A သွေးလေးတွေ ပေါက်ကွဲရင် လက်ပစ်ဗုံးထက် ပိုပြင်းတယ်
A သွေးလေးတွေအကြောင်း
A သွေးလေးတွေက စိတ်က ဓားလိုပြတ်တယ်။ ဂိတ်ဆုံးထိ သည်းခံတတ်တယ်။ လွန်လာရင်တော့ ပြန်ချေပလိုက်ရမှ ကျေနပ်ကြတယ်။ စိတ်ဆိုး ၊ဒေါသထွက်ရင် ခဏလေးနဲ့ ပြန်ပြေသွားတတ်ပေမယ့် စိတ်နာသွားရင်တော့ ဆွေမျိုးတောင် ပြန်လှည့်မကြည့်တတ်ကြဘူး။
A သွေးလေးတွေက သူငယ်ချင်း အများကြီး မရှိဘူး။ ရှိတဲ့ သူငယ်ချင်းကိုပဲ စိတ်ရင်းနဲ့ ပေါင်းတယ်။ သူငယ်ချင်းတွေ အတွက်ဆို အတိုင်ပင်ခံအမတ်လေးနဲ့ တူတယ်။ ဘာမဆို တိုင်ပင်လို့ရတယ်။ အကောင်းဆုံး အကြံပေးတတ်ကြတယ်။ မပြောပလောက်တဲ့ ကိစ္စဆိုရင် ဟာသနှောပြီး တစ်ဖက်သူငယ်ချင်းကို အာရုံပြောင်းပေးလိုက်ကြတယ်။
A သွေးလေးတွေက စိတ်အားငယ်ပြီး နားလည်ရခက်တဲ့ သွေးပိုင်ရှင်တွေပါ။ သူတို့ကို စိတ်ရှည်ရှည်နဲ့ နားလည် နှစ်သိမ့်ပေးနိုင်မယ့် လူတစ်ယောက် အမြဲလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်တက်ကျ အရမ်းလွယ် အရမ်းမြန် တတ်ကြလို့ပါ။ လက်တွေ့မှာတော့ ကိုယ့်ကိုယ်ကိုပဲ အားပေးနှစ်သိမ့် နေတတ်သူတွေပါ။
Aသွေးလေးတွေက ကိုယ့်ကိုလိမ်နေတယ်ဆိုတာ ကြိုသိနေတတ်ကြပါတယ်။ ဒါပေမဲ့ ပြောလိုက်ရင် တစ်ဖက်သား ရှက်သွားမလား ဆိုတဲ့စိတ်နဲ့ သိရက် အလိမ်ခံတတ်ကြပါတယ်။
A သွေးလေးတွေက လူတိုင်းကို တော်ရုံမျက်လုံးချင်းဆုံပြီး စကားမပြောတတ်ကြဘူး။ သူတို့ကိုလည်း တော်ရုံဘယ်သူမှ မျက်လုံးချင်း စူးစိုက်မကြည့်နိုင်ကြဘူး။ A သွေးတွေရဲ့ ဆွဲဆောင်မှုက မျက်လုံးဆိုလားပဲ။
A သွေးလေးတွေက အိပ်ကောင်းတုန်း လာနှိုးတဲ့အချိန် ၊ ကတိဖျက်ခံရတဲ့အချိန် ၊ သစ္စာဖောက်ခံရတဲ့အချိန် ၊ အကြာကြီး စောင့်ရတဲ့အချိန် အဲ့လိုအချိန်မှာ ပေါက်ကွဲမှုက လက်ပစ်ဗုံးလောက်တော့ သနားတယ်။ ကိုယ့်ကိုအသားလွတ် လာတိုက်ခိုက်ရင် တုံ့ပြန်သင့်တယ် ထင်ရင် တုံ့ပြန်ပါလိမ့်မယ်။ မပြောပလောက်တဲ့ ကိစ္စလို့ထင်ရင် အေးဆေး နှုတ်ဆိတ်နေပါလိမ့်မယ်။
A သွေးလေးတွေက ခရီးထွက်ရတာ၊သီချင်း နားထောင်ရတာကို အရမ်းသဘောကျ တတ်ကြပါတယ်။ သီချင်းတစ်ပုဒ် ကြိုက်ရင် နောက်ကြိုက်တဲ့ သီချင်းအသစ် မတွေ့မချင်း ထပ်တလဲလဲ နားထောင်တတ်ကြပါတယ်။
Aသွေးလေးတွေက သူတို့ရဲ့ အားနည်းချက် သူတစ်ပါး သိသွားမှာ အရမ်း ကြောက်တတ်ကြပါတယ်။
Aသွေးလေးတွေက ချစ်သူအပေါ် လိုတာထက် ပိုသဝန်တိုတတ်ကြပါတယ်။ သူ့ချစ်သူကို ဆတ်ဆတ်ထိ မခံကြဘူး။ စနောက်လို့မရဘူး။ ချစ်သူနဲ့ ပတ်သတ်ရင် အစွဲအလမ်း ကြီးတတ်ကြတယ်။ အသေးအဖွဲ့ ကအစ အလေးအနက် ထားတတ်ကြတယ်။ တခါတလေ စိတ်ကောက်နေပေမဲ့ ချစ်သူစိတ်ပျက်မှာ ဆိုးလို့ ဘာမှမဖြစ်ဘူးလို့ လိမ်လေ့ရှိတယ်။ ချစ်သူကို အပြင်မှာ နူးနူးညံ့ညံ့ မဆက်ဆံတတ်ကြပေမဲ့ တကယ်တမ်းတော့ ရင်ထဲမှာ ချစ်သူထက်ပိုပြီး ချစ်ခင်ကြင်နာ တတ်ကြပါတယ်။
A သွေးလေးတွေ အများအားဖြင့် အမုန်းကို လျိုှဝှက်ထားတတ်ကြပါတယ်။ လူတစ်ယောက်ကို အေးစက်စက်ကြည့်နေပြီ ဆိုရင်တော့ အဲ့လူကို သေလောက်အောင် မုန်းနေပါပြီ။
A သွေးလေးတွေက စိတ်ဆိုးသွားရင် ဘာစကားမှ မပြောတော့ဘဲ တိတ်ဆိတ် သွားတတ်ကြတယ်။ မေးကြည့် စိတ်မဆိုးဘူးပဲ ပြန်ဖြေလိမ့်မယ်။ တခြားဘာမှ ထပ်မပြောကြတော့ဘူး။
A သွေးလေးတွေက တစ်ယောက်တည်း နေရတာ သဘောကျပြီး အဆွေးသီချင်းတွေ ကြိုက်တတ်ကြတယ်။ လူစည်ကားတဲ့ နေရာဆို မသွားတတ်ကြဘူး။ လူနည်းနည်း များလာရင် အလိုလို စိတ်ရှုပ်လာတတ်ကြတယ်။
A သွေးလေးတွေက အမှားတစ်ခုခု လုပ်ပြီးရင် သူတို့မဟုတ်သလိုပဲ ခပ်တည်တည်နဲ့ အစအနောက် သန်တာလည်း ၂ယောက်မရှိဘူး။ သူများ စိတ်ကသိကအောင့်ဖြစ်အောင် လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင် ပါရဂူလေးတွေပါဗျာ။
Aung
For Zawgyi
A သွေးလေးတွေအကြောင်း
Aung
Post a Comment
0 Comments