အိမ်တွင်းလေထုကို သန့်စင်ပေးဖို့အတွက် NASA က သတ်မှတ်ထားတဲ့ အကောင်းဆုံး အပင် (၁၈) ပင်

1980 ခုနှစ်တွေတုန်းက NASA ဟာ အာကာသ စခန်းတွေထဲက လေထုကို သန့်စင်ဖို့ အတွက် နည်းလမ်းတွေ ရှာခဲ့ကြ ပါတယ်။ NASA က လေထဲက အဆိပ်အတောက်တွေကို သန့်စင်ဖို့၊ ကာဗွန်ဒိုင်အောက်ဆိုက်ကနေ အောက်ဆီဂျင် အဖြစ် ပြောင်းလဲဖို့ အတွက် ထိရောက်မှု အရှိဆုံးဖြစ်မယ့် အပင်တွေကို စိုက်ဖို့ လေ့လာခဲ့ကြပါတယ်။

အာကာသစခန်းတွင်းထဲက လေထုကို သန့်စင်ဖို့ အတွက် အကောင်းဆုံး အပင်စာရင်းကို NASA က 1989 ခုနှစ်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ အနည်းဆုံး အပင်တစ်ပင်က 100 စတုရန်းပေ ကျယ်တဲ့ အခန်းထဲက လေထုကို သန့်စင်ပေး နိုင်မယ်လို့ အစီရင်ခံစာ ထဲမှာ ဖော်ပြထား ပါတယ်။

ကမ္ဘာကြီးရဲ့လေထုထဲမှာ ဒီဓာတ်ငွေ့တွေ ပါဝင်နေပါတယ်။

Trichloroethylene

printerဆေး၊ ပန်းချီဆေး၊ အရောင်တင်ဆီ၊ ကော်၊ ပန်းချီဖျက်ဆေး တို့မှာ Trichloroethylene ကို တွေ့ရပါတယ်။ Trichloroethylene နဲ့ 15 မိနစ် ထိတွေ့ရင်တောင်မှ မူးခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်းတို့ အပြင် အိပ်ငိုက်ခြင်း၊ ကိုမာ အထိ ဖြစ်နိုင်ပါတယ်။

Formaldehyde

စက္ကူအိတ်၊ ဖယောင်းစက္ကူ ၊ မျက်နှာသုတ် တစ်ရှူး၊ အထပ်သားတွေမှာ Formaldehyde ကို တွေ့ရပါတယ်။ လေထဲမှာ ပါဝင်တဲ့ Formaldehyde နဲ့ ခဏလေး ထိတွေ့မိရင် နှာခေါင်းပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်ရောင်ခြင်းတွေ ဖြစ်တတ် ပါတယ်။

Benzene

Benzene ကို ပလက်စတစ်၊ သစ်စေး၊ ချောဆီ၊ ဆပ်ပြာမှုန့်၊ ဆေးရွက်ကြီး၊ ဆေးဝါးတွေမှာ တွေ့ရပါတယ်။ ကော်၊ ပရိဘောဂ ပြုလုပ်ရာမှာသုံးတဲ့ ဖယောက်းမှာလည်း တွေ့ရပါတယ်။ Benzene က မျက်လုံး ကျိန်းစပ်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်း တို့ကို ဖြစ်စေပါတယ်။

Xylene

Xylene ကို ရာဘာ၊ သားရေ၊ ဆေးရွက်ကြီး၊ ယာဉ်တွေက ထွက်တဲ့ အိတ်ဇောငွေ့တွေမှာ တွေ့ရပါတယ်။ Xylene က လည်ချောင်းနာခြင်း၊ မူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသည်းနဲ့ ကျောက်ကပ် ပျက်စီးခြင်းတို့အပြင် ကိုမာအထိ ဖြစ်စေ ပါတယ်။

Ammonia

Ammonia ကို ပြူတင်းပေါက် သန့်ရှင်းရေး လုပ်တဲ့ဆေး၊ ကြမ်းတိုက်ဆီ၊ ဇဝက်သာ ရှူဆေး၊ မြေဩဇာတွေမှာ တွေ့ရပါတယ်။ Ammonia နဲ့ ခဏတာလေး ထိတွေ့ရင်တောင်မှ မျက်လုံး ကျိန်းစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း တို့ကို ဖြစ်စေတတ် ပါတယ်။

အိမ်တွင်းလေထုကို သန့်စင်ပေမယ့် အကောင်းဆုံးအပင် (18) ပင် ရှိပါတယ်။

ထန်းပင်

ငါးရိုးပင်

Kimberly Queen Deen

ပင့်ကူဂမုန်းပင်

စီးပွားတိုးဂမုန်းပင်

ဝါးအုန်းပင်

ညောင်သပြေပင်

ရွှေလာငွေလာပင်

ကြိုးကြာလီလီ

Lilyturf

Broadleaf lady palm

ဒေစီပန်း

Cornstalk dracaena

တိုင်ကပ်နွယ်ပင်

မြေဂမုန်းပင်

Red-edged dracaena

ရှင်သီဝလိဂမုန်းပင်

ဥရောပဂန္ဓာ

ဒီအပင်တွေထဲက တချို့အပင်တွေက အိမ်မွေး တိရစ္ဆာန်လေးတွေ အတွက် အန္တရာယ် ရှိနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

အိမ္တြင္းေလထုကို သန႔္စင္ေပးဖို႔အတြက္ NASA က သတ္မွတ္ထားတဲ့ အေကာင္းဆုံး အပင္ (၁၈) ပင္

1980 ခုႏွစ္ေတြတုန္းက NASA ဟာ အာကာသ စခန္းေတြထဲက ေလထုကို သန႔္စင္ဖို႔ အတြက္ နည္းလမ္းေတြ ရွာခဲ့ၾက ပါတယ္။ NASA က ေလထဲက အဆိပ္အေတာက္ေတြကို သန႔္စင္ဖို႔၊ ကာဗြန္ဒိုင္အာက္ဆိုက္ကေန ေအာက္ဆီဂ်င္ အျဖစ္ ေျပာင္းလဲဖို႔ အတြက္ ထိေရာက္မႈ အရွိဆုံးျဖစ္မယ့္ အပင္ေတြကို စိုက္ဖို႔ ေလ့လာခဲ့ၾကပါတယ္။

အာကာသစခန္းတြင္းထဲက ေလထုကို သန႔္စင္ဖို႔ အတြက္ အေကာင္းဆုံး အပင္စာရင္းကို NASA က 1989 ခုႏွစ္မွာ ထုတ္ျပန္ခဲ့ ပါတယ္။ အနည္းဆုံး အပင္တစ္ပင္က 100 စတုရန္းေပ က်ယ္တဲ့ အခန္းထဲက ေလထုကို သန႔္စင္ေပး ႏိုင္မယ္လို႔ အစီရင္ခံစာ ထဲမွာ ေဖာ္ျပထား ပါတယ္။

ကမာၻႀကီးရဲ႕ေလထုထဲမွာ ဒီဓာတ္ေငြ႕ေတြ ပါဝင္ေနပါတယ္။

Trichloroethylene

printerေဆး၊ ပန္းခ်ီေဆး၊ အေရာင္တင္ဆီ၊ ေကာ္၊ ပန္းခ်ီဖ်က္ေဆး တို႔မွာ Trichloroethylene ကို ေတြ႕ရပါတယ္။ Trichloroethylene နဲ႔ 15 မိနစ္ ထိေတြ႕ရင္ေတာင္မွ မူးျခင္း၊ စိတ္လႈပ္ရွားျခင္း၊ ေခါင္းကိုက္ျခင္း၊ မအီမသာျဖစ္ျခင္း၊ အန္ျခင္းတို႔ အျပင္ အိပ္ငိုက္ျခင္း၊ ကိုမာ အထိ ျဖစ္ႏိုင္ပါတယ္။

Formaldehyde

စကၠဴအိတ္၊ ဖေယာင္းစကၠဴ ၊ မ်က္ႏွာသုတ္ တစ္ရႉး၊ အထပ္သားေတြမွာ Formaldehyde ကို ေတြ႕ရပါတယ္။ ေလထဲမွာ ပါဝင္တဲ့ Formaldehyde နဲ႔ ခဏေလး ထိေတြ႕မိရင္ ႏွာေခါင္းပိတ္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ အဆုတ္ေရာင္ျခင္းေတြ ျဖစ္တတ္ ပါတယ္။

Benzene

Benzene ကို ပလက္စတစ္၊ သစ္ေစး၊ ေခ်ာဆီ၊ ဆပ္ျပာမႈန႔္၊ ေဆး႐ြက္ႀကီး၊ ေဆးဝါးေတြမွာ ေတြ႕ရပါတယ္။ ေကာ္၊ ပရိေဘာဂ ျပဳလုပ္ရာမွာသုံးတဲ့ ဖေယာက္းမွာလည္း ေတြ႕ရပါတယ္။ Benzene က မ်က္လုံး က်ိန္းစပ္ျခင္း၊ အိပ္ငိုက္ျခင္း၊ မူးျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွလုံးခုန္ျမန္ျခင္း၊ သတိလစ္ျခင္း တို႔ကို ျဖစ္ေစပါတယ္။

Xylene

Xylene ကို ရာဘာ၊ သားေရ၊ ေဆး႐ြက္ႀကီး၊ ယာဥ္ေတြက ထြက္တဲ့ အိတ္ေဇာေငြ႕ေတြမွာ ေတြ႕ရပါတယ္။ Xylene က လည္ေခ်ာင္းနာျခင္း၊ မူးျခင္း၊ ႏွလုံးခုန္ျမန္ျခင္း၊ အသည္းနဲ႔ ေက်ာက္ကပ္ ပ်က္စီးျခင္းတို႔အျပင္ ကိုမာအထိ ျဖစ္ေစ ပါတယ္။

Ammonia

Ammonia ကို ျပဴတင္းေပါက္ သန႔္ရွင္းေရး လုပ္တဲ့ေဆး၊ ၾကမ္းတိုက္ဆီ၊ ဇဝက္သာ ရႉေဆး၊ ေျမဩဇာေတြမွာ ေတြ႕ရပါတယ္။ Ammonia နဲ႔ ခဏတာေလး ထိေတြ႕ရင္ေတာင္မွ မ်က္လုံး က်ိန္းစပ္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း တို႔ကို ျဖစ္ေစတတ္ ပါတယ္။

အိမ္တြင္းေလထုကို သန႔္စင္ေပမယ့္ အေကာင္းဆုံးအပင္ (18) ပင္ ရွိပါတယ္။

ထန္းပင္

ငါး႐ိုးပင္

Kimberly Queen Deen

ပင့္ကူဂမုန္းပင္

စီးပြားတိုးဂမုန္းပင္

ဝါးအုန္းပင္

ေညာင္သေျပပင္

ေ႐ႊလာေငြလာပင္

ႀကိဳးၾကာလီလီ

Lilyturf

Broadleaf lady palm

ေဒစီပန္း

Cornstalk dracaena

တိုင္ကပ္ႏြယ္ပင္

ေျမဂမုန္းပင္

Red-edged dracaena

ရွင္သီဝလိဂမုန္းပင္

ဥေရာပဂႏၶာ

ဒီအပင္ေတြထဲက တခ်ိဳ႕အပင္ေတြက အိမ္ေမြး တိရစာၦန္ေလးေတြ အတြက္ အႏၲရာယ္ ရွိႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments