မှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တတ်တဲ့ AB သွေး သမားများအကြောင်း

AB သွေးသမားတွေဟာ...

- လူမှုဆက်ရေးနဲ့ ပတ်သတ်ရင်( သို့) သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင်... အားလုံးကို မျှတစွာ ဆက်ဆံတယ် ခွဲခြား ဆက်ဆံတာမျိုးမရှိဘူး။ အယုတ်ဆုံးပြောရရင် ကျားမတောင် မခွဲခြားကြဘူး။ လူသားအားလုံးအပေါ် ကူညီတတ်တယ် ဖော်ရွေပါတယ်။

စကားပြောကောင်းပြီး လူကြီးလူကောင်း ဆန်တယ် ထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် တကယ့် အပေါ တစ်ယောက်လိုဘဲ သူအကဲဆုံးဘဲ။ ဟာသ အမြဲလုပ်တတ်တယ်။ သူအကြောင်း မသိတဲ့သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ် ထင်ပြီး အမြင်ကတ်တယ်။

အချို့က ပေါပေါတောတောနေလို့ ကြည့်မရကြဘူး။ ဒါပေမဲ့ တဖတ်သား အားနည်းချက်ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။

သူတို့ကို တစ်ခါနှုတ်ဆက်ရင် ဒါမှမဟုတ် ပြုံးပြရင် သူတို့က ဆယ်ခါနှုတ်ဆက်ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး။

သူတို့ကို လူရာမသွင်းသလို ခံစားရရင် တစ်ယောက်ထဲ ဝမ်းနည်းနေရော။ ဘယ်လောက်ဘဲ သံယောဇဉ် ရှိခဲ့ရှိခဲ့ မကျေနပ်တော့ဘူးဆိုရင် ဓာတ်လှေကား အတူစီးနေတာတောင် မသိချင်ယောင်ဆောင် နေတတ်တယ် ။ အဲ အဲ့ဒီနေရာမှာ အဲဒီလူ တခုခုဖြစ်ကြည့်ပါလား။ သနားပြီး ကူညီတတ်ကြပြန်ရော သူတို့ဟာ အတော်လေး နားလည်ရခက်တယ်။

အရမ်း အားနာတတ်လို့ အကြွေးတွေ ဆုံးတာများတယ်။ ကိုယ့်ပစ္စည်းကိုတောင် ပြန်မတောင်းရက်ကြဘူး။ အေး.... သူတို့ မသဒ္ဓါရင်တော့ ရေတောင် မတိုက်ချင်ဘူး ။

- အချစ်ရေးနဲ့ ပတ်သတ်ရင်

အချစ်ကြီးတယ် နည်းနည်း အစွန်းရောက်ချင်တယ်။ ဒါပေမဲ့ သူတို့လောက် ပြန်မချစ်ပြရင်နေ နည်းနည်းလေးချစ်ပြရုံနဲ့ ကျေနပ်နေတတ်တယ်။ ဖြေသိပ်နိုင်တယ်။ သစ္စာဖောက်ရင် သတ်ပစ်ဖို့ ဝန်မလေးဘူး။

သူတို့က အချစ်ကို တန်ဖိုးထားတယ်။ သူတို့ပျော်ရွှင်ဖို့အတွက် ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် မပြောတတ်ကြဘူး ။ သူတို့ တကယ်ချစ်မိပြီဆိုလည်း သူတို့ကိုအသုံးချနေမှန်း သိရက်နဲ့ ခွင့်လွတ်နေကြပြန်ရော။ ကဗျာ ဆန်ဆန် တင်စားရရင် ဆရာလယ်တွင်းသားစောချစ်ရဲ့`` မျက်လုံးမှာအလွမ်း နုတ်ခမ်းမှာ မာန..." ဆိုတဲ့ ဝတ္ထုနာမည် တူကြတယ်။ အမြဲလွမ်းနေတတ်တယ်။

အဲဒီနောက်မှာ မာနက ကပ်ပါနေတယ်။ သူတို့ကို မလိုတော့ဘူး ထင်တဲ့တနေ့ တွယ်ကပ်နေမှာတော့ မဟုတ်ဘူး။ သူတို့မာနကဘဲ ဝမ်းနည်းလွယ်တဲ့ သဘောတရားကို ဖုံးကွယ်ထားတယ် ။ သူတို့အချစ်က စွဲမက်ဖို့ကောင်းသလို ကြောက်ဖို့လည်းကောင်းတယ် ။

- စီးပွားရေးပတ်သတ်ရင်...

အကွက်မြင်တယ် စနစ်တကျ စီမံခန့်ခွဲနိုင်တယ်။ သူတပါးအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်အလုပ်ကိုဘဲ ပိုစိတ်ဝင်စားကြတယ်။ အရောင်းအဝယ်ကို ဝါသနာကြီးတယ်။ ကိုယ့်အားကို ကိုးတယ်ဆိုတာထက် သူများအောက် မကျို့ချင်တဲ့စိတ်က ပိုအားကြီးတယ်။

သူတို့ကစပြီး ပြိုင်ရတာကို သိပ်ဝါသနာမပါဘူး။ ဖြစ်သလိုနေတတ်သလို အပျင်းလည်း ကြီးချင်တယ်။ ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြောမခံဘူး။ အဲ့ဒါကတော့ နေရာမရွေးဘူး။ သူတို့ကို ခြေတက်နင်းမိရင် ခေါင်းပြန်နင်းရမှ ကျေနပ်တယ်။ ပြီးမှ ငါလွန်သွားသလား တွေးတယ် ။

- ဘဝနေထိုင်မှုပုံစံ

သဘာဝတရားကို အမြဲလက်ခံထားတဲ့ သူတွေဖြစ်တဲ့အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ဝတ်တယ် စားတယ်။ အသစ်အဆန်းကို စိတ်မဝင်စားလို့တော့ မဟုတ်ဘူး။ အဟောင်းလေးတွေအပေါ် သံယောဇဉ်တွယ်ပြီး မြတ်နိုးနေတဲ့အတွက် အသစ်ပေါ်တိုင်း ဝယ်မသုံးကြဘူး။ သူငယ်ချင်းတွေ မိသားစုဝင်တွေ အတင်းတိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။

သူတို့ဟာ စုတ်တံ တဖတ် ဓားတဖတ်တွေ ဖြစ်တယ်။ နုရွပြီဆိုလည်း သိပ်ကို အနုပညာဆန်ပြီး ကြမ်းတမ်းပြီးဆိုရင် ကျားနာတစ်ကောင်လို တရှူးရှူး တဒိုင်းဒိုင်းဘဲ။ သူတို့ ပန်းချီဆွဲနေတာ စာရေးနေတာ ကဗျာစပ်နေတာ ပန်းအလှ ထိုးနေတာကိုကြည့်ပြီး စိတ်ရှည်တယ်လို့ ထင်ရပေမဲ့ တခါတခါ ဘာမဟုတ်တဲ့ အဆင်မပြေတာလေးနဲ့ စိတ်တိုနေပြန်ရော။ ဒါပေမဲ့ အမှန်တရားကို နားလည်လွယ်သူတွေ ဖြစ်လို့ စိတ်တိုလည်း သိပ်မကြာပါဘူး ။

သူတို့ လုပ်ချင်ရင် မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ကြဘူး တဇွတ်ထိုးနိုင်တယ်။ သူတို့ကို ဟိတ်ကြီး ဟန်ကြီးနဲ့ သွားမပြောနဲ့ လုံးဝနာခံမှာ မဟုတ်ဘူး။ အရွဲ့တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ်။ လျှော့ပြောကြည့်ပါလား ကြိုက်သလားမမေးနဲ့ ဘာပဲလုပ်ရလုပ်ရဘဲ ။

- သူတို့အကြောက်ဆုံးက

ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလည်းဖို့ ဝန်မလေးဘူး ။

- ပြင်ဆင်သင့်သည့် အချက်များ..

တအားကြီး တွေးပြီးမပူပါနဲ့... အချိန်ကာလ အားလျှော်စွာ သူဟာနဲ့သူ အဆင်ပြေသွားမှာပါ။

အရမ်းကြီး အားမနာပါနဲ့.... အကြွေးတွေဆုံးပေါင် များနေပြီ အကြောခံရပေါင်များနေပြီ သူများက အ တယ်လို့ အထင်ခံရတဲ့အထိပေါ့ ။

အာရုံမများပါနဲ့... တစုံတခုကိုဘဲ အရုံစိုက်ပြီး ပြီးပြတ်အောင်လုပ်ပါ။ ဟိုမရောက် ဒီမရောက် ဖြစ်တာ ခနခနဘဲ ။ လူမူရေးနဲ့ စီးပွားရေး သက်သက်စီထားပါ။ မိမိရဲ့ ခွင်လွတ်နိုင်မှု သီးခံနိုင်မှုတွေကြောင့် လူယုံ အသက်ခံရတတ်တယ်။ ဒီတခု နည်းနည်းစိတ်ချရပါတယ်။ မင်းတို့က ကွက်ကျော်မြင်တတ်ပြီး အကင်းပါးလို့ဘဲ ။

အရမ်းကြီးမခံစားပါနဲ့... လူတိုင်းဟာ ကိုယ်လိုမဟုတ်ဘူး တဖက်လှည့်ပြီး ဖျောက်ပစ်ပါ မျက်ရည်ကျပေါင်း များနေပြီ။

ဖြစ်သလို မနေပါနဲ့... ဖြစ်သလို နေရင် နောင်အခါ နေချင်သလို မဖြစ်တော့ဘူး ။

For Zawgyi

မွန္တယ္ထင္ရင္ တဇြတ္ထိုးလုပ္တတ္တဲ့ AB ေသြး သမားမ်ားအေၾကာင္း

AB ေသြးသမားေတြဟာ....

- လူမႈဆက္ေရးနဲ႔ ပတ္သတ္ရင္( သုိ႔) သူငယ္ခ်င္းေတြနဲ႔ ပတ္သတ္ရင္... အားလုံးကို မွ်တစြာ ဆက္ဆံတယ္ ခြဲျခား ဆက္ဆံတာမ်ိဳးမရွိဘူး။ အယုတ္ဆုံးေျပာရရင္ က်ားမေတာင္ မခြဲျခားၾကဘူး။ လူသားအားလုံးအေပၚ ကူညီတတ္တယ္ ေဖာ္ေ႐ြပါတယ္။

စကားေျပာေကာင္းၿပီး လူႀကီးလူေကာင္း ဆန္တယ္ ထင္ရေပမဲ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရင္ တကယ့္ အေပါ တစ္ေယာက္လိုဘဲ သူအကဲဆုံးဘဲ။ ဟာသ အၿမဲလုပ္တတ္တယ္။ သူအေၾကာင္း မသိတဲ့သူေတြဆို ႐ုပ္တည္ႀကီးေနလို႔ မာနႀကီးတယ္ ထင္ၿပီး အျမင္ကတ္တယ္။

အခ်ိဳ႕က ေပါေပါေတာေတာေနလို႔ ၾကည့္မရၾကဘူး။ ဒါေပမဲ့ တဖတ္သား အားနည္းခ်က္ကိုေတာ့ ဟာသ မလုပ္ၾကဘူး အၿမဲေရွာင္တယ္ ။

သူတို႔ကို တစ္ခါႏႈတ္ဆက္ရင္ ဒါမွမဟုတ္ ၿပဳံးျပရင္ သူတို႔က ဆယ္ခါႏႈတ္ဆက္ဖို႔ ၿပဳံးျပဖို႔ ဝန္မေလးဘူး။

သူတို႔ကို လူရာမသြင္းသလို ခံစားရရင္ တစ္ေယာက္ထဲ ဝမ္းနည္းေနေရာ။ ဘယ္ေလာက္ဘဲ သံေယာဇဥ္ ရွိခဲ့ရွိခဲ့ မေက်နပ္ေတာ့ဘူးဆိုရင္ ဓာတ္ေလွကား အတူစီးေနတာေတာင္ မသိခ်င္ေယာင္ေဆာင္ ေနတတ္တယ္ ။ အဲ အဲ့ဒီေနရာမွာ အဲဒီလူ တခုခုျဖစ္ၾကည့္ပါလား။ သနားၿပီး ကူညီတတ္ၾကျပန္ေရာ သူတို႔ဟာ အေတာ္ေလး နားလည္ရခက္တယ္။

အရမ္း အားနာတတ္လို႔ အေႂကြးေတြ ဆုံးတာမ်ားတယ္။ ကိုယ့္ပစၥည္းကိုေတာင္ ျပန္မေတာင္းရက္ၾကဘူး။ ေအး.... သူတို႔ မသဒၶါရင္ေတာ့ ေရေတာင္ မတိုက္ခ်င္ဘူး ။

- အခ်စ္ေရးနဲ႔ ပတ္သတ္ရင္

အခ်စ္ႀကီးတယ္ နည္းနည္း အစြန္းေရာက္ခ်င္တယ္။ ဒါေပမဲ့ သူတို႔ေလာက္ ျပန္မခ်စ္ျပရင္ေန နည္းနည္းေလးခ်စ္ျပ႐ုံနဲ႔ ေက်နပ္ေနတတ္တယ္။ ေျဖသိပ္ႏိုင္တယ္။ သစၥာေဖာက္ရင္ သတ္ပစ္ဖို႔ ဝန္မေလးဘူး။

သူတို႔က အခ်စ္ကို တန္ဖိုးထားတယ္။ သူတို႔ေပ်ာ္႐ႊင္ဖို႔အတြက္ ခ်စ္တယ္ ဆိုတဲ့ စကားကို လြယ္လြယ္ မေျပာတတ္ၾကဘူး ။ သူတို႔ တကယ္ခ်စ္မိၿပီဆိုလည္း သူတို႔ကိုအသုံးခ်ေနမွန္း သိရက္နဲ႔ ခြင့္လြတ္ေနၾကျပန္ေရာ။ ကဗ်ာ ဆန္ဆန္ တင္စားရရင္ ဆရာလယ္တြင္းသားေစာခ်စ္ရဲ႕`` မ်က္လုံးမွာအလြမ္း ႏုတ္ခမ္းမွာ မာန..." ဆိုတဲ့ ဝတၳဳနာမည္ တူၾကတယ္။ အၿမဲလြမ္းေနတတ္တယ္။

အဲဒီေနာက္မွာ မာနက ကပ္ပါေနတယ္။ သူတို႔ကို မလိုေတာ့ဘူး ထင္တဲ့တေန႔ တြယ္ကပ္ေနမွာေတာ့ မဟုတ္ဘူး။ သူတို႔မာနကဘဲ ဝမ္းနည္းလြယ္တဲ့ သေဘာတရားကို ဖုံးကြယ္ထားတယ္ ။ သူတို႔အခ်စ္က စြဲမက္ဖို႔ေကာင္းသလို ေၾကာက္ဖို႔လည္းေကာင္းတယ္ ။

- စီးပြားေရးပတ္သတ္ရင္...

အကြက္ျမင္တယ္ စနစ္တက် စီမံခန္႔ခြဲႏိုင္တယ္။ သူတပါးအလုပ္ကို လုပ္ရတာထက္ ကိုယ္ပိုင္အလုပ္ကိုဘဲ ပိုစိတ္ဝင္စားၾကတယ္။ အေရာင္းအဝယ္ကို ဝါသနာႀကီးတယ္။ ကိုယ့္အားကို ကိုးတယ္ဆိုတာထက္ သူမ်ားေအာက္ မက်ိဳ႕ခ်င္တဲ့စိတ္က ပိုအားႀကီးတယ္။

သူတို႔ကစၿပီး ၿပိဳင္ရတာကို သိပ္ဝါသနာမပါဘူး။ ျဖစ္သလိုေနတတ္သလို အပ်င္းလည္း ႀကီးခ်င္တယ္။ ဒါေပမဲ့ သူတို႔ကို သြားၿပိဳင္ရင္ေတာ့ လုံးဝ အေၾကာမခံဘူး။ အဲ့ဒါကေတာ့ ေနရာမေ႐ြးဘူး။ သူတို႔ကို ေျခတက္နင္းမိရင္ ေခါင္းျပန္နင္းရမွ ေက်နပ္တယ္။ ၿပီးမွ ငါလြန္သြားသလား ေတြးတယ္ ။

- ဘဝေနထိုင္မႈပုံစံ

သဘာဝတရားကို အၿမဲလက္ခံထားတဲ့ သူေတြျဖစ္တဲ့အတြက္ ေဒါင္က်က် ျပားက်က် ေနတယ္ ဝတ္တယ္ စားတယ္။ အသစ္အဆန္းကို စိတ္မဝင္စားလို႔ေတာ့ မဟုတ္ဘူး။ အေဟာင္းေလးေတြအေပၚ သံေယာဇဥ္တြယ္ၿပီး ျမတ္ႏိုးေနတဲ့အတြက္ အသစ္ေပၚတိုင္း ဝယ္မသုံးၾကဘူး။ သူငယ္ခ်င္းေတြ မိသားစုဝင္ေတြ အတင္းတိုက္တြန္းမွ ဝယ္ျဖစ္ၾကတယ္ ။

သူတို႔ဟာ စုတ္တံ တဖတ္ ဓားတဖတ္ေတြ ျဖစ္တယ္။ ႏု႐ြၿပီဆိုလည္း သိပ္ကို အႏုပညာဆန္ၿပီး ၾကမ္းတမ္းၿပီးဆိုရင္ က်ားနာတစ္ေကာင္လို တရႉးရႉး တဒိုင္းဒိုင္းဘဲ။ သူတို႔ ပန္းခ်ီဆြဲေနတာ စာေရးေနတာ ကဗ်ာစပ္ေနတာ ပန္းအလွ ထိုးေနတာကိုၾကည့္ၿပီး စိတ္ရွည္တယ္လို႔ ထင္ရေပမဲ့ တခါတခါ ဘာမဟုတ္တဲ့ အဆင္မေျပတာေလးနဲ႔ စိတ္တိုေနျပန္ေရာ။ ဒါေပမဲ့ အမွန္တရားကို နားလည္လြယ္သူေတြ ျဖစ္လို႔ စိတ္တိုလည္း သိပ္မၾကာပါဘူး ။

သူတို႔ လုပ္ခ်င္ရင္ မွန္တယ္ထင္ရင္ ဘယ္သူ႔မွ ဂ႐ုမစိုက္ၾကဘူး တဇြတ္ထိုးႏိုင္တယ္။ သူတို႔ကို ဟိတ္ႀကီး ဟန္ႀကီးနဲ႔ သြားမေျပာနဲ႔ လုံးဝနာခံမွာ မဟုတ္ဘူး။ အ႐ြဲ႕တိုက္ၿပီး လုပ္ဖို႔ဘဲ ရွိတယ္။ ေလွ်ာ့ေျပာၾကည့္ပါလား ႀကိဳက္သလားမေမးနဲ႔ ဘာပဲလုပ္ရလုပ္ရဘဲ ။

- သူတို႔အေၾကာက္ဆုံးက

ကိုယ္က်င့္စာရိတၱနဲ႔ ပတ္သတ္ၿပီး အထင္လြဲမွာ အေၾကာက္ဆုံးဘဲ အသက္ခ်င္းလည္းဖို႔ ဝန္မေလးဘူး ။

- ျပင္ဆင္သင့္သည့္ အခ်က္မ်ား..

တအားႀကီး ေတြးၿပီးမပူပါနဲ႔... အခ်ိန္ကာလ အားေလွ်ာ္စြာ သူဟာနဲ႔သူ အဆင္ေျပသြားမွာပါ။

အရမ္းႀကီး အားမနာပါနဲ႔.... အေႂကြးေတြဆုံးေပါင္ မ်ားေနၿပီ အေၾကာခံရေပါင္မ်ားေနၿပီ သူမ်ားက အ တယ္လို႔ အထင္ခံရတဲ့အထိေပါ့ ။

အာ႐ုံမမ်ားပါနဲ႔... တစုံတခုကိုဘဲ အ႐ုံစိုက္ၿပီး ၿပီးျပတ္ေအာင္လုပ္ပါ။ ဟိုမေရာက္ ဒီမေရာက္ ျဖစ္တာ ခနခနဘဲ ။ လူမူေရးနဲ႔ စီးပြားေရး သက္သက္စီထားပါ။ မိမိရဲ႕ ခြင္လြတ္ႏိုင္မႈ သီးခံႏိုင္မႈေတြေၾကာင့္ လူယုံ အသက္ခံရတတ္တယ္။ ဒီတခု နည္းနည္းစိတ္ခ်ရပါတယ္။ မင္းတို႔က ကြက္ေက်ာ္ျမင္တတ္ၿပီး အကင္းပါးလို႔ဘဲ ။

အရမ္းႀကီးမခံစားပါနဲ႔... လူတိုင္းဟာ ကိုယ္လိုမဟုတ္ဘူး တဖက္လွည့္ၿပီး ေဖ်ာက္ပစ္ပါ မ်က္ရည္က်ေပါင္း မ်ားေနၿပီ။

ျဖစ္သလို မေနပါနဲ႔... ျဖစ္သလို ေနရင္ ေနာင္အခါ ေနခ်င္သလို မျဖစ္ေတာ့ဘူး ။

Post a Comment

0 Comments