နိုင်ပွဲရအပီး အောင်လပြောခဲ့တဲ့ မြန်မာပြည်သူတွေအတွက် စကားသံ

အမေး - ခင်များရဲ့ ပြင်းထန်တဲ့ ညာလက်သီးနဲ့ ပွဲသိမ်းပီးတဲ့အခါမှာ ခင်များစိတ်ထဲ ဘာတွေ ဖြစ်နေလဲ ပြောပြပါလား..

အောင်လ - ပွဲမထိုးခင် လီအန်ဒရိုက သူ့ကို ကျနော်ကြောက်နေပါတယ် ဆိုပီး ပြောတယ်။ အာ့နဲ့ ကျနော် သူ့ကို လုံးဝ မကြောက်ဘူး ဆိုတာကို ပြချင်လို့ အစောကြီး ဖွင့်ထိုးခဲ့တာ ။ မစ်ဒယ်ဝိတ်တန်းမှာတော့ ကျနော် ကြောက်ရတဲ့ fighter တစ်ယေောက်မှ မရှိသေးပါဘူး။

အမေး - ပွဲပီးသွားတော့ ခင်များ ဥက္ကဌ ချက်ထရီဆီ သွားပီး ဘာစကားတွေ ပြောခဲ့တာလဲဗျ..

အောင်လ- ကျနော်ပြောခဲ့တာက ခင်များ ကြိုက်တဲ့လူနဲ့ ကျနော့်ကို ပေးတွေ့လို့ရတယ်။ ကျနော် ချန်ပီယံဖြစ်တုန်းကကျ စိန်ခေါ်ထိုးချင်တဲ့သူတွေ အတော်များများပေါ်လာခဲ့တယ်။

အဆုံးစွန်ပြောရရင် ဝယ်တာဝိတ်တန်း ချန်ပီယံ အဘာဆော ကတောင် စိန်ခေါ်ခဲ့သေးတာပါ။ နောက်ပီး ယိုရှီယို အိုကာမီ နဲ့ဘစ်ဒက်ရှ်တိုလည်း ရှိပါသေးတယ်။ အဲ့တော့ စိတ်ကြိုက်လူနဲ့သာ ပွဲတည်လိုက်စမ်းပါ။ ကျနော် ဆက်ထိုးချင်ပါတယ်။

အမေး - ဒီလိုဆို ခင်များအနေနဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်ရယူဖို့ အသင့်ဖြစ်နေပီလားဗျ..

အောင်လ - ပရိသတ်တွေကတော့ ပျင်းစရာ ကောင်းတဲ့ပွဲတွေ ကြည့်ချင်တယ်လို့တော့ မထင်ပါဘူး။ ကျနော်တော့ ဖျော်ဖြေမှုပေးတဲ့ ပြိုင်ပွဲတွေပဲ ဆက်နွှဲချင်သေးတယ်။ ဝမ်း ပရိသတ်တွေအတွက် ကျနော် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတွေကို ဆက်ဆွဲသွားမှာပါ။

ဒီကနေပီး မြန်မာပြည်သူတွေကို ဆုတောင်းပေးချင်ပါတယ်။ မြန်မာပြည်သူတွေအတွက် ခက်ခဲ့တဲ့နှစ်တစ်နှစ်ကို ကျော်ဖြတ်နေရတာပါ။

ဒီလို အခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ ပွဲအတွက် ကျနော် gym သွားရတာလည်း သိပ်အဆင်မပြေပါဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ကိုယ့်အတွက်ကိုယ် မကြည့်ပဲ မြန်မာပြည်သူတွေအတွက် အနာဂတ်ကိုလည်း ကြည့်ပေးကြပါဘူးဗျာ။ အာလုံးကို ကျေးဇူးတင်ပါတယ်။

Lovemedia

Post a Comment

0 Comments