဆုံပြီး Tokyo ကို အတူတူ ပြန်ပြေးဆွဲ ပါတယ်။ ရထားနဲ့ ခရီးသွားခြင်းက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ လူနေမှုဘဝကို လေ့လာပြီးသား ဖြစ်စေမှာပါ။ ဒါ့အပြင် ရှုခင်းကောင်းကောင်းတွေကိုလည်း တွေ့ရဦးမှာပါ။

2. First class

ခေတ်သစ်ရထားတွေနဲ့ မတူတဲ့ Sunrise ရထားတွေမှာ အခန်းအမျိုးအစား 6 မျိုး ပါဝင်ပါတယ်။ A classက သက်တောင့်သက်သာ ရှိတဲ့ တစ်ယောက်ခန်းဖြစ်ပါတယ်။ အဲဒီအခန်းထဲမှာ ထိုင်ခုံ တစ်လုံး၊ စားပွဲတစ်လုံး၊ မျက်နှာသစ်စင်နဲ့ အိပ်ရာ ပါဝင်ပါတယ်။ အလင်းရောင်လည်း ရပြီး ရေဒီယိုလည်း နားထောင်လို့ ရပါတယ်။ တစ်ယောက်ခန်း ထဲမှာ စီးဖို့ ဖိနပ်ပါးတစ်ရံ၊ ရေချိုးခန်းအဝင် အထွက် ဝတ်ရုံ၊ တစ်ကိုယ်ရေသန့်စင်သုံး ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ A class အခန်းထဲမှာ နေပြီး ရထားစီးရတာက ရွေ့လျားနေတဲ့ ဟော်တယ်ထဲ ရောက်နေသလို ခံစားရမှာပါ။ ပြူတင်းပေါက် ကနေလည်း ဒေသရဲ့ အလှအပတွေ ကိုလည်း ငေးကြည့်လို့ ရပါတယ်။

3. Second class

ရထားထဲက နောက်ထပ်အခန်း အမျိုးအစားက B class ဖြစ်ပါတယ်။ B classမှာ Sunrise Twin, Single Twin, Single, solo ဆိုပြီး အခန်းတွေ ခွဲထားပါတယ်။ B class က အခန်းတွေမှာ တစ်ယောက်တည်း နေလို့ရသလို နှစ်ယောက်လည်း နေလို့ ရပါတယ်။ B class ကလည်း A class လိုပဲ ခရီးသွားရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ ခရီးထွက်ရင် B classက အဆင်ပြေ မှာပါ။

4. Nobinobi

Nobinobi class မှာလည်း အိပ်လို့ရတဲ့ အခန်းတွေ ပါဝင်ပါတယ်။ Nobinobi မှာ နှစ်ထပ်ကုတင်တွေ ပါဝင်ပါတယ်။ ကုတင်တွေက ကျယ်ပါတယ်။ ကုတင်တစ်ခုစီကို သစ်သားနံရံသေးသေးလေး တွေနဲ့ ခြားထားပါတယ်။ ပြူတင်းပေါက် ကနေလည်း အပြင်က ရှုခင်းတွေကို ကြည့်လို့ ရပါတယ်။

Nobinobi class နဲ့ ခရီးသွားရင် မိတ်ဆွေအသစ်တွေ တိုးလာ မှာပါ။

5. ၆ မိနစ် ရေချိုးခန်း

Sunrise ရထားတွဲတွေမှာ သန့်စင်ခန်း၊ သောက်စရာတွေ ရောင်းပေးတဲ့စက်၊ ဆေးလိပ် သောက်ပြီး အနားယူလို့ရတဲ့ အခန်းတွေ ပါဝင်ပါတယ်။ ရထားထဲက အခန်းလေးတွေ ထဲမှာ wheelchair တစ်ခုစီလည်း ပါဝင် ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ရေချိုးခန်းပါ။ ရေချိုးဖို့အတွက် ကတ်ပြားလေးဝယ်ရမှာပါ။ ရေချိုးဖို့ ရေ 6 မိနစ်လာပြီး timer မှာ အချိန်တွေ ရေတွက်နေ ပါတယ်။ 6 မိနစ် အတွင်းမှာ ခေါင်းလျှော်တာ၊ ဆပ်ပြာတိုက်တာကို မြန်မြန် လုပ်ရမှာပါ။ ဒီလိုရေချိုးတာက ဂျပန်နိုင်ငံက ရိုးရာရေချိုးနည်းဖြစ်ပြီး ရေချိုးပြီးရင် အလိုအလျောက် သန့်ရှင်းရေးလုပ်ပေးတဲ့ စက်ကို နှိပ်ပေးရမှာပါ။

Zombie (Lovemedia)

For Zawgyi

သင္ျမင္ဖူးမွာမဟုတ္တဲ့ ဂ်ပန္ရထားေတြရဲ႕ အံ့အားသင့္စရာ အခ်က္မ်ား

ဂ်ပန္ႏိုင္ငံမွာ ခရီးသည္ေတြ အတြက္ အဓိက သယ္ယူပို႔ေဆာင္ေရး ကေတာ့ ရထားေတြပဲ ျဖစ္ပါတယ္။ ကမာၻေပၚက အလုပ္အမ်ားဆုံး ဘူတာ 51ခုမွာ ဂ်ပန္ႏိုင္ငံက ဘူတာ 45 ခု ပါဝင္ ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ တိုးတက္တဲ့ နည္းပညာေတြက ဂ်ပန္ႏိုင္ငံသားေတြရဲ႕ ဘဝကို အက်ိဳးမ်ားစြာ ရွိေစပါတယ္။ ဂ်ပန္ႏိုင္ငံက ရထားေတြဟာ သက္ေတာင့္သက္သာျဖစ္တဲ့ ေနရာမွာ စံထားရေလာက္ ပါတယ္။

1. Sunrise Express

Sunrise Expressက အိပ္စင္ေတြ ပါဝင္တဲ့ ရထားလိုင္း ျဖစ္ပါတယ္။ Sunrise Express မွာ Windows Izumo နဲ႔ Sunrise Seto ဆိုၿပီး ရထားႏွစ္စီး ရွိပါတယ္။ ဒီရထားႏွစ္စီးပဲ Tokyo ကေန Okayama အထိ အတူတူ ေျပးဆြဲၿပီး လမ္းခြဲသြား ပါတယ္။ Sunrise Izumo က Izumoshi ကို သြားေနတဲ့ အခ်ိန္မွာ Sunrise Setoက Takamatsu ကို သြားပါတယ္။

အျပန္ခရီးမွာ ရထားႏွစ္စီးမွာ Okayamaမွာ ဆုံၿပီး Tokyo ကို အတူတူ ျပန္ေျပးဆြဲ ပါတယ္။ ရထားနဲ႔ ခရီးသြားျခင္းက ဂ်ပန္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြနဲ႔ လူေနမႈဘဝကို ေလ့လာၿပီးသား ျဖစ္ေစမွာပါ။ ဒါ့အျပင္ ရႈခင္းေကာင္းေကာင္းေတြကိုလည္း ေတြ႕ရဦးမွာပါ။

2. First class

ေခတ္သစ္ရထားေတြနဲ႔ မတူတဲ့ Sunrise ရထားေတြမွာ အခန္းအမ်ိဳးအစား 6 မ်ိဳး ပါဝင္ပါတယ္။ A classက သက္ေတာင့္သက္သာ ရွိတဲ့ တစ္ေယာက္ခန္းျဖစ္ပါတယ္။ အဲဒီအခန္းထဲမွာ ထိုင္ခုံ တစ္လုံး၊ စားပြဲတစ္လုံး၊ မ်က္ႏွာသစ္စင္နဲ႔ အိပ္ရာ ပါဝင္ပါတယ္။ အလင္းေရာင္လည္း ရၿပီး ေရဒီယိုလည္း နားေထာင္လို႔ ရပါတယ္။ တစ္ေယာက္ခန္း ထဲမွာ စီးဖို႔ ဖိနပ္ပါးတစ္ရံ၊ ေရခ်ိဳးခန္းအဝင္ အထြက္ ဝတ္႐ုံ၊ တစ္ကိုယ္ေရသန႔္စင္သုံး ပစၥည္းေတြလည္း ပါဝင္ပါတယ္။ A class အခန္းထဲမွာ ေနၿပီး ရထားစီးရတာက ေ႐ြ႕လ်ားေနတဲ့ ေဟာ္တယ္ထဲ ေရာက္ေနသလို ခံစားရမွာပါ။ ျပဴတင္းေပါက္ ကေနလည္း ေဒသရဲ႕ အလွအပေတြ ကိုလည္း ေငးၾကည့္လို႔ ရပါတယ္။

3. Second class

ရထားထဲက ေနာက္ထပ္အခန္း အမ်ိဳးအစားက B class ျဖစ္ပါတယ္။ B classမွာ Sunrise Twin, Single Twin, Single, solo ဆိုၿပီး အခန္းေတြ ခြဲထားပါတယ္။ B class က အခန္းေတြမွာ တစ္ေယာက္တည္း ေနလို႔ရသလို ႏွစ္ေယာက္လည္း ေနလို႔ ရပါတယ္။ B class ကလည္း A class လိုပဲ ခရီးသြားရတာ သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အတူတူ ခရီးထြက္ရင္ B classက အဆင္ေျပ မွာပါ။

4. Nobinobi

Nobinobi class မွာလည္း အိပ္လို႔ရတဲ့ အခန္းေတြ ပါဝင္ပါတယ္။ Nobinobi မွာ ႏွစ္ထပ္ကုတင္ေတြ ပါဝင္ပါတယ္။ ကုတင္ေတြက က်ယ္ပါတယ္။ ကုတင္တစ္ခုစီကို သစ္သားနံရံေသးေသးေလး ေတြနဲ႔ ျခားထားပါတယ္။ ျပဴတင္းေပါက္ ကေနလည္း အျပင္က ရႈခင္းေတြကို ၾကည့္လို႔ ရပါတယ္။

Nobinobi class နဲ႔ ခရီးသြားရင္ မိတ္ေဆြအသစ္ေတြ တိုးလာ မွာပါ။

5. ၆ မိနစ္ ေရခ်ိဳးခန္း

Sunrise ရထားတြဲေတြမွာ သန႔္စင္ခန္း၊ ေသာက္စရာေတြ ေရာင္းေပးတဲ့စက္၊ ေဆးလိပ္ ေသာက္ၿပီး အနားယူလို႔ရတဲ့ အခန္းေတြ ပါဝင္ပါတယ္။ ရထားထဲက အခန္းေလးေတြ ထဲမွာ wheelchair တစ္ခုစီလည္း ပါဝင္ ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက ေရခ်ိဳးခန္းပါ။ ေရခ်ိဳးဖို႔အတြက္ ကတ္ျပားေလးဝယ္ရမွာပါ။ ေရခ်ိဳးဖို႔ ေရ 6 မိနစ္လာၿပီး timer မွာ အခ်ိန္ေတြ ေရတြက္ေန ပါတယ္။ 6 မိနစ္ အတြင္းမွာ ေခါင္းေလွ်ာ္တာ၊ ဆပ္ျပာတိုက္တာကို ျမန္ျမန္ လုပ္ရမွာပါ။ ဒီလိုေရခ်ိဳးတာက ဂ်ပန္ႏိုင္ငံက ႐ိုးရာေရခ်ိဳးနည္းျဖစ္ၿပီး ေရခ်ိဳးၿပီးရင္ အလိုအေလ်ာက္ သန႔္ရွင္းေရးလုပ္ေပးတဲ့ စက္ကို ႏွိပ္ေပးရမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments