ဘွဲ့ရပြီး ၄ နှစ်လုံး အလုပ်ရှာမရခဲ့ပေမယ့် ကိုယ်ပိုင်မှိုလုပ်ငန်းဖြင့် အောင်မြင်သွားသူ

“အောင်မြင်မှု ဆိုတာ ရှုံးနိမ့်မှုကနေ လာတယ် အောင်မြင်ဖို့အတွက် စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးလို့ မဖြစ်ဘူး" ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ Muhamad Solihin Mahad Yasin ကတော့ ကျရှုံးမှုကနေ အောင်မြင်အောင် ကြိုးစားခဲ့လို့ Twitter မှာ နာမည်ကြီးနေသူပါ ။ Solihinက ရေကြောင်းသိပ္ပံဘွဲ့ကို 2016 ခုနှစ်ကတည်းက ရရှိခဲ့ပြီး လေးနှစ်လုံးလုံး အလုပ် ရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

“ကျွန်တော်နဲ့ သက်ဆိုင်တဲ့အလုပ်က ဧရိယာ ကြီးမားလွန်းပါတယ်။ အလုပ်ရချင်ရင်တော့ ကျွန်တော့ဇာတိမြေ Johor ပြည်နယ် Batu Pa Hat ခရိုင်ကို စွန့်ခွာသွားရမှာပေါ့။ ဒါပေမယ့် ကျွန်တော့်မိဘတွေက အသက်ကြီးပြီဆိုတော့ အဝေးမသွားချင်ဘူး " လို့ Solihin က ပြောပါတယ်။။

Solihin က မောင်နှမငါးယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။; လေးနှစ်လုံးလုံး ရေကြောင်းသိပ္ပံနဲ့ဆိုင်တဲ့ အလုပ်တစ်ခုကို ရှာဖွေခဲ့ပေမယ့် မရခဲ့ပါဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင် Solihin က အိမ်တွင်းမှုလုပ်ငန်းဖြစ်တဲ့ မှိုလုပ်ငန်းက စတင်လုပ်ခဲ့ပါတယ်။

“အခြားအသီးအနှံတွေက စိုက်ပျိုးမြေ အများကြီး လိုအပ်တယ်။ ဒါပေမယ့် မှိုက စင်တွေပဲ လိုအပ်တယ်။ စင်တွေကို နေရာတကျ ဖြစ်အောင် စီစဉ်ရတယ်" လို့ Solihin က ပြောပါတယ်။ မှိုတွေကို ကျစ်လျစ်သပ်ရပ်စွာ စိုက်ပျိုးလို့ရပါတယ်။ Solihin က မှိုမျိုးစေ့တွေကို ရောင်းချနိူင်အောင် မျိုးစေ့တွေကို သိုလှောင်ထားပါတယ်။ မှိုမျိုးစေ့ အထုပ်လေးတွေက အခြားရွာသားတွေကို ဝင်ငွေ တစ်ဖက်တစ်လမ်းရအောင် ကူညီပေးနိုင်တယ်လို့ Solihin က ရှင်းပြပါတယ်။

မှိုမျိုးစေ့တွေကို ဂိုဒေါင်အကြီးကြီးတွေ မှာလည်း စိုက်ပျိူးလို့ ရပါသေးတယ်။ Solihin က မှိုလုပ်ငန်းကို 2018 မှာ စလုပ်ခဲ့ပြီး အများကြီး ဆုံးရှူံးခဲ့ပါတယ်။ နောက်တော့သူက မှိုတွေကို အွန်လိုင်းကနေရောင်းချနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါတယ်။ အခုဆိုရင် Solihin က မှိုမျိုးစေ့တွေကို Shopee Oline App ကနေရောင်းချပြီး မှိုမျိူးစေ့ တစ်အိတ်ကို မလေးရှားရင်းဂစ် ၃ ရင်းဂစ်သာ ကျသင့်ပါတယ်။ “မှိုမျိုးစေ့တွေကို အဝတ်စအစိုနဲ့ အုပ်ထားပါ"လို့ Solihin က လမ်းညွှန်ပါတယ်။

Solihin က ဘွဲ့ရလူငယ်တွေကို စီးပွားရေးလုပ်တဲ့အခါမှာ စွန့်စားဖို့၊ မကြောက်ဖို့ အကြံပေးထားပါသေးတယ်။ လက်ရှိစီးပွားရေး စိန်ခေါ်မှုဟာ ဘွဲ့ရတွေကို ဘေးဖယ်ထားတဲ့ အတွက်ကြောင့် ကိုယ်ပိုင်အလုပ်ကို တီထွင်လုပ်ဆောင်ရမယ်လို့ Solihin ကပြောပါတယ်။ သူ့ရဲ့အားပေးမှုကြောင့် ဘွဲ့ရလူငယ်အများစုက အားတက်သွားပြီး အလုပ်အတွက် စိန်ခေါ်မှုကိုလည်း မကြောက်တော့ဘူးလို့ ပြောပါတယ်။ မဆုတ်မနစ်တဲ့ စိတ်ဓာတ်ကတော့ အမြဲ အနိုင်ရတာကြောင်း Solihin က သက်သေပြခဲ့ ပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

For Zawgyi

ဘြဲ႕ရၿပီး ၄ ႏွစ္လုံး အလုပ္ရွာတာ မရခဲ့ေပမယ့္ ကိုယ္ပိုင္မႈိလုပ္ငန္းျဖင့္ ေအာင္ျမင္သြားသူ

“ေအာင္ျမင္မႈ ဆိုတာ ရႈံးနိမ့္မႈကေန လာတယ္ ေအာင္ျမင္ဖို႔အတြက္ စိတ္အားထက္သန္မႈေတြ ေပ်ာက္ဆုံးလို႔မျဖစ္ဘူး" ဆိုတဲ့ ဆို႐ိုးစကားရွိပါတယ္။ အသက္ ၂၅ ႏွစ္ အ႐ြယ္ ဘြဲ႕ရတစ္ေယာက္ျဖစ္တဲ့ Muhamad Solihin Mahad Yasin ကေတာ့ က်ရႈံးမႈကေန ေအာင္ျမင္ေအာင္ ႀကိဳးစားခဲ့လို႔ Twitter မွာ နာမည္ႀကီးေနသူပါ ။ Solihinက ေရေၾကာင္းသိပၸံဘြဲ႕ကို 2016 ခုႏွစ္ကတည္းက ရရွိခဲ့ၿပီး ေလးႏွစ္လုံးလုံး အလုပ္ ရဖို႔အတြက္ ႐ုန္းကန္ခဲ့ရပါတယ္။

“ကြၽန္ေတာ္နဲ႔ သက္ဆိုင္တဲ့အလုပ္က ဧရိယာ ႀကီးမားလြန္းပါတယ္။ အလုပ္ရခ်င္ရင္ေတာ့ ကြၽန္ေတာ့ဇာတိေျမ Johor ျပည္နယ္ Batu Pa Hat ခ႐ိုင္ကို စြန႔္ခြာသြားရမွာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ့္မိဘေတြက အသက္ႀကီးၿပီဆိုေတာ့ အေဝးမသြားခ်င္ဘူး " လို႔ Solihin က ေျပာပါတယ္။။

Solihin က ေမာင္ႏွမငါးေယာက္မွာ အငယ္ဆုံးျဖစ္ပါတယ္။ ေလးႏွစ္လုံးလုံး ေရေၾကာင္းသိပၸံနဲ႔ဆိုင္တဲ့ အလုပ္တစ္ခုကို ရွာေဖြခဲ့ေပမယ့္ မရခဲ့ပါဘူး။ ခိုင္မာတဲ့ စိတ္ဓာတ္ပိုင္ရွင္ Solihin က အိမ္တြင္းမႈလုပ္ငန္းျဖစ္တဲ့ မႈိလုပ္ငန္းက စတင္လုပ္ခဲ့ပါတယ္။

“အျခားအသီးအႏွံေတြက စိုက္ပ်ိဳးေျမ အမ်ားႀကီး လိုအပ္တယ္။ ဒါေပမယ့္ မႈိက စင္ေတြပဲ လိုအပ္တယ္။ စင္ေတြကို ေနရာတက် ျဖစ္ေအာင္ စီစဥ္ရတယ္" လို႔ Solihin က ေျပာပါတယ္။ မႈိေတြကို က်စ္လ်စ္သပ္ရပ္စြာ စိုက္ပ်ိဳးလို႔ရပါတယ္။ Solihin က မႈိမ်ိဳးေစ့ေတြကို ေရာင္းခ်ႏိူင္ေအာင္ မ်ိဳးေစ့ေတြကို သိုေလွာင္ထားပါတယ္။ မႈိမ်ိဳးေစ့ အထုပ္ေလးေတြက အျခား႐ြာသားေတြကို ဝင္ေငြ တစ္ဖက္တစ္လမ္းရေအာင္ ကူညီေပးႏိုင္တယ္လို႔ Solihin က ရွင္းျပပါတယ္။

မႈိမ်ိဳးေစ့ေတြကို ဂိုေဒါင္အႀကီးႀကီးေတြ မွာလည္း စိုက္ပ်ိဴးလို႔ ရပါေသးတယ္။ Solihin က မႈိလုပ္ငန္းကို 2018 မွာ စလုပ္ခဲ့ၿပီး အမ်ားႀကီး ဆုံးရႉံးခဲ့ပါတယ္။ ေနာက္ေတာ့သူက မႈိေတြကို အြန္လိုင္းကေနေရာင္းခ်ႏိုင္ခဲ့ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိလာပါတယ္။ အခုဆိုရင္ Solihin က မႈိမ်ိဳးေစ့ေတြကို Shopee Oline App ကေနေရာင္းခ်ၿပီး မႈိမ်ိဴးေစ့ တစ္အိတ္ကို မေလးရွားရင္းဂစ္ ၃ ရင္းဂစ္သာ က်သင့္ပါတယ္။ “မႈိမ်ိဳးေစ့ေတြကို အဝတ္စအစိုနဲ႔ အုပ္ထားပါ"လို႔ Solihin က လမ္းၫႊန္ပါတယ္။

Solihin က ဘြဲ႕ရလူငယ္ေတြကို စီးပြားေရးလုပ္တဲ့အခါမွာ စြန႔္စားဖို႔၊ မေၾကာက္ဖို႔ အႀကံေပးထားပါေသးတယ္။ လက္ရွိစီးပြားေရး စိန္ေခၚမႈဟာ ဘြဲ႕ရေတြကို ေဘးဖယ္ထားတဲ့ အတြက္ေၾကာင့္ ကိုယ္ပိုင္အလုပ္ကို တီထြင္လုပ္ေဆာင္ရမယ္လို႔ Solihin ကေျပာပါတယ္။ သူ႔ရဲ႕အားေပးမႈေၾကာင့္ ဘြဲ႕ရလူငယ္အမ်ားစုက အားတက္သြားၿပီး အလုပ္အတြက္ စိန္ေခၚမႈကိုလည္း မေၾကာက္ေတာ့ဘူးလို႔ ေျပာပါတယ္။ မဆုတ္မနစ္တဲ့ စိတ္ဓာတ္ကေတာ့ အၿမဲ အႏိုင္ရတာေၾကာင္း Solihin က သက္ေသျပခဲ့ ပါတယ္။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments