မိဘတွေ သတိပြုစရာ ၄ ထပ်တိုက် နံရံဘေးကနေ လမ်းလျှောက်သွားတဲ့ ကလေး (ရုပ်သံ)

အမေ ရေချိုးနေတုန်း ၄ ထပ်တိုက် နံရံဘေးကနေ လမ်းလျှောက်သွားတဲ့ ကလေးလေး ရုပ်သံ

လမ်းလျှောက်တတ်စ ကလေးတွေက သိချင်စိတ်၊ စူးစမ်းချင်စိတ် များကြပါတယ်။ သူတို့က သိချင်စိတ်နဲ့ လျှောက်သွားတတ် တာကြောင့် မျက်ခြေမပြတ် ကြည့်နေဖို့တော့ အလွန် လိုအပ်ပါတယ်။ ဒါပေမယ့် မိဘတွေကလည်း အလုပ်များတဲ့အခါ လမ်းလျှောက်တတ်စ ကလေးတွေကို အမြဲတမ်း လိုက်မကြည့် နိုင်ပါဘူး။

စပိန်နိုင်ငံ၊ Tenefire ကျွန်းက လမ်းလျှောက်တတ်စအရွယ် ကလေးလေး တစ်ဦးဟာ သူမရဲ့အမေ ရေချိုးနေတုန်း လေးထပ်မြောက် တိုက်ခန်းရဲ့ အပြင်ဘက် နံရံဘေးကို လမ်းလျှောက်သွား ခဲ့ပါတယ်။ ကလေးလေးက တိုက်ခန်းရဲ့ နံရံကနေ တစ်ဆင့် လသာဆောင်ကို သွားလိုပုံပါပဲ။

လသာဆောင်ကို တက်လို့ မရတဲ့အခါ နံရံဘေးကနေ ပြန်လျှောက်လာပြန်ပြီး စထွက်လာတဲ့ ပြူတင်းပေါက်နားကို ပြန်ရောက်လာ ပြန်ပါတယ်။ သတင်းရဲ့ နောက်ဆက်တွဲ ကိုတော့ မဖော်ပြထားပါဘူး။ ဒီ video လေးက လမ်းလျှောက်တတ်စ ကလေးတွေ ရှိတဲ့ မိဘတွေအတွက် သတိပြုစရာပါပဲ။

ရုပ်သံ

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments