B သွေးအကြောင်း သိကောင်းစရာ

B သွေးများဟာ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်ကြသူများ ဖြစ်ကြပါတယ်။ အားတဲ့အချိန်တိုင်း အခန်းထဲမှာ တစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် ခပ်တည်တည်နေတတ်ပြီး အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ နားညည်းအောင် ပြောတတ်တာ B သွေးတွေပါ။

လူတိုင်းကို မခင်တတ်လို့ မာနကြီးတယ်လို့ ထင်ခံရတတ်ပြီး ပေါင်းကြည့်မှ တကယ်ကို ရိုးသားဖြူစင် ကြတာပါ။ မိသားစုထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ် ကိုယ့်ကို ပိုဂရုစိုက် ပိုချစ်တာ လိုချင်တတ်ကြပါတယ်။

အလိုလိုက်ခံရရင်လည်း အရမ်းပျော်တတ်ကြပါတယ်။ အရမ်းခင်တဲ့လူတွေအပေါ် တကယ့်စိတ်ရင်းမပါဘဲ ချစ်စနိုးနဲ့ အနိုင်ကျင့်တတ်သလို ကိုယ့်ကို အနိုင်ကျင့်ရင်လည်း အလျော့ပေးတတ်ပါတယ်။ ခဏခဏ စိတ်ကောက်တတ်ပီး ဘယ်သူမှ ပြန်ချော့စရာမလိုပဲ အလိုလို စိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ။

ဝမ်းနည်းလွယ်ပီး မျက်ရည်အကျ မြန်တတ်ပါတယ် ပျော်စရာကိစ္စ တစ်ခုကို အကြာကြီး မခံစားတတ်ပေမယ့် ဝမ်းနည်းစရာကိစ္စနဲ့ ကြုံလာပါက ပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက် မျက်ရည်ကျလိုက် ဖြစ်နေတတ်ကြပါတယ်။

အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင်တတ်တာလည်း B သွေးတွေရဲ့ စရိုက်တစ်မျိုးပါ။ စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို အချိန်ခဏလေးနဲ့ တတ်မြောက်ပေမယ့် စိတ်မဝင်စားတဲ့ အကြောင်းအရာဆိုပါက မည်သို့ပင် အကျိုးရှိစေကာမူ လှည့်မကြည့်တတ်ကြပါ။

အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အားနည်းချက် အနည်းငယ် ရှိတတ်ကြပါတယ်။ သံသယစိတ် အနည်းငယ်ဝင်တတ်ပီး ကိုယ့်ကိုယ်ကိုလည်း မယုံကြည်တတ်ကြပါဘူး။ အချစ်ရေးထက် မိသားစုအရေးကို ပိုဦးစားပေးတတ်ကြပါတယ် မိသားစုအတွက် အမြဲကြိုးစားနေပီး စိတ်ချမ်းသာ ပျော်စေချင်တာ B သွေးတွေပါ။

B. သွေးပိုင်ရှင်များရဲ့အကြောင်း တစိတ်တပိုင်း..

B. သွေးပိုင်ရှင်တွေဟာ ဒေါသထွက်နေတဲ့အချိန်ဆိုရင် မိုးမမြင်လေမမြင်ပါပဲ.. သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်တတ်ကြတယ်.. အရာဝတ္ထုတခုခုကို အာရုံရနေရင် ဘေးပတ်ဝန်းကျင်ကို သတိမထားကြတော့ဘူး.. သူတို့လုပ်နေတဲ့အရာကိုပဲ အာရုံစိုက်လုပ်နေတတ်ကြတယ်..

လူတယောက်ကို ချစ်မိပြီဆိုရင်လည်း အသဲအသန်ပါပဲ.. သူတို့ချစ်မိနေတဲ့သူ ဘယ်လောက်ပဲဆိုးသွမ်းနေပါစေ အဲဒီဆိုးသွမ်းမှုတွေကို မမြင်နိုင်ကြတော့ဘူး.. လိမ်ပြောနေတာကို သိနေရင်တောင် ဖြည့်ပြီးတွေးတတ်ကြတယ်..

လုပ်စရာ ရှိတာကို သူတို့အသိဉာဏ်နဲ့ စဉ်းစားပြီး သွားလုပ်မဲ့အချိန်မှာ တယောက်ယောက်က ကိုယ်သွားလုပ်မဲ့အရာကို လက်ညှိုးထိုးခိုင်းလိုက်ရင် စိတ်ထဲမှာ သိပ်မကျေနပ်ကြဘူး ဘုဂလန့်တိုက်ချင်ကြတယ်...

သူတို့ စာဖတ်နေတဲ့အချိန် TV ကြည့်နေတဲ့အချိန် တယောက်ထဲ ဘာရယ်မဟုတ် ငုတ်ထိုင်စဉ်းစားနေတဲ့အချိန်မှာ တယောက်ယောက်က လှမ်းခေါ်ရင် မကြိုက်ကြဘူး.. မဖြစ်မနေ ပြန်ထူးရမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ အသံနဲ့ ပြန်ထူးတတ်ကြတယ်..

သူတို့စိတ်ထဲမှာ သဘောမကျတဲ့ သူတွေဆို လုံးဝ စကားမပြောချင်ကြဘူး.. မဖြစ်မနေ စကားပြောရမယ်ဆိုရင်တောင် ဝတ်ကျေတန်းကျေပဲ ပြန်ပြောတတ်ကြတယ်.. အဲဒီလူနဲ့ မပတ်သတ်ချင်တော့ဘူးဆိုရင် ဟန်ဆောင်ပြိးတော့ကို စကားမပြောချင်ကြတော့တာ.

အရမ်းသွားချင်တဲ့ နေရာတွေဆိုရင် တယောက်ထဲဖြစ်နေပါစေ ရောက်အောင်သွားတတ်ကြတယ်.. မသွားချင်တဲ့နေရာဆိုရင် ထမ်းခေါ်ပါ့မယ် လိုက်ခဲ့လို့ပြောရင်တောင် မလိုက်ချင်ကြဘူး...

သူသွားချင်တဲ့ နေရာဆိုရင် သွားသင့်လား မသွားသင့်ဘူးလားဆိုတာ မစဉ်းစားတော့ဘူး ရောက်အောင်ကို သွားတတ်ကြတယ်.... သူတို့တွေဟာ အရမ်း ဟန်ဆောင်ကောင်းကြတယ်... သူတို့အရမ်းချစ်တဲ့ ခင်တဲ့သူတွေပေါ်မှာပဲ ဟန်ဆောင်ကောင်းကြတာပါ... သူတို့ မခင်တဲ့သူ သံယောဇဉ်မရှိတဲ့ သူတွေအပေါ်မှာတော့ ဟန်ဆောင်မကောင်းကြပါဘူး...

သူတို့တွေဟာ အရမ်းအရယ်သန်ကြတယ်... စိတ်ပျော်ရွှင်နေတဲ့ အချိန်မှာဆို ပြုံးရယ်ခြင်းတွေဟာ အချိန်တော်တော်ကြာထိ ရပ်တန့်မသွားကြဘူး... စိတ်မပျော်ရွှင်တဲ့အခါ တယောက်ယောက်က ဟာသလာပြောနေပါစေ ပြုံးရယ်ခြင်းမရှိဘူး တည်ငြိမ်စွာပဲ နေတတ်ကြတယ်....

ဘီသွေးများ

1. သင်ဟာ အရမ်းချောတဲ့အထဲမှာ မပါပေမဲ့ သင်ဟာ လူအများ စိတ်ဝင်စားခြင်းခံရတဲ့အထဲမှာတော့ အမြဲပါနေတတ်ပါတယ်။ တနည်းပြောရရင် သင်ဟာ ချစ်စရာကောင်းသော အသွင်တမျိုးကို ပိုင်ဆိုင်ထားပါတယ်။

2. သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက် အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူး။

3. သင်ဟာ ဉာဏ်ရည်မြင့်မားမှုနဲ့ ဖြတ်ထိုးဉာဏ်ကောင်းသော သူတစ်ယောက်ပါ။

4. သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် ကိုယ်ချင်းစာမှု သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည် ခဲ့သော သူတစ်ယောက်ပါ။

5. သင်ဟာ အားနာရင်လဲ အရမ်းအားနာတတ်ပေမဲ့ အားမနာမိတော့ရင်လဲ လူတစ်ယောက်ကို ရစရာမရှိအောင် ပြောဆိုတတ်ပါတယ်။

6. သင်ဟာ မာနကြီးသော သူတစ်ယောက်.. မဟုတ်တာ ပြောခံရရင် သေးသေးတင် မခံနိုင်သောသူ တစ်ယောက်ဖြစ်မှန်းး ဝန်ခံလိုက်ပါ။

7. သင်ဟာ အချစ်ကြီးသော သူတစ်ယောက် ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသောသူ တစ်ယောက် ဖြစ်မှန်းလဲ ဝန်ခံလိုက်ပါ.. ထို သဝန်တိုမှုတွေ အချစ်ကြီးမှုတွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုင်ဘဲ ချစ်သူနဲ့ လမ်းခွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ။

9. B သွေး အချစ် တည်မြဲချင်ပါသလားး? လက်ရှိတွဲနေတဲ့ ချစ်သူကို အကန်းတစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာ၂ နားးလည်မှု ပေးးလိုက်ပါ။ တခါတရံပေါ်လာတဲ့ မိမိရဲ့ မာနတွေကို တံတွေးနဲ့အတူ မြိုချလိုက်ပါ... ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံအကောင်းဆုံးလူ ဖြစ်လာပါလိမ့်မယ်။

10. သင့်ရဲ့ အချစ်ကြီးမှု ဟာ သင့်အတွက် သေဆေး အဆိပ်တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝလုံးဝ မမေ့ပါနဲ့..

ထပ်ပြောပါမယ်...

သင့်ရဲ့ အားနည်းချက်ဟာ သင့်ရဲ့ အချစ်ကြီးးမှု ပါဘဲ..

For Zawgyi

B ေသြးအေၾကာင္း သိေကာင္းစရာ

B ေသြးမ်ားဟာ တစ္ေယာက္တည္း ေအးေအးေဆးေဆး ေနခ်င္ၾကသူမ်ား ျဖစ္ၾကပါတယ္။ အားတဲ့အခ်ိန္တိုင္း အခန္းထဲမွာ တစ္ေယာက္တည္း ေနရင္း ဖုန္းတစ္လံုးနဲ႔ အလုပ္႐ႈပ္ေနတတ္ပါတယ္။

သိပ္မခင္တဲ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ရင္ ခပ္တည္တည္ေနတတ္ၿပီး အရမ္းခင္တဲ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ရင္ေတာ့ နားညည္းေအာင္ ေျပာတတ္တာ B ေသြးေတြပါ။

လူတိုင္းကို မခင္တတ္လို႔ မာနႀကီးတယ္လို႔ ထင္ခံရတတ္ၿပီး ေပါင္းၾကည့္မွ တကယ္ကို ႐ိုးသားျဖဴစင္ၾကတာပါ။ မိသားစုထဲမွာပဲျဖစ္ျဖစ္ သူငယ္ခ်င္း အေပါင္းအသင္းၾကားထဲမွာျဖစ္ျဖစ္ ကိုယ့္ကို ပိုဂ႐ုစိုက္ ပိုခ်စ္တာ လိုခ်င္တတ္ၾကပါတယ္။

အလိုလိုက္ခံရရင္လည္း အရမ္းေပ်ာ္တတ္ၾကပါတယ္။ အရမ္းခင္တဲ့လူေတြအေပၚ တကယ့္စိတ္ရင္းမပါဘဲ ခ်စ္စႏိုးနဲ႔ အႏိုင္က်င့္တတ္သလို ကိုယ့္ကို အႏိုင္က်င့္ရင္လည္း အေလ်ာ့ေပးတတ္ပါတယ္။ ခဏခဏ စိတ္ေကာက္တတ္ပီး ဘယ္သူမွ ျပန္ေခ်ာ့စရာမလိုပဲ အလိုလို စိတ္ေကာက္ေျပသြားတတ္တာလည္း B ေသြးေတြပါပဲ။

၀မ္းနည္းလြယ္ပီး မ်က္ရည္အက် ျမန္တတ္ပါတယ္ ေပ်ာ္စရာကိစၥ တစ္ခုကို အၾကာႀကီး မခံစားတတ္ေပမယ့္ ၀မ္းနည္းစရာကိစၥနဲ႔ ျကံဳလာပါက ျပန္ေတြးလိုက္ စိတ္မေကာင္းျဖစ္လိုက္ မ်က္ရည္က်လိုက္ ျဖစ္ေနတတ္ၾကပါတယ္။

အရမ္းႀကိဳက္တဲ့ သီခ်င္းတစ္ပုဒ္ကိုပဲ ထပ္ခါထပ္ခါ နားေထာင္တတ္တာလည္း B ေသြးေတြရဲ႕ စ႐ိုက္တစ္မ်ိဳးပါ။ စိတ္၀င္စားတဲ့ အေၾကာင္းအရာတစ္ခုကို အခ်ိန္ခဏေလးနဲ႔ တတ္ေျမာက္ေပမယ့္ စိတ္မ၀င္စားတဲ့ အေၾကာင္းအရာဆိုပါက မည္သို႔ပင္ အက်ိဳး႐ွိေစကာမူ လွည့္မၾကည့္တတ္ၾကပါ။

အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ေတာ့ အားနည္းခ်က္ အနည္းငယ္ ႐ွိတတ္ၾကပါတယ္။ သံသယစိတ္ အနည္းငယ္၀င္တတ္ပီး ကိုယ့္ကိုယ္ကိုလည္း မယံုၾကည္တတ္ၾကပါဘူး။ အခ်စ္ေရးထက္ မိသားစုအေရးကို ပိုဦးစားေပးတတ္ၾကပါတယ္ မိသားစုအတြက္ အျမဲႀကိဳးစားေနပီး စိတ္ခ်မ္းသာ ေပ်ာ္ေစခ်င္တာ B ေသြးေတြပါ။

B. ေသြးပုိင္႐ွင္မ်ားရ႕ဲအေၾကာင္း တစိတ္တပုိင္း..

B. ေသြးပုိင္႐ွင္ေတြဟာ ေဒါသထြက္ေနတ့ဲအခ်ိန္ဆုိရင္ မုိးမျမင္ေလမျမင္ပါပဲ.. သူတုိ႔စိတ္ထဲမွာ႐ွိတ့ဲအတုိင္း လုပ္တတ္ၾကတယ္.. အရာဝတၳဳတခုခုကုိ အာ႐ုံရေနရင္ ေဘးပတ္ဝန္းက်င္ကုိ သတိမထားၾကေတာ့ဘူး.. သူတုိ႔လုပ္ေနတ့ဲအရာကုိပဲ အာ႐ုံစုိက္လုပ္ေနတတ္ၾကတယ္..

လူတေယာက္ကုိ ခ်စ္မိၿပီဆုိရင္လည္း အသဲအသန္ပါပဲ.. သူတုိ႔ခ်စ္မိေနတ့ဲသူ ဘယ္ေလာက္ပဲဆုိးသြမ္းေနပါေစ အဲဒီဆုိးသြမ္းမႈေတြကုိ မျမင္ႏုိင္ၾကေတာ့ဘူး.. လိမ္ေျပာေနတာကုိ သိေနရင္ေတာင္ ျဖည့္ၿပီးေတြးတတ္ၾကတယ္..

လုပ္စရာ ႐ွိတာကုိ သူတုိ႔အသိဥာဏ္န႔ဲ စဥ္းစားၿပီး သြားလုပ္မ့ဲအခ်ိန္မွာ တေယာက္ေယာက္က ကုိယ္သြားလုပ္မ့ဲအရာကုိ လက္ညႇဳိးထုိးခုိင္းလုိက္ရင္ စိတ္ထဲမွာ သိပ္မေက်နပ္ၾကဘူး ဘုဂလန္႔တုိက္ခ်င္ၾကတယ္...

သူတုိ႔ စာဖတ္ေနတ့ဲအခ်ိန္ TV ၾကည့္ေနတ့ဲအခ်ိန္ တေယာက္ထဲ ဘာရယ္မဟုတ္ ငုတ္ထုိင္စဥ္းစားေနတ့ဲအခ်ိန္မွာ တေယာက္ေယာက္က လွမ္းေခၚရင္ မၾကဳိက္ၾကဘူး.. မျဖစ္မေန ျပန္ထူးရမယ္ဆုိရင္ ပုံမွန္မဟုတ္တ့ဲ အသံန႔ဲ ျပန္ထူးတတ္ၾကတယ္..

သူတုိ႔စိတ္ထဲမွာ သေဘာမက်တ့ဲ သူေတြဆုိ လုံးဝ စကားမေျပာခ်င္ၾကဘူး.. မျဖစ္မေန စကားေျပာရမယ္ဆုိရင္ေတာင္ ၀တ္ေက်တန္းေက်ပဲ ျပန္ေျပာတတ္ၾကတယ္.. အဲဒီလူန႔ဲ မပတ္သတ္ခ်င္ေတာ့ဘူးဆုိရင္ ဟန္ေဆာင္ၿပိးေတာ့ကုိ စကားမေျပာခ်င္ၾကေတာ့တာ.

အရမ္းသြားခ်င္တ့ဲ ေနရာေတြဆုိရင္ တေယာက္ထဲျဖစ္ေနပါေစ ေရာက္ေအာင္သြားတတ္ၾကတယ္.. မသြားခ်င္တ့ဲေနရာဆုိရင္ ထမ္းေခၚပါ့မယ္ လုိက္ခ့ဲလုိ႔ေျပာရင္ေတာင္ မလုိက္ခ်င္ၾကဘူး...

သူသြားခ်င္တ့ဲ ေနရာဆုိရင္ သြားသင့္လား မသြားသင့္ဘူးလားဆုိတာ မစဥ္းစားေတာ့ဘူး ေရာက္ေအာင္ကုိ သြားတတ္ၾကတယ္.... သူတုိ႔ေတြဟာ အရမ္း ဟန္ေဆာင္ေကာင္းၾကတယ္... သူတုိ႔အရမ္းခ်စ္တ့ဲ ခင္တ့ဲသူေတြေပၚမွာပဲ ဟန္ေဆာင္ေကာင္းၾကတာပါ... သူတုိ႔ မခင္တ့ဲသူ သံေယာဇဥ္မ႐ွိတ့ဲ သူေတြအေပၚမွာေတာ့ ဟန္ေဆာင္မေကာင္းၾကပါဘူး...

သူတုိ႔ေတြဟာ အရမ္းအရယ္သန္ၾကတယ္... စိတ္ေပ်ာ္ရႊင္ေနတ့ဲ အခ်ိန္မွာဆုိ ျပဳံးရယ္ျခင္းေတြဟာ အခ်ိန္ေတာ္ေတာ္ၾကာထိ ရပ္တန္႔မသြားၾကဘူး... စိတ္မေပ်ာ္ရႊင္တ့ဲအခါ တေယာက္ေယာက္က ဟာသလာေျပာေနပါေစ ျပဳံးရယ္ျခင္းမ႐ွိဘူး တည္ၿငိမ္စြာပဲ ေနတတ္ၾကတယ္....

ဘီေသြးမ်ား

1. သင္ဟာ အရမ္းေခ်ာတဲ႕အထဲမွာ မပါေပမဲ႕ သင္ဟာ လူအမ်ား စိတ္ဝင္စားျခင္းခံရတဲ့အထဲမွာေတာ့ အျမဲပါေနတတ္ပါတယ္။ တနည္းေျပာရရင္ သင္ဟာ ခ်စ္စရာေကာင္းေသာ အသြင္တမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။

2. သင္ဟာ ေမြးထဲက ျပည့္စံုတဲ႕ သူတစ္ေယာက္ မဟုတ္ေပမဲ႕ သင္ဟာ အရမ္း ဆင္းရဲေသာ သူတစ္ေယာက္္ အျဖစ္ကိုလဲ ဘယ္ေတာ့မွ မေရာက္ရွိပါဘူး။

3. သင္ဟာ ဥာဏ္ရည္ျမင့္မားမႈနဲ႔ ျဖတ္ထိုးဥာဏ္ေကာင္းေသာ သူတစ္ေယာက္ပါ။

4. သင့္မွာ ေကာင္းမြန္တဲ႕ စိတ္ဓာတ္ ကိုယ္ခ်င္းစာမႈ သူတစ္ပါးအား သနားတတ္ေသာ စိတ္ေတြဟာ သစ္ပင္ရဲ႕ အျမစ္လို ေမြးရာပါ သေႏၶတည္ ခဲ႕ေသာ သူတစ္ေယာက္ပါ။

5. သင္ဟာ အားနာရင္လဲ အရမ္းအားနာတတ္ေပမဲ႕ အားမနာမိေတာ့ရင္လဲ လူတစ္ေယာက္ကို ရစရာမရွိေအာင္ ေျပာဆိုတတ္ပါတယ္။

6. သင္ဟာ မာနၾကီးေသာ သူတစ္ေယာက္.. မဟုတ္တာ ေျပာခံရရင္ ေသးေသးတင္ မခံနိုင္ေသာသူ တစ္ေယာက္ျဖစ္မွန္းး ဝန္ခံလိုက္ပါ။

7. သင္ဟာ အခ်စ္ျကီးေသာ သူတစ္ေယာက္ ခ်စ္သူအေပၚ သဝန္တိုမႈ လြန္ကဲေသာသူ တစ္ေယာက္ ျဖစ္မွန္းလဲ ဝန္ခံလိုက္ပါ.. ထို သဝန္တိုမႈေတြ အခ်စ္ျကီးမႈေတြေျကာင့္ဘဲ သင္ဟာ အခ်စ္မွာ မေအးခ်မ္းနိုင္ဘဲ ခ်စ္သူနဲ႕ လမ္းခဲြမႈေတြ မျကာခဏ ျဖစ္ေပၚေနေသာ သူတစ္ေယာက္ပါ။

9. B ေသြး အခ်စ္ တည္ျမဲခ်င္ပါသလားး? လက္ရွိတဲြေနတဲ႕ ခ်စ္သူကို အကန္းတစ္ေယာက္လို မ်က္စိမွိတ္ပီးး ခ်စ္လိုက္ပါ။ အရာ၂ နားးလည္မႈ ေပးးလိုက္ပါ။ တခါတရံေပၚလာတဲ့ မိမိရဲ႕ မာနေတြကို တံေတြးနဲ႕အတူ ျမိဳခ်လိုက္ပါ... ဒါဆို သင္ဟာ ဒီေလာကမွာ အခ်စ္ကံအေကာင္းဆံုးလူ ျဖစ္လာပါလိမ့္မယ္။

10. သင့္ရဲ႕ အခ်စ္ျကီးမႈ ဟာ သင့္အတြက္ ေသေဆး အဆိပ္တစ္ခြက္လို ျဖစ္ေနတယ္ ဆိုတာ သင္ ဒီတစ္သက္ လံုးဝလံုးဝ မေမ့ပါနဲ႔..

ထပ္ေျပာပါမယ္...

သင့္ရဲ႕ အားနည္းခ်က္ဟာ သင့္ရဲ႕ အခ်စ္ျကီးးမႈ ပါဘဲ..

Post a Comment

0 Comments