ကမ္ဘာကြီးကို မှင်သက်သွားစေတဲ့ ဩစတေးလျမော်ဒယ်

Duckie Thot က ဩစတေးလျ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမကို " Black Barbie " လို့လည်း ခေါ်ကြပါတယ်။ အခုတော့ Duckie မှာ ပရိသတ်တွေ ထောင်နဲ့ချီရှိပြီး သူမရဲ့ဓာတ်ပုံတွေဟာလည်း like တွေ ထောင်နဲ့ချီပြီး ရပါတယ်။ နာမည်ကြီး brand တွေက Duckie နဲ့ ကြော်ငြာရိုက်နိုင်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ဒါပေမယ့် အရင်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး ။ ယုံတောင် ယုံမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက Duckie ရဲ့ အသားအရည်ကြောင့် အနိုင်ကျင့်ခံခဲ့ရပြီး အလုပ်တောင် ပြုတ်ခဲ့ရပါတယ်။ ပြည့်စုံတဲ့အလှနဲ့ ဆွဲဆောင်မှုရှိတဲ့သူတွေက အောင်မြင်ဖို့ ရုန်းကန်ရတယ် ဆိုတာ Duckie ရဲ့ အတွေ့အကြုံတွေက သက်သေပါပဲ။

Duckie Thot ကို တောင်ဆူဒန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝတည်းက မော်ဒယ်တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ သူမရဲ့ ပန်းတိုင်ရောက်ဖို့ ပထမခြေလှမ်းဖြစ်ခဲ့တာကတော့ "Australia's Next Top Model" ဆိုတဲ့ နာမည်ကြီးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Duckie မော်ဒယ် စလုပ်တုန်းက အသက် 17 နှစ်ပဲ ရှိပါသေးတယ် ။ ဆံပင်အလှဖန်တီးသူတွေက Duckie ရဲ့ ဆံပင်ကို ဘယ်လိုကောင်းအောင် ပြပြင်ထိန်းသိမ်းရမလဲ မသိတာကြောင့် Duckie ကို အပြစ်တင်ဝေဖန်ကြပါတယ်။


အစတုန်းက ဖက်ရှင်ရှိုးက ပရိသတ်တွေကလည်း Duckie ကို သဘောမကျကြပါဘူး။ Duckie က ပလက်စတစ်ဆာဂျရီမလုပ်ဘဲ၊ မပြု ပြင်ဘဲနဲ့ သဘာဝလွန်လောက်အောင် ပြိုင်ဘက်ကင်း လှတယ်လို့ ပရိသတ်တွေက ပြောကြပါတယ် ။ ဖက်ရှင်လုပ်ငန်းက သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သူမရဲ့ မကောင်းကြောင်းတွေကိုပဲ ပြောကြပါတယ်။


Duckie ကို သူတို့ ခေါ်တဲ့နာမည်တွေက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ နောက်ပိုင်းမှာတော့ Teen Vogue က အင်တာဗျူးတဲ့အခါ Duckie က အသေးစိတ် ပြောပြခဲ့ပါတယ်။အသက် 17 နှစ် အရွယ် မိန်းကလေးတစ်ယောက်အနေနဲ့ အကြိမ်ပေါင်းများစွာ စိတ်ထိခိုက်ခဲ့ရတာကြောင့် ဖက်ရှင်လောကဟာ သူမနဲ့ မထိုက်တန်တာကိုလည်း သိကြောင်း ပြောပြခဲ့ပါတယ်။


Duckie က အင်အားတွေ၊ ယုံကြည်မှုတွေနဲ့ ဖက်ရှင်လောကထဲ ပြန်ဝင်နိုင်ဖို့ နှစ်နှစ် အချိန်ယူခဲ့ရပါတယ်။ Duckie က သူ့အသံသူ ပြန်ကြားလိုက်ရတာနဲ့ အရာရာ ပုံမှန်ဖြစ်သွားတယ်လို့ ပြောပါတယ်။ အခုဆိုရင် Duckie က လူမည်းမော်ဒယ်တွေကို အားပေးပြီး ဖက်ရှင်လုပ်ငန်းမှာလည်း အရေးပါတဲ့သူ ဖြစ်နေပါပြီ။ သူမရဲ့အလှဟာ အရာရာကို ရင်ဆိုင်နိုင်သွားပါပြီ။


" လူတွေကတော့ အမျိုးမျိုး ဝေဖန်နေမှာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ဝေဖန်အပြစ်တင်တဲ့ စကားအတိုင်း လက်တွေ့မှာ သင်မဖြစ်သွားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နားလည်နိုင်ပြီး ကမ္ဘာကြီးကို သင်ဘယ်သူလဲဆိုတာ ပြဖို့မကြောက်တော့ဘူးဆိုရင် ရည်မှန်းချက်တွေ တကယ်ကို ဖြစ်လာပါတယ်လို့ Duckie က သူမရဲ့ အတွေ့အကြုံတွေအရ ပြောပြခဲ့ပါတယ်။

Zombie (Lovemedia)

Ref - brightside

For Zawgyi

ကမာၻႀကီးကို မွင္သက္သြားေစတဲ့ ဩစေတးလ်ေမာ္ဒယ္

Duckie Thot က ဩစေတးလ်ေမာ္ဒယ္တစ္ေယာက္ ျဖစ္ပါတယ္။ သူမကို " Black Barbie " လို႔လည္း ေခၚၾကပါတယ္။ အခုေတာ့ Duckie မွာ ပရိသတ္ေတြ ေထာင္နဲ႔ခ်ီရွိၿပီး သူမရဲ႕ဓာတ္ပုံေတြဟာလည္း like ေတြ ေထာင္နဲ႔ခ်ီၿပီး ရပါတယ္။ နာမည္ႀကီး brand ေတြက Duckie နဲ႔ ေၾကာ္ျငာ႐ိုက္ႏိုင္ဖို႔ အတြက္ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။

ဒါေပမယ့္ အရင္ကေတာ့ အဲဒီလို မဟုတ္ခဲ့ပါဘူး ။ ယုံေတာင္ ယုံမွာမဟုတ္ပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ အရင္တုန္းက Duckie ရဲ႕ အသားအရည္ေၾကာင့္ အႏိုင္က်င့္ခံခဲ့ရၿပီး အလုပ္ေတာင္ ျပဳတ္ခဲ့ရပါတယ္။ ျပည့္စုံတဲ့အလွနဲ႔ ဆြဲေဆာင္မႈရွိတဲ့သူေတြက ေအာင္ျမင္ဖို႔ ႐ုန္းကန္ရတယ္ ဆိုတာ Duckie ရဲ႕ အေတြ႕အႀကဳံေတြက သက္ေသပါပဲ။

Duckie Thot ကို ေတာင္ဆူဒန္ႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ ကေလးဘဝတည္းက ေမာ္ဒယ္တစ္ေယာက္ ျဖစ္ခ်င္ခဲ့သူပါ။ သူမရဲ႕ ပန္းတိုင္ေရာက္ဖို႔ ပထမေျခလွမ္းျဖစ္ခဲ့တာကေတာ့ "Australia's Next Top Model" ဆိုတဲ့ နာမည္ႀကီးၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ပါတယ္။ Duckie ေမာ္ဒယ္ စလုပ္တုန္းက အသက္ 17 ႏွစ္ပဲ ရွိပါေသးတယ္ ။ ဆံပင္အလွဖန္တီးသူေတြက Duckie ရဲ႕ ဆံပင္ကို ဘယ္လိုေကာင္းေအာင္ ျပျပင္ထိန္းသိမ္းရမလဲ မသိတာေၾကာင့္ Duckie ကို အျပစ္တင္ေဝဖန္ၾကပါတယ္။

အစတုန္းက ဖက္ရွင္ရႈိးက ပရိသတ္ေတြကလည္း Duckie ကို သေဘာမက်ၾကပါဘူး။ Duckie က ပလက္စတစ္ဆာဂ်ရီမလုပ္ဘဲ၊ မျပဳ ျပင္ဘဲနဲ႔ သဘာဝလြန္ေလာက္ေအာင္ ၿပိဳင္ဘက္ကင္း လွတယ္လို႔ ပရိသတ္ေတြက ေျပာၾကပါတယ္ ။ ဖက္ရွင္လုပ္ငန္းက သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့ သူမရဲ႕ မေကာင္းေၾကာင္းေတြကိုပဲ ေျပာၾကပါတယ္။

Duckie ကို သူတို႔ ေခၚတဲ့နာမည္ေတြက တကယ္ကို စိတ္အေႏွာင့္အယွက္ ျဖစ္စရာေကာင္းပါတယ္။ ေနာက္ပိုင္းမွာေတာ့ Teen Vogue က အင္တာဗ်ဴးတဲ့အခါ Duckie က အေသးစိတ္ ေျပာျပခဲ့ပါတယ္။အသက္ 17 ႏွစ္ အ႐ြယ္ မိန္းကေလးတစ္ေယာက္အေနနဲ႔ အႀကိမ္ေပါင္းမ်ားစြာ စိတ္ထိခိုက္ခဲ့ရတာေၾကာင့္ ဖက္ရွင္ေလာကဟာ သူမနဲ႔ မထိုက္တန္တာကိုလည္း သိေၾကာင္း ေျပာျပခဲ့ပါတယ္။

Duckie က အင္အားေတြ၊ ယုံၾကည္မႈေတြနဲ႔ ဖက္ရွင္ေလာကထဲ ျပန္ဝင္ႏိုင္ဖို႔ ႏွစ္ႏွစ္ အခ်ိန္ယူခဲ့ရပါတယ္။ Duckie က သူ႔အသံသူ ျပန္ၾကားလိုက္ရတာနဲ႔ အရာရာ ပုံမွန္ျဖစ္သြားတယ္လို႔ ေျပာပါတယ္။ အခုဆိုရင္ Duckie က လူမည္းေမာ္ဒယ္ေတြကို အားေပးၿပီး ဖက္ရွင္လုပ္ငန္းမွာလည္း အေရးပါတဲ့သူ ျဖစ္ေနပါၿပီ။ သူမရဲ႕အလွဟာ အရာရာကို ရင္ဆိုင္ႏိုင္သြားပါၿပီ။

" လူေတြကေတာ့ အမ်ိဳးမ်ိဳးေဝဖန္ေနမွာပါပဲ။ ဒါေပမယ့္ သူတို႔ရဲ႕ေဝဖန္အျပစ္တင္တဲ့ စကားအတိုင္း လက္ေတြ႕မွာ သင္မျဖစ္သြားပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္နားလည္ႏိုင္ၿပီး ကမာၻႀကီးကို သင္ဘယ္သူလဲဆိုတာ ျပဖို႔မေၾကာက္ေတာ့ဘူးဆိုရင္ ရည္မွန္းခ်က္ေတြ တကယ္ကို ျဖစ္လာပါတယ္လို႔ Duckie က သူမရဲ႕ အေတြ႕အႀကဳံေတြအရ ေျပာျပခဲ့ပါတယ္။

Zombie (Lovemedia)

Ref - brightside

Post a Comment

0 Comments