မိဘတိုင်း သတိထားသင့်တဲ့ ကလေးငယ်တွေရဲ့ အပြုအမူ

မိဘတွေဟာ ကလေးတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း စိုးရိမ်ပူပန် နေတတ်ကြပါတယ်။ လှေကားပေါ်က မတော်တဆ ပြုတ်ကျလို့ ကျိုးကြေတာ၊ ကုတင်ပေါ်က ပြုတ်ကျလို့ ဦးခေါင်းကို ထိခိုက်သွားမှာ စတာတွေနဲ့ ပတ်သက်ပြီးတော့ ကလေးကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။

ဒီနေ့မှာ ပြောပြပေးချင်တာကတော့ ကလေးတွေ သူတို့ခေါင်းကို လက်နဲ့ပုတ်နေတဲ့ အကြောင်းရင်းပါ။ ဒီလို လက်နဲ့ပုတ်တာကလည်း အကြောင်းအရင်း အမျိုးမျိုး ရှိနေပါတယ်။ မကျေနပ်တာလား၊ တစ်ခုခုကို ပြောချင်တာလား စတဲ့အချက်တွေပါ။ ဒါဆို ဘယ်လို တားဆီးမလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

၁။ ကလေးကို တစ်ယောက်ထဲ မထားပါနဲ့

ကလေးတွေဟာ လူကြီးတွေရဲ့ အာရုံစိုက်မှုကို အရမ်းလိုချင်ပါတယ်။ ဒါကြောင့်လဲ လူအများရှေ့ရောက်ရင် ချစ်စရာ အမူအရာလေးတွေကို လုပ်ပြတတ်ကြတာပါ။ သူတို့ကို လူကြီးတွေက ဂရုမစိုက်ဘဲ တစ်ယောက်တည်း လွှတ်ထားမိတဲ့ အခါမှာတော့ သူ့ကိုအာရုံစိုက်လာအောင် သူ့ခေါင်းကို သူပြန်ပုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေက ခေါင်းကိုလက်နဲ့ပုတ်ရင် တားခဲ့ပြီး အရမ်းကို ကြင်ကြင်နာနာ ဆက်ဆံပေးလို့ပါ။

၂။ ကလေးကို သက်တောင့်သက်သာ ဖြစ်အောင် ထားပါ။

တချို့ မိဘတွေက ကလေးကို အအေးပတ်မှာ စိုးတာကြောင့် အနွေးထည်အထူတွေ၊ အင်္ကျီကို ၂ ထပ် ၃ ထပ် ဝတ်ပေးထားတာတွေ ရှိပါတယ်။ ဒါဟာ ကလေးကို အရမ်းကျဉ်းကျပ်စေပြီးတော့ ပူလောင်နေစေပါတယ်။ ကလေးဟာ ငယ်ရွယ်သေးလို့ မပြောတတ်တဲ့အခါ မိမိကိုယ်မိမိ သက်သာအောင်လုပ်ဖို့ တွေးလာပါတယ်။ ကလေးတွေရဲ့ အပြုအမူထဲက အထိရောက်ဆုံးကတော့ ငိုတာနဲ့ တစ်ခုခုကို ပုတ်ပြတာပါပဲ။

၃။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတယ်။

မွေးကင်းစအရွယ် ကလေးများနဲ့ လေးဖက်ထောက်အရွယ် ကလေးများဟာ အလွန်ကို စိတ်လှုပ်ရှားလွယ်တဲ့ အရွယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အချိန်ခဏအတွင်းမှာကို စိတ်အပြောင်းအလဲ မြန်ပြီးတော့ အချစ်အချော့ကို ကြိုက်ပါတယ်။ သူတို့ မကျေနပ်တာ တစ်ခုခုရှိရင် ပစ္စည်းတွေကို လွှင့်ပစ်တတ်သလို သူတို့ကြည်နူးစရာရှိရင်လဲ တခစ်ခစ်နဲ့ ရယ်မောနေတတ်ကြတာပါ။ ဒါကြောင့် မိဘတွေအနေနဲ့လည်း ကလေးတွေကို မဆူမရိုက်ပဲနဲ့ အရမ်းကို ဂရုစိုက်သင့်ပါတယ်။

၄။ အာရုံကြော အားနည်းတာ

တချို့ ကလေးတွေမှာတော့ မွေးရာပါ အာရုံကြော အားနည်းတာတွေ ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ နာကျင်တာတွေကို ခံစားရပါတယ်။ ဒါကြောင့် မိမိခေါင်းကိုမိမိ လက်နဲ့ပုတ်တတ်ကြပါတယ်။ တကယ်လို့ ကလေးဟာ မိမိခေါင်းကိုမိမိ ဆက်တိုက် လက်နဲ့ပုတ်နေပြီ ဆိုရင်တော့ ကလေးအထူးကုနဲ့ ပြသသင့်ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments