လူတော်တော်များများ မသိကြသေးတဲ့ ငှက်ပျောခွံရဲ့ အသုံးဝင်ပုံ (၁၀) ချက်

ငှက်ပျောသီး စားပြီးတဲ့ အခါ အခွံကို လွှင့်ပစ် လိုက်တာ များပါတယ်။ ဒါပေမယ့် ငှက်ပျောသီးခွံထဲမှာ အံ့ဩလောက် စရာ အစွမ်းတွေ ရှိနေပါတယ်။ ငှက်ပျောသီးခွံကို မီးဖိုချောင် သန့်ရှင်းရေး လုပ်တဲ့အခါ အသုံးပြုနိုင်သလို မျက်နှာလေးလှဖို့ အတွက်လည်း အသုံးပြုနိုင် ပါတယ်။

1. ငှက်ပျောသီးခွံက ဝက်ခြံတွေကို နည်းပါးစေပါတယ်။

ငှက်ပျောသီးခွံမှာ ဗီတာမင် C၊ ဗီတာမင် E၊ ပိုတက်ဆီယမ်၊ ဇင့်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ် တွေက အသားအရေ ရောင်ရမ်းတာကို သက်သာစေ ပါတယ်။ ဝက်ခြံတွေကိုလည်း ထပ်မဖြစ်စေတော့ ပါဘူး။

- ငှက်ပျောသီးခွံနဲ့ မျက်နှာကို ပွတ်တိုက်ပြီး 10 မိနစ် ကြာအောင် ထားပါ။

- 10 မိနစ် ကြာပြီးနောက်မှာ မျက်နှာသစ်ပါ။

- တစ်နေ့ကို နှစ်ခါ ပြုလုပ်လို့ ရပါတယ်။

2. အရေးအကြောင်းတွေ ကိုလည်း နည်းပါးသွားစေ ပါတယ်။

အသက်အရွယ် ရလာပြီဆိုရင် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာပါပြီ။ ငှက်ပျောခွံမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် C ပါဝင် တာကြောင့် အရေးအကြောင်းတွေကို နည်းပါးစေ မှာပါ။

- ငှက်ပျောသီးခွံကို မျက်နှာပေါ်မှာ ပွတ်လိမ်းပြီး 30မိနစ် သို့မဟုတ် တစ်ညလုံး ထားလည်း ရပါတယ်။

- မနက် မျက်နှာသစ်တဲ့ အခါ မျက်နှာမှာ ရေဓာတ်ပြည့်နေမှာပါ။

- တစ်ပတ်ကို တစ်ခါ ပြုလုပ်ပေးလို့ ရပါတယ်။

3. ငှက်ပျောသီးခွံက ငွေထည်ပစ္စည်းတွေကို အရောင် တောက်ပစေပါတယ်။

ငွေထည်ပစ္စည်းတွေ အရောင်မှိန်လာတဲ့ အခါ ငှက်ပျောသီးခွံကို သတိရလိုက်ပါ။ ငှက်ပျောသီးခွံမှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သတ္ထုပစ္စည်းတွေကို သန့်ရှင်းရေး လုပ်ပေးမှာပါ။

- ငှက်ပျောသီးခွံကို ရေနဲ့ရောပြီး ကြိတ်စက် ထဲမှာ ထည့်ကြိတ်ပါ။

- အနှစ်တွေ ဖြစ်လာတဲ့အထိ ကြိတ်ပါ။

- ရလာတဲ့အနှစ်ကို ငွေထည်ပစ္စည်းတွေ ပေါ်မှာ ပွတ်တိုက်ပေးပါ။

4. ငှက်ပျောသီးခွံနဲ့ ဆူးထွင်လို့ ရပါတယ်။

ငှက်ပျောသီးခွံမှာ အင်ဇိုင်းတွေ ကြွယ်ဝတာကြောင့် အရေပြားရဲ့မျက်နှာပြင်မှာ စိုက်နေတဲ့ ဆူးလေးတွေကို ဆွဲထုတ်ရာမှာ လွယ်ကူ ပါတယ်။ဆူး၊ ငွေစ၊ မှန်ကွဲစတွေကို ဇာဂနာနဲ့ ဆွဲထုတ် ရာမှာ မခက်ခဲတော့ပါဘူး။

- ဆူးစူးနေတဲ့ နေရာပေါ်မှာ ငှက်ပျောသီးခွံကို တင်ထားပါ။

- 15 မိနစ် ကြာအောင် ထားပါ။

- ငှက်ပျောသီးခွံကို ဖြေးဖြေးချင်း ဖယ်လိုက်ပါ။

- ဆူးလည်း နှုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

5. ငှက်ပျောခွံက မြေဩဇာလည်း ဖြစ်လွယ်ပါတယ်။

စိုက်ပျိုးခင်းထဲမှာ ငှက်ပျောခွံလေးတွေကို ထည့်ထားလို့ ရပါတယ်။ငှက်ပျောခွံထဲမှာ ကယ်လ်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် ပါဝင်တာကြောင့် အပင်ကြီးထွားမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။

- ငှက်ပျောခွံကို အပိုင်းအစလေးတွေဖြစ်အောင် ညှပ်ပါ။

- ငှက်ပျောခွံ အပိုင်းအစ လေးတွေကို မြေကြီးနဲ့ ဖုံးအုပ် လိုက်ပါ။

6. သွားတွေကိုလည်း ဖြူစင်စေ ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်ပြီးတဲ့အခါ၊ ဘလူးဘယ်ရီသီး၊ ငါးဥဆူးသီးတွေ စားပြီးတဲ့အခါ သွားတွေ ဝါနေတတ်တာကို ငှက်ပျောသီးခွံက ဖယ်ရှားပေးမှာပါ။

- သွားတိုက်ဆေးနဲ့ အရင်သွားတိုက်ပါ။

- ငှက်ပျောသီးခွံရဲ့အတွင်းသားနဲ့ သွားကို 2မိနစ်ကြာအောင် ပွတ်ပါ။

- ပြီးရင် ပလုတ်ကျင်းလိုက်ပါ။ နေ့စဉ် ပြုလုပ်တဲ့အခါ သွားတွေ ဖြူလာမှာပါ။

7. အမာရွတ်တွေကိုလည်း ပျောက်စေပါတယ်။

အရေပြားရောင်တာ၊ နီရဲတာ၊ အမာရွတ် ကျန်တာတွေကို ငှက်ပျောသီးခွံက ဖယ်ရှားပေးနိုင် ပါတယ်။ငှက်ပျောသီးခွံကို lotion အများစု မှာလည်း ထည့်သွင်း အသုံးပြုပါတယ်။

- အမာရွတ်တွေ ရှိတဲ့ နေရာကို ငှက်ပျောခွံနဲ့ ပွတ်ပါ။

- တစ်နာရီကြာ ဒါမှမဟုတ် တစ်ညတာ ထားပါ။

- နေ့စဉ်လုပ်ပေးရင် အမာရွတ်ကင်းတဲ့ အသားအရေကို ရမှာပါနော်။

8. ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။

ခေါင်းကိုက်ခြင်းကို သဘာဝအတိုင်း ကုသချင်တယ်ဆိုရင် ငှက်ပျောသီးခွံ ရှိပါတယ်။ ငှက်ပျောသီးခွံကို နဖူးမှာ ကပ်ထားခြင်း၊ ဇက်မှာ ကပ်ထားခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေမှာပါ။

- ငှက်ပျောသီးခွံကို ရေခဲသေတ္တာထဲမှာ တစ်နာရီကြာထားပါ။

- နဖူးနဲ့ ဇက်မှာ ငှက်ပျောသီးခွံ တစ်ခုစီကို ကပ်ထားပါ။

- ငှက်ပျောသီးခွံ နွေးလာမှ ခွာလိုက်ပါ။

9. ငှက်ပျောသီးခွံက အသားတွေကို နူးအိစေပါတယ်။

ဟင်းချက်တဲ့ အခါ အသားတွေကို နူးအိစေချင်ရင် ငှက်ပျောသီးခွံကို နည်းနည်းလေး ထည့်ချက်ပါ။ အသားတွေက မွှေးပြီး စိုစိုအိအိလေး ဖြစ်နေမှာပါ။

10. အရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။

အရေပြားယားယံမှု အတွက် ငှက်ပျောသီးခွံက အိမ်တွင်းဆေးပါပဲ။ အဆိပ်ရှိတဲ့အင်းဆက်ပိုးတွေ ကိုက်တဲ့အခါ၊ ခြင်ကိုက်ခံရတဲ့ အခါ ယားတဲ့နေရာမှာ ငှက်ပျောသီးခွံကို ကပ်ထားပေးပါ။

Zombie (Lovemedia)

For Zawgyi

လူေတာ္ေတာ္မ်ားမ်ား မသိၾကေသးတဲ့ ငွက္ေပ်ာခြံရဲ႕ အသုံးဝင္ပုံ (၁၀) ခ်က္

ငွက္ေပ်ာသီး စားၿပီးတဲ့ အခါ အခြံကို လႊင့္ပစ္ လိုက္တာ မ်ားပါတယ္။ ဒါေပမယ့္ ငွက္ေပ်ာသီးခြံ ထဲမွာ အံ့ဩေလာက္ စရာ အစြမ္းေတြ ရွိေနပါတယ္။ ငွက္ေပ်ာသီးခြံကို မီးဖိုေခ်ာင္ သန႔္ရွင္းေရး လုပ္တဲ့ အခါ အသုံးျပဳႏိုင္သလို မ်က္ႏွာေလးလွဖို႔ အတြက္လည္း အသုံးျပဳႏိုင္ ပါတယ္။

1. ငွက္ေပ်ာသီးခြံက ဝက္ၿခံေတြကို နည္းပါးေစပါတယ္။

ငွက္ေပ်ာသီးခြံမွာ ဗီတာမင္ C၊ ဗီတာမင္ E၊ ပိုတက္ဆီယမ္၊ ဇင့္၊သံဓာတ္နဲ႔ မဂၢနီဆီယမ္ေတြ ပါဝင္ပါတယ္။ ဒီအာဟာရဓာတ္ ေတြက အသားအေရ ေရာင္ရမ္းတာကို သက္သာေစ ပါတယ္။ ဝက္ၿခံေတြကိုလည္း ထပ္မျဖစ္ေစေတာ့ ပါဘူး။

- ငွက္ေပ်ာသီးခြံနဲ႔ မ်က္ႏွာကို ပြတ္တိုက္ၿပီး 10 မိနစ္ ၾကာေအာင္ ထားပါ။

-10 မိနစ္ ၾကာၿပီးေနာက္မွာ မ်က္ႏွာသစ္ပါ။

-တစ္ေန႔ကို ႏွစ္ခါ ျပဳလုပ္လို႔ ရပါတယ္။

2. အေရးအေၾကာင္းေတြ ကိုလည္း နည္းပါးသြားေစ ပါတယ္။

အသက္အ႐ြယ္ ရလာၿပီဆိုရင္ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚလာပါၿပီ။ ငွက္ေပ်ာခြံမွာ အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ C ပါဝင္ တာေၾကာင့္ အေရးအေၾကာင္းေတြကို နည္းပါးေစ မွာပါ။

- ငွက္ေပ်ာသီးခြံကို မ်က္ႏွာေပၚမွာ ပြတ္လိမ္းၿပီး 30မိနစ္ သို႔မဟုတ္ တစ္ညလုံး ထားလည္း ရပါတယ္။

- မနက္ မ်က္ႏွာသစ္တဲ့ အခါ မ်က္ႏွာမွာ ေရဓာတ္ျပည့္ေနမွာပါ။

- တစ္ပတ္ကို တစ္ခါ ျပဳလုပ္ေပးလို႔ ရပါတယ္။

3. ငွက္ေပ်ာသီးခြံက ေငြထည္ပစၥည္းေတြကို အေရာင္ ေတာက္ပေစပါတယ္။

ေငြထည္ပစၥည္းေတြ အေရာင္မွိန္လာတဲ့ အခါ ငွက္ေပ်ာသီးခြံကို သတိရလိုက္ပါ။ ငွက္ေပ်ာသီးခြံမွာ ပိုတက္ဆီယမ္ ပါဝင္တာေၾကာင့္ သတၳဳပစၥည္းေတြကို သန႔္ရွင္းေရး လုပ္ေပးမွာပါ။

- ငွက္ေပ်ာသီးခြံကို ေရနဲ႔ေရာၿပီး ႀကိတ္စက္ ထဲမွာ ထည့္ႀကိတ္ပါ။

- အႏွစ္ေတြ ျဖစ္လာတဲ့အထိ ႀကိတ္ပါ။

- ရလာတဲ့အႏွစ္ကို ေငြထည္ပစၥည္းေတြ ေပၚမွာ ပြတ္တိုက္ေပးပါ။

4. ငွက္ေပ်ာသီးခြံနဲ႔ ဆူးထြင္လို႔ ရပါတယ္။

ငွက္ေပ်ာသီးခြံမွာ အင္ဇိုင္းေတြ ႂကြယ္ဝတာေၾကာင့္ အေရျပားရဲ႕မ်က္ႏွာျပင္မွာ စိုက္ေနတဲ့ ဆူးေလးေတြကို ဆြဲထုတ္ရာမွာ လြယ္ကူ ပါတယ္။ဆူး၊ ေငြစ၊ မွန္ကြဲစေတြကို ဇာဂနာနဲ႔ ဆြဲထုတ္ ရာမွာ မခက္ခဲေတာ့ပါဘူး။

- ဆူးစူးေနတဲ့ ေနရာေပၚမွာ ငွက္ေပ်ာသီးခြံကို တင္ထားပါ။

- 15 မိနစ္ ၾကာေအာင္ ထားပါ။

- ငွက္ေပ်ာသီးခြံကို ေျဖးေျဖးခ်င္း ဖယ္လိုက္ပါ။

- ဆူးလည္း ႏႈတ္ၿပီးသား ျဖစ္သြားပါလိမ့္မယ္။

5. ငွက္ေပ်ာခြံက ေျမဩဇာလည္း ျဖစ္လြယ္ပါတယ္။

စိုက္ပ်ိဳးခင္းထဲမွာ ငွက္ေပ်ာခြံေလးေတြကို ထည့္ထားလို႔ ရပါတယ္။ငွက္ေပ်ာခြံထဲမွာ ကယ္လ္ဆီယမ္၊မဂၢနီဆီယမ္၊ ဆာလဖာ၊ ေဖာ့စဖိတ္၊ ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ ပါဝင္တာေၾကာင့္ အပင္ႀကီးထြားမႈအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

- ငွက္ေပ်ာခြံကို အပိုင္းအစေလးေတြျဖစ္ေအာင္ ညႇပ္ပါ။

- ငွက္ေပ်ာခြံ အပိုင္းအစ ေလးေတြကို ေျမႀကီးနဲ႔ ဖုံးအုပ္ လိုက္ပါ။

6. သြားေတြကိုလည္း ျဖဴစင္ေစ ပါတယ္။

ေကာ္ဖီ၊ လက္ဖက္ရည္ေတြ ေသာက္ၿပီးတဲ့အခါ၊ ဘလူးဘယ္ရီသီး၊ ငါးဥဆူးသီးေတြ စားၿပီးတဲ့အခါ သြားေတြ ဝါေနတတ္တာကို ငွက္ေပ်ာသီးခြံက ဖယ္ရွားေပးမွာပါ။

- သြားတိုက္ေဆးနဲ႔ အရင္သြားတိုက္ပါ။

- ငွက္ေပ်ာသီးခြံရဲ႕အတြင္းသားနဲ႔ သြားကို 2မိနစ္ၾကာေအာင္ ပြတ္ပါ။

- ၿပီးရင္ ပလုတ္က်င္းလိုက္ပါ။ ေန႔စဥ္ ျပဳလုပ္တဲ့အခါ သြားေတြ ျဖဴလာမွာပါ။

7. အမာ႐ြတ္ေတြကိုလည္း ေပ်ာက္ေစပါတယ္။

အေရျပားေရာင္တာ၊ နီရဲတာ၊ အမာ႐ြတ္ က်န္တာေတြကို ငွက္ေပ်ာသီးခြံက ဖယ္ရွားေပးႏိုင္ ပါတယ္။ငွက္ေပ်ာသီးခြံကို lotion အမ်ားစု မွာလည္း ထည့္သြင္း အသုံးျပဳပါတယ္။

- အမာ႐ြတ္ေတြ ရွိတဲ့ ေနရာကို ငွက္ေပ်ာခြံနဲ႔ ပြတ္ပါ။

- တစ္နာရီၾကာ ဒါမွမဟုတ္ တစ္ညတာ ထားပါ။

- ေန႔စဥ္လုပ္ေပးရင္ အမာ႐ြတ္ကင္းတဲ့ အသားအေရကို ရမွာပါေနာ္။

8. ေခါင္းကိုက္ျခင္းကိုလည္း သက္သာေစပါတယ္။

ေခါင္းကိုက္ျခင္းကို သဘာဝအတိုင္း ကုသခ်င္တယ္ဆိုရင္ ငွက္ေပ်ာသီးခြံ ရွိပါတယ္။ ငွက္ေပ်ာသီးခြံကို နဖူးမွာ ကပ္ထားျခင္း၊ ဇက္မွာ ကပ္ထားျခင္းက ေခါင္းကိုက္ျခင္းကို သက္သာေစမွာပါ။

- ငွက္ေပ်ာသီးခြံကို ေရခဲေသတၱာထဲမွာ တစ္နာရီၾကာထားပါ။

- နဖူးနဲ႔ ဇက္မွာ ငွက္ေပ်ာသီးခြံ တစ္ခုစီကို ကပ္ထားပါ။

- ငွက္ေပ်ာသီးခြံ ေႏြးလာမွ ခြာလိုက္ပါ။

9. ငွက္ေပ်ာသီးခြံက အသားေတြကို ႏူးအိေစပါတယ္။

ဟင္းခ်က္တဲ့ အခါ အသားေတြကို ႏူးအိေစခ်င္ရင္ ငွက္ေပ်ာသီးခြံကို နည္းနည္းေလး ထည့္ခ်က္ပါ။ အသားေတြက ေမႊးၿပီး စိုစိုအိအိေလး ျဖစ္ေနမွာပါ။

10. အေရျပားယားယံျခင္းကိုလည္းး သက္သာေစပါတယ္။

အေရျပားယားယံမႈ အတြက္ ငွက္ေပ်ာသီးခြံက အိမ္တြင္းေဆးပါပဲ။ အဆိပ္ရွိတဲ့အင္းဆက္ပိုးေတြ ကိုက္တဲ့အခါ၊ ျခင္ကိုက္ခံရတဲ့ အခါ ယားတဲ့ေနရာမွာ ငွက္ေပ်ာသီးခြံကို ကပ္ထားေပးပါ။

Zombie (Lovemedia)

Post a Comment

0 Comments