ရွေးချယ်လိုက်တဲ့ မုန့်ပုံစံကနေ သိနိုင်မယ့် ပင်ကိုစရိုက်

လူတွေရဲ့ပင်ကို စရိုက်နဲ့ မသိစိတ်က တိုက်ရိုက် ဆက်စပ်နေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ကြပါတယ်။ မသိစိတ်ကနေ ရွေးချယ်လိုက်တဲ့ မုန့်က သင့်ရဲ့ အတွင်းစိတ်နေသဘောထားကို ပြောပြပေးနိုင်ပါတယ်။ ရွေးချယ်လိုက်တဲ့ပုံက မုန့်တစ်ခုဆိုတာထက် ပိုပါတယ်။ တကယ်တော့ စိတ်နေသဘောထားကို ဖော်ပြပေးနိုင်တာပါ။

1. စက်ဝိုင်းပုံမုန့်

သင်က အတွေးသမားဖြစ်ပြီး အရာရာကို ခွဲခြမ်းစိတ်ဖြာကြည့် တတ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချတော့မယ် ဆိုရင် သူများနဲ့ မတူတဲ့ ရှုထောင့်ကနေ စဉ်းစားပါတယ်။ အချိန်ဖြုန်း ရတာကို မုန်းပြီး အကျိုးရှိစေမယ့် အလုပ်တွေ လုပ်ရင်းနဲ့ပဲ အချိန်ကုန် တတ်ပါတယ်။ သူများတွေ အရှုံးပေးထားတဲ့ အရာကို သင်က ဇွဲရှိရှိနဲ့ ဖြေရှင်းနိုင် ပါတယ်။ လက်တွေ့ကျကျ ပြုမူ နေထိုင်တတ်ပြီး အရာရာကို စည်းစနစ်တကျ ပြုမူတတ်ပါတယ်။

2. ပဉ္စဂံပုံမုန့်

သင်ဟာ တစ်ယောက်တည်း နေရတာကို သဘောကျသူပါ။ စိတ်ခံစားချက် တွေကို သူတစ်ပါးသိအောင် မပြောပြဘဲ မျိုသိပ်ထားတတ် ပါတယ်။ တခြားသူတွေရဲ့ ခံစားချက်တွေ ကိုတော့ အဓိပ္ပါယ်ကောက်ယူတတ်ပါတယ်။ တစ်ခုခုဖြစ်တော့မယ် ဆိုရင် စိတ်ထဲမှာ အလိုလို သိနေတတ် ပါတယ်။ စာဖတ်ခြင်းက သင် နှစ်ပေါင်းများစွာ သဘောကျခဲ့တဲ့ အရာပါပဲ။အလွန် အေးအေးဆေးဆေး နေတတ်တာက သင့်ပုံစံပါ။

3. ဗဟုဂံ ပုံမုန့်

သင်ဟာ ဖန်တီးမှု၊ ပြန်လည် ပြုပြင်မှုတို့ကို အလွန် ဝါသနာ ပါပါတယ်။ စိတ်ဓာတ် တက်ကြွတတ်သူဖြစ်ပြီး အများက သင့်ကို အာရုံစိုက်တာကို သဘောကျပါတယ်။ စကားပြောကောင်းသူဖြစ်လို့ လူတွေချစ်ခင်လာအောင် ပြုလုပ်နိုင်ပါတယ်။ အကောင်းမြင်စိတ် ရှိလို့ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိရင်တောင် ရောင့်ရဲ ပျော်ရွှင်တတ် သူပါ။

4. ကြယ်ပုံမုန့်

သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ မွေးဖွားလာတာပါ။ ကိုယ့်ကိုယ်ကို စိန်ခေါ်ယှဉ်ပြိုင်သူဖြစ်ပြီး အလုပ်လုပ်ရင် ငြင်းပယ်တဲ့ စကားကို ဘယ်တော့မှ မပြောပါဘူး။ ဘယ်ပြဿနာ မဆို သင့်အတွက် ဦးနှောက် လေ့ကျင့်ခန်း ပါပဲ။ ထိန်းချုပ်ရတာကို သဘောကျပြီး လူတွေအပေါ် လွှမ်းမိုးနိုင်ပါတယ်။

5. အသည်းပုံမုန့်

သင့်မှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိပြီး အဲဒီအချက်ကပဲ သင့်ကို လူသိများစေ တာပါ။ လူတွေကို ကူညီ ဂရုစိုက် တတ်ပြီး သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးတတ် ပါတယ်။ သစ္စာရှိခြင်းက သင့်ရဲ့အားသာချက်ပါပဲ။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ နေတတ်ပြီး အနစ်နာခံ တတ်တဲ့ သူလည်း ဖြစ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ေ႐ြးခ်ယ္လိုက္တဲ့ မုန႔္ပုံစံကေန သိႏိုင္မယ့္ ပင္ကိုစ႐ိုက္

လူေတြရဲ႕ပင္ကို စ႐ိုက္နဲ႔ မသိစိတ္က တိုက္႐ိုက္ ဆက္စပ္ေနတယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက ယုံၾကည္ၾကပါတယ္။ မသိစိတ္ကေန ေ႐ြးခ်ယ္လိုက္တဲ့ မုန႔္က သင့္ရဲ႕အတြင္းစိတ္ေနသေဘာထားကို ေျပာျပေပးႏိုင္ပါတယ္။ ေ႐ြးခ်ယ္လိုက္တဲ့ပုံက မုန႔္တစ္ခုဆိုတာထက္ ပိုပါတယ္။ တကယ္ေတာ့ စိတ္ေနသေဘာထားကို ေဖာ္ျပေပးႏိုင္တာပါ။

1. စက္ဝိုင္းပုံမုန႔္

သင္က အေတြးသမားျဖစ္ၿပီး အရာရာကို ခြဲျခမ္းစိတ္ျဖာၾကည့္ တတ္ပါတယ္။ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်ေတာ့မယ္ ဆိုရင္ သူမ်ားနဲ႔ မတူတဲ့ ရႈေထာင့္ကေန စဥ္းစားပါတယ္။ အခ်ိန္ျဖဳန္း ရတာကို မုန္းၿပီး အက်ိဳးရွိေစမယ့္ အလုပ္ေတြ လုပ္ရင္းနဲ႔ပဲ အခ်ိန္ကုန္ တတ္ပါတယ္။ သူမ်ားေတြ အရႈံးေပးထားတဲ့ အရာကို သင္က ဇြဲရွိရွိနဲ႔ ေျဖရွင္းႏိုင္ ပါတယ္။ လက္ေတြ႕က်က် ျပဳမူ ေနထိုင္တတ္ၿပီး အရာရာကို စည္းစနစ္တက် ျပဳမူတတ္ပါတယ္။

2. ပၪၥဂံပုံမုန႔္

သင္ဟာ တစ္ေယာက္တည္း ေနရတာကို သေဘာက်သူပါ။ စိတ္ခံစားခ်က္ ေတြကို သူတစ္ပါးသိေအာင္ မေျပာျပဘဲ မ်ိဳသိပ္ထားတတ္ ပါတယ္။ တျခားသူေတြရဲ႕ ခံစားခ်က္ေတြ ကိုေတာ့ အဓိပၸါယ္ေကာက္ယူတတ္ပါတယ္။ တစ္ခုခုျဖစ္ေတာ့မယ္ ဆိုရင္ စိတ္ထဲမွာ အလိုလို သိေနတတ္ ပါတယ္။ စာဖတ္ျခင္းက သင္ ႏွစ္ေပါင္းမ်ားစြာ သေဘာက်ခဲ့တဲ့ အရာပါပဲ။အလြန္ ေအးေအးေဆးေဆး ေနတတ္တာက သင့္ပုံစံပါ။

3. ဗဟုဂံ ပုံမုန္

သင္ဟာ ဖန္တီးမႈ၊ ျပန္လည္ ျပဳျပင္မႈတို႔ကို အလြန္ ဝါသနာ ပါပါတယ္။ စိတ္ဓာတ္ တက္ႂကြတတ္သူျဖစ္ၿပီး အမ်ားက သင့္ကို အာ႐ုံစိုက္တာကို သေဘာက်ပါတယ္။ စကားေျပာေကာင္းသူျဖစ္လို႔ လူေတြခ်စ္ခင္လာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ အေကာင္းျမင္စိတ္ ရွိလို႔ ဖန္ခြက္ထဲမွာ ေရတစ္ဝက္ ရွိရင္ေတာင္ ေရာင့္ရဲ ေပ်ာ္႐ႊင္တတ္ သူပါ။

4. ၾကယ္ပုံမုန႔္

သင္ဟာ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ ျဖစ္ဖို႔ ေမြးဖြားလာတာပါ။ ကိုယ့္ကိုယ္ကို စိန္ေခၚယွဥ္ၿပိဳင္သူျဖစ္ၿပီး အလုပ္လုပ္ရင္ ျငင္းပယ္တဲ့ စကားကို ဘယ္ေတာ့မွ မေျပာပါဘူး။ ဘယ္ျပႆနာ မဆို သင့္အတြက္ ဦးေႏွာက္ ေလ့က်င့္ခန္း ပါပဲ။ ထိန္းခ်ဳပ္ရတာကို သေဘာက်ၿပီး လူေတြအေပၚ လႊမ္းမိုးႏိုင္ပါတယ္။

5. အသည္းပုံမုန႔္

သင့္မွာ ထူးျခားတဲ့ အရည္အေသြးေတြ ရွိၿပီး အဲဒီအခ်က္ကပဲ သင့္ကို လူသိမ်ားေစ တာပါ။ လူေတြကို ကူညီ ဂ႐ုစိုက္ တတ္ၿပီး သူတို႔ရဲ႕ခံစားခ်က္ေတြကို နားေထာင္ေပးတတ္ ပါတယ္။ သစၥာရွိျခင္းက သင့္ရဲ႕အားသာခ်က္ပါပဲ။ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ လိုက္ေလ်ာညီေထြ ေနတတ္ၿပီး အနစ္နာခံ တတ္တဲ့ သူလည္း ျဖစ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments