အသက်အရွယ်ကွာဟတဲ့ စုံတွဲတွေက ပိုပြီးအောင်မြင်နိုင်

အချစ်က အရမ်းကို ထူးဆန်းပါတယ်။ အသက်အရွယ်ကွာတဲ့သူ နှစ်ယောက်ကိုလည်း ဆုံစည်းအောင် လုပ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကွာတဲ့ စုံတွဲတွေက ပိုပြီး အောင်မြင်မှုရနိုင်ကြောင်း စိတ်ပညာအဆိုတွေမှာ ဖော်ပြထားပါတယ်။

၁။ အသက်အရွယ် ကွာဟတယ်ဆိုတာ ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး။

အောင်မြင်ကျော်ကြားတဲ့ cele စုံတွဲတွေမှာလည်း အသက်အရွယ် ကွာခြားသူတွေ ရှိကြပါတယ်။ တကယ်ချစ်တဲ့အခါ အသက်အရွယ် ကွာဟတယ် ဆိုတာ ကိန်းဂဏန်းသာသာပဲ ရှိပါတော့တယ်။ တကယ်တော့ အချစ်က အဓိကကျတာပါ။ စုံတွဲတစ်တွဲမှာ အမျိုးသမီးက အသက်ပိုကြီးရင် လူအများရဲ့ဝေဖန်မှုကို ပိုခံရပါတယ်။

ဒါပေမယ့် စုံတွဲတစ်တွဲမှာ အမျိုးသမီးက အသက်အရမ်းငယ်နေရင်လည်း သိုက်တူးတဲ့လူဆိုပြီး အဝေဖန်ခံရပါသေးတယ်။ ဒါပေမယ့် တကယ်ချစ်တဲ့အခါ ပတ်ဝန်းကျင်စကားတွေက အသေးအဖွဲတွေ ဖြစ်သွားပါတော့တယ်။

၂။ အသက်အရွယ် ကွာတဲ့သူတွေက ပိုပြီးပျော်ရွှင်ကြတယ်။

တကယ်တော့ အရေးကြီးတာက ကိုယ်ကိုယ်တိုင်ပျော်ရွှင်ဖို့ပါ ။ အသက်ငယ်တဲ့သူကို ယူထားရင် ပိုပြီး ပျော်ရွှင်ရတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။ ကောင်လေးငယ်ငယ်လေးတွေနဲ့ date တဲ့ အမျိုးသမီးတွေက ပိုပြီးယုံကြည်မှု ရှိတယ်၊ တက်ကြွတယ်လို့ ဖော်ပြထားပါတယ်။

၃။ ပိုပြီးနားလည်မှု ရှိတယ်။

စုံတွဲတွေမှာ အချစ်တစ်ခုတည်းနဲ့ ပြည့်စုံတာတော့ မဟုတ်ပါဘူး။ နားလည်မှုတွေ၊ အကြင်နာတွေက လိုအပ်ပါသေးတယ်။ အသက်အရွယ် ကွာဟတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ နားလည်မှု၊ ယုံကြည်မှုတွေက ပိုတိုးလာပါတယ်။ တစ်ယောက်က မှားနေရင်လည်း အေးအေးဆေးဆေးနဲ့ လမ်းပြပေးဖို့က လွယ်ကူသွားပါတယ်။

၄။ အသက်အရွယ်ကွာတဲ့ လိင်တူစုံတွဲတွေလည်း ရှိကြပါတယ်။

လိင်တူစုံတွဲတွေက သာမန်စုံတွဲတွေထက်ပိုပြီး အာရုံစိုက်ခံရပါတယ်။ ဒါပေမယ့် သူတို့လက်ခံထားတာက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပံ့ပိုးရင် နားလည်မှုရှိရှိ ချစ်သွားတာပါ။ အဲဒါကြောင့် အချစ်က ပိုခိုင်မြဲပါတယ်။

အသက်အရွယ် ကွာခြားတဲ့ စုံတွဲတွေမှာ တချို့အရာတွေကလည်း နားလည်မှုလွဲတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုက အပြန်အလှန် ပံ့ပိုးပေးနိုင်တာတွေ၊ အကြံပေးနိုင်တာတွေကြောင့် အသက်အရွယ် ကွာဟသူတွေမှာ ပိုပြီးအောင်မြင်မှုတွေ ရရှိလာတာပါ။

Zombie (Lovemedia)

For Zawgyi

အသက္အ႐ြယ္ကြာဟတဲ့ စုံတြဲေတြက ပိုၿပီးေအာင္ျမင္ႏိုင္

အခ်စ္က အရမ္းကို ထူးဆန္းပါတယ္။ အသက္အ႐ြယ္ကြာတဲ့သူ ႏွစ္ေယာက္ကိုလည္း ဆုံစည္းေအာင္ လုပ္ေပးႏိုင္ပါတယ္။ အသက္အ႐ြယ္ကြာတဲ့ စုံတြဲေတြက ပိုၿပီးေအာင္ျမင္မႈရႏိုင္ေၾကာင္း စိတ္ပညာအဆိုေတြမွာ ေဖာ္ျပထားပါတယ္။

၁။ အသက္အ႐ြယ္ ကြာဟတယ္ဆိုတာ ျပႆနာႀကီးတစ္ခု မဟုတ္ပါဘူး။

ေအာင္ျမင္ေက်ာ္ၾကားတဲ့ cele စုံတြဲေတြမွာလည္း အသက္အ႐ြယ္ ကြာျခားသူေတြ ရွိၾကပါတယ္။ တကယ္ခ်စ္တဲ့အခါ အသက္အ႐ြယ္ ကြာဟတယ္ ဆိုတာ ကိန္းဂဏန္းသာသာပဲ ရွိပါေတာ့တယ္။ တကယ္ေတာ့ အခ်စ္က အဓိကက်တာပါ။ စုံတြဲတစ္တြဲမွာ အမ်ိဳးသမီးက အသက္ပိုႀကီးရင္ လူအမ်ားရဲ႕ေဝဖန္မႈကို ပိုခံရပါတယ္။ ဒါေပမယ့္ စုံတြဲတစ္တြဲမွာ အမ်ိဳးသမီးက အသက္အရမ္းငယ္ေနရင္လည္း သိုက္တူးတဲ့လူဆိုၿပီး အေဝဖန္ခံရပါေသးတယ္။ ဒါေပမယ့္ တကယ္ခ်စ္တဲ့အခါ ပတ္ဝန္းက်င္စကားေတြက အေသးအဖြဲေတြ ျဖစ္သြားပါေတာ့တယ္။

၂။ အသက္အ႐ြယ္ ကြာတဲ့သူေတြက ပိုၿပီးေပ်ာ္႐ႊင္ၾကတယ္။

တကယ္ေတာ့ အေရးႀကီးတာက ကိုယ္ကိုယ္တိုင္ေပ်ာ္႐ႊင္ဖို႔ပါ ။ အသက္ငယ္တဲ့သူကို ယူထားရင္ ပိုၿပီး ေပ်ာ္႐ႊင္ရတယ္လို႔ သုေတသနေတြမွာ ေဖာ္ျပထားပါတယ္။ ေကာင္ေလးငယ္ငယ္ေလးေတြနဲ႔ date တဲ့ အမ်ိဳးသမီးေတြက ပိုၿပီးယုံၾကည္မႈ ရွိတယ္၊ တက္ႂကြတယ္လို႔ ေဖာ္ျပထားပါတယ္။

၃။ ပိုၿပီးနားလည္မႈ ရွိတယ္။

စုံတြဲေတြမွာ အခ်စ္တစ္ခုတည္းနဲ႔ ျပည့္စုံတာေတာ့ မဟုတ္ပါဘူး။ နားလည္မႈေတြ၊ အၾကင္နာေတြက လိုအပ္ပါေသးတယ္။ အသက္အ႐ြယ္ ကြာဟတဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ ေဖးေဖးမမနဲ႔ နားလည္မႈ၊ ယုံၾကည္မႈေတြက ပိုတိုးလာပါတယ္။ တစ္ေယာက္က မွားေနရင္လည္း ေအးေအးေဆးေဆးနဲ႔ လမ္းျပေပးဖို႔က လြယ္ကူသြားပါတယ္။

၄။ အသက္အ႐ြယ္ကြာတဲ့ လိင္တူစုံတြဲေတြလည္း ရွိၾကပါတယ္။

လိင္တူစုံတြဲေတြက သာမန္စုံတြဲေတြထက္ပိုၿပီး အာ႐ုံစိုက္ခံရပါတယ္။ ဒါေပမယ့္ သူတို႔လက္ခံထားတာက တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ပံ့ပိုးရင္ နားလည္မႈရွိရွိ ခ်စ္သြားတာပါ။ အဲဒါေၾကာင့္ အခ်စ္က ပိုခိုင္ၿမဲပါတယ္။

အသက္အ႐ြယ္ ကြာျခားတဲ့ စုံတြဲေတြမွာ တခ်ိဳ႕အရာေတြကလည္း နားလည္မႈလြဲတာေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ အမ်ားစုက အျပန္အလွန္ ပံ့ပိုးေပးႏိုင္တာေတြ၊ အႀကံေပးႏိုင္တာေတြေၾကာင့္ အသက္အ႐ြယ္ ကြာဟသူေတြမွာ ပိုၿပီးေအာင္ျမင္မႈေတြ ရရွိလာတာပါ။

Zombie (Lovemedia)

Post a Comment

0 Comments